အောက်တိုဘာလတွင် စင်္ကာပူလေကြောင်လိုင်းမြန်မာနိုင်ငံသို့ပြေးဆွဲမည်
အထီးကျန်မူဝါဒဖြင့်
တံခါးပိတ်နေသောအဏာရှင်စနစ်မှ ဒီမိုကရေစီလမ်းကြောင်းဆီသို့
ပြောင်းလဲမှုများစတင်လာ နေမှု့များကြောင့် ယ္ခုနှစ်အောက်တိုဘာလ၂၈ရက်နေ့
မှစတင်ပြီး စင်္ကာပူလေကြောင်း(SIA) သည် မြန်မာနိုင်ငံသို့ပြေးဆွဲတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံပြုပြင်ပြောင်းမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင် များသည် မြန်နိုင်ငံသို့ လည်ပါတ်ရန်နှင့် စီးပွားရေးလုပ်ငန်းရင်းနှီးမြုပ်နှံရန်အတွက် သွားရောက်မှု များစွာမြင့်တက်လာမှုကြောင့် မိမိတို့လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်ပြေးဆွဲရန် ဆုံးဖြတ်ချက်လိုက်ကြောင်း စင်္ကာပူလေကြောင်းလိုင်း၏ ဒုဥက္ကဌဖြစ်သူ Mak Swee Wah က ရိုက်တာသတင်းဌာနာသို့ပြောကြားလိုက်သည်။
နိုင်ငံတကာလေကြောင်းလိုင်းများ ပိုမို ပြေးဆွဲနိုင်ရန်အတွက်
ပြီးခဲ့သည့်ဂျွန်လအတွင်းက နိုင်ငံပိုင်သတင်းစာတွင် ရန်ကုန်မြို့နှင့်
မိုင်၅၀ကွာဝေးသော ပဲခူးမြို့တွင် ဒုတိယကမ္ဘာစစ်အတွင်းက
ဂျပန်တို့တည်ဆောက်ခဲ့သည် လေယာဉ်ကွင်းဟောင်းကို
နိုင်ငံတကာလေယာဉ်ကွင်းအဖြစ်တည် မည်ဖြစ်ကြောင်း သတင်းပါရှိခဲ့သည်။
No comments:
Post a Comment