ဗြိတိန် ဝန်ကြီးချုပ်သည် နိုင်ငံတကာကုမ္ပဏီနှင့် တရုတ်စစ်တပ်တို့၏ဆက်နွယ်မှုကို သီတင်းပတ် နှစ်ပတ် အတွင်း စုံစမ်းဖော်ထုတ်လာမည့် အစီရင်ခံစာကို စောင့်စားနေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီသည် တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေသည့် အချက်နှင့်ပတ်သက်၍ဗြိတိန် အစိုးရအတွင်း စိုးရိမ် စိတ်များ မြင့်တက်နေကြောင်း သိရှိရပါသည်။
ဗြိတိန် ဝန်ကြီးချုပ်သည် အဆိုပါ ကုမ္ပဏီအား အမည်ပျက် စာရင်းကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းတစ်ခု အရ သိရှိရပါသည်။ ဗြိတိန်နိုင်ငံတွင် Huawei သည် နာမည်ကြီး ပစ္စည်းမျိုး မဟုတ်သော်လည်း ဥရောပရှိ ဆက်သွယ်ရေးပစ္စည်း ဈေးကွက်၏ လေးပုံတစ်ပုံကို ထိန်းချုပ် ထားကြောင်းနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ 4G စနစ် ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏ တစ်ဝက်ကို ပိုင်ဆိုင်ထားကြောင်း သိရှိရ ပါသည်။
From : မြ၀တီ
No comments:
Post a Comment