အာဖဂန် နစ္စတန်ရှိ ဗြိတိသျှ တပ်ဖွဲ့များအား တာလီဘန်တို့က လမ်းဘေးဗုံးဖြင့် တိုက်ခိုက်မှု သည် ဈေးနှုန်း မြင့်တက်လာမှုကြောင့် (၃၀)ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဗြိတိန်စစ်ဘက်မှ ဗိုလ်မှူးချုပ် အက်ဒရီယန် ဘရန်ရှောက ဈေးနှုန်း မြင့်တက်လာခြင်းက တာလီဘန်တို့တွင် စစ်လက်နက် ပြတ်လပ်မှုထံ ဦးတည်သွားစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် တာလီဘန်တို့ ဝင်ငွေကဏ္ဍတွင် အဓိက မှီခိုသည့် ဘိန်းစိုက်ခင်းများ ရိတ်သိမ်းမှု အထွက်လျော့ကျခြင်းကလည်း ထိုးနှက်ချက်တစ် ခု ဖြစ်လာခဲ့ သည်။
ဗြိတိန်စစ်တပ်က ယမန်နှစ်အတွင်း လမ်းဘေးဗုံးဖြင့် ထောင်ချောက်ဆင်ရန် တာလီဘန်တို့ အနေဖြင့် တစ်ကြိမ်လျှင် ဒေါ်လာ (၂၀၀)မျှသာ ကုန်ကျခဲ့သော်လည်း ယခုအခါ ဒေါ်လာ (၆၀၀)မှ (၈၀၀)ထိ ကုန်ကျလာခြင်းကြောင့် ငွေမတတ်နိုင်ဘဲ ဖြစ်နေကြောင်း သုံးသပ်ခဲ့သည်။ ထို့အပြင် မဟာမိတ် တပ်များ အသုံးပြုသည့် ဗုံးရှင်းနည်းပညာ အဆင့်မြင့်လာခြင်းကလည်း အာဖဂန်တွင် ယမန်နှစ်အတွင်း ဗုံးပေါက်ကွဲမှု (၁၅)ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်း ဘရန်ရှောက ပြောကြားသွားခဲ့သည်။
Source: TheSun
No comments:
Post a Comment