Monday 10 September 2012

ဟောင်ကောင်တွင်ရှိသော ကမ္ဘာ့ဈေးအကြီးဟိုတယ်ခန်း။

ဟောင်ကောင်ရှိ InterContinental ဟိုတယ်သည်ကမ္ဘာပေါ်တွင်ဈေးအကြီးဆုံးဟိုတည်ခန်းပါဝင်သော ဟိုတယ်တခုအဖြစ်ကျော်ကြားလှသည်။ ပြည့်စုံခမ်းနားသော The Presidential Suite အခန်း၏ တညတာတည်းခိုခမှာ အမေရိကန်ဒေါ်လာ ၁၃၇၁၅ကျသင့်မည်ဖြစ်ပြီး အခန်းအကျယ်သည် ၂၅၀၀ စကွဲယားပေကျယ်ဝန်းသောအခန်းဖြစ်သည်။ သီးသန့်အားကစားလေ့ကျင့်ခန်း၊အမိုးပေါ်တွင်ပါရှိသည့် သီးသန့်ရေကူးကန်၊ ထမင်းစားခန်း၊ စာဖတ်ခန်း၊ ကိုယ်ပိုင်မီးဖိုချောင်၊အိပ်ခန်းကျယ်နှင့် ရေချိုးခန်း ပါရှိသည်။  
 လာရောက်တည်းခိုသူစီးနင်းအရန်အတွက် Phantom VI Rolls Royce၊ Bentley၊ Mercedes limousine တစီးစီးကိုနှစ်သက်ရာရွေးချယ်စီးခွင့်ရရှိမည်ဖြစ်သည်။ The Presidential Suite အခန်းမှ လှပသော ဗစ်တိုးရီးယားဆိပ်ကမ်းနှင့် ဟောင်ကောင်ကျွန်းစုကိုကြည့်ရှုနိုင်သည်။

အဆိုပါဟိုတယ်ကို အင်္ဂလန်နိုင်ငံအခြေစိုက် InterContinental ဟိုတယ်လုပ်ငန်းအုပ်စုမှပိုင်ဆိုင်သည်။ InterContinental ဟိုတယ်လုပ်ငန်းအုပ်စုသည် ၂၀၁၀စာရင်းအရ ကမ္ဘာ့တလွှားနိုင်ငံပေါင်း၁၀၀တွင် ဟိုတယ်ပေါင်း၄၅၀၀ပိုင်ဆိုင်သောဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည်။

No comments:

Post a Comment