ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ရွေးကောက်ပွဲသို့ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးကို ရွေးချယ်ထားပြီး ၃၀ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ၂ ဦးနေမင်းကျော်က မဇ္ဈိမကိုပြောသည်။
"ဦးခင်မောင်ဆွေကတော့ မ၀င်ဘူး၊ ကချင်မှာတော့ ဒေါ်ဘောက်ဂျာဝင်မယ်။ အမျိုးသမီးတွေ ၃၀ရာခိုင်နှုန်းထိပါတယ် အသက်က ၂၅နှစ်ကနေ ၄၅ကြားက အများဆုံးပဲ အခုရွေးထားတာ ကယား၊ ချင်း၊ ရခိုင်က မပါသေးဘူး၊ အရင် နေရာရထားသူတွေ အားလုံးနီးပါး ပြန်ဝင်ကြမယ်" ဟု ၎င်းကဆိုသည်။
NDF ပါတီက ၀င်ရောက်မည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်လောင်းများကို မေလ ၁၆ရက်နှင့် ၁၇ရက်တွင် ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ်ရွေးချယ်ခဲ့သည်ဟု ဦးနေမင်းကျော်က ပြောသည်။