၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ကြိမ်မဲပေးပြီး ထပ်မံမဲမပေးနိုင်ရန် မဲပေးပြီးသူများ၏ လက် သည်း ခွံတွင် မင်တို့ပြီး မှတ်သားသည့်စနစ် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
Wednesday, 22 October 2014
အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့်ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား

လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေး အယူဝါဒ ကွဲပြားမှုကြောင့် အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ပြီး လက်ရှိချိန်တွင်လည်း အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့် ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အမေရိကန် နိုင်ငံသားကို မြောက်ကိုရီးယားလွှတ်ပေးလိုက်ပြီဟု အမေရိကန် ထုတ်ပြန်

Photo- Jeffrey Fowle
မြောက်ကိုရီးယားက ထိန်းသိမ်းထားသော အမေရိကန် နိုင်ငံသား သုံးဦးအနက် တစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုသူမှာ အိမ်သို့ ပြန်လာနေပြီဖြစ်ကြောင်း အမေရိကန်က အောက်တိုဘာ ၂၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင် စု ဝန် ကြီးနှင့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN တို့ ဆွေးနွေးမှုများ ပြုလုပ်

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် လူငယ် စာနယ်ဇင်း သမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ် လစ်ကွန်ရက် MJNတို့သည် ယနေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ MJN ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လတ်တလော ဖြစ်ပေါ်နေ သည့် သတင်းမီဒီယာ အရေးကိစ္စများ ကို အဖြေရှာရန် ဆွေးနွေးခဲ့သည်။
ခိုတောင်ကျွန်းလူသတ်မှု၌ စွပ်စွဲခံမြန်မာနှစ်ဦး၏မိဘများ ယနေ့ထိုင်းနိုင်ငံသို့ သွားရောက်မည်
ဗြိ တိန် စုံတွဲနှစ်ဦး အသတ်ခံရသည့် အမှုတွင် စွပ်စွဲခံရသည့်မြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများယနေ့ထိုင်း နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၂၄ရက်တွင် တရားခံ ဟုစွပ်စွဲခံနေရသည့် မြန်မာနှစ်ဦးနှင့် တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိကြောင်း အဆိုပါ ကိစ္စအတွက် ဖွဲ့စည်းထားသည့် သံရုံး အထူးကိုယ်စားလှယ် အဖွဲ့ဝင် ဦးကျော် သောင်းက ဒီမိုကရေစီတူဒေးသို့ပြော သည်။
၂၀၁၄ မေလကပြီးစီးသော မာန်အောင်မြို့နယ်က MPT တာဝါတိုင် ၆လ ကြာသော်လည်း အသုံးပြုမရ

မာန်အောင်မြို့နယ်တွင် MPT မှ စိုက်ထူထားသော တာဝါတိုင် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး MPT မှ တည်ဆောက်နေသော တာဝါတိုင်မှာ ၂၀၁၄ ခုနှစ် မေလအတွင်းက ပြီးစီးခဲ့သော်လည်း ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင်မူမရှိသဖြင့် ယခု အချိန်ထိ အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။
သီရိလင်္ကာငါးဖမ်းသမား ၂၀ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

ဤကျွန်းကို ဘင်္ဂလာဒေခ်ျ့က စိန့်မာတင်ဟု ခေါ်ပြီး ရခိုင်တို့က အုန်းကျွန်းဟု ခေါ်သည်။
စုံတွဲတတွဲရဲ့ သ၀န်တိုမှုကနေ ရှောင်ထွက်ခဲ့သည့် သမ္မတအိုဘားမား

အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ တွေ့ရသည့် သမ္မတ အိုဘားမား
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ချီကာဂိုမြို့က သူအိမ်နားမှာ အောက်လွှတ်တော်ရွေးကောက်ပွဲ အတွက် မဲကြိုပေးနေတုန်း ယောက်ျားလေးတယောက်ရဲ့ သူ့ရည်းစားကို သဝန်တိုမှုကနေ ကျင်ကျင် လည်လည် ရှောင်ထွက်ခဲ့ရပါတယ်။
ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအောင် စော်ကားတဲ့သူကို ဒီအတိုင်းကြည့်မနေဘူးလို့ ဆိုလိုက်တဲ့ လိမ္မော်သီး

Rock သီချင်းတွေနဲ့ ပရိသတ်ကြား နာမည်ရလာခဲ့တဲ့ အဆိုတော် လိမ္မော်သီးဟာ သူမရဲ့ ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက် ဒုတိယတစ်ကိုယ်တော်အခွေ ဒဏ်ရာနှလုံးသား ကိုလာမယ့် ဒီဇင်ဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူမဟာ လတ် တလောမှာ အိမ်ထောင်ရှိပြီးသား နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ ချစ်ကြိုက်နေပါတယ်ဆိုတဲ့ ကောလာ ဟလနဲ့တွေ ထွက်ရှိနေခဲ့တာမို့ အဲ့ဒီအကြောင်းနဲ့အတူ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှား မှုတွေ အကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ လိမ္မော်သီးရဲ့ လတ်တလော အနုပညာအကြောင်းအ ရင်ပြောပြပေးပါ။
လစဉ်ကြေးမပေး၍ ဖမ်းထားသည့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ပြန်လွတ်ဟုဆို
မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းခွင့်ရရန် အတွက် လစဉ်ကြေး ပေးသွင်းရန် ပျက်ကွက်သော ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား (၆) ဦးကို မြန်မာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ပြန်လည် လွတ်ပေးလိုက်သည်ဟု ကော့စ်ဘဇားခရိုင်ထုတ် ဘင်္ဂလီ သတင်းစာ အများအပြားတွင် ရေးသား ဖေါ်ပြသည်။
အီဘိုလာရောဂါ ကာကွယ်ဆေး နှစ်မျိုးကို WHO စမ်းသပ်နေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာ ရောဂါကာကွယ်ဆေး နှစ်မျိုးကို စတင်စမ်းသပ် နေပြီလို့ ပြောပါတယ်။
မြို့မဈေးတွင် ခရီးသည်များအတွက် ပစ္စည်းသယ်ပို့ရန် တွန်းလှည်းများ စီစဉ်ပေးထား

နေပြည်တော်မြို့မဈေး အရှေ့ကားဂိတ်ဝင်း အတွင်းနှင့်အပြင်ဘက် ကားရပ်နားစခန်းများတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) ၏ အစီအစဉ်ဖြင့် ခရီးသည်များ ပစ္စည်းသယ်ပိုးရာတွင် လွယ်ကူချောမွေ့စေရန် လက်တွန်းလှည်းများ ထားရှိပေးထားကြောင်း သိရသည်။
စွပ်စွဲခံ မြန်မာ ၂ဦး လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့မှုကို ပြန်လည် ရုတ်သိမ်း

ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ ထိုင်း နိုင်ငံ ကော်စမွီကျွန်း ထောင်မှာ စွပ်စွဲ ချုပ်နှောင် ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က သူတို့အနေနဲ့ ပြစ်မှု မကျူးလွန်ခဲ့ဘူးဆိုပြီး နှစ်ဦးလုံးက ပြောလိုက်ပါတယ်။
အိန္ဒိယသူဌေးတစ်ဦး ဝန်ထမ်းများကို ကားနှင့် လက်ဝတ်ရတနာများ ဆုချ

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှ စိန်ကုန်သည် သူဌေးတစ်ဦးသည် အလုပ်သမား ၁၂၀၀ ကို လုပ်ငန်းအပေါ် သစ္စာရှိမှုအတွက် ကားများ၊ တိုက်ခန်းစပေါ်နှင့် အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိသော စိန်လက်ဝတ်ရတနာများကို ဆုလက်ဆောင်ချီးမြှင့်ခဲ့သည်။
ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်သလား
ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်သလားဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာနေတဲ့ လူတွေမှာတော့ မဖြစ်နိုင်ပါ ဘူး။ လူတစ်ယောက်က ဆားကဲတဲ့ အစား အသောက်တွေကို စားပြီးချိန်မှာ ခန္ဓာကိုယ် ထဲ ဆိုဒီယမ်အဆင့် မြင့်တက် လာပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်ဟန်ချက် ညီမျှစေဖို့ ရေဓာတ်ကို ပိုမိုစုပ်ယူ ရပါတော့တယ်။
ထိုင်းနိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရေး ကြိုးပမ်းနေ
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ၁၀ နိုင်ငံအနက် လေးနိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရန် ကျန်ရှိလျက်ရှိရာ လောလောဆယ် ထိုင်းနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် ရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
ဒု ဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA က ထုတ်ပယ်

ဒု ဗိုလ်မှူးကြီးဆန်းအောင်ကို DKBA ( ကလိုထူးဘော တပ်ဖွဲ့) က တာဝန်က ရုပ်သိမ်းပြီး တပ်ဖွဲက ထုတ် ပယ် လိုက်တယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက် ထွက်လာပါတယ်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းနေ
ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကမ္ဘာ့ အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြိုးပမ်း နေ ကြောင်း သိရပါတယ်။
မိခင်နှင့်မွေးကင်းစကလေးများ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင် ရွက်နိုင် ရန် ကမ္ဘာ့ဘဏ်က ချေးငွေဒေါ်လာသန်း ၁ဝဝ ကူညီမည်
မြန်မာနိုင်ငံရှိ မိခင်နှင့် မွေးကင်းစကလေးများ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့် ဆောင်ရွက်နိုင် ရန် ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်းမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း၁ဝဝ ကူညီ သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ အောက်တိုဘာ ၁၄ ရက်က အတည်ပြု လိုက်သည်။
အိန္ဒိယ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓမ္မကျင့်သူ ငါးဦး ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံရ

အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ဖုန်းလက်ခံဖြေကြားသည့် ဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သူ ငါးဦးအား အောက်တိုဘာ ၂၀ ရက်တွင် တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်သည်ဟု သိရသည်။
Subscribe to:
Posts (Atom)