Tuesday, 30 June 2015

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

တရားမ၀င်ကုန်သွယ်မှုများ ဖြတ်သန်းနေသည်ဟုဆိုသည့် မန္တလေး-တောင်ကြီး ပြည်ထောင်စု လမ်းတစ် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်) 
မန္တလေးမြို့သို့ဝင်ရောက် နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျား စစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစ တင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

ငပုတော ရွာနှစ်ရွာကြားမှ အိမ် ၁၀၀ ကျော် တောင်ကျရေအတွင်း မျောပါ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲရှိ ဝက်ကော်ရွာနှင့် သင်းကြောင်းရွာရှိ အိမ်ခြေ ၁၂၈ လုံးသည် မြစ်တစ်ရာချောင်း တောင်ကျရေအတွင်း မျောပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ဖမ်းဆီးထားခြင်းမရှိဟု RCSS ဆို

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အောက်ခြေတပ်ဖွဲ့များကို စစ်ဆေးမှုအရ ရှမ်းပြည် နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်တွင် အကောင်အထည် ဖော်နေ သော စီမံကိန်းများကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်များကို စီမံကိန်းများအတွက် သုံးစွဲမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်း ပြီး ရာခိုင်နှုန်း ၂၀ လောက်သာ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့မှ ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

နေပြည်တော်နှင့် အူလန်ဘာတာမြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

နိုင်ငံတော်သမ္မတဦးသိန်းစိန် အူလန်ဘာတာမြို့ Gandantegchinlen ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဘုရားဆင်း တုတော်ရှေ့တွင် ဆီမီးပူဇော်နေစဉ်။ Photo - CNB 
မြန်မာနိုင်ငံ ၏မြို့တော် နေပြည်တော်နှင့် မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့တို့ကို ညီအစ်မမြို့တော် (Sister City) အဖြစ်ဆောင်ရွက်ရန် သဘောတူလိုက်ကြောင်းသိရသည်။

“Yes” ဂီတအဖွဲ့မှ ဘေ့(စ်) ဂီတာသမား Chris Squire ကွယ်လွန်

၁၉၇၀ ပြည့်လွန်နှစ်များက နာမည်ကျော်ကြားခဲ့သော ဗြိတိသျှ ရော့(ခ်)ဂီတအဖွဲ့ “Yes” အား ပူးတွဲ တည်ထောင်ခဲ့သူ ဘေ့(စ်) ဂီတာသမား Chris Squire သည် ဇွန်လ ၂၇ ရက်နေ့တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ကြောင်း “Yes” ဂီတ အဖွဲ့သားများက ဆိုသည်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတဲ့ ဂိုးကျော်ဇင်ဖြိုး သူ့ဇနီးနားလည်အောင် ဘယ်လိုရှင်းပြထားရသလဲ

U-23 မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ဖြိုးဟာ ဒီကနေ့မနက်ပိုင်းမှာ သူရဲ့ဇာတိဖြစ်တဲ့ ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့ကို အလည်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ဇာတိမြို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ဝမ်းမြောက် စွာ ကြိုဆိုခဲ့ကြပါတယ်။

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

မန္တလေးမြို့သို့ဝင်ရောက်နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျားစစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစတင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့ နောက်နှစ်ဘက်တပ်ကြားမှာရှိတဲ့ ရွာသားတွေကို ဒီကနေ့ နောက် ဆုံးထား တိမ်းရှောင်သွားဖို့ အစိုးရတပ်က ခေါ်ယူသတိပေး ခဲ့ပါတယ်။

Monday, 29 June 2015

ကျူးကျော်အိမ် တစ်လုံးကို လုံခြုံရေးစရိတ် ကျပ်သုံးသောင်း ကောက်ခံသည်မှာ မဟုတ်မှန်ဟုဆို

လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ဘေးရှိ မြေနုကျွန်းပေါ်မှ ကျူးကျော်နေသူများ၏ လုံခြုံရေးကို ဆောင်ရွက် ပေးသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (PVA) က ကျူးကျော်နေအိမ်များကို လုံခြုံရေးစရိတ် တစ်အိမ်လျှင် ကျပ်သုံးသောင်း ကောက်ခံနေသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးသိမ်းဆန်းက The Voice သို့ ပြောကြားသည်။

သံတွဲနှင့်တောင်ကုတ်တွင် ရေကြီးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များ မစတင်နိုင်သေး

ရခိုင်ပြည်နယ် သံတွဲမြို့ တွင် သံတွဲချောင်းရေကြီးမှုမှာ ဇွန် ၂၆ ရက် ည ၁၂ နာရီတွင် ရေပြန်ကျသွား သော်လည်း ၂၇ ရက် နံနက် ၁ဝ နာရီတွင် ရေ ပြန်လည် မြင့်တက်လာကြောင်း သံတွဲဒေသခံများထံ မှ သိရသည်။

အလိုရမ္မက်ကြီးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ

လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရမလို ဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်သေးဘဲ တစ်ခုပြီးတစ်ခု တိုးတိုး တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန် ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာမှန်သမျှ အကုန် တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကို ထောက်ထားငဲ့ညှာပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင် တောင် တချို့တစ်ဝက်တော့ လိုက်လျောမှုတွေ ပြန်ပေးနေတာ တွေ့ရပါတယ်။

ပြည်မြို့၌ အုပ်စုဖွဲရိုက်နှက်ခံရသည့် ၁၇ နှစ် အရွယ်အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရ

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဇွန်လ(၂၇)ရက်န့ ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် အုပ်စု လိုက် ရိုက်နှက်မှုကြောင့် (၁၇)နှစ် အရွယ်မိန်းကလေးတစ်ဦးအား မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ဆေးရုံတင်ထားရကြောင်း သိရှိရသည်။

စင်ကာပူသို့ သူနာပြုလုပ်သားတရားဝင် ပြန်လည်စေလွှတ်နိုင်ရေး အေဂျင်စီအဖွဲ့ချုပ်စီစဉ်နေဟုဆို

စင်ကာပူတွင် သူနာပြုလုပ်ကိုင်နေသူအချို့ကို လုပ်ငန်းခွင်၌ တွေ့ရစဉ်(ဓာတ်ပုံ - todayonline.com) 
စင်ကာပူနိုင်ငံသို့ သူနာ ပြုလုပ်သား တရားဝင်ပြန်လည် စေလွှတ်ခွင့်ရရှိရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ် အကိုင်ရှာဖွေရေး  ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သ တင်းရရှိသည်။

မူးယစ်ဆေးဝါးမျိုးစုံပြည့်နှက်နေတဲ့ “ ၀ ” ဒေသနှင့် ကိုယ်ကျိုးရှာ မူးယစ်ရာဇာများ

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအများဆုံးထွက်ရှိနေတဲ့ ဒေသကိုပြပါဆိုရင် ရှမ်းပြည်နယ်အရှေ့မြောက် မှာရှိတဲ့ ၀ ဒေသကို လက်ညှိုးထိုးပြရမှာပါ။ ဒါပေမယ့် ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှု အပါအ၀င် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်လာတာ ၁၀ နှစ်ပြည့်လာပြီဖြစ်တဲ့အတွက် ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု မရှိတော့ဘူးဆိုပြီး ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၀ ဒေသမှာ တကယ်ပဲ ဘိန်းစိုက်ပျိုးမှုတွေမရှိတော့ဘူးလားဆိုတာ မသေချာပေမယ့်လို့ ယနေ့အချိန်အထိ ၀ ဒေသကနေ မူးယစ် ဆေးဝါးမျိုးစုံထွက်ရှိနေတုန်းပါပဲ။ ဒါကို ဖမ်းဆီးရမိတဲ့ ၀ ဒေသထွက် မူးယစ်ဆေးဝါးများက သက်သေခံနေ ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှု မရခဲ့သော်လည်း ပြင်ဆင် ရန်ကြိုးပမ်းမှု မှတ်တမ်း တင် ကျန်ရှိနေ မည် ဟု သူရဦးရွှေမန်းဆို

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုအောင်မြင်မှုမရခဲ့သော်လည်း ပြင်ဆင်ရန်ကြိုးပမ်းမှုမှာ မှတ် တမ်းတင် ကျန် ရှိနေ မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရ ဦးရွှေမန်း က ပြည်သူ များထံ ပြန်ကြားလိုက်သည်။

သမ္မတဓာတ်ပုံ သန့်စင်ခန်းအတွင်း ချိတ်ဆွဲသည့် ကျောင်းအုပ်ကြီးကို ခုံရုံးဖွဲ့စစ်ဆေး

ယင်းမာပင်ခရိုင်၊ ညောင် ပင်သာကျေးရွာ အခြေခံပညာမူ လတန်းကျောင်းတွင် ကျောင်းရုံး ခန်းအတွင်းရှိ နိုင်ငံတော်သမ္မတ ဓာတ်ပုံကို သန့်စင်ခန်းအတွင်း ချိတ်ဆွဲခဲ့သည့် ကျောင်းအုပ်ကြီး  ကို သက်ဆိုင်ရာ ပညာရေးဌာနက ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သ တင်းရရှိသည်။

ထိုင်ဝမ် ရေလွှာအပန်းဖြေဥယျာဉ် ပါတီပွဲတွင် မီးလောင်၊ လူ ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ်နိုင်ငံတွင် တနင်္ဂနွေနေ့က ဖော်မိုဆာ အပန်းဖြေဥယျာဉ်အတွင်း ပြုလုပ်သည့် ပါတီပွဲအတွင်း မီးလောင်မတော်တဆမှု ဖြစ်ခဲ့ရာတွင် မီးများမှာ ကပွဲလာ ပရိသတ်များအပေါ်သို့ ကျခဲ့သဖြင့် ဒဏ်ရာရသူ ၅၀၉ ဦးအထိ ရှိခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခုဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် တောင်ပိုင်းတွင် အငှားအိမ်ရာ ရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ အငှားအိမ်ရာရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ် နေ ကြောင်း သိရသည်။

မဲစာရင်း မမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့် ပြဿနာများဖြစ်နိုင်၍ ပါတီအားလုံးအနေဖြင့် မဲစာရင်း စိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်ဟုဆို

မဲစာရင်းမမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့်ပြဿနာများ ဖြစ်နိုင်၍ နိုင်ငံရေးပါတီအားလုံး အနေဖြင့် မဲစာရင်းစိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Myanmar Network Organization for Free and Fair Elections (MYN-FREL) မှ ဒေါ်ဇင်မာဦးက ပြောကြားသည်။