Thursday, 11 October 2012

အန္တရာယ်ကစားပွဲများနှင့်ကစားနေရသည့် မဒေးလိင်အလုပ်သမများ

ကျောက်ဖြူမြို့နှင့် မိုင်  ၇ မိုင် အကွာရှိ သည့် မဒေးကျွန်းသည် တစ်ချိန်က  လူသူအရောက်နည်းပါး သည့်နေရာ။  တံငါသည် ၊ဥယာဉ်လုပ်ငန်း စသဖြင့် လုပ်ကိုင်နေကြသည့် တောရွာ၊  လမ်းပန်းဆက် သွယ်ရေးမှာလည်း မြစ်ချောင်းများသာ။  မြို့ပေါ်နှင့်ဆက်သွယ်ရာတွင်လည်း ရေလမ်းတစ်ခုသာရှိသည်။

 
 
“ဒီမဒေးကျွန်းက ရှင်းရှင်းပြောရရင် တံငါရေလုပ်သားတွေနေတဲ့နေရာပေါ့၊ လူသူအရောက် တဲ့နည်းတဲ့ နေ ရာ လည်း ဖြစ်တယ်’’ မဒေးကျွန်းမှ ဒေသခံတစ်ဦးကဆိုသည်။
 
၎င်းမဒေးကျွန်းသည် သုံးနှစ်တာကာလ အကြားအပြောင်းလဲ မြန်ဆန်လာသည်ကိုတွေ့ရသည်။ ညနေတိုင်း ကာရာအိုကေဆိုင်၊ လဖက်ရည်ဆိုင်၊  ဖုန်းဆိုင်၊ အလုပ်သမားစခန်းများစသဖြင့် မဒေးကျွန်းတွင် နေရာယူ လာကြ သည်။
 
 ကျေးလက်နေပြည်သူများမှာ မြို့ပြဆန်ဆန်နေထိုင်သွားလာနေကြသည်။ယင်းအထဲ အနောက်တိုင်း ပုံစံဝတ်စုံဖြင့်   ဝတ်ဆင်လာကြသည့် အမျိုးသမီးငယ်များလည်း  ရောက်ရှိလာသလို အသွင် မျိုးစုံဖြင့် တွေ့ နေ ရသည်။

မဒေးကျွန်းသည်လွန်ခဲ့သည့် နှစ်အနည်းငယ်ကစပြီး တရုတ်နိုင်ငံမှစီမံကိန်းများ တည်ရှိရာနေ ရာဖြစ်လာ သည်။   ပြည်တွင်းပြည်ပအလုပ်သမားများလည်း  အများအပြား တွေ့ရသည်။

ပြည်တွင်းအလုပ်သမားတစ်ဦးလျှင်လုပ်အားခမှာ တစ်သိန်းကျော် အထက်ကိုရှိကြောင်း အလုပ်သမား များ၏ ပြောဆိုချက် များအရ သိရသည်။
 
“ကျမတို့ဆီကို ပြည်မဘက်မြန်မာပြည်သား အလုပ်သမားတွေလည်း လာကြတယ်၊ အလုပ်အကိုင်တွေက ပုံစံ မျိုးစုံပေါ့’’ မဒေးကျွန်းမှ လိင်အလုပ်သမတစ်ဦးကဆိုသည်။

လိင် အလုပ်သမအများစုမှာ ငွေကိုသာ အဓိကထားသဖြင့် ၄င်းတို့ကိုယ်တိုင် ကာကွယ်ရမည်ကို  သိရှိမှု နည်းပါး ကြောင်းဒေသခံတစ်ဦးကရှင်းပြသည်။
 
မြန်မာနိုင်ငံရှိ လိင်အလုပ်သမတို့မှာ တရားမဝင် လမ်းကြောင်းဖြစ်နေသည့် အတွက်  ၄င်းတို့၏ အလုပ်မှာ ထင်သ လောက် မလွယ်ကူဟု မဒေးကျွန်း လိင်အလုပ်သမတစ်ဦးက ဆိုသည်။

“ဒီလမ်းကတရားမဝင်လမ်းကြောင်းဆိုတော့ အားလုံးကိုကြောက်ရတာပေါ့၊“ သူတို့နဲ့ဆက်ဆံတက်အခါ ဘာသာစကား ခက်ခဲတာနဲ့ ကြုံရတယ်၊ ကိုယ်က တစ်ယောက်လို့ ပြောပေမယ့်သုံးယောက်အဲလိုမျိုး ဖြစ်နေ တာတွေရှိတယ်’’ဟုလိင် အလုပ်သမ တစ်ဦးက ရင်ဖွင့်သည်။

ကျောက်ဖြူမြို့တွင်ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး ၊ဓာတ်ငွေ့သန့်စင်စက်ရုံ တည်ဆောက်ရေးတွင် အင်ဒို နီးရှား၊ တရုတ်၊ ကိုးရီးယား၊အိန္ဒိယ လူမျိုးများ အဓိက ဝင်ရောက်လုပ် ကို င်နေကြပြီး ကျောက်ဖြူမြို့ နယ် မဒေး ကျွန်းရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွင်လည်း အများစုမှာ တရုတ် လူမျိုးနှင့် အိန္ဒိယ လူမျိုးများ  ဝင်ရောက် လုပ်ကိုင်နေကြသည် ၊ မဒေး ကျွန်းတွင် ရေနံသိုလှောင်တိုင်ကီများ တည်ေ ဆာက်ေ နပြီးးအရှေ့ အလယ်ပိုင်းမှ ရေနံများကို ၄င်းနေရာသို့ သင်္ဘောများဖြင့်သယ်ယူမည်ဖြစ်ပြီး ယင်းမှတစ် ဆင့် ရေနံပိုက်လိုင်းဖြင့် တရုတ်ပြည်သို့သွယ်တန်း မည့်စီမံကိန်းဖြစ်သည်။
 
 ထို့ကြောင်း  ပြည်ပ အလုပ်သမားများလည်း ဝင်ရောက်လာလျှက်ရှိသည်။ အထူးသဖြင့် တရုတ် အမျိုးသား များ ၄င်းနေရာတွင်ပိုများကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရသိရသည်။
 
 “တစ်ချို့မိန်းခလေးအလုပ်သမားတွေနဲ့ တရုတ်လူမျိုးတွေ ရောနှောယှက်တင်မှုတွေလည်း ရှိလာ တယ်’’ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ဆိုသည်။
 
တခြားနယ်များမှ လိင်အလုပ်လုပ်ကိုင်ရန် အဆိုပါ ဒေသသို့ရောက်ရှိလာသူများလည်းရှိသည်ဟု အဆိုပါ ဒေသ ခံက ပြောပြသည်။
 
 လိင်လုပ်ငန်းများရှိလာနေသော်လည်းလမ်းပမ်းဆက်သွယ်ရေးအရ အလှမ်းဝေနေသည့် အဆိုပါ မဒေး ကျွန်း တွင်   မည်သည့် အဖွဲ့အစည်းမှ အသိပညာပေး လုပ်ငန်းများမရှိသေးကြောင်းသိရသည်။

“ဒီလိင်အလုပ်သမတွေက ပညာတတ် အသိုင်းဝိုင်းမဟုတ်ဘဲ ပညာရေးအရ နိမ့်ပါးသူတွေဖြစ်နေတယ်၊ သူတို့က မိသားစု စားဝတ်နေရေး အကျပ်အတည်းကြောင်း ရပ်တည်နေကြသူတွေလဲပါတယ်’’ မဒေးကျွန်း မှ ဒေသခံ တစ်ဦးက ဆိုသည်။
 
 မသူဇာကမူ မိမိဘဝ ကို ပဓာနမထားဘဲမိသား စုအတွက် သာဖြစ်သည်ဟု ပြောပြသည်။

“သမီးတို့က နိုင်ငံခြားကိုလည်း မသွားနိုင်ဘူး၊ ဒီမှာက အလုပ်မရှိဘူး၊ ကောက်စိုက်ရင်လဲ မိသားစု အတွက် အဆင် မပြေဘူး၊  မိသားစု အဆင်ပြေရင်  ကျမအတွက်လုပ်ရကျိုးနပ်ပါပြီ’’ဟု ၄င်းက ပြောသည်။
 
 ၂၀၀၄ခုနှစ်ဒီဇင်ဘာလတွင် စီမံကိန်းစတင်ခဲ့သည့်  အဆိုပါ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင်  မြန်မာနိုင်ငံမှ တရုတ်ပြည်သို့  ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပို့လွှတ် မည်ဖြစ်သည်။
 
 စီမံကိန်းအတွက် ပြည်ပအလုပ်သမားများဝင်ရောက်လာသည်နှင့်အမျှ လိင်အလုပ်သမများလည်း တစတစ များ လာသည့် အတွက် ဝေဖန်မှုလည်း ရှိနေသည်။
 
 ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် လိင်အလုပ်သမများ အရေအတွက်ကိုစုဆောင်းရန် ခက်ခဲနေသည်။ လိင်လုပ်သား တို့မှာ စိုးရိမ်စိတ်များရှိနေသလို ပတ်ဝန်းကျင်ကဝေဖန်မှုများလည်းရှိနေသည်ဟု မသူဇာ“ ဝေဖန် ခံရမှုတွေတော့ရှိတာပေါ့၊ ဒါပေမယ့် လူတိုင်းခံယူချက်တော့မတူဘူး’’ ဟုဆက်ပြောသည်။
 

အိမ်နီးချင်းနိုင်ငံများတွင်လိင်အလုပ်သမတို့အတွက် တရားဝင်  အသိအမှတ်ပြုထားသော် လည်း မြန် မာနိုင်ငံ တွင်      တရားမဝင်လုပ် လို့သတ်မှတ်ထားသည့်  လိင်အလုပ်သမတို့မှာ အန္တာရယ်နှင့် ကစားနေရသည်ဟု သူက  ဆိုသည်။
 
 လိင်ပိုင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို လုပ်ကိုင်နေသည့် ရခိုင့်သဇင့်(Gay) အဖွဲ့မှ စိုးစိုးက “ ကျောက်ဖြူ ဘက်ကိုတော့ အသိပညာပေးလုပ်ငန်းတွေပေးဖို့သွားမဲ့ အဖွဲ့တွေက မရှိဘူး၊ စစ်တွေမှာ ကMSF အဖွဲ့ရှိတော့ အဆင်ပြေတယ်’’ဟုပြောသည်။

လိင်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးနေသည့် နယ်စည်းမခြားဆရာ ဝန်များ အဖွဲ့တွင် လုပ်ကိုင်နေသူတစ်ဦးက
 
“ကျွန်တော်တို့ စိုးရိမ်မိတာက ၊ကျောက်ဖြူရယ်၊ သံတွဲရယ်ပါ၊ လိင်လုပ်သားတွေအတွက် အသိပညာပေး လုပ်ငန်းတွေလဲ မရှိဘူး၊ ပြီးတော့ဒီလုပ်ငန်းက တရားမဝင်လုပ်ငန်းဖြစ်နေတော့ ၊ ကျနော်တို့ဆီက အကာ အကွယ်ပစ္စည်းတွေ ပေးတာတွေရှိတယ်’’ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် လိင်အလုပ်သမများအား အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်နေသည် အဖွဲ့၎ဖွဲ့ရှိပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့လက်အောက်တွင် လုပ်ကိုင်နေကြသည်။

တရားဝင်မှတ်ပုံတင်မဟုတ်သေးသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးကြောင်း လိင်တူ  ချစ်သူများ ကွန်ယက်မှ  ကိုနိုင်စို( အမည်ပြောင်း)ကဆိုသည်။
 
“နယ်ဘက်တွေမှာတော့ အဲလိုမျိုးပညာပေးမှုတွေ မရှိဘူး၊ ကျွန်တော်တို့က အိုင်အမ်ဂျီအိုအဖွဲ့တွေနဲ တွဲလုပ် ရ တယ်။ စစ်တွေမှာဆိုရင် လိင်အလုပ်သမ တစ်ရာကျော်ရှိတယ်’’ဟု ၄င်းကပြောသည်။

ကျောက်ဖြူမြို့နယ်မဒေးကျွန်းတွင်  ပြည်တွင်းပြည်ပ အလုပ်သမားများ ရှိလာသည်နှင့်အတူ လိင်အလုပ် သမားများလည်း တစတစတိုးလာနေသည်။သို့သော် အဆိုပါလိင်အလုပ်သမတို့မှာ ၄င်းတို့ကိုယ်တိုင် ကာကွယ်ရမည့် အရေးကို သိရှိမှုအားနည်းနေသည်ဟု  လိင်ပိုင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင် ရွက်နေ သည့် စစ်တွေမြို့ MSF မှ  ကျန်းမာရေးလုပ်သားတစ်ဦးကဆိုသည်။
 
 
ရခိုင်ပြည်နယ်အတွင်း  CNOOC  ၊  ESSAR  ၊CNPC INTERNATIONLLTD  ၊ MPRLE&P  ၊ DAEWOO INTERNATIONAL၊ONGC VIDESH  စသော ပြည်ပရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ ဝင်ရောက်လုပ် ကိုင်လျှက် ရှိသည်။

ref:myitmakha
 

No comments:

Post a Comment