၂၀၀၁ ခုနှစ်က ရွှေလီ-ကြယ်ဂေါင်တွင် စတင်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ကုန်စည် (၁၁) ကြိမ်မြောက် ပြပွဲကို ယခုနှစ်၌ မြန်မာနိုင်ငံ မူဆယ်မြို့  (၁၀၅)မိုင်တွင် ဒီဇင်ဘာ ၁၁ မှ ၁၃ ရက်အထိ ပြသမည်ဟု ထိုပြပွဲ တွင်ပူးပေါင်းပါဝင်သည့် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဌေးဦးက မဇ္ဈိမကိုပြောသည်။
Wednesday, 3 December 2014
ကွယ်လွန် ပြီးသည့်တိုင် Apple အတွက် တရားခွင်တွင် လျှောက်လဲချက် ပေးသွားမည့် စတိဗ်ဂျော့ဘ်စ်
Apple အမှုဆောင် အရာရှိချုပ် စတိဗ် ဂျော့ဘ်စ်သည် ကွယ်လွန်ခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီ၏ အမှုကိစ္စ အတွက် တရားရုံးတွင် လျှောက်လှဲချက် ပေးသွားမည်ဟု ဆိုသည်။
ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စောင့်ကြည့် ညွှန်ကြားနေ
ရန်ကုန်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စိတ်ဝင်တစား စောင့်ကြည့်၍ လမ်းညွှန်မှုများ ပြုလုပ် နေကြောင်း ယမန်နေ့ က ကျင်းပသော အများပြည်သူ သွားလာရေး လွယ်ကူ ချောမွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား လိုက်သည်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ဖြေရှင်းဖို့ အတွက် ဆိုရင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်လည်း စိတ်ဝင်တစား လမ်းညွှန်နေ တာကို သိစေချင် ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ လမ်းညွှန် သလို ပံ့ပိုးရမယ့်ဟာ တွေလည်း ပံ့ပိုးပေးဖို့ ဆိုပြီး မကြာခဏ ကျွန်တော် တို့ကို အကြောင်း ကြားနေတာလည်း ရှိပါတယ် ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။
ပညာရေးသည် သာမည၊ ဆူပူရေးသည်အဓိက

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ရန်ကုန်မြို့အတွင်း အမျိုးသားပညာရေး ဥပဒေမူကြမ်း ကန့်ကွက်ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ၎င်းဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူများကတော့ လက်ရှိ ပညာ သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများမဟုတ်ကြပဲ တက္ကသိုလ်မှဘွဲ့ရပြီးသူ၊ တက္ကသိုလ် တက် ရောက်ခွင့်မရရှိတော့သူနှင့် နိုင်ငံရေးသမားများ၊ လူမှု့အဖွဲ့အစည်းခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုး ရှာသူများသာ ပါဝင်ခဲ့ကြတာတွေ့ရှိရပါတယ်။ အမေရိကန်သမ္မတအိုဘားမား ရန်ကုန်ရောက်ရှိသည့် နေ့ရက်မှစတင်ပြီး လေးရက်ကြာ ဆန္ဒပြခဲ့ကြပါတယ်။
တစ်ရက် ကျပ် သုံးထောင်ရမည့် ယာဉ်စည်းကမ်း ကြီးကြပ်ရေးမှူး အလုပ်ကို ပင်စင်စား ဝန်ထမ်း ဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားနိုင်

တစ်ရက်လျှင် ငွေကျပ်သုံးထောင် နှုန်းရရှိမည့် ယာဉ်စည်းကမ်းကြီးကြပ် ရေးမှူးအလုပ်ကို ပင်စင်စား ဝန်ထမ်းဟောင်းများသာမက စိတ်ဝင်စားသည့် မည်သူမဆို လျှောက်ထားလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။
ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စောင့်ကြည့် ညွှန်ကြားနေ
ရန်ကုန်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စိတ်ဝင်တစား စောင့်ကြည့်၍ လမ်းညွှန်မှုများ ပြုလုပ်နေကြောင်း ယမန်နေ့ က ကျင်းပသော အများပြည်သူ သွားလာရေး လွယ်ကူ ချော မွေ့ စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား လိုက် သည်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ဖြေရှင်းဖို့ အတွက် ဆိုရင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်လည်း စိတ်ဝင်တစား လမ်းညွှန်နေတာကို သိစေချင်ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလမ်းညွှန်သလို ပံ့ပိုး ရမယ့်ဟာတွေလည်း ပံ့ပိုးပေးဖို့ဆိုပြီး မကြာခဏ ကျွန်တော်တို့ကိုအကြောင်း ကြားနေတာလည်း ရှိပါတယ် ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။
ဟေတီနိုင်ငံမှ အကျဉ်းသား ၃၀ ကျော် ထွက်ပြေးလွတ်မြောက်

ဟေတီနိုင်ငံ မြို့ တော်ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ Saint Marc မြို့ မှာ အကျဉ်းသား ၃၄ ဦးက ထောင်တွင်းပြတင်းပေါက် သံတိုင်တွေကိုလွှနဲ့ ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဟေတီအာဏာ ပိုင်တွေက ထုတ်ပြန် လိုက်ပါတယ်။
မြန်မာနိုင်ငံလူဦးရေ သန်း ၆၀တွင် လူသုံးသိန်းကျော်မှာ ကိုယ်ကာယပြန်လည် သန်စွမ်းရေး အကူအညီလိုအပ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျှမ်းမျှအားဖြင့် လူဦးရေ၏ ၀.၅ % ( လူနှစ်ရာတွင်တစ်ဦး ) သည်ခန္ဒာကိုယ် မသန်စွမ်းကြောင်း ခန့်မှန်းထားရာ မြန်မာနိုင်ငံ လူဦးရေသန်းပေါင်း ၆၀ တွင် လူ သုံးသိန်းကျော်သည် ကိုယ်ကာယပြန်လည်သန်စွမ်းရေး အကူအညီလိုအပ်နေသည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။
အမေရိကန်ရဲအရာရှိများ၏ ခန္ဓာကိုယ်တွင် ကင်မရာများ တပ်ဆင်ပေးရန် အိုဘားမားစဉ်းစားနေ

အမေရိကန် ရဲအရာရှိများအား ခန္ဓာကိုယ်တွင် တပ်ဆင်အသုံးပြု နိုင်သော ကင်မရာများတပ်ဆင်ပေး ရေးရည်ရွယ်လျက် ရန်ပုံငွေချမှတ် ပေးရန် သမ္မတဘားရက် အိုဘားမား က ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဖာဂူ ဆန်တွင်လူမည်း ဆယ်ကျော်သက် ကို လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ရာမှ လူမျိုးရေး လှုပ်ရှားမှုဖြစ်ပေါ်လာပြီးနောက် ရဲ အရာရှိများ၏ ခန္ဓာကိုယ်တွင် ကင် မရာများ တပ်ဆင်အသုံးပြုရေး အို ဘားမားက အကြံရလာခြင်းဖြစ် သည်ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၁ရက်၌ ဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲကို အချိန်ဆွဲထားပါက တိုင်းပြည် နစ်နာနိုင်ဟုဆို
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အတွက် ပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေပွဲများအား မလိုအပ်ပဲ အချိန်ဆွဲ မထားရန်နှင့် ဆွေးနွေးပွဲများအား မလိုအပ်ဘဲ အချိန်ဆွဲထားပါက တိုင်းပြည် အနေဖြင့် နစ်နာနိုင်ကြောင်း ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
ဘာသာခြားလက်ထပ်မည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လိုက်နာရမည့် ဥပဒေကြမ်းထုတ်ပြန်

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေသိရှိလေ့လာနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကိုပါကြီး မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခံရခြင်း မရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်တွင် ကိုပါကြီး မသေဆုံးခင် တပ်မတော်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည်။
မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် စံပြကျေးရွာ ၁ဝဝ ကို မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းထူထောင်မည်
မြန်မာဖွံ့ဖြိုး မှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် ကျေးရွာ ၁ဝဝကို မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပြီး စံပြ ရွာအဖြစ်ထူထောင် မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောသည်။
ငပလီ ဟိုတယ်ဇုန်တွင် တရုတ်နိုင်ငံသား ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းခန့် ရှိနေဟုဆို

ငပလီကမ်းခြေရှိ ဟိုတယ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ) ငပလီကမ်းခြေဧရိယာကို ထပ်မံ တိုးချဲ့ ရန် စီစဉ်နေပြီ ဖြစ်သည်။
တိုးချဲ့သတ်မှတ်လိုက်သော ငပလီဟိုတယ်ဇုန် မြေနေရာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားများ ဝယ်ယူထားသည်ဟု ငပလီဟိုတယ်ဇုန် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
IS စစ်သွေးကြွခေါင်းဆောင် မိသားစု Lebanon မှာ ဖမ်းမိ

IS အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုခေါင်းဆောင် Abu Bakr Al-Baghdadi ရဲ့ ဇနီးနဲ့ ကလေးတဦးကို လက်ဘနွန်စစ်တပ်က ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနည်းလမ်း ဝေဖန်မှုများနှင့် ကြုံတွေ့

အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများ ချထားသော်လည်း စနစ်ကျမှုမရှိကြောင်း ဝေဖန်နေကြ သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ အနော်ရထာလမ်းတွင် ဘတ်စ်ကားယာဉ်လိုင်းများ ပြေးဆွဲရန် ဘလောက်တုံး ကန့်သတ်ချ ထားသောနည်းလမ်းမှာ စနစ်ကျမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝေဖန်လိုက်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံ တပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်း နိုင်ပြီဟု နေတိုးပြောကြား

အာဖဂန်နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ဝင်များ
နေတိုးသည် ၎င်း၏ ကာလရှည်တိုက်ခိုက်ရေးမစ်ရှင်များ အဆုံးသတ်ပြီးနောက် လာမည့်နှစ်တွင် အာဖဂန် နစ္စတန် ၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း ဒေသခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုင်တွယ်ဖြေရှင်းနိုင် လိမ့်မည် ဟု နေတိုးအကြီးအကဲ ဂျဲင်းစ်စတိုးလ်တင်ဘာ့ဂ် က ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
လွှတ်တော်အမတ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး အိုဘားမား၏ သမီးနှစ်ဦးအား ပုဂ္ဂိုလ်ရေးဝေဖန်မှု ပြုလုပ်မိခဲ့သဖြင့် ရာထူးမှ နုတ်ထွက်

အမေရိကန် သမ္မတ အိုဘားမားနှင့် သမီးနှစ်ဦး
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တစ်ဦး၏ လူထုဆက်ဆံရေးဒါရိုက်တာက အမေရိကန်သမ္မတ အိုဘားမား ၏ သမီးများအား သူမ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန်ပြစ်တင်ပြီးနောက် ရာထူးမှ နုတ်ထွက် တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြား လိုက်သည်။
ခရစ်ကက်ကစားပွဲတွင် ဦးခေါင်းကို ဘောလုံးထိမှန် သေဆုံးခဲ့သည့် ကစားသမားဈာပန ကျင်းပ

သြစတြေးလျနိုင်ငံမှာ ခရစ်ကက်ကစားသမားတွေနဲ့ နိုင်ငံတ၀ှမ်းက အရာရှိတွေဟာ နယူးဆောက်ဝေး ပြည်နယ်ထဲက မခ်စဗေလီ မြို့ဆီကို တဖွဲဖွဲနဲ့ သွားနေကြပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က မမျှော်လင့် ဘဲ သေဆုံးသွားတဲ့ ခရစ်ကက်ကစားသမား ဖိလစ် ဟု့စ် ရဲ့ ဈာပနကို သွားကြတာပါ။
မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနိမ့်ဆုံးစာရင်းထဲ ပါဝင်နေဆဲ

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ LDC ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ ဆက်ပြီး ပါဝင် နေဆဲပဲလို့ UNCTAD ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ က ပြောကြားလိုက်ပါတယ်။ LDC အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘာကြောင့်ဆက်ပြီး ပါဝင်နေရသလဲဆိုတာကို မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။
Subscribe to:
Posts (Atom)