Sunday, 29 June 2014

မက္ကဆီကိုအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရမည့် နယ်သာလန်နှင့် ဂရိအသင်းကိုအနိုင်ယူမည့် ကော်စတာရီကာ

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် များ ပထမနေ့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီးသည့်နောက် ယနေ့တွင် ဒုတိယနေ့ပွဲစဉ်များအဖြစ် နယ်သာ လန်နှင့် မက္ကဆီကို ကော်စတာရီ ကာနှင့် ဂရိအသင်းတို့ပွဲစဉ်များကို ကစားကြမည်ဖြစ်သည်။ တစ် ဖက်တွင် အုပ်စုပထမအဖြစ်တက် လာသည့် နယ်သာလန်မှာ ဘရာဇီး ကို သရေကစားနိုင်ခဲ့သည့် မက္က ဆီကိုနှင့် တွေ့ရမည်ဖြစ်သဖြင့် ပွဲစဉ်မချောင်ဟု ဆိုနိုင်သည်။ အ အခြားတစ်ပွဲတွင်လည်း ဥရုဂွေး နှင့် အီတလီတို့ကို အနိုင်ကစား ထားခဲ့သော ကော်စတာရီကာက ခံစစ်ကောင်းမွန်သည်ဟု နာမည် ကြီးသည့် ဂရိနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့်ယနေ့ပွဲစဉ် နှစ်ပွဲစလုံး သည် အကြိတ်အနယ်ပွဲစဉ်များ ဖြစ်လာကြမည်ဖြစ်သည်။
Photo: မက္ကဆီကိုအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရမည့် နယ်သာလန်နှင့် ဂရိအသင်းကိုအနိုင်ယူမည့် ကော်စတာရီကာ
Sunday, June 29, 2014

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် များ ပထမနေ့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီးသည့်နောက် ယနေ့တွင် ဒုတိယနေ့ပွဲစဉ်များအဖြစ် နယ်သာ လန်နှင့် မက္ကဆီကို ကော်စတာရီ ကာနှင့် ဂရိအသင်းတို့ပွဲစဉ်များကို  ကစားကြမည်ဖြစ်သည်။ တစ် ဖက်တွင် အုပ်စုပထမအဖြစ်တက် လာသည့် နယ်သာလန်မှာ ဘရာဇီး ကို သရေကစားနိုင်ခဲ့သည့် မက္က ဆီကိုနှင့် တွေ့ရမည်ဖြစ်သဖြင့် ပွဲစဉ်မချောင်ဟု ဆိုနိုင်သည်။ အ အခြားတစ်ပွဲတွင်လည်း ဥရုဂွေး နှင့် အီတလီတို့ကို အနိုင်ကစား ထားခဲ့သော ကော်စတာရီကာက ခံစစ်ကောင်းမွန်သည်ဟု နာမည် ကြီးသည့် ဂရိနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့်ယနေ့ပွဲစဉ် နှစ်ပွဲစလုံး သည် အကြိတ်အနယ်ပွဲစဉ်များ ဖြစ်လာကြမည်ဖြစ်သည်။

နယ်သာလန် - မက္ကဆီကို

၂၉-၆-၂၀၁၄ (ည ၁၀း၃၀ )

နယ်သာလန်အသင်းနည်း ပြ ဗန်ဂါးလ်သည် ယခုပွဲစဉ်တွင် အသင်းခေါင်းဆောင်ဗန်ပါစီ ပွဲ ပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာ သောကြောင့် ပြန်လည်အသုံးပြု နိုင်မည်ဖြစ်သည်။ ရှုံးထွက်အဆင့် သို့ တက်ရောက်လာခဲ့သော ဥရောပအသင်းများထဲတွင် ဟော်လန် အသင်းသည် အုပ်စုတွင်းပွဲစဉ် အားလုံးအနိုင်ရသည့် တစ်သင်း တည်းသောအသင်းဖြစ်သည်။ သို့ သော်လည်းတစ်ဖက်တွင် အိမ်ရှင်ဘရာဇီးကို သရေရအောင်ကစား နိုင်ပြီး၊ အုပ်စုတက်လာသည့် မက္က ဆီကိုအသင်း၏ ယုံကြည်ချက် ပြည့်ဝနေမှုကို ယှဉ်ပြိုင်ရာတွင် ခက်ခဲလာနိုင်သည်။

နယ်သာလန်နှင့် မက္ကဆီကို အသင်းကစားမည့် ကက်စတီလာ အိုကွင်းတွင် အပူချိန်သည် ၃၀ ဒီဂ ရီ ခန့်ရှိနေမည်ဖြစ်သောကြောင့် ဟော်လန်အသင်းမှာ အပူချိန်မြင့် မားမှုကြောင့် အခက်တွေ့နိုင် သည်။ အပူပိုင်း ရာသီဥတုထဲတွင် ကစားလေ့ရှိသော မက္ကဆီကို အ သင်းအတွက်မူ ရာသီဥတုမှာ အသာစီးရနေသည်ဟု ဆိုနိုင် သည်။ အုပ်စုတွင်း နယ်သာ လန်အသင်း၏ ဂိုးသွင်းနှုန်းသည် အမြင့်မားဆုံးရှိခဲ့သည်ဟု ဆိုနိုင် သည်။ စပိန်အသင်းကို ၅ ဂိုး၊ ချီ လီအသင်းကို ၂ ဂိုးနှင့် သြစတြေး လျအသင်းကို ၃ ဂိုးသွင်းထား သောကြောင့်စုစုပေါင်း ရဂိုး ၁၀ ဂိုးဖြင့် ဂိုးအများဆုံးအသင်းလည်း ဖြစ်သည်။

ယခုပွဲမတိုင်မီတွင် နယ် သာလန်အသင်း၏ အဓိကကစား သမားများဖြစ်သော ဒီဂျောင်၊ ဘ လင်း၊ ရော်ဘင်နှင့် ဒီဘရစ်တို့မှာ အသေးစားဒဏ်ရာများ ရရှိထား ခဲ့ကြသော်လည်း ပွဲစဉ်အမီကြံ့ခိုင် မှုပြန်လည်ပြည့်ဝလာခဲ့သည်ဟု သိရသည်။ ပွဲပယ်ပြစ်ဒဏ်မှလွတ် မြောက်လာသည့် ဗန်ပါစီသည် ယခုပွဲစဉ်တွင် သေချာပေါက်ပြန် လည်ပါဝင်လာမည်ဖြစ်သည်။ အ သင်းတွင် လီရွိုင်ဖားမှာ သေချာ ပေါက် လွဲချော်မည်ဖြစ်ပြီး၊ ခြေ စွမ်းပြ ကစားထားသည့် မာတင် အင်သည်လည်း ပါဝင်ရန် မသေ ချာပေ။

မက္ကဆီကိုသည် အသင်း တိုင်းသတိထားရသော ခြေစွမ်းရှိ ကြောင်း ကင်မရွန်းနှင့် ခရိုအေးရှားကို အနိုင်ယူပြီး သက်သေပြ ခဲ့သည်။ အိမ်ရှင်ဘရာဇီးပါဝင် သောပွဲတွင် ၃ ပွဲကစားပြီး ပေးဂိုး တစ်ဂိုးသာရှိ၍ ခံစစ်ကြောင်း တောင့်တင်းသည့် အသင်းလည်း ဖြစ်သည်။ အပူချိန်မြင့်မားသည့် အစောပိုင်း ပွဲစဉ်ကို ကစားရမည် ဖြစ်သည့်အတွက် မက္ကဆီကို အ သင်းအတွက် အသာရနိုင်သည်။ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှစ် ရပ်တွင် မက္ကဆီကိုသည် ကွာတား ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့  သည့် အသင်းလည်းဖြစ်သည်။ သို့သော် ထိပ်တိုက်တွေ့ဆုံမှုအရ မက္ကဆီကိုက ဟော်လန်ကို အသာ စီးမရထားပေ။

ပွဲချိန် မိနစ် ၉၀ သရေကျနိုင် ပြီး၊ အချိန်ပိုတွင် နယ်သာလန် အ သင်း အနိုင်ယူသွားဖွယ်ရှိသည်။

ကော်စတာရီကာ - ဂရိ

၃၀-၆-၂၀၁၄ (နံနက် ၂း ၃၀)

ကော်စတာရီကာသည် အုပ် စုကျပ်ထဲတွင် ကျရောက်ခဲ့ပြီး မည်သူမှ မထင်ထားသည့် ပုံစံဖြင့် အုပ်စုပထမနေရာရကာ ရှုံးထွက် အဆင့်သို့ တက်ရောက်လာခဲ့ သည်။ တစ်ဖက်မှ အုပ်စုဒုတိယ ဖြင့် တက်ရောက်လာခဲ့သည့် ဂရိ သည်လည်း နောက်ဆုံးပွဲစဉ်တွင် အိုင်ဗရီကို့စ်ကို နာကျင်အချိန်ပို တွင် သွင်းသော ပင်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နှစ်သင်း စလုံးသည် အုပ်စုမှလွတ်ရန် ခက် ခဲသည့် အခြေအနေမှ ယခုအဆင့် ရောက်လာခဲ့ခြင်းဖြစ်၍် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အရှုံးအနိုင်ပေါ်ရန် ခက်ခဲနိုင်သည်။ ကော်စတာရီကာသည် ဥရုဂွေး၊ အီတလီ၊ အင်္ဂလန် ၃ သင်းစလုံးကို တစ်ဂိုးသာပေးခဲ့ရသဖြင့် ခံစစ်ကြောင်းတောင့်တင်းသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။ တိုက်စစ်အားနည်းလေ့ရှိ သည့် ဂရိအသင်းကို ကော်စတာရီကာ ခံစစ်ကြောင်းက အလွယ်တကူဂိုး မပေးရနိုင်ဟုလည်း ဆိုနိုင် သည်။

တန်ပြန်တိုက်စစ်ကစားပုံ များမှတစ်ဆင့် ဂိုးသွင်းသေချာလှ သော ကော်စတာရီကာ ကစားသ မားများကြောင့် ဂရိခံစစ်ကြောင်း အလုပ်ရှုပ်သွားနိုင်သည်။ ဂရိ သည် ဂိုးမပေးရရန် တစ်သင်းလုံးပိတ်ဆို့ကစားတတ် သည့်အသင်း ဖြစ်သည်။ သို့သော်လည်း ဂျပန် အသင်း တစ်သင်းတည်းကိုသာ ဂိုးမပေးခဲ့ရသည့် ဂရိခံစစ်ကြောင်းသည် ယခင်ကကဲ့သို့ လုံခြုံမှုမရှိ တော့ဟု ယူဆနိုင်သည်။ အဖွင့်ပွဲ တွင် ကိုလံဘီယာကို ၃ ဂိုးပေးခဲ့ရ သည့် ဂရိခံစစ်ကြောင်းက ယင်း အချက်ကို သက်သေပြနေသည်။ သို့သော်လည်း ဂရိအတွက် ခံစစ် ကစားပုံထက် အဓိကပြဿနာမှာ တိုက်စစ်ကစားပုံဖြစ်သည်။ ဂရိ တိုက်စစ်သည် ဂိုးရရန် အလွန်ခက်ခဲသည်။ အုပ်စုတွင်းပထမနှစ်ပွဲ ကစားပြီးချိန်အထိ ဂရိသည် တစ် ဂိုးမှမရခဲ့။ အိုင်ဗရီကို့စ်နှင့် ပွဲတွင် လည်း နောက်ဆုံးမိနစ်တွင်ရ ခဲ့သော ပင်နယ်တီကြောင့်သာ နောက်တစ်ဆင့် တက်လှမ်းလာ နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခံစစ်ကြောင်း ကောင်းမွန်သည် ဟု နာမည်ကြီးနေသည့် ကော်စ တာရီကာခံစစ်ကို ထိုးဖောက်ရန် မလွယ်သလို တိုက်စစ်ကိုလည်း ဟန့်တားရန် မလွယ်ကူပေ။

ကော်စတာရီကာကို မိနစ် ၉၀ လုံး ခြေရည်တူ ရင်ဆိုင်ကစား ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဂရိက တိုက်စစ်ဖွင့် ကစားရန်သာဖြစ်သည်။ ဂရိ က စားပုံ မပြောင်းလဲလာနိုင်သော် လည်း မထင်မှတ်ဘဲ အပြန်အ လှန်ဂိုးများရသွားနိုင်သည်။ နှစ် သင်းစလုံး ယခင်က မတွေ့ဖူး သည့်အတွက် တစ်သင်းခြေစွမ်း ကို တစ်သင်းမှန်းဆရန် ပို၍ခက် ခဲနိုင်သည်။ ပွဲချိန် မိနစ် ၉၀ အ တွင်းမှာပင် ကော်စတာရီကာ အ နိုင်ရနိုင်ပြီး တစ်ဂိုးထက်လည်းပို နိုင်သည်။

7Day Daily

မိသားစုကိုဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော ပါကစ္စတန်စုံတွဲကို မိန်းကလေးဘက်က လည်လှီးသတ်

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာရှိ ကျေးရွာတစ်ရွာတွင် မိသားစု ကို ဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော လူငယ်စုံတွဲတစ်တွဲကို မိန်းကလေးရှင် မိသားစုက လည်လှီး သတ်ခဲ့သည် ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက်တွင် ပြောသည်။အသက် (၁၇) နှစ်အရွယ် မာဖီယာ ဘီဘီနှင့် အသက် (၃၁) နှစ်အရွယ် မူဟာမက်ဆာဂျစ်တို့ သည် မိသားစုသဘောမတူသည့် ကြားမှ ဇွန်လ ၁၈ ရက်တွင် လက် ထပ်ခဲ့ကြသည်။ဘီဘီ၏ မိဘ နှစ်ပါးသည် ဇွန်လ ၂၆ ရက် ညတွင် ဘီဘီတို့ ဇနီးမောင်နှံအား အိမ်သို့ပြန်လာ ရန် သွေးဆောင်ခေါ်ယူခဲ့ပြီး နောက် အိမ်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ကို ကြိုးတုပ်၍ ဘီဘီ၏ ဖခင်က လည်လှီးခဲ့ကြောင်း ပါ ကစ္စတန် ရဲအရာရှိ ရာနာဇာရှစ် က ပြောသည်။ ဘီဘီ၏ မိဘများနှင့် ဆွေမျိုးများက သမီးဖြစ်သူ ဘီဘီ ကြောင့် အရှက်ရပြီး ဂုဏ်သိက္ခာအတွက် ဘီဘီတို့ ဇနီးမောင်နှံကိုသတ် ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု ရဲအရာရှိတစ်ဦးဖြစ်သော ဂိုဟာနာဖီးစ်ကပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြား

နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့ လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြော ကြားရာတွင်
တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အတည်ပြုသည်။‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။ တပ်မတော်က အာဏာသိမ်းတာ လည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မ တော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ် ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြား သည်။

အမြန်လမ်းမကြီးတွင် သတ်မှတ်ကီလိုထက် ပိုမိုမောင်းနှင်သည့်ယာဉ် အရေးယူမှု နေ့စဉ် အစီး ၄၀ ကျော် ရှိနေ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တစ်နာရီ ကီလို ၁ဝဝ ထက်ကျော်လွန်၍ မောင်းနှင်နေသော မော်တော်ယာဉ်အစီးရေ ၄ဝ ကျော်ကို နေ့စဉ်အရေးယူလျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။အမြန်လမ်းဟု သတ်မှတ်ထားသော်လည်း သတ်မှတ်ထားသော မိုင်နှုန်းအတွင်းသာ မောင်းနှင်ရန် စည်းကမ်းကြပ်မတ်ထားရခြင်း၏ အကြောင်းအရင်းမှာ လိုအပ်ချက်ရှိနေသည့် လမ်းပိုင်းများကို ပြန်လည်ပြင်ဆင်နေသည့်အတွက်ကြောင့်ဟု ရဲမှူးကြီးနေဝင်းက ပြောကြားသည်။ယင်းအမြန်လမ်းမကြီးတစ်လျှောက်တွင် ဖြတ်သန်းမောင်းနှင် နေကြ သည့် ယာဉ်များတွင် GPS စနစ် တပ်ဆင်နိုင်ရန်အတွက် လမ်းတစ်လျှောက်တွင် အင်တာနက်လိုင်းရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။“ကျွန်တော်တို့ အခုယာဉ်တွေမှာ GPS စနစ်တွေ တပ်ဆင်ဖို့အတွက် အဆင်မပြေသေးပါဘူး။ အမြန်လမ်းတစ်လျှောက်မှာလည်း အင်တာနက်လိုင်းတွေက မရတဲ့နေရာတွေ ရှိတယ်။ သွားမယ့်စနစ်က GSM ကတ်စနစ်နဲ့ သွားမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်းရရှိဖို့ ဝန်ကြီးဌာန လေးခုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အမှန်တကယ်ဆိုရင် အမြန်လမ်းလို့ခေါ်တဲ့ လမ်းမကြီးမှာ ကြိုက်တဲ့နှုန်းအတိုင်း မောင်းလို့ရပေမယ့် အခုအခြေအနေက လမ်းပိုင်းတွေကို ပြင်ဆင်နေသေးတဲ့အတွက် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွေ မဖြစ်စေဖို့ ကီလိုတွေကို သတ်မှတ်ရခြင်းဖြစ်ပါတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ဆက်လက်ပြောကြားသည်။

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယုံကြည်ပြီး အိမ်နီးချင်းကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယုံကြည်ပြီး အိမ်နီးချင်း ကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် မူကြီးငါးရပ်၏ နှစ် ၆ဝ ပြည့်အထိမ်းအမှတ် ကွန်ဖရင့်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာက သတင်းထုတ်လွှင့်သည်။
၁၉၅၄ ခုနှစ်၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ မြန်မာ၊ အိန္ဒိယခရီးစဉ်အတွင်း စတင်အကောင်အထည်ဖော်ပေါ် ပေါက်လာသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ဟူသည့် မူကြီးငါးရပ်၏ နှစ် (၆ဝ)ပြည့် အထိမ်းအမှတ် ကွန်ဖရန့်တွင် သမ္မတဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

စင်ကာပူရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန ဖော်ပြ

စင်ကာပူနိုင်ငံရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအဝင် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစည်းတစ်ခုသဖွယ် ရောင်းချနေကြကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်မလေး ရေးသားခဲ့သည့် သတင်းဆောင်းပါး “Buy a discount maid at Singapore's malls” အရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အိမ်အကူများအဖြစ် သွားရောက်လုပ်ကိုင်နေကြရာတွင် စင်ကာပူနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ထိုသို့ သွားရောက်လုပ်ကိုင်ရာတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရလေ့ရှိပြီး ယခုနောက်ဆုံး အိမ်အကူများအား အလုပ်အကိုင်ခန့်ထားသည့် အေဂျင်စီများက ရောင်းကုန်ပစည်းများသဖွယ် ဈေးဝယ်စင်တာများတွင် ပြသရောင်းချနေကြခြင်း ဖြစ်သည်။
“စင်ကာပူမြို့လယ်မှာရှိတဲ့ ဘူကစ်တီမာရှော့ပင်းစင်တာကို သွားလိုက်ပါ။

ဘင်္ဂါလီ ကိုးဦးကို ရန်ကုန်ပို့ရန် ပူးပေါင်းစီစဉ်သူ ငါးဦးရှိ၊ နှစ်ဦးလွတ်နေဆဲ


ဘင်္ဂါလီကိုးဦးကို ရန်ကုန်သို့ပို့ရန် ပူးပေါင်းကြံစည်သူ ငါးဦးဖြစ်ပြီး သုံးဦးကို ဖမ်းဆီးထားနိုင်ကာ နှစ်ဦးမှာ လွတ်မြောက်နေသောကြောင့် ဒေသတွင်း စစ် ဆေးရေးဂိတ်များ၌ ပိတ် ဆို့ဖမ်းဆီးထားရန် ညွှန်ကြားထား ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။‘‘စစ်ဆေးချက်အရ ဒီဖြစ်စဉ် မှာ ပွဲစားအပါအ၀င် ငါးယောက် ပူးပေါင်းပြီး ပို့ဖို့ကြိုးစားခဲ့တာ။ ရှေ့ပြေးကားတွေ ဘာတွေနဲ့ စနစ်တကျ စီစဉ်တာဗျ။ ပထမနှစ် ယောက်ဖမ်းတယ်။ နောက်အမျိုး သမီးတစ်ယောက် ထပ်ဖမ်းတယ်။ သူတို့ကို ပိုက်ဆံပေးမယ်ဆိုတဲ့ ပွဲ စားနှစ်ယောက် ထွက်ပြေးနေ တယ်။ ဖမ်းဖို့ လုပ်နေပါတယ်’’ ဟု ပြည်နယ်အဆင့် ရဲအရာရှိတစ် ဦးက ပြောသည်။ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့နယ်ရှိ ပဲ့ပဒုံစစ်ဆေးရေး ဂိတ်တွင် ဘင်္ဂါလီကိုးဦးကို ခေါ်ဆောင်လာသည့် ကားတစ်စီး ကို စစ်ဆေးရေးအဖွဲ့က ဖမ်းဆီး ခဲ့ပြီး ယာဉ်ပိုင်ရှင်အမျိုးသမီးနှင့် ယာဉ်မောင်းအမျိုးသားကို ထိန်း သိမ်းခဲ့သည်။ ထို့နောက် သံသယ ရှိသူ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး အဆိုပါ အမှုနှင့်ပတ်သက်နေသူ နောက်ထပ် အမျိုးသားနှစ်ဦးမှာ တိမ်းရှောင်နေကြောင်း အမ်းမြို့ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောကြားသည်။

ဦးဆန်းဆင့်ကို ထိန်းသိမ်းခဲ့၍ ဧရာဝတီတိုင်းမှ လယ်သမားများ ဆန္ဒထုတ်ဖော်မည်

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အားထိန်းသိမ်းခဲ့သည့်အတွက် ဧရာဝတီ တိုင်းအတွင်းမှ လယ်သမားများ နှင့် ဒေသခံများက ဇူလိုင် ၁ ရက် တွင် ပန်းတနော်မြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒ ပြပွဲစီစဉ်သူများက ပြောသည်။အဆိုပါဆန္ဒပြပွဲကို နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး ပုသိမ်၊ ပန်းတနော်၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် ဒေးဒရဲ၊ မြောင်းမြ စသည့်ဒေသ တွင်း မြို့နယ်များမှ လယ်သမား များ၊ ဒေသခံများပါဝင်မည်ဖြစ် ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၏ ဧရာ ဝတီတိုင်းတာဝန်ခံဦးကြည်လွင် က ပြောသည်။
‘‘ဦးဆန်းဆင့်ဟာ တိုင်း လွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ပါတီမျက်နှာမကြည့်ဘဲ ပြည်သူ့မျက်နှာကြည့်ပြီး လုပ်တဲ့သူဖြစ်တယ်’’ဟု ဦးကြည်လွင်ကပြောသည်။ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဆန်းဆင့်သည် အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခံခဲ့ရပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က လယ်သိမ်းခံရမှုများ၊ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်အပါအ၀င်သူ၏အစိုးရ အဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည်သူဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

GSM နှင့် WCDMA ဆင်းမ်ကတ်များ ၃၁ နိုင်ငံတွင် သယ်ယူအသုံးပြုနိုင်မည်

ပြည်တွင်းမှ GSM နှင့် WCDMA ဖုန်းများကို နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ယူဆောင်အသုံးပြုနိုင် မည့် International Outbound Roaming ဝန်ဆောင်မှုကို ၂၀၁၄ ဇူလိုင်လ ၂ ရက်မှစတင်ဝန်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှသတင်း ရရှိသည်။
‘‘ပြည်တွင်းကဖုန်းတွေကို နိုင်ငံတကာမှာအသုံးပြုခွင့်ရမှာ ဖြစ်တဲ့အတွက် ဆက်သွယ်ရေးက ပိုပြီးလွယ်ကူသွားမှာပါ။ လက်ရှိ မှာ Roaming ဝန်ဆောင်မှုက နိုင်ငံတကာမှာ အနည်းငယ်ဈေး ကြီးနေတယ်ဆိုပေမယ့် လုပ်ငန်း ရှင်တွေနဲ့ အရေးကြီးကိစ္စရှိသူတွေ အတွက် အဆင်ပြေနိုင်ပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးငွေ သောင်းကပြောသည်။
ပြည်ပနိုင်ငံများသို့ သွား ရောက်နေစဉ် သယ်ဆောင်အသုံး ပြုနိုင်မည့် International Roa-ming စနစ်ကို ယခင်က အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း၄၆ နိုင်ငံမှ အော်ပရေတာ ၇၇ ခု၏GSM/WCDMA မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံတွင်းသို့ Inbound Roaming အဖြစ် လာရောက်သုံးစွဲ နိုင်နေရာ မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းဖုန်းများကို ဇူလိုင် ၂ ရက်မှစတင်၍ အသုံးပြုနိုင် မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လူထုအခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ တယ်လီနောတည်ဆောက်မည်


တယ်လီနောမြန်မာကုမ္ပဏီက မြန်မာအိုင်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO)နှင့် ပူးပေါင်း၍ လူထု အခြေပြုသတင်းအချက်အလက်စင်တာ ၂၀၀ ခန့် တည်ထောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ကနဦးစီမံကိန်းအနေဖြင့် စင်တာငါးခုကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတ၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင် တည်ဆောက်မည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ သိရ သည်။‘‘ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကျေးလက်ဒေသနေထိုင်သူတွေနဲ့ အပြင် ကမ္ဘာကို ဆက်သွယ်မှုပေးအပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ကွန်ရက်ချိတ်ဆက်မှုကို အတွေ့အကြုံမရှိသူတွေ၊ သတင်းအချက်အလက်တွေကိုလွယ်လွယ်ကူကူမရနိုင်ခဲ့သူတွေအတွက်အသိပညာဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ CIC တွေ တည်ဆောက်တယ်ဆို တာအစပါ။ နောက်ဆို သင်ကြားမှုတွေ၊ လေ့ကျင့်မှုတွေပါ ပေးသွားချင်ပါ တယ်’’ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်မည်

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ္စကို ပင်လယ်အော်ရှိ နာမည်ကျော် Golden Gate တံတားကြီးတွင် သေကြောင်းကြံမှု တားဆီးသည့် ပိုက်ကွန်များ စတင်တပ်ဆင်တော့မည်ဟု သိရှိရသည်။
ကူးသန်းပို့ဆောင်ရေးဌာန တာဝန်ရှိသူများက အမေရိကန်နိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံး စာရင်းဝင် နေရာတစ်ခု ဖြစ်နေသည့် အထင်ကရ တံတားကြီးတွင် ပိုက်များတပ်ဆင်ရန်အတွက် ငွေကြေး သုံးစွဲမည့် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

Golden Gateတွင် သေကြောင်းကြံစည်မှု တားဆီးရေး စီမံကိန်းများအတွက် ရန်ပုံငွေ ဒေါ်လာ(၇၆)သန်း သုံးစွဲမည်ဖြစ်ပြီး ယင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပိုက်ကွန်များ တပ်ဆင်မှုလည်း ပါဝင်လာမည် ဖြစ်သည်။

Saturday, 28 June 2014

မြောက်ဦးရထားလမ်း ဒုတိယအကြိမ် ရွေးချယ်သော်လည်း ယဉ်ကျေးမှုဇုံနှင့် မလွတ်သေး

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်မည့် မြောက်ဦးရထားလမ်းကို ဒေသခံများက ကန့်ကွက်သဖြင့် အစိုးရက ဒုတိယလမ်းကြောင်းကို ချပြသော်လည်း ထိုလမ်းကြောင်းသည် ယဉ်ကျေးမှုနယ်မြေကို ဖြတ်သန်းထားသေးသည် ဟု မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်း သိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသန်းမြင့်က မဇ္ဈိမကို ပြောသည်။

ထိုင်းတွင် ၂၀၁၅ အောက် တိုဘာ ဝန်းကျင် တွင် ရွေးကောက်ပွဲ ကျင်းပပေး မည်ဟု ထိုင်း စစ် အာဏာ သိမ်း ခေါင်းဆောင်ပြော

Photo: ထိုင်းတွင် ၂၀၁၅ အောက်တိုဘာ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်ပြော
Saturday, June 28, 2014 

ထိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။

ကြားဖြတ်ကာလ အခြေခံဥပဒေ တစ်ရပ်ကို နောက်လထဲတွင် ပြဋ္ဌာန်းမည် ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်တွင် နောက်နှစ်ရွေးကောက်ပွဲကာလအထိ တိုင်အောင် ယာယီကက်ဘိနက် ဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံကို အုပ်ချုပ် သွားလိမ့်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်က မေလ ၂၂ ရက်က အာဏာ သိမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဆူပူအုံကြွမှုများ လပေါင်းများစွာ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံအား ပြန်လည် တည်ငြိမ်လာစေလိုသောကြောင့် အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က အကြောင်းပြခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံအား ‘ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)’ ဟု ခေါ်သော ထိုင်းစစ်အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။

ခန့်အပ် တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့က ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲမည် ဖြစ်ပြီး၊ လာမည့် ထိုင်းရွေးကောက်ပွဲကို ထိုအခြေခံဥပဒေသစ် အောက်တွင် ကျင်းပမည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။

Mizzima - News in Burmese
ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွား မည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။

ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်းမှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးသိန်းဟန်က မဇ္ဈိမကို ပြော သည်။

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ

Photo: ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ
Saturday, June 28, 2014

မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်

မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။

ထိုအရာကား အခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်... အစဉ်အလာ မလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။

မြ၀တီ
မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါ ဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ခရီးသည်တင်ယာဉ်မှ လမ်းဘေးရှိ ယာဉ်(၂)စီးနှင့်လူတို့အားတိုက်မိခဲ့ရာ (၁)ဦးသေ(၁)ဦးဒဏ်ရာရ

၂၇.၆.၂၀၁၄ ရက်နေ့ ၀၈၁၅ အချိန်တွင် သာကေတမြို့နယ်၊ (၇)ဈေးလမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသည့် ၅ခ/---- (၃၄)ယာဉ်လိုင်း၊ မီနီဘတ် ခရီးသည်တင်ယာဉ်သည် (၇)ဈေးရှေ့ အရောက်တွင်လမ်းယာဘက်အစပ်၌ ရပ်ထားသော 2F ---ဘွန်ဂိုလိုက်ထရပ် ကိုယ်ပိုင်ယာဉ်၊1H ---ပရိုဘောက်ခဲရောင်ကိုယ်ပိုင်ယာဉ်၊ ၃၇ယ/--- ဇောင်ရှန်း အမျိုးအစားဆိုင်ကယ်နှင့် တယ်လီဖုန်း တိုင်တို့ကိုတိုက်မိခဲ့ကာ လမ်းစပ်ရှိ သာကေတမြို့နယ်နေ ဦးဖေသိန်း၊(၇၅)နှစ်နှင့်မနော်ပဲပဲဖော၊ (၃၃)နှစ်တို့ကို ဆက်လက်တိုက်မိခဲ့ပြီး ယာဉ်မောင်း မှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ ရက် က ထုတ်ဖော် ပြောကြားလိုက်သည်။

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

ရန်ကုန်၊ မဇ္ဈိမ။              ။ လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်

Photo: ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်
Saturday, June 28, 2014  

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရွန်နစ်၏ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း G3 သည် မြန်မာနိုင်ငံသို့ လာမည့် ဇူလိုင်လ ပထမပတ် အတွင်း ဝင်ရောက်လာမည်ဖြစ်သည်။

အဆိုပါ စမတ်ဖုန်း၏ ဈေးနှုန်းမှာ ငွေကျပ် ၆၅ဝဝဝဝ ဝန်းကျင်မှ ခုနစ်သိန်း နီးပါးအထိ ရှိနိုင်ကြောင်း LG Myanmar မှ သိရသည်။''LG G3 ဟာ ကျွန်တော်တို့ LG အီလက်ထရွန်နစ်မှ အင်ဂျင် နီယာများ၊ ဝန်ထမ်းများ အားလုံးရဲ့ စွမ်းဆောင်ရည် ပြယုဂ် တစ်ခုပါပဲ။ Laser Auto Focus ပါဝင်တဲ့ OIS+ ကင်မရာ၊ 2540×1440 ရုပ်ထွက် အပြည့်အဝရှိ QHD မျက်နှာပြင်မှာ Pixel သိပ်သည်းဆ ကလည်း 538 ppi (pixel perinch) ဖြစ်ပါတယ်။ ဖြုတ်၊ တပ်နိုင်တဲ့ 3000 mAh ဘက်ထရီ၊ မောင်းနှင် အသုံးပြုထားတဲ့ OS က နောက်ဆုံးပေါ် Android OS 4.4.2 (Kit Kat) ဖြစ်တဲ့အပြင် ပရော်ဆက်ဆာ ကလည်း 2.5 GHz Quad-Core သုံးစွဲ ထားကာ Qualcomm မှ ထုတ်လုပ်တဲ့ Snapdragon 801 ၈ဝ၁ ချစ်ပ်ကို တပ်ဆင် သုံးစွဲ ထား တာကြောင့် နေ့စဉ် စမတ်ဖုန်း သုံးစွဲခြင်းနဲ့ အင်တာနက် အသုံးပြုခြင်း တွေမှာ လျင်မြန်တဲ့ နှုန်းနဲ့ သုံးစွဲ နိုင်ပါပြီ'' ဟု LG အီလက်ထရွန်နစ် (မြန်မာ) ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Min Park က ပြောကြား ခဲ့သည်။

G2, G2 Mini, New L Series (L40,L70, L90) နှင့် G flex ဖုန်းစသည့် LG ၏ အသစ်ထွက် ဖုန်းများတွင် သုံးစွဲနိုင်သော စမတ်ဖုန်း လုံခြုံရေး နည်းပညာသစ် “Knock Code” သည်လည်း ယခု G3 ဖုန်းတွင် ပါဝင်လာပြီး G3 ကို အဖြူ၊ အနက်နှင့် ရွှေရောင် အရောင် သုံးမျိုးဖြင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ G3 စမတ် ဖုန်းကို ပွဲထုတ် မိတ်ဆက်ခြင်း (Launching Event) ကိုလည်းလာမည့် ဇူလိုင်လ ပထမပတ် အတွင်းမှာ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၃၁၉ အရ တပ်မတော်သားများအား တရားစီရင်ရာတွင် စစ်ဖက်ဆိုင်ရာတရားရုံးများ၌သာ တရားစီရင်သဖြင့် ပဋိပက္ခများအတွင်း တပ်မတော်သားများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ တရားခံများ ပြစ်ဒဏ်စီရင်ခြင်းမခံရကြောင်းကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွန်ကြားရေး မှူး နော်စူဆန်နာလှလှစိုးက ပြောကြားခဲ့သည်။

ရခိုင်ဒေသခံများ နစ်နာမှုကို ဖြေရှင်ပေးရန် တရုတ်အစိုးရကို ရခိုင်ပါတီပြော

တရုတ်၏ မဟာဗျူဟာ ဒေသဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ နစ်နာမှုကို နည်းလမ်းရှာ ဖြေရှင်းပေးရန် တရုတ်ကွန်မြူနစ်ပါတီကို တင်ပြခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။