Tuesday 14 August 2012

နှစ်မကုန်မီ အခမဲ့ ကြည့်ရှုရတော့မည့် သတင်းနှင့်ဖျော်ဖြေမှုဦးစားပေး MNTV


အင်တာနာတိုင်ရှိယုံဖြင့်ဖမ်းယူကြည့်ရှုနိုင်သောသတင်းနှင့်ဖျော်ဖြေမှုဦးစားပေးအခမဲ့ရုပ် သံလိုင်း ဖြစ် သည့်မြန် မာေ နရှင်နယ်   ရုပ်မြင်သံကြားလိုင်း(MNTV)အား ယခုနှစ် မကုန်မီထုတ် လွှင့်ပြသ   နိုင်ရန် စီစဉ်ဆောင် ရွက်လျှက်ရှိကြောင်း   ရွှေသံလွင်မီဒီယာကသိရှိရသည်။


“ ကျွန်တော်တို့က မြန်သမျှမြန်အောင် စီစဉ်နေပါတယ်။ ‘ဒီနှစ်မကုန်ခင်ပြသနိုင်အောင် ကြိုးစားနေ ပါတယ်။ ဖရီးတူ အဲဆိုတာ ဒီအတိုင်းလွှင့်လို့မရဘူးနည်းပညာတွေ ထပ်ဆင့်လွင့်စက်တွေလိုတယ် အခြေခံအဆောက် အအုံတွေ လိုတယ်”ဟုမြန်မာနေရှင်နယ်တီဗွီ သတင်းဌာနမှ အကြီးကဲဖြစ်သူ ဦးရဲမင်းအောင်က ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တောတောင်ထူထပ်သောနေရာများပါအဆိုပါရုပ်သံလိုင်းအား ထုတ် လွှင့်ပြ သနိုင်ရန်  စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း သိရသည်။

'မြန်မာနေရှင်နယ်ချယ်နယ်က ပြည်တွင်းပြည်ပ သတင်းစုံကဏ္ဍာတွေကိုအချိန်နဲ့တပြေးညီ   တင်ဆက် သွားနိုင်အောင် ကြိုးစားသွားပါမယ်၊ တစ်ဖက်မှာလည်းဖျော်ဖြေရေးကဏ္ဍတွေပါမယ်၊ အဲလိုမျိုးတွေ တင်ဆက် သွားမှာပါ။'ဟု ၄င်းက ဆိုသည်။

ပြည်တွင်း၊ ပြည်ပနယ်ပယ် ကဏ္ဍာစုံသတင်းများ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ သိပ္ပံနှင့်နည်းပညာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး ရေး ၊မွေးမြူရေး  ၊ ရာဇဝတ်မှုသတင်းများ၊ ကူးသန်းရောင်းဝယ်ရေး၊ တည်ဆောက်ရေး၊ အထွေထွေ ဈေးကွက် သတင်းများအား တင်ဆက်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က ကိုယ့်နိုင်ငံမှာ ဖြစ်နေတာတစ်ခုထဲသိလို့မဖြစ်ဘူးအနည်းဆုံးတော့ အိမ်နီး ချင်း နိုင်ငံတွေ မှာ ဖြစ်နေတာတွေကိုတော့ သိရမယ်။”ဟု၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သတင်းအစီစဉ်များစွာ ရှိသင့်ကြောင်းသတင်းနှင့်ဖျော်ဖြေမှုရုပ်သံလိုင်း Free to air အား ကြည့်ရှုခွင့်ရသည့်အတွက် ပြည်သူလူထုအတွက် ပိုကောင်းမွန်ကြောင်း တာမွေမြို့နယ် တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ဆီမှာ ပိုက်ဆံမပေးရတဲ့ တီဗွီလိုင်းတွေ များများရှိသင့်တယ်။ပိုက်ဆံမကုန်ဘူးဆိုတော့ ပိုကောင်းပါတယ်။ တစ်ချို့စားဖို့တောင်အနိုင်နိုင်ဆိုတော့ ပိုက်ဆံပေးရတဲ့လိုင်းတွေမကြည့်နိုင်ဘူး။ ဒီလို အိမ်နီး ချင်းနိုင်ငံမှာ   ဖြစ်နေ တာတွေပါကြည့်ခွင့်ရမယ်ဆိုတော့ ကယ်သာကြည့် လို့ရရင် ကောင်း တာပေါ့ဗျာ။”ဟုတာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သူ ကိုထွန်းဦးက ပြောသည်။
 ref:myitmakha

No comments:

Post a Comment