Tuesday, 23 June 2015

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူ သားအတွက် ဖခင် ဖြစ်သူက လက်နက်ကိုင်အဖွဲ့  ငှားရမ်းကယ်ထုတ်

၁၅-၆-၂၀၁၅ ရက်နေ့၊ ညနေ (၃)နာရီချိန်ခန့်တွင် ကလော မှ တောင်ကြီး ခရိုင်တရားရုံးသို့ ရုံးထုတ်စစ်ဆေးသည့် တရားခံ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၁)ဦး၊ ဒုရဲအုပ် ဦးစီး အစောင့် (၅)ဦး၊ ယာဉ်မောင်း(၁)ဦး ပေါင်း(၁၄)ဦးတို့ လိုက်ပါသည့် လိုက်ထရပ်ယာဉ်သည် တရားခံများအား ခရိုင်တရားရုံးမှ တောင်လေးလုံးထောင်သို့ ပြန်လည်ပို့ဆောင်ရန် ထွက်ခွာလာ စဉ် ထောင်သို့မရောက်မီ လမ်းခုလတ်ဖြစ်သော ရေနွေးရွာအနီးအရောက်တွင် တရားခံတဦးအား လက်နက်ကိုင်အဖွဲ့ က ကယ်ထုတ်ကယ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။
အဆိုပါ တရားခံများတင်ဆောင်လာသည့် ကားအား ရေနွေးရွာ အနီးအရောက်တွင် မတ်တူး(အဖြူ)တစ်စီးမှ ယာဉ်၏လမ်းကြောတွင် ပိတ်ရပ်ထားသဖြင့် ယာဉ်အားရပ်တန့်လိုက်စဉ် ထိုမတ်တူးယာဉ်ပေါ်မှ အရပ်ဝတ်ဖြင့် ယာဉ်မောင်း(၁)ဦး၊ အမည်မသိ ပြောက်ကျားဝတ်(၄)ဦး သည် လက်နက်များကိုင်ဆောင် ဆင်းသက်လာပြီး လိုက်ထရပ်ယာဉ်မှ ဒုရဲအုပ်နှင့် အစောင့်များကို လက်နက်ဖြင့်ခြိမ်းခြောက်၍ ထောင်ပို့တရားခံများအနက်မှ မူး/စိတ် တရားခံဖြစ်သူ ခွန်နန်း အသက်(၂၃)နှစ်၊ (ဘ)ဦးမောင်တော ဒီမော့ဆိုမြို့နေသူ တစ်ဦးကိုသာ အစောင့်များလက်မှ လက်ထိပ်ဖြုတ်စေ လျှက် လုယူခေါ်ဆောင်သွားပြီး မတ်တူးယာဉ်ဖြင့် အောင်ပန်းမြို့သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ သစ်စက်လုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ဇွန်လ ၁၉ ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များထံမှ ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များဖြစ်သော ဦးသန်းဝင်း၊ ဦးညိုဝင်းနှင့် ဦးဖိုးထောင်တို့ ၃ ဦးအား ခေါ်ယူ၍သစ်ခွဲစက် တစ်လုံးလျှင် ၃၀၀၀၀ ကျပ်နှုန်းတောင်းခံသွားပြီး နန့်စီးအောင်ကျေးရွာ ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။

အိပ်မက်ဆုံရာ ရာသက်ပန်နောက်ဆုံးအဆင့်မှာ ဗိုလ်လုရမယ့် အောင်ထက်နဲ့ဂျေနဗီ

တင်ဆက်မှုပုံစံသစ်များ ပြောင်းလဲခဲ့သည့် အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ နောက် ဆုံးအဆင့်သို့ ပြိုင်ပွဲဝင်အောင် ထက်နှင့် ဂျေနဗီတို့တက်ရောက် နိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇူလိုင် ၅ရက်တွင်Strand ဟိုတယ်၌ ပြုလုပ်မည်ဟု Forever BecTro Country မန်နေဂျာ ကိုစိုးသူရကပြောသည်။
‘‘နောက်ဆုံးကျန်တဲ့နှစ် ယောက်ကနေ Winner ရွေး မယ်။ ကျန်တဲ့လူတွေ(ပြိုင်ပွဲဝင်) တွေကတော့ ဖျော်ဖြေရေးသက် သက်ပဲ’’ဟု ၎င်းကပြောသည်။
ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်သွားသူနှစ်ဦးမှာ ပရိသတ်အားပေးမှုအများဆုံးရရှိ ထားသူများဖြစ်သည့် အောင်ထက်နှင့်ဂျေနဗီတို့ဖြစ်ပြီး ဇူလိုင် ၅ ရက် တွင် ၎င်းတို့နှစ်ဦး ဆက်လက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူသူကို ရွှေရေးထင်ထင်အမှုဖွင့်


အင်တာနက်လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ၌ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သူတစ်ဦးကို စာရေးဆရာမရွှေရေးထင်ထင်က လသာရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သတင်းရရှိသည်။
ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သူ Min Thu အမည်ဖြင့် အကောင့်ပိုင်ရှင်ကို ဇွန်လ ၂၂ ရက် နံနက်တွင် လသာမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။
‘‘ဒီနေ့ မနက်ကလာပြီး တိုင် တာပါ။ ကျွန်တော်တို့လည်း အမှု ကို လက်ခံပြီး ဖွင့်ပေးပါတယ်။ တရားခံကိုတော့ ကျွန်တော်တို့ စုံ စမ်းနေပါတယ်။ ဖမ်းဆီးရမိခဲ့ရင် လည်း တည်ဆဲဥပဒေအတိုင်း အ ရေးယူသွားမှာပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။
စာရေးဆရာမ ရွှေရေးထင် ထင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည့် အလှဓာတ် ပုံများကြောင့် ယခုနှစ်အတွင်း လူ သိများလာပြီးနောက် ရွှေရေးထင် ထင်အကောင့်အတုများစွာထွက်ရှိလာသည်ဟု ရွှေရေးထင်ထင်၏ ပရိသတ်ကိုဟိန်းက ပြောသည်။

ခွေးသားစားခြင်းအား ပိတ်ပင်ရန် ကမ္ဘာက တောင်းဆိုမှု မြင့်တက်


(သွေးထွက်သံယို ဓာတ်ပုံများပါသည်/ Content Warning)
တရုတ်ပြည် တောင်အလယ်ပိုင်းဒေသက Yulin (ယုလင်) မြို့မှာ နှစ်စဉ် ယခုကာလမှာ ခွေးသားစားပွဲတော် (Dog meat festival) ပြုလုပ်ပါတယ်။ နှစ်စဉ် ယင်း ပွဲတော်အပေါ် ဆန့်ကျင်တားဆီးမှုများပေမယ့် ယခုနှစ်ကတော့ အများဆုံး ဖြစ်ပါတယ်။
ယင်းသတင်းနဲ့ ပက်သက်လို့ ယခုတလော လူ Share များနေကြတော့ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။ Dog meat festival ကို တရုတ်ပြည် အစိုးရမှ တရားဝင် ပိတ်ပင်ခြင်းက ယခင် နှစ်နှစ်လောက်က စတင်ခဲ့ပေမယ့် တရားဥပဒေ စိုးမိုးမှု နည်းနေပါသေးတယ်။ ဒါကြောင့်မို့ ခွေးသားစား ပွဲတော်ဟာ ရပ်တန့်မသွားသေးပဲ ဆက်ဖြစ်နေပါတယ်။ Bonus အနေနဲ့ ကြောင်များ နဲ့ အခြား အိမ်မွေး တိရစ္ဆာန် အချို့တောင် ပါဝင်လိုက်ပါသေးတယ်။ ယင်းဒေသခံများရဲ့ အယူအရ ခွေးသားစားခြင်းဖြင့် စီးပွားတက်ကြောင်း၊ ကျန်းမာကြောင်း အစရှိသဖြင့် ယုံကြည်ချက် အမျိုးမျိုးများဖြင့် စားသုံးနေခြင်း ဖြစ်ပါတယ်။

Monday, 22 June 2015

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရန် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရေးအတွက် နှစ်ဖက်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဇွန်လ ပထမပတ်အတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသအနီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အိန္ဒိယ တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် တွေ့ဆုံညှိနှိုင်းမှုများအရ NSCN (IM) တပ်ဖွဲ့များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခိုအောင်းမှု မရှိစေရန်အတွက် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ပုံမှန်နယ်မြေရှင်းလင်းလျက် ရှိသည့် တပ်များအပြင် ထပ်မံ တပ်အင်အား ဖြည့်တင်းပြီး နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြင်ဦးလွင်တွင် ဇနီးနှင့် သားကိုသာမက ကိုယ်တိုင်ပါ ဓာတ်ဆီလောင်း မီးရှို့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက် (၈) ယုဇနလမ်းရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က အသက် ၄၂ နှစ်အရွယ် အမျိုးသားမှာ ၎င်းကိုယ်တိုင်နှင့် လေးနှစ်အရွယ် သားဖြစ်သူနှင့် ဇနီးသည်ကိုပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဟိုတယ်တည်ဆောက်ရေး ငြမ်းပြိုကျမှု ဉာဏ်မိသားစု ဆောက်လုပ်ရေး တာဝန်ရှိသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာ မန္တလေး စီမံကိန်း ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှုကြောင့် တာဝန်ရှိသည်ဟုဆိုသော ဉာဏ်မိသားစု ဆောက်လုပ်ရေးတာဝန်ရှိသူ တစ်ဦးကို ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ ကဖြင့် အမှုဖွင့်၍ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောကြားသည်။

Sunday, 21 June 2015

လှေစီးပြေးတွေကို ဂျပန်ကဒေါ်လာ ၃သန်းခွဲကူညီမယ်

နိုင်ငံပြောင်းရွေ့ အခြေချဖို့ ကြိုးစားနေ တဲ့ လှေစီးပြေးတွေအတွက် ဂျပန်နိုင် ငံကအမေရိကန်ဒေါ်လာ

ကျောင်းသားသပိတ် ပြန်စမည်

ပြည်ထောင်စုလွှတ်တော်က အပြီးသတ် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီထားသည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် အပါအဝင် အချက်အလက်အချို့ မပါ၍ သပိတ်တိုက်ပွဲများ ဆက်လုပ်မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောကြားသည်။
ရန်ကုန်မြို့တော် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ဇွန်လ ၂၀ ရက် နေ့လယ် ၁ နာရီခန့်က ပြုလုပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဒုတိယအကြိမ် ညီလာခံ သဘောတူညီချက်များ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယွန်းဝတီလွင်မိုးနှင့် တွဲရိုက်ထားသူမှာ ချစ်သူမဟုတ်ဟုဆို

ယွန်းဝတီလွင်မိုး၏ ချစ်သူဟုဆိုသော အမျိုးသားငယ်တစ်ဦးနှင့်တွဲရိုက်ထားသည့် ဓာတ်ပုံလူမှုကွန်ရက်တွင် ပျံ့နှံ့နေသဖြင့် ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်း ယွန်းဝတီလွင်မိုး၏ ဖန်ပေ့ခ်ျ၌ ရေးသားထားသည်။ ‘‘ဒီပုံလေးကို တွေ့လိုက်လို့ ဒါခေးရဲ့ဖေဖေရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့ သားပါရှင့်။ မိဘတွေကလည်း ခေးမမွေးခင်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေပါ။ ခေးခေးတို့နှစ်ယောက်ကလည်း မွေးကတည်းကအတူတူကြီးပြင်းခဲ့ကြတဲ့မောင်နှမအရင်းတွေလိုပါပဲ။ ခေးရဲ့ ဘယ်တော့မှမပြောင်းလဲမယ့်အချစ်ဆုံးအစ်ကိုပါ’’ဟု ယွန်းဝတီလွင်မိုး၏ ဖန်ပေ့ခ်ျစာမျက်နှာတွင်ဖြေရှင်းထားသည်။

ခွေးသားစား ပွဲတော်မှ ခွေးအကောင် ၁၀၀ ကို တရုတ်အမျိုးသမီး ၀ယ်ယူကယ်ဆယ်

ဇွန် ၂၁။ ။ တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီ ပြည်နယ်ရှိ ယုလင်မြို့မှ ခွေးသားစား ပွဲတော်အတွင်း အစားခံရမယ့် ခွေး အကောင် ၁၀၀ ကို တိရစ္ဆာန်ချစ်သူ တရုတ် အမျိုးသမီးတစ်ဦးက ယွမ် ၇၀၀၀ ခန့် (ဒေါ်လာ ၁၀၀၀ခန့်) ပေးပြီး ကယ်ဆယ်ခဲ့ကြောင်း Netease ၀က်ဘ်ဆိုက်သတင်းကို အေအက်ဖ်က တနင်္ဂနွေနေ့က ကိုးကား ဖော်ပြခဲ့ပါတယ်။ 

Saturday, 20 June 2015

လေယာဉ်ဘီးအုံတွင် တွယ်ကပ်လိုက်ပါရင်း ဗြိတိန်သို့ ခိုးဝင်ရန် ကြိုးစားသူ လေယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံး

ကီလိုမီတာ ၉၀၀၀ မျှ အကွာအဝေးထိ လေယာဉ်ခိုးစီး လိုက်ပါလာသည်ဟု ယူဆရသူ တစ်ဦးသည် လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
 လေယာဉ်ဘီးအုံတွင် ခိုးဝှက်တွယ်ကပ်၍ လိုက်လာဟန်ရှိသော အမျိုးသားသည် လန်ဒန်မြို့ရှိ အင်တာနက် ကုမ္ပဏီ တစ်ခု၏ ဌာနချုပ် အမိုးပေါ်တွင် ပြုတ်ကျ သေဆုံးနေသည်ကို ဇွန်လ ၁၉ ရက်က တွေ့ရှိခဲ့သည်။ ၎င်းသည် ဗြိတိသျှ လေကြောင်းပိုင် လေယာဉ်တစ်စီး၏ ဘီးအုံပေါ်တွင် ခိုကပ်ကာ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စဘာ့ဂ် မြို့မှ ဗြိတိန်နိုင်ငံ၏ မြို့တော်ထိ ခိုးဝှက်လိုက်ပါလာဟန် ရှိသည်။

အမေရိကန်၏ ဗုံးကြဲမှုမှ အကြမ်းဖက်ခေါင်းဆောင် ဘယ်လ်မော့ခ်တာ လွတ်မြောက်ခဲ့ဟု အယ်လ်ကိုင်ဒါ ကြေညာ

လစ်ဗျားတွင် အမေရိကန် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နာမည်ကြီး အကြမ်းဖက်ခေါင်းဆောင်တစ်ဦး သေဆုံးသွားကြောင်း သတင်းများကို အယ်လ်ကိုင်ဒါ တပ်ဖွဲ့က ငြင်းချက် ထုတ်ပြန်ခဲ့သည်။
လစ်ဗျားအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း မော့ခ်တာဘယ်လ်မော့ခ်တာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန်ကမူ မိမိတို့သည် ဘယ်လ်မော့ခ်တာကို ရည်ရွယ်သည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဂျီဟတ်ဝါဒီ ခေါင်းဆောင် သေဆုံးခြင်း ရှိ၊ မရှိကိုမူ မှတ်ချက် မပေးခဲ့ချေ။

လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် လူ့အဖွဲ့အစည်းတွင် ကပ်ရောဂါဆိုးတစ်ခုအဖြစ် ရှိနေဆဲဟု အိုဘားမား ဝေဖန်


လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် လူ့အဖွဲ့အစည်းတွင် ကပ်ရောဂါဆိုး တစ်ခုဖြစ်နေကြောင်း သမ္မတ ဘာရတ် အိုဘားမားက ဝေဖန် ပြောကြားလိုက်သည်။
 တောင်ပိုင်းကာရိုလိုင်းနားရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် လူဖြူ လူငယ်တစ်ဦးက အာဖရိကနွယ်ဖွား (လူမည်း) ၉ ဦးကို ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး အိုဘားမားက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အိုဘားမားသည် အမေရိကန် သမိုင်းကြောင်းတွင် ပထမဆုံး လူမည်းသမ္မတလည်း ဖြစ်သည်။

အင်န်စီစီတီ ခေါင်းဆောင် သုံးဦးနှင့် အစိုးရ ယူပီဒဗ္ဗလျူစီတို့ ဇွန် ၂၂ ရက်တွင် ရန်ကုန်၌ တွေ့မည်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ တွေ့ဆုံနိုင်ရေးအတွက် NCCT ခေါင်းဆောင်သုံးဦးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဇွန်လ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် ဦးထွန်းဇော်တို့ သုံးဦးတို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
“အလွတ်သဘောပေါ့။ အဓိက ၂ ချက်ပါပဲ။ တစ်ချက်က အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့နဲ့ ပြန်ပြီး ညှိနှိုင်း ဆွေးနွေးဖို့၊ ကျွန်တော်တို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြဖို့ပါပဲ” ဟု NCCT အဖွဲ့ဝင် ဦးထွန်းဇော်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် အလုပ်သမားရေးရာ သင်တန်း တက်ရောက်မည်

 မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကိုယ်စားလှယ်များသည် ဂျပန်နိုင်ငံတွင် နိုင်ငံတကာ အလုပ်သမား အခြေခံအုတ်မြစ် အဖွဲ့အစည်း (JILAF) က ဖွင့်လှစ်မည့် အလုပ်သမားရေးရာ သင်တန်းကို တက်ရောက်မည်ဟု သင်တန်းတက်မည့် အလုပ်သမားခေါင်းဆောင် ကိုယ်စားလှယ်များက မဇ္ဈိမကို ပြောသည်။
သင်တန်းကို ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံရှိ အလုပ်သမား သမဂ္ဂခေါင်းဆောင်များက တက်ရောက်မည် ဖြစ်သည်။
သင်တန်းတက်ရောက်မည့် ဒေါ်အေးသီတာခိုင်က “လူငယ်ခေါင်းဆောင်မှု သင်တန်းပါ။ သင်တန်းက ပြန်လာပြီးရင်သေသေချာချာ စနစ်တကျ အလုပ်သမားတွေကို ကျွန်မတို့ လေ့လာခွင့် ရခဲ့တဲ့ အရာတွေ ပြန်ပြီးသင်တန်း ပို့ချပေးမှာပါ။ မြန်မာနိုင်ငံမှာ အလုပ်သမားကဏ္ဍနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေက နည်းပါးနေသေးတော့ ဂျပန်နိုင်ငံမှာ သေချာလေး ဆည်းပူးလေ့လာချင်ပါတယ်”ဟု ပြောသည်။

အော်ပရေတာများ အပြိုင်ဖြစ်လာချိန်တွင် အရည်အသွေးကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာ ရန်လိုဟုဆို

ပြည်တွင်း၌ မိုဘိုင်းအော်ပရေတာများ အပြိုင်ဝန်ဆောင်မှု ပေးလာချိန်တွင် မိုဘိုင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး  ဈေးနှုန်းသက်သာသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်သည်ဟု ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုသူများနှင့် နည်းပညာ ပညာရှင်များက ဆိုကြသည်။
ဆင်းမ်ကတ်များ အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ချိန်တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် သာမက နယ်မြို့များတွင်ပင် အရည်အသွေးကောင်းမွန်မှုကို ရွေးချယ်အသုံးပြုနေကြပြီဖြစ်သည်ဟု ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့၏ နည်းပညာအရာရှိချုပ်ကိုစိုးသီဟနောင်က ပြောသည်။

NLD ကိုယ်စားလှယ်လောင်းနှင့် မိသားစုဝင်တို့၏ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းစာရင်း ပါတီသို့ အသိပေးရမည်ဟု ဒေါ်စုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်
လောင်းများက ၎င်းနှင့် ၎င်းတို့၏ ဇနီး/ခင်ပွန်းအပြင် ၁၈ နှစ်အောက် သားသမီးများ အမည်ဖြင့် ထားရှိသည့် မရွေ့ပြောင်းနိုင်သော ပစ္စည်းများစာရင်းကို ပါတီသို့ အသိပေးရမည်ဟု ဇွန်လ ၂၀ ရက်တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

Friday, 19 June 2015

ခလောက်ဆန် အကောက်ကြံနေတဲ့ KIA ကို အပြုတ်တိုက်မှ ငြိမ်းချမ်းရေးရမယ်

ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် အခြေခံဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဲဒီ လက်မှတ်ရေးထိုးနိုင်ဖို့ UPWC နဲ့ NCCT တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ယနေ့အချိန်ကာလမှာတော့ NCA မူကြမ်းကို သဘောတူနိုင်ခဲ့တာ တွေ့ရပါတယ်။ တိုင်းရင်းသားတွေဘက်က မူကြမ်းကို အချောသတ်နိုင်ဖို့ NCCT ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ လောခီးလာမှာ ဒီလ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ တွေ့ဆုံပွဲအပြီး အများမျှော်လင့်သလို အပစ်ရပ်လက်မှတ်ထိုးရေးကိစ္စဟာ အဖြေထွက်မလာဘဲ ဟိုလှည့် ဒီပတ် ဖြစ်သွားပြန်ပါတယ်။