Tuesday 14 August 2012

ရုရှားနိုင်ငံ အရှေ့  ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်

ရုရှားနိုင်ငံ အရှေ့ပိုင်းကမ်းလွန်ကို ဗဟိုပြု၍ Magnitude 7.3 ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခု ယနေ့ လှုပ်ခတ်သွားသည်။ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁း၀၀ နာရီခန့်တွင် ရုရှားနိုင်ငံ Poronaysk မြို့မှ ကီလို မီတာ ၁၆၀ အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးချေ။

ငလျင်လှုပ်ခတ်မှုအား ဂျပန်နိုင်ငံ ဟော့ခ်ကိုင်းဒိုကျွန်း မြောက်ပိုင်းနှင့် ဟွန်ရှူးကျွန်း အရှေ့မြောက်ပိုင်းတို့မှ ခံစားသိရှိရကြောင်း ဂျပန်သတင်းဌာနများက ပြောကြားသည်။ ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲ ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း Aljazeera သတင်းက ဖော်ပြသည်။ အမေရိကန်မှ U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ငလျင်ပြင်းအားကို Magnitude 7.7 ဟု ဖော်ပြထားသည်။
 
 
ref:planet

No comments:

Post a Comment