Thursday, 11 December 2014

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်

Photo: ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်
Thursday, December 11, 2014

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိဆိုတာကို စမတ်ဖုန်းမှာပါတဲ့ ဖလက်ရှ် အလင်းရောင် နဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Retinoblastoma လို့ခေါ်တဲ့ သေစေနိုင်တဲ့ မျက်စိကင်ဆာရောဂါဟာ ကလေးငယ်တွေမှာသာ အဓိက ဖြစ်ပွားတာဖြစ်ပါတယ်။ ထိုရောဂါဟာ လျင်မြန်စွာ ကြီးထွားလာနိုင်ပြီး အချိန်မီကုသ နိုင်မှသာ ကလေးငယ်ရဲ့ အသက်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Childhood Eye Cancer Trust အဖွဲ့က စမတ်ဖုန်းတစ်လုံးရဲ့ ကင်မရာနဲ့ ရောဂါရှိမရှိ သိနိုင်ရန် စစ်ဆေးဖို့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ မျက်လုံးကို ကင်မရာရဲ့ ဖလက်ရှ် စနစ် ကို အသုံးပြုပြီး ဓါတ်ပုံ ရိုက်ကူးလိုက်ပါက မျက်စိရဲ့ အမည်းရောင်ရှိတဲ့ နေရာတွေမှာ အဖြူရောင်အဖြစ်ပေါ်လာပါက Retinoblastoma  လို့ခေါ်တဲ့ ကလေးသူငယ် မျက်စိ ကင်ဆာရောဂါ ရှိနေပြီလို့ဆိုနိုင်မှာ ဖြစ်ပါတယ်။

ထို အစီအစဉ်ကို ခွဲစိတ်ဆေးခန်းတွေနဲ့ ကလေးဆေးခန်းတွေမှာ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ Retinoblastoma ဟာ ကြုံတောင့်ကြုံခဲရောဂါတစ်ခု ဆိုပေမယ့်လည်း ဗြိတိန်နိုင်ငံမှာတော့ တစ်နှစ်ကို ကလေး အယောက် ၄၀ ကနေ ၅၀ အထိ ဖြစ်ပွားနေပါတယ်။ ထိုရောဂါ ရှိနေကြောင်း အချိန်မီ သိရပါက လေဆာ ကုထုံးနဲ့ ကုသနိုင်ပေမယ့် ရောဂါကြီးထွားလာမှ သိရပါက ဓါတု ကုထုံးများ ၊ ရေဒီယို ကုထုံးများ နဲ့ ခွဲစိတ်မှုတွေ အထိ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Ref:mirror.co.uk 
Trend Myanmar
ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိဆိုတာကို စမတ်ဖုန်းမှာပါတဲ့ ဖလက်ရှ် အလင်းရောင် နဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ခရီးသည် စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ဘတ်စ်များ ပြေးဆွဲမည်

ခရီးသွားပြည်သူများ စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ယာဉ်များကို တညင်းကုန်း မှတ်တိုင်မှ ဆူးလေ (မြို့တော်ခန်းမဘေး) မှတ်တိုင်အထိ ပြေးဆွဲလျက်ရှိသော ၄၅ ခရီးသည်တင်ယာဉ်တွင် တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း Air-Con ခရီးသယ်တင်ယာဉ် ပိုင်ရှင် ဦးတရုတ်လေးက The Voice သို့ ပြောကြားသည်။

မြန်အောင် သုံးဆယ်ကျွန်းကျေးရွာ စာသင်ကျောင်း လိုအပ်နေ

Photo: မြန်အောင် သုံးဆယ်ကျွန်းကျေးရွာ စာသင်ကျောင်း လိုအပ်နေ
Thursday, December 11, 2014

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သုံးဆယ်ကျွန်းရွာမှာ စာသင်ကျောင်း မြစ်ကမ်းပါး ပြိုတဲ့အထဲ ပါသွားလို့ ကျေးရွာမှာ စာသင်ကျောင်း မရှိဘဲ ဖြစ်နေပါတယ်။

မြန်အောင်မြို့နယ် သုံးဆယ်ကျွန်း အမှတ် ၂ ရွာမှာ စာသင်ကျောင်း မရှိတာကြောင့် ကလေးတွေဟာ ၂ မိုင်လောက်ဝေးတဲ့ သုံးဆယ်ကျွန်း အမှတ် ၁ ရွာက ကျောင်းကို သွားတက်နေရလို့ သူတို့ရွာမှာ စာသင်ကျောင်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

poor schoolသုံးဆယ်ကျွန်းရွာသား ကိုမြင့်အောင်က “ကျနော်တို့ ကျေးရွာမှာ ကျောင်းသားတွေ အခက်အခဲ ဖြစ်နေတာက မိုးရာသီ ရောက်ရှိလာရင် ရေသုံးတန်ကူးရပါတယ်။ အမှတ် ၁ ကျေးရွာကို သွားပြီး ပညာသင်ရတဲ့ ကျောင်းသူကျောင်းသားလေးတွေမှာဆိုရင် မတက်နိုင်စွမ်း အများဆုံး ၃ ပုံ ပုံရင် ၂ ပုံလောက်ပျက်စီးနေပါတယ်။ ၁ ပုံလောက်က ကျောင်းသားမိဘတွေက ပိုက်ဆံရှိတဲ့ မိဘတွေလောက်ကသာ ထားနိုင်ပါတယ်။ စားဝတ်နေရေး တနေ့တာ ပြေးပြီး လုပ်ကိုင်နေရတဲ့ စားသောက်နေရတဲ့ မိဘများကတော့ စားဝတ်နေရေး ထုတ်မပေးနိုင်တဲ့ အတွက် ကျောင်းသားတွေ ပညာရေး မတတ်ပါဘူး။ ကလေးတွေအတွက်ကို သက်ဆိုင်ရာ အာဏာပိုင်များကနေ မူကြိုကျောင်းလေး မူလတန်းကျောင်းလေး ချထားပေးရင် ပိုပြီး ကောင်းပါလိမ့်မယ်”လို့ ပြောပါတယ်။

သုံးဆယ်ကျွန်းရွာဟာ ကမ်းပြိုမှုကြောင့် ၄ ကြိမ်တိတိ ရွာပြောင်းခဲ့ရတာကြောင့် ဒေသခံတွေအနေနဲ့လည်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပြီး ကျောင်းတက်အရွယ် ကလေးငယ်တွေအတွက် ကျောင်း ဝေးလံလို့ ထမင်းထုပ်တွေက အစ အခက်အခဲဖြစ်တာကြောင့် ကျောင်းတက် အရွယ်ရောက်ပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ် ၄၀ ကျော်လောက်အထိ ရှိနေပါတယ်။

အဲဒီရွာက ဘုန်းတော်ကြီးကျောင်းဟာလည်း ကမ်းပြိုမှုကြောင့် ၁၉၈၈ ခုနှစ်လောက် ကတည်းက ပျက်စီးခဲ့ရပါတယ်။

အခု ဘုန်းကြီးကျောင်းသစ်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလကမှ ပြန်လည် ဆောက်လုပ် ကိုးကွယ်နိုင်ကြပြီး စေတီတဆူတည်မယ့် ကိစ္စကိုလည်း ကမ်းပြိုမဲ့အထဲပါသွားမှာကို ဒေသခံတွေ အနေနဲ့ စိုးရိမ်နေကြပါတယ်။

သုံးဆယ်ကျွန်းရွာ ဂေါပကအဖွဲ့ဝင် ဦးစိန်ဌေးက “ကျနော်တို့က ဒီဘုရားက သိန်း ၄၀၊ ၅၀၊ ၆၀ လောက် ကုန်မယ်။ စုဆောင်းပြီး တည်မယ်။ ကမ်းနဲ့ ကျတော့ အလွန်ဆုံးကွာရင် လံဘောင် ၈၀ လောက်ပဲ ကွာမယ်။ အဲဒီတော့ရင် ဒီကမ်းရောက်သွားရင် ကျနော်တို့ ကုန်ကျထားတဲ့ငွေကို မခံသာဘူး။ ကျနော်ရပ်ရွာကလည်း မရှိကြပါဘူး။ ကျောက်သယ်စားတဲ့လူနဲ့ ကိုင်းထဲလိုက်တဲ့လူနဲ့ ဒါပေမယ့် စုဆောင်းပြီးတော့ သာသနာပွင့်တယ်ဆိုပြီး တည်ရတာပါ။ ဖြစ်စေချင်တာကတော့ ဒီကျောက်စုတ် မော်တော်လေးတွေကို ရပ်စေချင်ပါတယ်” လို့ ပြောပါတယ်။

သုံးဆယ်ကျွန်းရွာဟာ အရင်က အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကမ်းပြိုပြီး ရွာပျက်မှုတွေကြောင့် သုံးဆယ်ကျွန်း အမှတ် ၁ နဲ့ အမှတ် ၂ ရွာရယ်လို့ ၂ ရွာ ဖြစ်ခဲ့ပြီး အခု သုံးဆယ်ကျွန်း အမှတ် ၂ ရွာမှာ အိမ်ခြေ ၈၀ ကျော် ရှိပါတယ်။

ဒေသခံတွေအနေနဲ့ ကိုင်းနဲ့ တံငါလုပ်ငန်းကို အမှီပြုနေကြရပါတယ်။ ကျောင်းချပေးနိုင်ရေး အတွက် မြို့နယ်ပညာရေးမှူးကို သွားရောက်မေးမြန်းတဲ့အခါမှာတော့ ပထမအနေနဲ့ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ကြိုးစားဖို့ လိုပြီး နောက်နှစ်တွေမှာ စည်းကမ်းချက်တွေ အတိုင်း ဆက်လက်ချပေးမယ်လို့ မြန်အောင်မြို့နယ် ပညာရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

DVB
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သုံးဆယ်ကျွန်းရွာမှာ စာသင်ကျောင်း မြစ်ကမ်းပါး ပြိုတဲ့အထဲ ပါသွားလို့ ကျေးရွာမှာ စာသင်ကျောင်း မရှိဘဲ ဖြစ်နေပါတယ်။

နိုင်ငံရေး မတည်မငြိမ် ဖြစ်နေစဉ် အစ္စရေး ပါလီမန်ကို ဖျက်သိမ်း

Photo: နိုင်ငံရေး မတည်မငြိမ် ဖြစ်နေစဉ် အစ္စရေး ပါလီမန်ကို ဖျက်သိမ်း
Thursday, December 11, 2014

အစ္စရေးနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက် ဖြစ်လျက်ရှိနေစဉ် အမတ်များက လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ လွှတ်တော် ဖျက်သိမ်းရေး အဆိုကို အမတ် ၁၂၀ က ထောက်ခံပြီး ကြားနေမဲ ၉၃ မဲရှိသည်။ ကန့် ကွက်မဲ မရှိကြောင်း သိရသည်။

အစိုးရ၏ အုပ်ချုပ်ရေး မူဝါဒကို ဝေဖန်ခဲ့ကြသည့် ကတ်ဘိနက် အဖွဲ့ဝင် နှစ်ဦးကို ရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် လွှတ်တော် ဖျက်သိမ်းရေး အတွက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တောင်းဆိုခဲ့သည်။ ရွေးကောက်ပွဲ များကို လာမည့် မတ်လ ၁၇ ရက်တွင် ကျင်းပပေး နိုင် ဖွယ် ရှိကြောင်း အစ္စရေး လွှတ်တော် ဥက္ကဌ ဖြစ်သူက ပြီးခဲ့သည့် သီတင်းပတ်က ပြောထားသည်။

အစ္စရေး အရပ်သားများကို အစွန်းရောက်များက တိုက်ခိုက်လာ လျက်ရှိနေ သောကြောင့်  လွှတ်တော် ဖျက်သိမ်းရေးကို လုပ်ဆောင် လာ ခြင်းလည်း ဖြစ်သည်။ အစိုးရ အကွဲအပြဲက အစ္စရေး၏ ပြဿနာ တစ်ရပ်ပင် ဖြစ်ကြောင်း၊ ဆွေးနွေး ငြင်းခုံမှု များစွာ၊ ခြေထိုး ပြောဆိုမှု များနှင့် ခြိမ်းခြောက် ကြိမ်းမောင်းမှုများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းထောက် များကို နေတန်ယာဟုက ပြောခဲ့သည်။

နေတန်ယာဟုက ၎င်း၏ ဝန်ကြီးအဖွဲ့ရှိ  ပြိုင်ဖက်ပါတီမှ ပါတီဝင်များ ဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီး ယဲအားလာပစ်နှင့် တရားရေး ဝန်ကြီး တီဇီပီလီဗနီတို့ကို နှုတ်ထွက်စာ တင်ခိုင်းခဲ့ခြင်း ဖြစ်သည်။ "ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ၊ အထူးသဖြင့် ဒီရက်ပိုင်း အတွင်းမှာ အဲဒီ ဝန်ကြီး နှစ်ဦးက ကျွန်တော် ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့ ကို အပြင်းအထန် တိုက်ခိုက်လာ ပါတယ်။ အစိုးရရဲ့ မူဝါဒကို တိုက်ခိုက်နေတဲ့ ဝန်ကြီးတွေကို ကျွန်တော် အလိုမရှိဘူး"ဟု နေတန်ယာဟုက ပြောခဲ့သည်။

အစ္စရေး နိုင်ငံသည် ပြီးခဲ့သည့် ၂၂ လခန့် က နောက်ဆုံး ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ နောက်ထပ် ရွေးကောက်ပွဲ တစ်ရပ်ကို အချိန်သိပ်မကွာဘဲ ကျင်းပခြင်းကို မလိုလားသည်မှာ ၅၅ ရာခိုင်နှုန်း ရှိကြောင်း အစ္စရေး နိုင်ငံ၏ ရုပ်သံလိုင်းဖြစ်သည့် Channel 2 ရုပ်သံလိုင်းက ကောက်ယူသည့် စစ်တမ်း အရ သိရသည်။

Ref: CNN
Mizzima - News in Burmese
အစ္စရေးနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက် ဖြစ်လျက်ရှိနေစဉ် အမတ်များက လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ လွှတ်တော် ဖျက်သိမ်းရေး အဆိုကို အမတ် ၁၂၀ က ထောက်ခံပြီး ကြားနေမဲ ၉၃ မဲရှိသည်။ ကန့် ကွက်မဲ မရှိကြောင်း သိရသည်။

အာဆီယံနှင့် တောင်ကိုးရီးယား ဆက်ဆံရေး မြှင့်တင်ရန် ထိပ်သီးညီလာခံ ကျင်းပ

Photo: အာဆီယံနှင့် တောင်ကိုးရီးယား ဆက်ဆံရေး မြှင့်တင်ရန် ထိပ်သီးညီလာခံ ကျင်းပ
Thursday, December 11, 2014

တောင်ကိုရီးယား နိုင်ငံမှာ ဒီနေ့ကစလို့ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့တို့ မဟာဗျူဟာမြောက် ဆက်ဆံရေး မြှင့်တင်ရေး ထိပ်သီးညီလာခံကို ကျင်းပနေပါတယ်။ ၂ ရက်တာ အစည်းအဝေးကို တောင်ကိုရီးယားနဲ့ အာဆီယံတို့ ဆက်ဆံရေးထူထောင်တာ ၂၅ နှစ်ငွေရတု အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ပါတယ်။

အစည်းအဝေးကို တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ဘူဆန်မြို့မှာ ကျင်းပတာဖြစ်ပြီး လုံခြုံရေးလည်း တင်းကြပ်ထားပါတယ်။
အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မနေ့က ဘူဆန်မြို့ကို ရောက်နေပါတယ်။

အာဆီယံဟာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်ရေးတန်ဖိုးဟာ မနှစ်က အမေရိကန် ဒေါ်လာ ၁၃၅ ဘီလီယံ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဆိုပါတယ်။

ဒီဗွီဘီ
တောင်ကိုရီးယား နိုင်ငံမှာ ဒီနေ့ကစလို့ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့တို့ မဟာဗျူဟာမြောက် ဆက်ဆံ ရေး မြှင့်တင်ရေး ထိပ်သီးညီလာခံကို ကျင်းပနေပါတယ်။ ၂ ရက်တာ အစည်းအဝေးကို တောင်ကိုရီးယားနဲ့ အာဆီယံတို့ ဆက်ဆံရေးထူထောင်တာ ၂၅ နှစ်ငွေရတု အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး

Photo: ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး
Thursday, December 11, 2014

ဒါဗာအို၊ ဒီဇင်ဘာ ၁၀။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က ဘတ်စ်ကား တစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အထက်တန်း ကျောင်းသားများ အပါအ၀င် ၁၁ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

ဒေသတွင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် Christian Uy က Rural Transit ကုမ္ပဏီမှ လည်ပတ်လုပ်ဆောင်နေသာ အဆိုပါ ဘတ်စ်ကား သည် မင်ဒါနာအို ကျွန်းရှိ မာရာမက် မြို့ကို ဖြတ်ကျော်သွားစဉ် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အေအက်ဖ် ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ အများစုသည် အထက်တန်း ကျောင်းသားများ ဖြစ်ပြီး ဘတ်စ်ကားသည် ခရစ်ယာန် အများစု နေထိုင်ရာ မြို့ကို ဖြတ် သန်း မောင်းနှင်စဉ် ကားပေါ်သို့တက်ရောက်ခဲ့သည့် ကျောင်းသားများ ဖြစ်ကြောင်းနှင့် ကျောင်းသားများ တက်ပြီးနောက် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း ခြေလျင် တပ်ရင်းမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ် Norman Tagrosu က ပြောကြား ခဲ့သည်။

ဗုံးသည် ဘတ်စ်ကား၏ အထုပ်အပိုးများ တင်သည့် စင်ပေါ်တွင် ဖုံးကွယ်ကာ တပ်ဆင်ထားခဲ့ပုံ ရကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စစ်ဆေးရေးမှူး Jiselle Longakit က ပြောကြားသည်။ မည်သည့် ဗုံးအမျိုးအစား ဖြစ်သည်ကိုမူ မသိရှိ သေးကြောင်း ၎င်းက ပြောကြားသည်။

Tagros က ဗုံးဖောက်ခွဲသည့် ရည်ရွယ်ချက်သည် ခြိမ်းခြာက်မှု တစ်ရပ် ဖြစ်နိုင်ကြောင်းနှင့် ယင်းဗုံးဖောက်ခွဲ မှုသည် ဘတ်စ်ကား ကုမ္ပဏီ အတွက် နောက်ဆုံး ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှု ဖြစ်ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့်လက မင်ဒါနာအိုမြိုရှိ Rural Transit ဘတ်စ်ကား ကုမ္ပဏီကလည်ပတ် လုပ်ကိုင်နေသော ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက် မှုကို Bangsamoro အစ္စလာမ်မစ် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ အဖွဲ့ (BIFF) က လုပ်ဆောင်ခဲ့သည်ဟု ယူဆကြောင်း Longakit ကပြောကြားသည်။

Ref: AFP
Mizzima - News in Burmese 

ဗုံးမှာ ပစ္စည်းများ တင်သည့် တန်းပေါ်တွင် ရှိနေခဲ့သည်ဟု ရဲများက ခန့်မှန်းကြသည်။ ဓာတ်ပုံ - Channel News Asia
ဗုံးမှာ ပစ္စည်းများ တင်သည့် တန်းပေါ်တွင် ရှိနေခဲ့သည်ဟု ရဲများက ခန့်မှန်းကြသည်။ ဓာတ်ပုံ - Channel News Asia
ဒါဗာအို၊ ဒီဇင်ဘာ ၁၀။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က ဘတ်စ်ကား တစ်စီုးံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အထက်တန်း ကျောင်းသားများ အပါအ၀င် ၁၁ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

စီအိုင်အေ၏ စစ်ကြောရေး နည်းလမ်းများ ရက်စက် ကြမ်းကြုတ်ကာ ထိရောက်မှု မရှိဟု အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ ဖော်ပြ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ကာကွယ်နိုင်ခဲ့ဟု စီအိုင်အေ ညွှန်မှူး ပြန်လည် ချေပ

Photo: စီအိုင်အေ၏ စစ်ကြောရေး နည်းလမ်းများ ရက်စက် ကြမ်းကြုတ်ကာ ထိရောက်မှု မရှိဟု အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ ဖော်ပြ 

အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ကာကွယ်နိုင်ခဲ့ဟု စီအိုင်အေ ညွှန်မှူး ပြန်လည် ချေပ
Thursday, December 11, 2014

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) သည် အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟု ယူဆရသူများအား စစ်ကြောမေးမြန်းခဲ့ရာတွင်၊ မူလက ဝန်ခံထားခဲ့သည်ထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း နှင့် ထိုသို့ နှိပ်စက် ညှဉ်းပန်းခြင်း က အသုံးဝင်သော သတင်းအချက်အလက်များ ထွက်ပေါ်လာစေခြင်းမျိုးလည်း မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော  အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများအား ဟန့်တားနိုင်ရေး ကြိုးပမ်းရာတွင် နှိပ်စက်ညှဉ်းပန်းသော နည်းလမ်းများသုံးကာ စစ်ကြောမေးမြန်းခြင်းက ထိရောက်မှုရှိကြောင်း အိမ်ဖြူတော် နှင့် လွှတ်တော်တို့က ထင်မြင်ယူဆလာစေရန် အတွက်လည်း ဗဟိုထောက်လှမ်းရေး အေဂျင်စီ က အိမ်ဖြူတော် နှင့် လွှတ်တော်ကို လှည့်စားခဲ့ကြောင်း အထက်လွှတ်တော် စုံစမ်းဖော်ထုတ်ရေး ကော်မတီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ထဲတွင် ဖော်ပြထားသည်။ ချုပ်နှောင်ထားသော အကျဉ်းသားအား ရေနစ်သကဲ့သို့ ခံစားရအောင် သူ၏ မျက်နှာပေါ်သို့ ရေများလောင်းချ ၍ နှိပ်စက်ညှဉ်းပန်းသောနည်း (waterboarding) အပါအဝင် စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ အချေအတင် ဆွေးနွေးငြင်းခုန်မှု များမှာ ယခု အစီရင်ခံစာကြောင့် ပြန်လည်အသက်ဝင်လာခဲ့သည်။

စာမျက်နှာ ၅၀၀ ခန့် ပါရှိသော အကျဉ်းချုပ်အစီရင်ခံစာ ထဲတွင် ဖော်ပြ ထားသော အချို့ စစ်ကြောရေးနည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ် လှကြောင်း သမ္မတ အိုဘားမားကလည်း ဝန်ခံခဲ့သည်။ “ ၉/၁၁ (စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု) အပြီးမှာ ကျွန်တော်တို့ ဘေးကင်း လုံခြုံရေးအတွက် အပြင်းအထန် အလုပ်လုပ်ခဲ့တဲ့ လူစုတွေ အများကြီး ရှိပါတယ်။ ဘေးအန္တရာယ် ကြီးမားလှတဲ့ အခြေအနေ၊ ဘာတွေ ဖြစ်လာမယ်မှန်း မသိလို့ ပြည်သူတွေ မရေမရာ ခံစားနေရတဲ့ အချိန်မျိုးမှာ အလုပ်လုပ်ခဲ့ကြ သူတွေ ရှိပါတယ်” ဟု Telemundo ရုပ်သံသတင်းဌာန နှင့် အင်တာဗျူးထဲတွင် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖြစ်တည် မှုတွေ၊ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်တဲ့ ခြေလှမ်းတစ်ချို့ကို လှမ်းခဲ့ကြတယ်ဆိုတဲ့ အချက်ကလည်း တကယ်ဟုတ်ပါတယ်” ဟု အိုဘားမားက ဆိုသည်။

အစီရင်ခံစာထဲတွင် ပါရှိသော တွေ့ရှိချက် တစ်ခုက ဆိုသည်မှာ စီအိုင်အေ ဝန်ထမ်းတစ်ဦးသည် အကျဉ်းသား တစ်ဦးကို ခြိမ်းခြောက်ရန် အတွက် "Russian Roulette" ကစားနည်း (ခြောက်လုံးပြူးဆုံလည်ထဲတွင် ကျည်ဆံတစ်တောင့်ထည့်ကာ နားထင်ကိုတေ့၍ ကစားရခြင်းဖြစ်ပြီး ကံမကောင်းပါက တကယ်သေသွားနိုင်သော ကစားနည်းတစ်မျိုး) ကိုလည်း အသုံးပြုခဲ့ကာ၊ စစ်ကြောရေး နည်းလမ်း မကျွမ်းကျင်သော အခြား စီအိုင်အေ ဝန်ထမ်းတစ်ဦးကလည်း အကျဉ်းသားတစ်ဦးအား လျှပ်စစ် လွန်ဖောက်စက် တစ်ခုဖြင့် ခြိမ်းခြောက် ခဲ့သည်။ ထို့ပြင် “rectal feeding” နှင့် “rectal rehydration” နည်းများကို မလိုအပ်ဘဲ အသုံးပြု၍လည်း အကျဉ်းသားများကို အရှက်ခွဲ နှိပ် စက်ခဲ့ကြသည်။ အကျဉ်းသားတစ်ဦးမှာ ချုပ်နှောင်ခံထားရစဉ်တွင် ကိုယ်အပူချိန် အလွန်အမင်းကျဆင်းကာ သေဆုံးသွားခဲ့ရပြီး အချို့ အကျဉ်းသား များမှာ နှိပ်စက်ခံရမှုကြောင့် ခြေလက်များ ကျိုးကုန်ခဲ့ကြသည်။

စီအိုင်အေ ညွန်ကြားရေးမှူး ဂျွန်ဘရန်းနန်း က မူ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်တိုက်ခိုက်မှုများ အပြီးတွင် သမ္မတ ဂျော့ဒဗလူဘွတ်ရှ်လက်ထက်၌ စတင်ကျင့်သုံးခဲ့သော၊ စီအိုင်အေ၏ ရက်စက်သော စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ ကာကွယ်ပြောကြားခဲ့သည်။

ထို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုရာတွင် အမှားအယွင်းများ ရှိခဲ့သော်လည်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ် ပွါးအောင် ကြိုတင်ကာကွယ်ရာတွင် အသုံးဝင်မည့် သတင်းအချက်အလက်များကို ထိုနည်းလမ်းများကြောင့် ရရှိခဲ့ကာ အကြမ်းဖက်သမား များကို ဖမ်းဆီးနိုင်ခဲ့ပြီး လူ့အသက်များကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သူက ချေပ ပြောဆိုခဲ့သည်။

အမေရိကန် စီအိုင်အေက နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိသဖြင့် လက်စားချေ တိုက်ခိုက်မှုများ ဖြစ်ပွါးလာမည်ကို စိုးရိမ်သဖြင့် ကမ္ဘာ့နိုင်ငံများရှိ အမေရိကန် သံရုံးများအား လုံခြုံရေး တိုးမြှင့်ထားရန် သတိပေးတပ်လှန့်ထားသည်။ အစီရင်ခံစာအား ဖြန့်ချိထုတ်ဝေနိုင်ရေး အတွက် အထက်လွှတ်တော်အမတ် ဒိုင်ယန်ဖိုင်းစတိုင်း (Dianne Feinstein) က ဆက်လက်ကြိုးပမ်းနေလျက် ရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကမူ ထိုအစီရင်ခံစာပါ အချက်များကြောင့် ကမ္ဘာအဝှမ်းတွင် ဒေါသထွက်အုံကြွမှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထား သည်။

 “တချို့လူစုတွေကို ကျွန်တော်တို့ နှိပ်စက်ခဲ့ပါတယ်” ဟု သမ္မတ အိုဘားမားက သြဂုတ်လအတွင်းက ဝန်ခံပြောကြားခဲ့ပြီးနောက်၊ အယ်လ်ခိုင်းဒါးနှင့် ဆက်နွယ်ကြောင်း မသင်္ကာဖွယ်ဖြစ်သူများအပေါ် စီအိုင်အေက အသုံးပြုခဲ့သော စစ်ကြောရေးနည်းလမ်းများအကြောင်း အသေးစိတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) သည် အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟု ယူဆရသူများ အား စစ်ကြောမေးမြန်းခဲ့ရာတွင်၊ မူလက ဝန်ခံထားခဲ့သည်ထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်းနှင့် ထိုသို့ နှိပ်စက် ညှဉ်းပန်းခြင်းက အသုံးဝင်သော သတင်းအချက် အလက်များ ထွက်ပေါ်လာစေခြင်းမျိုးလည်း မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော  အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ပိုလန်မှာ CIA လျှို့ဝှက်အကျဉ်းထောင် ရှိခဲ့ကြောင်း သမ္မတဟောင်းဝန်ခံ

Photo: ပိုလန်မှာ CIA လျှို့ဝှက်အကျဉ်းထောင် ရှိခဲ့ကြောင်း သမ္မတဟောင်းဝန်ခံ
Thursday, December 11, 2014

ပိုလန်သမ္မတဟောင်း Aleksander Kwasniewski က ပိုလန်အနေနဲ့ သူ့ရဲ့နယ်မြေတွင်းမှာ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို လျှို့ဝှက် အကျဉ်းထောင်တခု ထားရှိခွင့် ပြုခဲ့တဲ့အကြောင်း ဒါပေမဲ့လို့ ပိုလန်အရာရှိတွေ အနေနဲ့ အဲ့ဒီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားတွေကို ရက်စက်တဲ့လုပ်ရပ်တွေ၊ နှိပ်စက်မှုတွေ ပြုလုပ်ခွင့် အမိန့်မပေးခဲ့တဲ့ အကြောင်း သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အဲ့ဒီအကျဉ်းထောင်မှာ အမေရိကန်ထောက်လှမ်းရေး ကြိုးပမ်းအားထုတ်မှု အားလုံးကို အဆုံးသတ်ဖို့ သူ့အနေနဲ့ ထိုစဉ် အမေရိကန်သမ္မတ George W. Bush ကို တိုက်တွန်းခဲ့တဲ့အကြောင်း မစ္စတာ Kwasniewski က TOK ၀ါဆောအသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အဲ့ဒီလုပ်ရပ်တွေကို တချိန်ချိန်မှာ ရပ်တန့်ခဲ့တယ်လို့လည်း မစ္စတာ Kwasniewski က ပြောပါတယ်။ အဲ့ဒီအကျဉ်းထောင်မရှိတဲ့အကြောင်း နှစ်ပေါင်းများစွာ ငြင်းဆို ခဲ့အပြီး ဒါဟာ ပိုလန်သမ္မတဟောင်း တဦးအနေနဲ့ လူသိရှင်ကြား ပထမဆုံး ၀န်ခံပြောကြားမှုပဲ ဖြစ်ပါတယ်။ အဲ့ဒီအကျဉ်းထောင်ကို ၂၀၀၂ ခုနဲ့ ၂၀၀၃ ခုတုန်းက CIA အနေနဲ့ ပိုလန်မှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခု စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအပြီး အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းရာမှာ လွန်ကျွံတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို CIA က အသုံးပြုခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး တရက်အကြာမှာ မစ္စတာ Kwasniewski က အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပိုလန်သမ္မတဟောင်း Aleskander Kwasniewski
ပိုလန်သမ္မတဟောင်း Aleskander Kwasniewski  
ပိုလန်သမ္မတဟောင်း Aleksander Kwasniewski က ပိုလန်အနေနဲ့ သူ့ရဲ့နယ်မြေတွင်းမှာ CIA အမေရိ ကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို လျှို့ဝှက် အကျဉ်းထောင်တခု ထားရှိခွင့် ပြုခဲ့တဲ့အကြောင်း ဒါပေမဲ့ လို့ ပိုလန်အရာရှိတွေ အနေနဲ့ အဲ့ဒီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားတွေကို ရက်စက်တဲ့ လုပ်ရပ်တွေ၊ နှိပ်စက်မှုတွေ ပြုလုပ်ခွင့် အမိန့်မပေးခဲ့တဲ့ အကြောင်း သူက ပြောပါတယ်။

နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်အား ကျပ်သိန်း ၃၀၀ ဖိုးခန့် အလွဲ သုံးစားပြုမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်

နာမည်ကျော် အဆိုတော်တစ်ဦး၏မိခင်အား ငွေကျပ်သိန်း ၃ဝဝ ဖိုးခန့် အလွဲသုံးစားမှုဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၁ဝ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ပြည့်စုံမှုမရှိသဖြင့် ကန့်ကွက်ကြောင်းနှင့် လွတ်လပ်သည့် စစ်ဆေးမှု ထပ်မံပြုလုပ်ပေးရန် သေဆုံးသူ၏ဇနီး တောင်းဆို

Photo: ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ပြည့်စုံမှုမရှိသဖြင့် ကန့်ကွက်ကြောင်းနှင့် လွတ်လပ်သည့် စစ်ဆေးမှု ထပ်မံပြုလုပ်ပေးရန် သေဆုံးသူ၏ဇနီး တောင်းဆို
Thursday, December 11, 2014

တပ်မတော်မှ ဖမ်းဆီးခံထားရစဉ် အသတ်ခံခဲ့ရသည့် အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုအပေါ် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသည် ပြည့်စုံမှုမရှိသဖြင့် ပြန်လည်စုံစမ်း စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူ မသန္တာက ဒီဇင်ဘာ ၁ဝ ရက်တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် အချက် ပေါင်း ၁၉ ချက်ထည့်သွင်းရေးသားထားပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးေ က်ာမတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စသည်တို့ကို လိပ်မူပေးပို့ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုပါကြီး၏ဇနီး မသန္တာက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းဆေးမှု ထုတ်ပြန်ချက်မှာပြီး ပြည့်စုံလုံလောက်မှု မရှိသည့်အတွက် ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှု အဖွဲ့သစ်ကို လွတ်လပ်ကျွမ်းကျင်သည့် အရပ်ဘက် လူအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်မှပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးကို ထပ်မံပြုလုပ်ပေးရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မသန္တာက “အစီရင်ခံစာ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်မလိုချင်တာက တရားမျှတမှုနဲ့ ဘက်မလိုက်မှု လိုချင်တာပါ။ ဒီအခြေခံ အကြောင်းတရားတွေက လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာရှိပါတယ်။ အစီရင်ခံစာက မတိကျမမှန်ကန်တဲ့ အကြောင်းအရာတွေကို အခြေခံဖော်ပြထားတယ်။ မြို့လယ်ကောင်မှာ ဖမ်းဆီးသွားပြီး ၂၄ နာရီကျော်တဲ့အချိန်မှာ တရားသူကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ဖြစ်ပွားနေတဲ့နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်။ ဒါကြောင့် ဒီအစီရင်ခံစာကို ပြည့်စုံလုံလောက်မှု မရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ပေးဖို့ တောင်းဆိုရတာပါ” ဟု ပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် ကိုပါကြီးသေဆုံးမှုအပေါ် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာတွင် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံး၌ စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။

ထို့အပြင် ၎င်းအစီရင်ခံစာတွင်ကို အောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး ဆိုသူအား DKBA အဖွဲ့ဝင်ဟု လည်းကောင်း၊ သတင်းရယူသူ တစ်ယောက်အဖြစ်လည်းကောင်း မှတ်ယူနိုင်ခြင်း မရှိကြောင်း သုံးသပ်ချက်နှင့် ကိုပါကြီးအား KKO အဖွဲ့ဝင်တစ် ဦးဟုလည်းကောင်း၊ သတင်းထောက်တစ်ဦး ဟုလည်းကောင်း တစ်ထစ်ချ ကောက်ချက်ချရန် ခက်ခဲသည့် အနေထားရှိကြောင်း ရှင်းလင်းရေးသားထားသည်။

Eleven Media Group

ရေဝေးသုသာန်၌ ပြုလုပ်ခဲ့သည့် ကိုပါကြီးနာရေးအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရေဝေးသုသာန်၌ ပြုလုပ်ခဲ့သည့် ကိုပါကြီးနာရေးအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
တပ်မတော်မှ ဖမ်းဆီးခံထားရစဉ် အသတ်ခံခဲ့ရသည့် အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှု အပေါ် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသည် ပြည့်စုံမှုမရှိသဖြင့် ပြန်လည်စုံစမ်း စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူ မသန္တာက ဒီဇင်ဘာ ၁ဝ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ CPI ကုမ္ပဏီပိုင် ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တစ်ယူနစ်လျှင် ကျပ် ၆၀ နှုန်းဖြင့် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနမှ ၀ယ်ယူ

တရုတ်နိုင်ငံ CPI ကုမ္ပဏီပိုင် ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစစ်ရုံမှ တစ်ယူနစ်လျှင် ကျပ် ၆ဝ နှုန်းဖြင့် မြန်မာ့လျှပ်စစ် ဝန်ကြီးဌာန မှဝယ်ယူသုံးစွဲနေရကြောင်း ကချင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းမောက်ရွှေ က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ထားသော VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာ ၌် ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ပြုလုပ်ထား၍ ပိုင်ရှင်အပါအ၀င် သုံးဦးအား အမှုဖွင့်အရေးယူ

Photo: ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ထားသော VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာ ၌် ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ပြုလုပ်ထား၍ ပိုင်ရှင်အပါအ၀င် သုံးဦးအား အမှုဖွင့်အရေးယူ
Thursday, December 11, 2014

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင် ကြား (၂) ရပ်ကွက် ရွှေတောင်ကြား လမ်း၌ ဖွင့်လှစ်ထားသည့် VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာတွင် ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကြပ် တပ်ဆင်ထားသည့် ဒီဇိုင်းအား လူမှုကွန်ရက်တွင် ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာမှ ဆိုင်အားပိတ်သိမ်းပြီး ဆိုင်တာဝန်ရှိသူများကို အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်း က VGastro.bar, Buddha.bar ဟု ရေးသားထားသည့် ပွဲဒီဇိုင်းကြော်ငြာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက VGastro.bar သို့သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ပိုင်ရှင် ထွန်းသူ ရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖိလစ်တို့အား ဖမ်းဆီးအမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီးဝင်းကြည်က“ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ဒီဇိုင်းလုပ်ပြီး လူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်၊ မန်နေဂျာနဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ နယူးဇီလန်နိုင်ငံသားတို့ကို ဘာသာသာသနာ ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်အ ရေးယူထားတယ်။ ဆိုင်ကိုလည်း ချိတ်ပိတ် သွားမှာဖြစ်တယ်”ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဗဟန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝင်း က“ဘာသာသာသနာကို စော်ကားတဲ့အတွက် ကြောင့် အမှုဖွင့်ဖမ်းဆီးထားပါတယ်။ အာမခံ မပေးပါဘူး။ မနက်ဖြန် တရားရုံးတင်ပြီး တရားစွဲသွားမယ်”ဟု မီဒီယာများကို ဒီဇင် ဘာ ၁ဝ ရက် ညပိုင်းတွင် ပြောကြားသည်။

ထိုသို့ ပွဲကြော်ငြာဒီဇိုင်းအား လူမှုကွန် ရက်တွင်တင်ခဲ့သူ နယူးဇီလန်နိုင်ငံသား မစ္စတာဖိလစ်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိအ လုပ်ဝင်သည်မှာ နှစ်ပတ်ကြာမျှသာရှိသေးပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း ထိုကဲ့သို့ ဗုဒ္ဓပုံနှင့် ပရိုမိုးရှင်းလုပ်ပါက လူပိုမိုစိတ်ဝင် စားသည့်အတွက်ကြောင့် လုပ်မိသည်ဟု ထွက် ဆိုခဲ့ကြောင်း ဗဟန်းရဲစခန်းမှူးက ပြောကြား သည်။
ထိုဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းက (ပ) ၄၉၉/၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၅/၂၉၅ က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။
ယင်းသို့ ဗုဒ္ဓရုပ်ပွားတော်ပုံအား မလျော်ကန်စွာ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ ခြင်းမှာ ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူး လွန်ခဲ့ခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

သက်ဆိုင်ရာမှ ပိတ်သိမ်းပြီးနောက်လုံခြုံရေးချထားသည့် VGastro.bar ကို ဒီဇင်ဘာ ၁၀ ရက် ည ၁၀နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
သက်ဆိုင်ရာမှ ပိတ်သိမ်းပြီးနောက်လုံခြုံရေးချထားသည့် VGastro.bar ကို ဒီဇင်ဘာ ၁၀ ရက် ည ၁၀နာရီ ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၂)ရပ်ကွက် ရွှေတောင်ကြားလမ်း၌ ဖွင့်လှစ်ထားသည့် VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာတွင် ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကြပ် တပ်ဆင်ထားသည့် ဒီဇိုင်းအား လူမှုကွန်ရက်တွင် ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာမှ ဆိုင်အားပိတ်သိမ်းပြီး ဆိုင်တာဝန်ရှိသူများကို အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိ သည်။

နိုင်ငံရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် NLD ပါတီ၏ နိုင်ငံရေးမူဘောင်ရေးဆွဲနေမှု မကြာမီအပြီးသတ်မည်

နိုင်ငံရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် NLD ပါတီ၏ နိုင်ငံရေး မူဘောင်ရေးဆွဲနေမှု မကြာမီအပြီးသတ်မည်ဟု NLD ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီဇင်ဘာ ၁၀ ရက် တွင် ပြာကြားသည်။

အနှိပ်ခန်းနှင့် ကေတီဗီများ စီမံချက်ဖြင့် ဖမ်းမည်

Photo: အနှိပ်ခန်းနှင့် ကေတီဗီများ စီမံချက်ဖြင့် ဖမ်းမည်

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၄ 

ရန်ကုန်မြို့အတွင်း ဖွင့်လှစ်နေသည့် အနှိပ်ခန်း၊ ကေတီ ဗီနှင့် ဂိမ်းဆိုင်များကို ၀င်ရောက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆိုင်များကို ဖမ်းဆီး ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း ညွှန်ကြားထား ကြောင်း သိရသည်။

‘‘ဒီဆိုင်တွေကို ဖမ်းဖို့အစည်းအဝေးခေါ်ပြီး ပြောထားပြီးပါပြီ။ ဂိမ်းဆိုင်တွေလည်း လိုင်စင်ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာနဲ့ ဖမ်းမှာပါ။ အနှိပ်ခန်းတွေကတော့ တရားဝင်ဖွင့်ခွင့်ကို ပေးထားတာ မဟုတ်ပါဘူး’’ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးကပြောသည်။

သို့သော် အနှိပ်ခန်းများမှာ ရန်ကုန်မြို့နေရာအတော်များများ တွင်ရှိပြီး အချို့မှာ အနှိပ်ခန်းအ မည်ခံကာ ပြည့်တန်ဆာလုပ်ငန်း များ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သာကေတမြို့နယ်တွင် နေထိုင်သူကိုမင်းထက်က ပြောသည်။

‘‘တကယ်အနှိပ်သီးသန့်ဖွင့် တဲ့ ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေး သင့်တယ်။ ဟိုတယ်ကြီးတွေမှာ လည်း အနှိပ်ခန်းတွေရှိတာပဲ။ တကယ့်အနှိပ်ခန်းနဲ့ လုပ်စားဖို့ ဖွင့် ထားတဲ့ အနှိပ်ခန်းတွေက အများ ကြီးကွာသလို သိလည်းသိသာပါ တယ်’’ဟု ၎င်းက ပြောသည်။

ကေတီဗီဆိုင်နှင့် ဂိမ်းဆိုင် များကို ၀င်ရောက်ဖမ်းဆီးစစ်ဆေး ရာတွင် သက်ဆိုင်ရာလိုင်စင်ထုတ် ပေးသည့် အဖွဲ့များနှင့် ရဲဝန်ထမ်း များပူးပေါင်းရှာဖွေဖမ်းဆီးမည် ဖြစ်ပြီး ပြည်သူများကလည်း တိုင်ကြားနိုင်ကြောင်း စခန်းမှူးတစ်ဦးက ပြောသည်။

‘‘ဂိမ်းဆိုင်တွေ ရပ်ကွက်ထဲ ရောက်လာတာကို ခွင့်ပြုပေးတဲ့ သူတွေက ဘယ်လိုသဘောနဲ့လုပ် ပေးတာလည်းကို နားမလည်ဘူး။ ပြီးရင် ဂိမ်းဆိုင်တွေက ရန်ပွဲတွေ အမြဲဖြစ်တယ်။ လူငယ်တွေလည်း ပျက်စီးတာပဲ။ ထိထိရောက်ရောက်ဖမ်းပြဖို့တော့ လိုပါတယ်’’ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကိုမျိုးသန့်က ပြောသည်။

၂၀၁၄ အောက်တိုဘာလမှ နိုဝင်ဘာလအထိ တရားမ၀င်ဖွင့် လှစ်သည့် အနှိပ်ခန်း ၄၃ ခန်းကို ဖမ်းဆီးအရေးယူထားပြီး အနှိပ် ခန်းများ တရားဝင်ဖွင့်ခွင့်ရရှိရေး ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်

7Day DAILY 

ကာရာအိုကေခန်းတစ်ခုတွင် သီချင်းဆိုနေကြသူများ၊ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ကာရာအိုကေခန်းတစ်ခုတွင် သီချင်းဆိုနေကြသူများ၊ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့အတွင်း ဖွင့်လှစ်နေသည့် အနှိပ်ခန်း၊ ကေတီ ဗီနှင့် ဂိမ်းဆိုင်များကို ၀င်ရောက်ဖမ်းဆီး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို

Photo: အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၄ 

ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မ တက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ်သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားသည့် ခြောက်ပွင့်ဆိုင်ပုဂ္ဂိုလ်များ အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ်မျိုးမှ ကိုယ်စားလှယ်များပါဝင်မည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကို အတည်ပြုလိုက်ခြင်းအပေါ် သမ္မတက ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်မှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘အခုဖြစ်လာတဲ့ နည်းလမ်း သုံးခု။ နောက်ထပ်တခြားသူတွေ က အဆိုပြုလာတာရှိရင်လည်း အားလုံးကို စဉ်းစားမယ်။ သမ္မတ ကြီးကတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ် ချက်ကို ချလိမ့်မယ်။ ပြီးရင် လွှတ် တော်ကို သ၀ဏ်လွှာနဲ့ အကြောင်း ပြန်ကြားမယ်။ သ၀ဏ်လွှာက တော့ ဖြစ်နိုင်သမျှ အစောဆုံး ပြန် ကြားမှာပါ’’ ဟု ကိုရီးယားသမ္မတ နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦး ရဲထွဋ်က 7Day Daily သို့ အီး မေးလ်ဖြင့် ဖြေကြားခဲ့သည်။

နိုဝင်ဘာလကုန်ပိုင်းက ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တိုင်း ရင်းသားကိုယ်စားလှယ် တစ်ဦးတို့ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို အရေးကြီးအဆိုအဖြစ် အတည်ပြုခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန် ကမူ တစ်တိုင်းပြည်လုံးအရေးကို လူခြောက်ဦးနှင့် ဆွေးနွေးခြင်း ဆုံးဖြတ်ခြင်းမပြုလိုဘဲ ကိုယ်စား ပြုအဖွဲ့အစည်းကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေလို ကြောင်းဖြင့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးကို လတ်တလော လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို လက်မခံကြောင်း ကေအင်န်ယူ အဖွဲ့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လွှတ်တော်၏ ဆုံးဖြတ်ချက် ကို လက်မခံသည့်အပေါ် သမ္မတ အား စွပ်စွဲပြစ်တင်မည်ဖြစ် ကြောင်း ဝေဖန်မှုများ ထွက်ပေါ် လာပြီးနောက် သမ္မတက တွေ့ဆုံ မှုများကို ယတိပြတ် ငြင်းပယ်ခြင်း မဟုတ်ကြောင်း ပြန်လည်ပြော ကြားမှု ရှိခဲ့သည်။

‘‘မြန်မာ့နိုင်ငံရေးအတွက် လက်ရှိအခြေအနေမှာ အဖြစ်သင့် ဆုံးနဲ့ အကောင်းဆုံးက အမြန်ဆုံး တွေ့ဆုံဖို့ပဲ။ အခု သမ္မတက လွှတ် တော်ကို အကြောင်းပြန်မယ်ဆို တော့ ဒါ ဇန်န၀ါရီကျမှ ပြန်စမယ့် လွှတ်တော်ကာလ အလွန်လောက်ကျမှဖြစ်မယ့်သဘော သက်ရောက်တာပေါ့။ တကယ်တော့သမ္မတမိန့်ခွန်းတွေမှာလည်း ပါတယ်။ တွေ့ဆုံမှုလုပ် မယ်လို့ ထည့်ပြောနေတာပဲ။ ကျွန်တော့်အမြင်အရတော့ အဖြစ်သင့်ဆုံး ပုံစံက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်က ပထမဆုံးလုပ်သင့်တဲ့ပုံစံပဲ’’ ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

7Day DAILY 

နိုင်ငံတော်သမ္မတဦးသိန်းစိန်(MARKKU OJALA/EPA)
နိုင်ငံတော်သမ္မတဦးသိန်းစိန်(MARKKU OJALA/EPA)
ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မတက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ်သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေ ဖယ်ရှားပေးဖို့ ငြင်းဆို

Photo: ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေ ဖယ်ရှားပေးဖို့ ငြင်းဆို
Thursday, December 11, 2014

ဟောင်ကောင်မှာ နောက်ဆုံးကျန်တဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေ ရှင်းလင်းပြီးချိန်အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ဟောင်ကောင်က သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။

ရဲတွေက သပိတ်စခန်းတွေကို ကြာသပတေးနေ့ မနက်စောစောမှာ နောက်ဆုံးထား ရှင်းလင်းဖို့မလုပ်ခင် လွန်ခဲ့တဲ့ ၂ လအတွင်း ဆန္ဒပြရာမှာ ပါဝင်သူအားလုံး လမ်းမတွေပေါ် ပြန်လာကြဖို့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေက ပန်ကြားခဲ့ကြပါတယ်။

အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ လမ်းမရှိအောင် လုပ်ခဲ့တယ်လို့ ဟောင်ကောင်ကျောင်းသား အဖွဲ့က အတွင်းရေးမှူး Alex Chow က ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ တသားတည်းရှိတာကို ပြသဖို့အတွက် သူတို့ကိုယ်တိုင်သွားကြမယ်လို့ တချို့ ဒီမိုကရေစီရေး လိုလားတဲ့ လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

ဒီမိုကရက်တစ်ပါတီ အကြီးအကဲ Lam Cheuk-Ting ကတော့ သူတို့ပါတီဝင် အများအပြားဟာ အကြမ်းမဖက်တဲ့ မူဝါဒကို ကိုင်စွဲထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူတွေနဲ့အတူ အဖမ်းခံဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကတော့ သပိတ်စခန်းတွေဆီ ရဲတွေ ရောက်မလာခင် ဆန္ဒပြသူတွေ ထွက်ခွာပေးဖို့ကို ပန်ကြားထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဟောင်ကောင်မှာ နောက်ဆုံးကျန်တဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေ ရှင်းလင်းပြီးချိန်အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ဟောင်ကောင်က သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။

မယ်ကမ္ဘာပြိုင်ပွဲတိုက်ရိုက်လွှင့်မည်

မယ်ကမ္ဘာပြိုင်ပွဲကို တိုက်ရိုက်ပြသခွင့်ရရှိသော်လည်း အိပ်မက်ဆုံရာအစီအစဉ်နှင့် အချိန်တိုက်နေ၍ ယင်းအစီအစဉ် ပြီးမှသာ ထုတ်လွှင့်ပြသမည်ဖြစ် သည်။

စီးပွားရေးလုပ်နေသည့် အစိုးရဌာနများ လာမည့်ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက အသွင်ပြောင်းလဲမည်

စီးပွားရေးလုပ်ကိုင်နေ သည့် အစိုးရ၀န်ကြီးဌာနများကိုပုဂ္ဂလိကလုပ်ငန်းများအဖြစ် လာ မည့်ဘဏ္ဍာနှစ်တွင် ပြောင်းလဲဖွဲ့ စည်းသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

UNA ညီလာခံတွင် ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအဖြေရှာရန် လက်နက်ကိုင်အဖွဲ့များ၊ မိတ်ဖက်ပါတီများအား ဖိတ်ခေါ်ဆွေးနွေးမည်

ဒီဇင်ဘာတတိယပတ်တွင်ပြုလုပ်မည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ ပထမ အကြိမ် ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊  မိတ်ဖက် နိုင်ငံရေး ပါတီနှင့် အဖွဲ့အစည်းများကိုဖိတ်ခေါ်ကာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးနည်းလမ်းများကို ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း UNA ခေါင်းဆောင် ဦးအေးသာအောင်က ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။ 

ကမ္ဘာ့ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့သို့ မြန်မာဝင်ရန် စီစဉ်

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ပွင့်လင်းတာဝန်ခံ မှုရှိသော အစိုးရဖြစ်ရေးနှင့် အုပ် ချုပ်ရေးတွင် အရပ်သားများပါဝင် နိုင်ခွင့်မြှင့်တင်ရေး ဆောင်ရွက်ရ သည့် ကမ္ဘာ့ပွင့်လင်းမိတ်ဖက်နိုင် ငံများအဖွဲ့ (OGP) သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ၀င်ရောက်မည် ဟု သတင်းရရှိသည်။