သို့သော်လည်း ယနေ့ခေတ် ခရီးသည်တင် လေယာဉ်များတွင် တွေ့မြင်နေရသည့် အပြင်ဘက်သို့ လှမ်းကြည့်နိုင်သော ပြူတင်းပေါက် နံဘေးတွင် ထိုင်ခုံကပ်လျက် ချထားခြင်းမျိုးမှာ မူ ပျောက်ကွယ်သွားမည်ဖြစ်သည်။ NASAက အဆိုပါ လေယာဉ်ဒီဇိုင်းသည် ဆယ်စုနှစ် အနည်းငယ်အတွင်း အနာဂတ် ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေး နယ်ပယ်ကို လွှမ်းမိုးသွားမည်ဟု ယူဆလျှက်ရှိသည်။
ယခုအခါ မျိုးစပ်နည်းပညာသုံး အဆိုပါ အနာဂတ် လေယာဉ် ဒီဇိုင်းကို Boeingနှင့် NASAတို့ အလေးအနက် ပူးပေါင်းစမ်းသပ်နေခြင်း ဖြစ်သည်။ ဗြိတိန်တွင် တည်ဆောက်ခဲ့သော လေယာဉ်ဒီဇိုင်း သည် နှစ်ပေါင်း(၅၀) အတွင်း ခရီးသည်တင် လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် ကြီးကျယ်သော ခြေလှမ်းအပြောင်းအလဲ တစ်ရပ် ဖြစ်လာဖွယ် ရှိနေသည်။
ယခုစမ်းသပ်အဆင့် လေယာဉ်ဒီဇိုင်းသည် အမှန်တကယ် ရည်ရွယ်ထားသည့် လေယာဉ်အရွယ်အစား၏ (၈.၅)ရာခိုင်နှုန်းသာရှိပြီး အလေးချိန် ပေါင်(၅၀၀)ရှိသည်။ X-48Cဟု အမည်ပေးထားသော ဒီဇိုင်းသည် အမြင့်ပေ တစ်သောင်းအမြင့်ထိ တက်ရောက်ကာ (၃၅)မိနစ်ကြာ ပျံသန်းနိုင်ကြောင်း သိရသည်။ NASAသည် ယခုသီတင်းပတ်အတွင်း အဆိုပါ လေယာဉ်ဒီဇိုင်းငယ်ကို (၉)မိနစ်ကြာ ပျံသန်းစေပြီးနောက် ယင်းစမ်းသပ်မှုသည် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်ကြောင်း ကြေညာခဲ့သည်။
No comments:
Post a Comment