Wednesday 3 December 2014

ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနည်းလမ်း ဝေဖန်မှုများနှင့် ကြုံတွေ့

Photo: ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနည်းလမ်း ဝေဖန်မှုများနှင့် ကြုံတွေ့
Wednesday, December 3, 2014

ရန်ကုန်မြို့၊ အနော်ရထာလမ်းတွင် ဘတ်စ်ကားယာဉ်လိုင်းများ ပြေးဆွဲရန် ဘလောက်တုံး ကန့်သတ်ချ ထားသောနည်းလမ်းမှာ စနစ်ကျမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝေဖန်လိုက်သည်။

ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ အနော်ရထာလမ်းပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ယာဉ်နှစ်ထပ် မရပ် နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘလောက်တုံးများချကာ တစ်လမ်းမောင်းပုံစံ ပြုလုပ်ထားခြင်းကို ဦးမင်းဇော်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

“ကားပျက်ရင် မော်တော်ယာဉ်ထိန်းရဲတွေက ကရိန်းကားတွေနဲ့ ဆွဲယူဆောင်ရွက်ဖို့ စီစဉ်တာ တွေ့ရပါ တယ်။ တကယ်လို့များ အဲဒီကား မရောက်လာရင်တော့ လမ်းတွေပိုကျပ်သွားနိုင်ပါတယ်။ ဘယ်လိုလုပ်မ လဲဆိုတာကို ကြိုတင်စီမံဆောင်ရွက်ထားသင့်တဲ့အပိုင်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ Plan B မရှိသေးပါဘူး။ ယာဉ်ထိန်းရဲက ကရိန်းနဲ့ ဆွဲလို့မရရင် တွန်းပြီးရွှေ့ရမယ့်ပုံစံမျိုးဖြစ်နေပါတယ်” ဟု ဦးမင်းဇော် ကဆိုသည်။

ထိုသို့ ဘလောက်တုံးချခြင်းနှင့် ဘတ်စ်ကားများအပေါ် စည်းကမ်းတင်းကျပ်ရ ခြင်းနှင့်ပတ်သက်၍ အမှတ် (၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့်ကမူ ယာဉ်လိုင်းများ စည်းကမ်းမလိုက်နာသော ကြောင့် အတားအဆီး သုံးရခြင်းဖြစ်ပြီး လိုအပ်သောနေရာများတွင် ဘလောက်တုံးများ ထပ်မံချသွားမည် ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“ဂငယ်ကွေ့ကွေ့နိုင်တဲ့နေရာမျိုးတွေမှာ ထပ်ချသွားဖို့ ရှိပါတယ်။ မီးပွိုင့်အ၀င် ရပ်မျဉ်းရဲ့မီတာ ၁၀၀ လောက်အကွာမှာ ဘလောက်တုံးတွေ ချလိုက်ခြင်းအားဖြင့် စည်းကမ်းပျက်တဲ့ယာဉ်တွေ ကျော်မောင်း တာတွေကို တားဆီးနိုင်ပါမယ်။ တချို့မီးပွိုင့်တွေမှာ ချပြီးသွားပါပြီ။ နောက်တစ်ခုက တံတားအတက်အ ဆင်းတွေမှာ မျဉ်းသေဘယ်လောက် ဆွဲထားဆွဲထား ကျော်တက်တာတွေရှိတယ်။ အဲဒီနေရာတွေမှာ အဓိကထားပြီးမှချတယ်” ဟု ရဲမှူး သန်းမြင့်က ဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှု နည်းလမ်းတစ်ရပ် အဖြစ် ဘတ်စ်ကားအများပိုင်ကုမ္ပဏီထူထောင်ရန် စီးပွားကူးသန်း ဝန်ကြီးဌာနက ဦးဆောင်စီစဉ်နေသော်လည်း ထိုကိစ်္စသည် လည်း အငြင်းပွားဖွယ်ရာများ၊ ဝေဖန်မှုများ ရှိနေသည်။

အဆိုပါ အများပိုင်ကုမ်္ပဏီတွင် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်က ပါဝင်မည်ဖြစ်သော်လည်း အများစုကို ပုဂ္ဂလိကပိုင်းက ထည့်ဝင်စေလိုသည်ဟု စီးပွားကူးသန်းအကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။

မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကမူ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး အတွက် နည်းလမ်း များ၊ စီမံကိန်းများ ချမှတ်နေခြင်းကို “စီမံကိန်းတွေက လေထဲမှာ တိုက်အိမ်ဆောက် နေတဲ့အတိုင်းပဲ။ လက်တွေ့ကျကျ အကောင် အထည်ဖော်ဖို့ အရေးကြီးပါတယ်” ဟု ဝေဖန်သည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်သော ဖြေရှင်းမှုများ ပြုလုပ်ရန် နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထပ်မံညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။

“အများပြည်သူ သွားလာမှု အဆင်ပြေရေးဟာ အရေးကြီးပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ရန်ကုန်မြို့ဟာ အရေးကြီးတဲ့မြို့ ဖြစ်တာကြောင့် ထိရောက်တဲ့ ဖြေရှင်းမှုတွေ လုပ်ဆောင်စေလိုတဲ့ ဆန္ဒရှိပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

Mizzima - News in Burmese 

အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများ ချထားသော်လည်း စနစ်ကျမှု မရှိကြောင်း ဝေဖန်နေကြသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများ ချထားသော်လည်း စနစ်ကျမှုမရှိကြောင်း ဝေဖန်နေကြ သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ အနော်ရထာလမ်းတွင် ဘတ်စ်ကားယာဉ်လိုင်းများ ပြေးဆွဲရန် ဘလောက်တုံး ကန့်သတ်ချ ထားသောနည်းလမ်းမှာ စနစ်ကျမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝေဖန်လိုက်သည်။

ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ အနော်ရထာလမ်းပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ယာဉ်နှစ်ထပ် မရပ် နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘလောက်တုံးများချကာ တစ်လမ်းမောင်းပုံစံ ပြုလုပ်ထားခြင်းကို ဦးမင်းဇော်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

“ကားပျက်ရင် မော်တော်ယာဉ်ထိန်းရဲတွေက ကရိန်းကားတွေနဲ့ ဆွဲယူဆောင်ရွက်ဖို့ စီစဉ်တာ တွေ့ရပါ တယ်။ တကယ်လို့များ အဲဒီကား မရောက်လာရင်တော့ လမ်းတွေပိုကျပ်သွားနိုင်ပါတယ်။ ဘယ်လိုလုပ်မ လဲဆိုတာကို ကြိုတင်စီမံဆောင်ရွက်ထားသင့်တဲ့အပိုင်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ Plan B မရှိသေးပါဘူး။ ယာဉ်ထိန်းရဲက ကရိန်းနဲ့ ဆွဲလို့မရရင် တွန်းပြီးရွှေ့ရမယ့်ပုံစံမျိုးဖြစ်နေပါတယ်” ဟု ဦးမင်းဇော် ကဆိုသည်။

ထိုသို့ ဘလောက်တုံးချခြင်းနှင့် ဘတ်စ်ကားများအပေါ် စည်းကမ်းတင်းကျပ်ရ ခြင်းနှင့်ပတ်သက်၍ အမှတ် (၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့်ကမူ ယာဉ်လိုင်းများ စည်းကမ်းမလိုက်နာသော ကြောင့် အတားအဆီး သုံးရခြင်းဖြစ်ပြီး လိုအပ်သောနေရာများတွင် ဘလောက်တုံးများ ထပ်မံချသွားမည် ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“ဂငယ်ကွေ့ကွေ့နိုင်တဲ့နေရာမျိုးတွေမှာ ထပ်ချသွားဖို့ ရှိပါတယ်။ မီးပွိုင့်အ၀င် ရပ်မျဉ်းရဲ့မီတာ ၁၀၀ လောက်အကွာမှာ ဘလောက်တုံးတွေ ချလိုက်ခြင်းအားဖြင့် စည်းကမ်းပျက်တဲ့ယာဉ်တွေ ကျော်မောင်း တာတွေကို တားဆီးနိုင်ပါမယ်။ တချို့မီးပွိုင့်တွေမှာ ချပြီးသွားပါပြီ။ နောက်တစ်ခုက တံတားအတက်အ ဆင်းတွေမှာ မျဉ်းသေဘယ်လောက် ဆွဲထားဆွဲထား ကျော်တက်တာတွေရှိတယ်။ အဲဒီနေရာတွေမှာ အဓိကထားပြီးမှချတယ်” ဟု ရဲမှူး သန်းမြင့်က ဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှု နည်းလမ်းတစ်ရပ် အဖြစ် ဘတ်စ်ကားအများပိုင်ကုမ္ပဏီထူထောင်ရန် စီးပွားကူးသန်း ဝန်ကြီးဌာနက ဦးဆောင်စီစဉ်နေသော်လည်း ထိုကိစ်္စသည် လည်း အငြင်းပွားဖွယ်ရာများ၊ ဝေဖန်မှုများ ရှိနေသည်။

အဆိုပါ အများပိုင်ကုမ်္ပဏီတွင် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်က ပါဝင်မည် ဖြစ်သော်လည်း အများစုကို ပုဂ္ဂလိကပိုင်းက ထည့်ဝင်စေလိုသည်ဟု စီးပွားကူးသန်းအကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။

မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကမူ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး အတွက် နည်းလမ်း များ၊ စီမံကိန်းများ ချမှတ်နေခြင်းကို “စီမံကိန်းတွေက လေထဲမှာ တိုက်အိမ်ဆောက် နေတဲ့အတိုင်းပဲ။ လက်တွေ့ကျကျ အကောင် အထည်ဖော်ဖို့ အရေးကြီးပါတယ်” ဟု ဝေဖန်သည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်သော ဖြေရှင်းမှုများ ပြုလုပ်ရန် နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထပ်မံညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။

“အများပြည်သူ သွားလာမှု အဆင်ပြေရေးဟာ အရေးကြီးပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ရန်ကုန်မြို့ ဟာ အရေးကြီးတဲ့မြို့ ဖြစ်တာကြောင့် ထိရောက်တဲ့ ဖြေရှင်းမှုတွေ လုပ်ဆောင်စေလိုတဲ့ ဆန္ဒရှိပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment