Thursday, 11 October 2012
တောင်ကိုရီးယား၏ ဒုံးစနစ်ကို အဆင့်မြှင့်တင်ပေးရန် အမေရိကန်နှင့်ဆိုးလ်တို့ သဘောတူညီချက် ရရှိခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကုန်းတွင်းပိုင်းအထိ တိုက်ခိုက်နိုင်စွမ်းရှိသော မဟာဗျူ ဟာမြောက်ဒုံး လက်နက်အင်အားပိုင်ဆိုင်ထားကြောင်း၊ အမျိုးသားကာကွယ်ရေးကော်မရှင်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့မှုကိုKorean Central New Agency (KCNA) သတင်းဌာနက အောက်တိုဘာ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဆိုးလ်၏ဒုံးစနစ်ကို မြောက်ကိုရီးယားတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့်
အကွာအဝေးအထိ ချဲ့ထွင်မှုနှင့် ပတ်သက်ပြီး
အမေရိကန်နှင့်သဘောတူညီမှုတစ်ခုရရှိခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက
အောက်တိုဘာ ၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ စစ်ရေးရန်စခြင်းများက ဟန့်တားရန်အတွက် ဆိုးလ်၏
ဒုံးလက်နက်များကို လက်ရှိသတ်မှတ်ထားသည့် အကွာအဝေး ၃၀၀ ကီလိုမီတာမှ ၈၀၀
ကီလိုမီတာအထိ အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။
Eleven
No comments:
Post a Comment