Friday, 24 April 2015

မွန်ပြည်နယ် မဲဆန္ဒစာရင်း ၇၆ ရာနှုန်းကျော် ပြီးစီးဟုဆို

လာမည့် ၂၀၁၅ ရွေကောက်ပွဲအတွက် မွန်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုလျက်ရှိရာ ဧပြီလ ၂၂ ရက်နေ့ထိ ၇၆ ဒသမ ၃၀ ရာခိုင်နှုန်း ပြုစုပြီးစီးသွားပြီဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကျရှုံးသွားပြီလား

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စဉ်းစား နေကြောင်း ပြောခဲ့တယ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
သမိုင်းဝင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၇ လလောက်ပဲ လိုတော့တဲ့ အချိန်မှာ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ရဲ့ ထောက်ခံမှု အပြည့်အဝရှိနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ နိုင်ငံရေး အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရတော့မယ့်အခြေအနေ ဖြစ်နေပါပြီ။

အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားမည်ဆိုပါက ကမ္ဘာ့ရေနံနှင့် လောင်စာဈေးကွက်အတွင်း ကြီးမားသော ဂယက်ရိုက်ခတ်မည်ဟုဆို

ယခုအခါ အီရန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများနှင့် နျူကလီးယား ဆိုင်ရာ ကနဦး သဘောတူညီချက် ရရှိထားပြီဖြစ်ရာ အကယ်၍ အီရန်အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားလိုက်မည် ဆိုပါက ကမ္ဘာ့ရေနံဈေးကွက်တွင် ကြီးမားသော အပြောင်းအလဲ ကီး ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီသစ် ၁၇ ခု တည်ထောင်ခွင့် လျှောက်ထား

ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအသစ် ၁၇ ခု တည်ထောင်ခွင့် ထပ်မံလျှောက်ထားလာကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြား ရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။

ခြောက်ပွင့်ဆိုင် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင် နိုင်ငံရေးပါတီ ၂၁ ပါတီကို ကိုယ်စားမပြုဟု NBF ထုတ်ပြန်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ် အဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားသော ဒေါက်တာအေးမောင်သည် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၂၁ ပါတီကို ကိုယ်စားမပြုကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့က ထုတ်ပြန် လိုက်သည်။

အမှိုက်သိမ်းယာဉ် ကြိတ်ခံရမှုကြောင့် ကလေးငယ်သုံးဦး သေဆုံး

လှိုင်သာယာမြို့နယ်၊ ထိန်ပင်စွန့်ပစ် အမှိုက်ပုံဝင်းတွင် ဧပြီလ ၂၂ ရက် ည ၈ နာရီခန့်က အမှိုက်ပုံဘေးတွင် အိပ်ပျော်နေသော အသက်တစ်နှစ်အရွယ် ကလေးငယ် အပါအဝင် ကလေးငယ်သုံးဦး အမှိုက်သိမ်းယာဉ် ကြိတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။ 

ဘန်ကောက်က မြန်မာကျောင်းသား သေဆုံးမှု အချစ်ရေးကြောင့်ဟု ဆို

ပြုတ်ကျသေဆုံးသော မြန်မာတက္ကသိုလ် ကျောင်းသား (ဓာတ်ပုံ – Sanook)
ယမန်နေ့ ဧပြီလ ၂၃ရက်က ဘန်ကောက်မြို့ Bang Kapi ခရိုင်တွင်တည်ရှိသော ၄င်းနေထိုင်ရာ ၈ လွာ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသော မြန်မာတက္ကသိုလ် ကျောင်းသားသည် အချစ်ရေးကြောင့်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသည်။

မလေးရှားကုမ္ပဏီတစ်ခုမှ ရွှေတိဂုံစေတီတော်ပုံ တံဆိပ်ကပ်နှိပ်ထားသည့် အရက်ပုလင်းများ ထုတ်လုပ်ရောင်းချနေမှု သာသနာရေးဝန်ကြီးဌာန ကန့်ကွက်

မလေးရှား ကုမ္ပဏီတစ်ခုမှ ရွှေတိဂုံစေတီတော် ပုံတံဆိပ် ကပ်နှိပ်ထားသည့် အရက် ပုလင်းများထုတ်လုပ် ရောင်းချနေမှု ကို သာသနာရေး ဝန်ကြီးဌာနက ကန့် ကွက်လိုက်သည်။

ပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများ၏ဆဋ္ဌမမြောက် ရုံးချိန်းကို လက်ပံတန်းမှ သာယာဝတီသို့ ပြောင်းလဲစစ်ဆေးမည်

ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီး တရားစွဲခံထားရသူများ၏ ဆဋ္ဌမအကြိမ်မြောက် ရုံးချိန်း တွင် လက်ပံတန်းမြို့နယ် တရားရုံးမှ သာယာဝတီမြို့နယ်တရားရုံးသို့ ပြောင်းလဲစစ်ဆေး သွားမည်ဖြစ် ကြောင်း ယခုပဉ္စမအကြိမ်မြောက် ရုံးချိန်းမှသိရှိရပြီး အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသူ အမျိုးသား အများစုမှာ အရေပြားယားယံခြင်းများ ဖြစ်ပွားနေကြောင်းသိရသည်။

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကိုဂုဏ်ပြုသည့်အနေဖြင့် ခါကာဘိုရာဇီ ခရီးလမ်းကြောင်းရှိ ကျေးရွာများတွင် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ရက်လေးဆယ်ကြာပြုလုပ်

Photo - သဘာဝခေါ်သံ ဖောင်ဒေးရှင်း
ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့သည့် ပျောက်ဆုံး တောင်တက်သမားနှစ်ဦးဖြစ်သူကို အောင်မြင့်မြတ်နှင့်ကိုဝေ ယံမင်းသူတို့အား ဂုဏ်ပြုသော အနေ ဖြင့် ခါကာဘိုရာ ဇီခရီးလမ်းကြောင်း မှ တိုင်းရင်းသားကျေး ရွာများ တွင် ကျန်းမာရေးနှင့်လူမှုရေးအကျိုးပြု လုပ်ငန်းများကို ရက် ၄ဝခန့်ကြာ မြင့်စွာ ပြုလုပ်ပေးခဲ့ကြောင်း တက္ကသိုလ်ခြေ လျင်နှင့်တောင်တက် အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ သိရသည်။

ညောင်ဦးမြို့နယ်တွင် ရေအခက်အခဲဖြစ်နေသည့်အပြင် နွားစာရှားပါးလာသည့်အတွက် နွားများကို သစ်ရွက်နှင့် သစ်ဥသစ်ဖုများ ခူးကျွေးနေကြရဟုဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ရေအခက်အခဲဖြစ်နေသည့်အပြင် နွားစာပါရှားပါးလာသည့် အတွက် စိမ်းစိမ်းစိုစိုသစ်ပင်သစ်ရွက် အပင်မှန်သမျှ၏ ကိုင်းဖျားများမှ အရွက်များကိုခူး၍ နွားများကို ကျွေးနေ ကြရကြောင်း သိရသည်။

ဒေသခံကျေးရွာများအနီးတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆက်တိုက်ပြုလုပ်

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၊ ဒေသခံရွာသား ၂ ဦးသည် တောင်ယာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် သွားရောက်စဉ် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဆင်းရဲနွမ်းပါးမှု လျော့ချရန် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကမ္ဘာ့ဘဏ် အတိုးမဲ့ ထုတ်ချေးမည်

ပုဂံညောင်ဦးမြို့ရှိ ထင်းခြောက်ထမ်းရောင်းနေသည့် အမျိုးသားကြီးတစ်ဦး အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း လျော့ချရန် အဓိက ရည်ရွယ်လျက် အခြားသောကဏ္ဍစုံတွင် ကူညီထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀၀ ကို ကမ္ဘာ့ဘဏ်က အတိုးမဲ့ ထုတ်ချေးမည်ဟု ဧပြီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ကမ္ဘာ့ဘဏ် က မြန်မာ ကို ဒေါ်လာ သန်း ၁၆၀၀ ချေးငှား ထောက်ပံ့

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရန်ကုန်တိုင်း တွင်းက ဆေးရုံကို လာရောက်လေ့လာခဲ့စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄) 
ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံကို နှစ်ပေါင်း (၃၀)ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာသန်း (၁၆၀၀) အတိုးမဲ့ ထုတ်ချေးမယ်လို့ ဧပြီလ ၂၃ ရက်နေ့က ကြေညာလိုက်ပါတယ်။ သုံးနှစ်အတွင်း တိုင်းပြည် ရဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ တိုးမြှင့်လာအောင် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ချင်းတက်အကြောင်း သိကောင်းစရာ

ဆယ့်နှစ်ရာသီ အလှည့်အပြောင်းကာလ ဆောင်းရာသီရောက်လျှင် အအေးပတ်၊ နှာစေး၊ ချောင်းဆိုး ရောဂါက နေ့စဉ်အလုပ်လုပ် နေကြသော လူသားတို့ကို ဘေးဒုက္ခ ပေးတတ် သည်။ ရေချိုးမှား ရာမှ အဖျား ရောဂါ ပူးတွဲပါဝင်လာသည်။

အာဆီယမ်လူထုဖိုရမ် ကျင်းပနေ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံ အဖွဲ့ရဲ့ ထိပ်သီး ညီလာခံ မတိုင်ခင် အာဆီယံ နိုင်ငံတွေက လူမှုအခြေပြု အရပ်ဖက် အဖွဲ့အစည်း တွေဟာ ASEAN People’s Forum လို့ ခေါ်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပနေပါတယ်။

လာမည့်နှစ်မှ စ၍ အဋ္ဌမတန်း ကျပါက ပြန်ဖြေသည့်စနစ် မရှိတော့

လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစတင်ကာ  အဋ္ဌမတန်းကျောင်းသား ကျောင်းသူများ စာမေးပွဲ ကျရှုံးပါက ကျရှုံးသည့် ဘာသာရပ်ကို ပြန်လည်ဖြေဆို (ကုစား) ပေးသည့်စနစ် မရှိတော့ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာန  ညွန်ကြားရေးမှူး (ပညာ) မှ ဒေါ်စန်းစန်းရီက ပြောသည်။

နေပြည်တော်ရှိ လယ်ယာမြေပြဿနာများ စာရင်းပြုစုပြီးပါက တစ်လ အတွင်း ဖြေရှင်းမည်ဟုဆို

နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ရှိသည့် နေပြည်တော်ကောင်စီ နယ်မြေတွင် ဖြစ်ပွား နေသည့် လယ်ယာမြေပြဿနာများကို စာရင်းကောက်ယူပြီး တစ်လအတွင်း ဖြေရှင်းမည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

မြန်မာလယ်သမားများကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ဖြင့် ကမ္ဘာ့ဘဏ် ချေးမည်

မြန်မာတောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကို အထောက်အကူပြုရန် နှစ်ရှည်ချေးငွေအဖြစ် အမေရိ ကန် ဒေါ်လာ သန်း ၁၀၀ ကို အတိုးမဲ့ချေးငွေအဖြစ် ကမ္ဘာ့ဘဏ်မှ မြန်မာအစိုးရသို့ နှစ်ရှည်ထုတ်ချေး ပေးသွားမည်ဟု ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်နယ်ကို ကောင်းကျိုးမပြုဘဲ RSO ဘင်္ဂါလီများနှင့် ပူးပေါင်းနေသည့် သောင်းကျန်းသူ(AA)အဖွဲ့ကို လုံးဝ လက်မခံနိုင်ကြောင်း ဒေသခံများ ပြောကြား

တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ပွားပြီးနောက် ထွက်ပြေး ဆုတ်ခွာသွားကြတဲ့ ရခိုင်သောင်းကျန်းသူ ၅ ဦးကို ဧပြီလ ၁၉ ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ညောင်ပင်လှရွာအနီးမှာ လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဆုတ်ခွာသွားတဲ့ ရခိုင်သောင်း ကျန်းသူများနောက်ကို တပ်မတော် စစ်ကြောင်းမှ လိုက်လံရှင်းလင်း စဉ် ဒေသခံရခိုင်ပြည်သူများမှ သောင်းကျန်းသူများ ပုန်းအောင်းနေသည့်
နေရာကို လာရောက်သတင်းပေးခဲ့ခြင်းဖြစ်သည်။