Tuesday 18 December 2012

ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး


Photo: ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး

Tuesday, 18 December 2012
ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့ ဆိပ်ကြီး အရှေ့ရပ်ကွက် သဗ္ဗ သိဒ္ဓိရှင် မြို့ဦး စေတီတော်၌ ယနေ့ နံနက် ၇ နာရီ ခွဲတွင် ကျင်းပ သည့် စေတီ ပရဝဏ် အတွင်း မုခ်ဦး၊
ဝိသုံဂါ မသိမ်၊ စက်တော်ရာ ဗိမာန် အထွတ်များ၏ ထီးတော် တင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ
တက်ရောက်ပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဆိပ်ကြီး ခနောင်တို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ပါ၊ တာဝန်ရှိ သူများ၊ အလှူရှင် များနှင့် အတူ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော် တို့ကို တင်လှူ ပူဇော်သည်။

ထို့နောက် ဓမ္မရာဇာ မုနိ မြတ်ဗုဒ္ဓ ဘုရားရှင် ကျောင်းတော်ရာ ဗိမာန်တော်တွင် ရေစက်ချ အခမ်း အနားကို ဆက်လက် ကျင်းပရာ မြို့နယ် သံဃ နာယက အဖွဲ့ ဥက္ကဋ္ဌ စလင်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မေဓာနန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ လှူဒါန်းမှု အစုစု အတွက် ရေစက် သွန်းချ အမျှ ပေးဝေ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်သည် ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ တံတား ရှင်းလင်းဆောင် ရှုရပ်မှ တံတား တည်ဆောက် ပြီးစီး မှုများကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းဆောင် အစည်းအဝေး ခန်းမ၌ တံတား ဆောက်လုပ်ရေး အထူး အဖွဲ့(၁)နှင့် လမ်းအထူး အဖွဲ့(၁၅) တို့မှ တာဝန်ရှိ သူတို့အား လုပ်ငန်းများ အမြန် ပြီးစီးအောင် သတ်မှတ် စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လေလွင့် ဆုံးရှုံးမှု မရှိ စေရေးနှင့် စက်ယန္တရား များအားဖြည့် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။

ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းမှာ လုပ်ငန်း တစ်ခုလုံး၏ ၇ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရှိ ရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခနောင်တို အနောက်ရပ်ကွက် ဗဟိုလမ်း၌ အလျား ပေ ၆ဝ နှင့် အနံ ပေ ၂ဝ ရှိ တံတား အမှတ် (၂)အား သံကူ ကွန်ကရစ် တံတား အဖြစ် တည်ဆောက်ရန် ပိုင်ရိုက် နေမှုနှင့် တွံတေး တူးမြောင်း (သုည)မိုင် အနီး ဆိပ်ကြီး ကျွန်းအငူ မြစ်ကမ်းပါးအား မြစ်ရေ တိုက်စား၍ ကမ်းပြိုကျ နေမှု တို့ကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

 မြဝတီရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့ ဆိပ်ကြီး အရှေ့ ရပ်ကွက် သဗ္ဗသိဒ္ဓိရှင်မြို့ဦး စေတီတော်၌ ယနေ့ နံနက် ၇ နာရီ ခွဲတွင် ကျင်းပ သည့်စေတီ ပရဝဏ် အတွင်း မုခ်ဦး၊ဝိသုံဂါ မသိမ်၊ စက်တော်ရာ ဗိမာန် အထွတ်များ၏ ထီးတော် တင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း ၊ ဆိပ်ကြီး ခနောင်တို မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ပါ၊ တာဝန်ရှိ သူများ၊ အလှူရှင်များနှင့် အတူထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော် တို့ကို တင်လှူ ပူဇော်သည်။

ထို့နောက် ဓမ္မရာဇာ မုနိ မြတ်ဗုဒ္ဓ ဘုရားရှင် ကျောင်းတော်ရာ ဗိမာန်တော်တွင် ရေစက်ချ အခမ်း အနားကို ဆက်လက် ကျင်းပရာ မြို့နယ် သံဃ နာယက အဖွဲ့ ဥက္ကဋ္ဌ စလင်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မေဓာနန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ လှူဒါန်းမှု အစုစု အတွက် ရေစက် သွန်းချ အမျှ ပေးဝေ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ တံတားရှင်းလင်းဆောင် ရှုရပ်မှ တံတားတည်ဆောက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းဆောင် အစည်းအဝေး ခန်းမ၌ တံတား ဆောက်လုပ်ရေး အထူး အဖွဲ့(၁)နှင့် လမ်းအထူး အဖွဲ့(၁၅) တို့မှ တာဝန်ရှိ သူတို့အား လုပ်ငန်းများ အမြန် ပြီးစီးအောင် သတ်မှတ် စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လေလွင့် ဆုံးရှုံးမှု မရှိ စေရေးနှင့် စက်ယန္တရား များအားဖြည့် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။

ဆိပ်ကြီး ခနောင်တို ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းမှာ လုပ်ငန်း တစ်ခုလုံး၏ ၇ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရှိ ရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခနောင်တို အနောက်ရပ်ကွက် ဗဟိုလမ်း၌ အလျား ပေ ၆ဝ နှင့် အနံ ပေ ၂ဝ ရှိ တံတား အမှတ် (၂)အား သံကူ ကွန်ကရစ် တံတား အဖြစ် တည်ဆောက်ရန် ပိုင်ရိုက် နေမှုနှင့် တွံတေး တူးမြောင်း (သုည)မိုင် အနီး ဆိပ်ကြီး ကျွန်းအငူ မြစ်ကမ်းပါးအား မြစ်ရေ တိုက်စား၍ ကမ်းပြိုကျ နေမှု တို့ကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

မြဝတီ

No comments:

Post a Comment