မန္တလေး၊မတ်လ ၁၈ ရက်
မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်(၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခုလ ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ် ထွန်းအောင် ကျော်မှာ မိမိနေအိမ် တွင် နိုင် လွန်ကြိုးဖြင့် ဆွဲကြိုးချသေ ဆုံးနေကြောင်းသိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူး မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့သွားရောက် စစ်ဆေးရာ မိမိကိုယ်ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပ ဒဏ်ရာ မတွေ့ရှိရကြောင်း သိရသည်။

အဆိုပါစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်သည် သေဆုံးချိန် တွင် ဇနီးသည် တစ်ဦးနှင့် သူငယ်တန်း တက်ရောက်နေသည့် ကလေးငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာ ဘုန်းကြီးကျောင်းသို့ ယဉ်ကျေး လိမ္မာသင်တန်း သွားရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံး သူတွင် တခြားရောဂါမ ရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြောသည်။
ရဲအုပ်ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက် လက်ငယ်သားများနှင့် အထက်အရာ ရှိများနှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ် သို့ ပြောသည်။
သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။
ref:popular myanmar
No comments:
Post a Comment