လက်ပံတောင်းတောင် ရဲတပ်ဖွဲ့ ဝင်တွေ အစစ်ဆေးခံနေရ
မုံရွာခရိုင်
ဆားလင်းကြီးမြို့နယ်က လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တ န်
့ပေးဖို့ တောင်း ဆိုတဲ့ ပြည်သူ့ ညီလာခံကျင်းပနေစဉ်မှာပဲ စီမံကိန်း
လုံခြုံရေးတာဝန်ကျနေတဲ့ ရဲအရာ ရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။
လုံခြုံရေးတာဝန်ကျ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ်
အောင်ဝင်းထွန်းတို့နှစ်ဦးဟာ မုံရွာမြို့  အမှတ် ၂ ရဲစခန်း မှာ ဖမ်းဆီး
စစ်ဆေးခံနေရတာပါ။
ကြေးနီစီမံကိန်း လုံခြုံရေး အလှည့်ကျ
တာဝန်ချထားခံရတဲ့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်ရဲတပ်ဖွဲ့က ရဲ
အုပ်အောင်ကြည်စိန်ဟာ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းလုပ်ငန်းတာဝန်ရှိသူတွေက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအပေါ်
ခြိမ်းခြောက်ခိုင်းစေမှုတွေရှိနေတဲ့အကြောင်းပြောပြထားတဲ့ ဗီဒီယို
အင်တာနက် မှာ ပြန့်နှံခဲ့တဲ့အတွက် စစ် ဆေးခံရတာလို့ ရဲစခန်းမှာ
သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ မုံရွာ အခြေစိုက် ရှေ့နေ တစ်ဦးက
ပြောပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့မှာ
ဒီမိုကရက်တစ်မြန်မာအ သံရုပ်မြင်သံကြား ကနေ ပြည်တွင်း က ပြည် သူပြည်သား
သတင်းသမား များ ပေးပို့တဲ့ အဲဒီမှတ်တမ်းကို ထုတ်လွင့်ခဲပြီးဖြစ်ပါတယ်။
အဲဒီ ဗီဒီယို မှာ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုအကြပ်အောင်ဝင်းထွန်းတို့ကနေ
လက်ပံတောင်းတောင် စီမံကိန်း မှာ အနေအထိုင် ဆင်းရဲရပုံတွေ ၊ တရုတ်ကုမဏီက
တစ်ရက် ငွေ ၂ ထောင်ပေးပြီးခိုင်းတာကို မလုပ် ချင် ပဲ ရဲတပ်ဖွဲ့ရဲ အလုပ်တွေကို
သာ လုပ်ချင်ကြတယ်လို့ ပြောပြထားတာတွေ ပါဝင်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ၂ ဦးဟာ မုံရွာရဲအချုပ်မှာ
ရဲတပ်ဖွဲ့ဝင်အချင်းချင်း မညှာမတာ ဆက်ဆံခဲ့ရ တယ်လို့ လည်း
ရဲအုပ်အောင်ကြည်စိန်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီးေ၇ှ့ နေကပြော ပါတယ်။
ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး
ဗီဒီယိုရိုက်ကူးစဉ်က ထိုင်ခဲ့တဲ့ မုံရွာ ပုလဲ ကားလမ်းပေါ် ဖေါင် ကားရွာအနီးက
Gold Star စားသောက်ဆိုင်က ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း အမှတ် ၂
ရဲစခန်းကို ခေါ်ယူ စစ်ဆေးထားတယ်လို့ သိရပါတယ်ခင်ဗျာ။
ref:DVB
No comments:
Post a Comment