Thursday, 15 May 2014

တောင်ကိုရီးယား ရုပ်သံလိုင်းအတွက် ပါဝင် သရုပ်ဆောင်ပေးမယ့် ထားထက်ထက်

Miss Grand Myanmar ထားထက်ထက် ကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ ညီမ ပထမဆုံးရိုက်ကူးမယ့် အက်ရှင်ဗီဒီယိုဇာတ်ကား အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ကျောက်တန်းမြို့နယ် ဥယျာဉ်ကျေးရွာစေတီ ရောင်ပြန်အရိပ် ကျရောက်မှုကြောင့် ဖူးမြော်သူများပြားနေ


ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ် ဥယျာဉ်ကျေးရွာ ရှိ ရွှေဂူ ဘုရားကြီးစေတီ မှ ရောင်ပြန် အရိပ် ကျ ရောက်နေမှုကြောင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများလာရောက်မှုများပြားနေ ကြောင်း သိရသည်။

နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ်အား TNLAနှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ ညအချိန်မတော် ချောင်းမြောင်းပစ်ခတ်

Photo: နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ်အား TNLAနှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ ညအချိန်မတော် ချောင်းမြောင်းပစ်ခတ် 
Thursday, May 15, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအခြေစိုက် နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ်အား မေ ၁၄ ရက် ည ၁၂ နာရီခန့်တွင် TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ လာရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့ ကြောင်း ယင်းတပ်မှ အရာရှိတစ်ဦးထံမှ သိရသည်။

``ည ၁၂ နာရီလောက် တပ်ကို ချောင်းပြီး လာပစ်တာပါ၊ သူတို့ဘက်က လက်နက်ကြီးနဲ့ သုံးချက် လှမ်းပစ် တယ်။ ညဥ့်နက်သန်းခေါင်ဆိုတော့ အားလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်က ချက်ချင်းပြန် ပစ်တာကြောင့် လာတိုက်တဲ့အဖွဲ့က ပြန်ဆုတ်ပြေးသွားပါတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး´´ ဟု အဆိုပါ အရာရှိက ပြောကြားသည်။

ယခုဖြစ်စဉ်သည် နယ်မြေလုံခြုံရေး နယ်မြေရှင်းလင်းရေးသွားစဉ် ထိတွေ့ပစ်ခတ်ခြင်းမျိုးမဟုတ်ဘဲ တပ်ရင်း ဌာနချုပ်အား အဆိုပါအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ညအချိန်မတော် လာရောက်ချောင်းမြောင်းပစ်ခတ်ခြင်း ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းနေသောကာလတွင် နှစ်ဖက်ပစ်ခတ်ခြင်း မပြုရေးကို တပ်မတော်မှ လိုက်နာ နေသော်လည်း ယခုကဲ့သို့ ရန်စတိုက်ခိုက်လာခြင်းမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ထားရှိခဲ့သော ယုံကြည်မှု ပျက်ပြားသွားစေကြောင်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

``တပ်မတော်အနေနဲ့ အင်အားသုံးတိုက်မယ်ဆိုရင် ရတာပဲ၊ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနေတာ ကြောင့် တပ်မတော်ဘက်က စစ်ရှိန်လျော့ထားတာပါ၊ ဒါကို အခွင့်ကောင်းယူပြီး တပ်ရင်းဌာနချုပ်ကို ချောင်းပစ် တာကတော့ လာပြီး ရန်စစိန်ခေါ်တဲ့ သဘောဖြစ်သွားပြီလေ၊ နောက်ဆုံး တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ဒေသခံ တွေပဲ နစ်နာမှာပါ´´ ဟု တာမိုးညဲမြို့ခံ ကျောင်းဆရာတစ်ဦးက ဆိုသည်။

TNLA နှင့် ကိုးကန့်ပူပေါင်းအဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်ရင်းဌာနချုပ်အတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အရာရှိ၊ စစ်သည်မိသာစုများမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသလို လူနေအဆောက်အဦနှင့် ရုံးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း နယ်မြေခံတပ်မှ တပ်ရင်းမှူး က ပြောကြားခဲ့ပါသည်။

Credit To; မိုင်းကျော်စွာ(ကွတ်ခိုင်)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအခြေစိုက် နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ် အား မေ ၁၄ ရက် ည ၁၂ နာရီခန့်တွင် TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ လာရောက်ချောင်းမြောင်း ပစ် ခတ်ခဲ့ ကြောင်း ယင်းတပ်မှ အရာရှိတစ်ဦးထံမှ သိရသည်။

ပင်ပန်းနွမ်းနယ်မှုကို တိုင်းတာနိုင်မယ့် မျက်မှန်

Photo: ပင်ပန်းနွမ်းနယ်မှုကို တိုင်းတာနိုင်မယ့် မျက်မှန်
Thursday, May 15, 2014 

ဂျပန်နိုင်ငံက သုတေသီတွေဟာ မျက်မှန်တပ်ဆင်သူ ဘယ်လောက်ပင်ပန်းနေပြီး အိပ်ချင်နေ တယ်ဆိုတာမျိုးကို တပ်ဆင်သူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီးဖော်ပြနိုင်မယ့် မျက်မှန်တစ်မျိုး ကို တီထွင်လိုက်ပြီ  ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲသူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီး တပ်ဆင်ထားသူ ပင်ပန်းတယ်၊ အိပ်ချင်တယ် ဆိုတာမျိုးကို ဖော်ပြနိုင်မယ့် မျက်မှန်ကို တိုဟိုကို တက္ကသိုလ်က အာရုံကြောသိပံ်္ပဆိုင်ရာပညာရှင် " ရုတာခါဝါရှီမာ " က JIN  စတိုးဆိုင်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
 
မျက်မှန်မှာ တပ်ဆင်ထားတဲ့ အာရုံခံစနစ်က မျက်လုံးအရွေ့မှာဖြစ်ပွားတဲ့ ဗို့အားအပြောင်းအလဲကို မှတ်တမ်း တင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်မှန်တွေဟာ စမတ်ဖုန်းကို တခြားကိရိယာတွေနဲ့ ချိတ်ဆက်ပြီး မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက်နဲ့ ဘယ်လောက်မြန်မြန် မျက်တောင်ခတ် သွားတယ်ဆိုတာမျိုးကိုပါ ဖော်ပြနိုင်တယ်လို့ သိရပါတယ်။ ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်စိတ်ဖြစ်ကို အဆင့်(၃)မျိုးနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ မျက်မှန်တပ်ထားသူဟာ ဆိုင်ကယ်မောင်းသူ ဖြစ်ပါက ပင်ပန်းမှုကြောင့် ဘယ်အချိန်မှာ ဆိုင်ကယ်ရပ်နားရမယ် ဆိုတာမျိုးကို ဂဏန်းတွေနဲ့ ပြသမှာ ဖြစ်ပါတယ်။
 
JIN စတိုးဥက္ကဋ္ဌ " ဟီတိုရှီတာနာကာ " ကတော့ ဒီမျက်မှန်ဟာ ယာဉ်မတော်တဆဖြစ်မှု တွေကို ကာကွယ်နိုင်မယ့်အပြင် အသုံးပြုသူတွေကို အလွန်အမင်း အလုပ်လုပ်တာမျိုးကိုလည်း ထိန်းပေးတာမျိုး လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ဒီမျက်မှန်ကို ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းမှာလည်း အသုံးပြုနေကြပြီဖြစ်တယ်လို့ မစ္စတာ " ဟီတိုရှိ " က ပြောကြားထားပါတယ်။ မျက်မှန်တွေကိုတော့ လာမယ့်နှစ်မှာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါသည်။

MRTV-4
ဂျပန်နိုင်ငံက သုတေသီတွေဟာ မျက်မှန်တပ်ဆင်သူ ဘယ်လောက်ပင်ပန်းနေပြီး အိပ်ချင်နေ တယ်ဆိုတာ မျိုးကို တပ်ဆင်သူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီးဖော်ပြနိုင်မယ့် မျက်မှန်တစ်မျိုး ကို တီထွင်လိုက်ပြီ  ဖြစ် တယ် လို့ သိရပါတယ်။ သုံးစွဲသူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီး တပ်ဆင်ထားသူ ပင်ပန်းတယ်၊ အိပ်ချင်တယ် ဆိုတာမျိုးကို ဖော်ပြနိုင်မယ့် မျက်မှန်ကို တိုဟိုကို တက္ကသိုလ်က အာရုံကြောသိပံ်္ပဆိုင်ရာ ပညာရှင် " ရုတာခါဝါရှီမာ " က JIN  စတိုးဆိုင်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး

Photo: အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး
Thursday, May 15, 2014

မြန်မာနိုင်ငံဟာ ပထမဆုံးအနေနဲ့ အာဆီယံလို့ အတိုကောက်ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့များမှာ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့တယ်။ ပြည်တွင်းရေးမှာ တင်းမာနေမှုတွေကြောင့် အသင်းဝင် ၁၀ နိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်တွေ စုံညီတရားဝင်ဆွေးနွေးကြတဲ့ ဒီအစည်းအဝေး မျက်နှာမပျက် ပြီးသွားပမလားလို့ စိုးရိမ် ပူပင်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် တခါက ဒေသတွင်းမှာ ဘယ်သူမှမကိုင်ချင်တဲ့ ဗြဟ္မာ့ခေါင်းဘဝကနေ လက်ရှိဒေသတွင်း တင်းမာမှု တောင်တရုတ်ပင်လယ်အရေး ကိုင်တွယ်ရတဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ က ပြောင်းလဲနိုင်ခဲ့တာမို့ လက်ရှိသမ္မတ ဦးသိန်းစိန်ဦးစီးနေတဲ့ နေပြည်တော်အစိုးရအတွက် ဂုဏ်ယူတကြီး ဖြစ်စရာပါ။

ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးကို အခြေခံ ထားတဲ့ အာဆီယံအဖွဲ့မှာ လတ်တလော ပြဿနာ ဖြစ်နေတာ တရုတ်နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ရေပိုင်နက်အငြင်းပွားမှုပါ။ နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲမစမီ ရေနံပေါတဲ့ ပါရာဆဲလ်ကျွန်းစုနားမှာ ဗီယက်နမ်သင်္ဘောကို တရုတ်သင်္ဘော ရေပိုက်နဲ့ တွန်းထိုးလွှတ်လိုက်တာ မို့ ဗီယက်နမ်က တရုတ်ကို ကျယ်ကျယ်လောင်လောင်ကန့်ကွက်ခဲ့တယ်။ တနင်္ဂနွေ နေပြည်တော်ရောက် နေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းက “ဒီအစွန်းရောက် အန္တရာယ်များ တဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံ ရေးနဲ့ ပင်လယ်ပြင်လုံခြုံမှုကို တိုက်ရိုက်ခြိမ်းချောက် နေတယ်” လို့ပြောတယ်။ ဒါကို ဗီယက်နမ်အစိုးရက ဗီယက်နမ်သတင်းတွေမှာထည့်တယ်။ ဟနွိုင်းမြို့တော် တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲတွေ ကိုလည်း ခွင့်ပြုခဲ့တယ်။ (နောက်ဆုံးရရှိသော သတင်းများအရ ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေးများ ပြန့်နှံ့လာနေပြီး ဗုဒ္ဓဟူးနေ့ညက ဟိုချီမင်းစီးတီးအနီးရှိ ထိုင်ဝမ်ပိုင်စက်ရုံတရုံတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ဗီယက်နမ် ၅ ဦးနှင့် တရုတ်အလုပ်သမား ၁၆ ဦး သေဆုံးကြောင်း သိရသည်။)

တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖိလစ်ပိုင်ရဲ့ သမ္မတ ဘန်နီနိုအကွီနိုကလည်း နေပြည်တော်ခရီးစဉ်မှာ ရှင်းရှင်းပဲကြေညာ ချက်ထုတ်တယ်။ ဖိလစ်ပိုင်ဟာ မေလအတွင်းက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အငြင်းပွားမှုဆိုင်ရာခုံရုံးမှာ တရုတ်နိုင်ငံကို တရားစွဲခဲ့တယ်။ ဒါ့ကြောင့် “ပိုင်နက်နယ်နမိတ် အငြင်းပွားမှုဖြေရှင်းရာမှာ တရားဥပဒေကို လိုက်နာရမယ်။ စောင့်ထိန်းရမယ်။ ဒါဟာ နိုင်ငံတိုင်းရဲ့ အခွင့်အရေး ကို တလေးတစား အသိအမှတ်ပြုရေးပဲ။ နှစ်နိုင်ငံတည်း ပြောဆိုရတာမျိုးချည်းလည်း ကျနော်တို့ အားမကိုးဘူး။ ဒါက ဒေသတွင်းက တခြားသူတွေကို ထိခိုက်နိုင်တယ်” လို့ ထုတ်ပြန် ကြေညာချက် မှာ အကွီနိုကရေးတယ်။ မကြာခင်ကတင် တားမြစ် ထားတဲ့ လိပ်တွေကိုဖမ်းလို့ တရုတ်တံငါသည် ၁၁ ဦးကို ဖိလစ်ပိုင်ရေတပ်က ဖမ်းထားခဲ့သေးတယ်။ တရုတ်က ဒီဖမ်းဆီးမှုဟာ တရားမဝင်ကြောင်းပြောပြီး အားလုံး ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။

သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးတာက တနင်္ဂနွေ ထိပ်သီးဆွေးနွေး ဝိုင်းမှာ တောင်တရုတ်ပင်လယ်ကိစ္စ ကို အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံက ထုတ်ပြောသတဲ့။ တောင်တရုတ် ပင်လယ်ထဲက ရေပိုင်နက်အငြင်းပွားမှုဟာ အာဆီယံရဲ့ ဒီနှစ်များအတွင်း ဘုံဆုံချက်ဖြစ်လာနေတယ်။ ကမ်းရိုးတန်းနဲ့ မိုင် ၁၀ဝ၀ ကျော်ကွာဝေး ပေမယ့် တရုတ်နိုင်ငံက သူပိုင်ဆိုင်ကြောင်းကြေညာ ထားခဲ့တဲ့ တောင်တရုတ်ပင်လယ်ဟာ ငါးပေါပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများရှိနိုင်တယ်လို့ တွက်ဆ ထားကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ကမ္ဘောဒီးယား ဖနွမ်းပင် ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စစကားများပြီး ကြေညာချက် မထုတ်နိုင်ခဲ့ပါဘူး။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေဟာ တရုတ် အထောက်အပံ့ခံနိုင်ငံတွေမို့ တရုတ်ကို မလွန်ဆန်ဝံ့ဘူးလို့ သတင်းတွေကရေးတယ်။

အခုလည်း နှစ် ၂၀ ကျော် တရားအားထုတ် တရုတ်အားထားခဲ့ရတဲ့ နေပြည်တော်အစိုးရကလည်း ပေါက်ဖော်ကြီး စိတ်ကွက်မခံပါဘူး။ မြစ်ဆုံနဲ့တင် တော်တော် လုံလောက်သွားခဲ့ပါပြီ။ မြန်မာဟာ တောင်တရုတ်ပင်လယ်နဲ့မထိစပ်ပါဘူး။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျလာပေမယ့် မြန်မာရဲ့ နိုင်ငံခြားရင်းနှီးမှု အများဆုံးနဲ့ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ဆဲပါ။ သမ္မတ ဦးသိန်းစိန် ရဲ့ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ် က ဝေါစတြိဂျာနယ် သတင်းစာကို တရုတ်နိုင်ငံဟာ “မိတ်ဆွေကြီး” “အရေးအပါဆုံး ကုန်သွယ်ဘက်”လို့ပြောခဲ့တာမို့ တနင်္လာနေ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်ထဲမှ “တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများကို လွန်စွာစိုးရိမ်မိကြောင်း”လို့သာဖော်ပြပြီး တရုတ်နိုင်ငံကို အမည်မတပ်ခဲ့တာ အံ့ဩစရာတော့မဟုတ်ပါ။

တရုတ်နိုင်ငံကတော့ အဲဒီဒေသဟာ တရုတ် ရေပိုင်နက်အတွင်း လုံးလုံးကျရောက်နေတာဖြစ်တယ်လို့ တနင်္ဂနွေနေ့ကကြေညာပြီး မေလ ၁ ရက် နေ့ကတည်းက စစ်သင်္ဘောတချို့ပါဝင်တဲ့ လုံခြုံရေး အစောင့် အရှောက် သင်္ဘော ၈၀ ကိုချထားပြီး ရေနံ ရှာဖွေရေးကိုစလုပ်တယ်။ အင်္ဂါနေ့မှာ နောက်ဆုံးရတဲ့ သတင်းတွေအရ ဗီယက်နမ် သင်္ဘောတစီးကို တရုတ်သင်္ဘော ၁၅ စီးက ရေပိုက်တွေနဲ့အပြန်အလှန် ထိုးကြကြောင်းသိရတယ်။ တချိန်တည်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွချုံယင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ “ဗီယက်နမ်ဟာ တခြားနိုင်ငံတွေကိုပါတွဲပြီး တရုတ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရည်မှန်းချက် မအောင်မြင်ခဲ့ဘူး” လို့ နေပြည်တော် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို တိုက်ရိုက် မရည်ညွှန်းပဲပြောတယ်။ ဒါပေမယ့် “အာ ဆီယံနဲ့တရုတ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းဖို့ စွမ်းရည်နဲ့ဆုံးဖြတ်ချက်ရှိကြတယ်” လို့တော့ နေပြည်တော် ကြေညာချက်ကို သံတမန်စကားနဲ့ တုံ့ပြန်ပြောပါသေးတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ကအင်အားနဲ့လွှမ်းမိုးဖို့ ကြိုးစားလာမှုကို စိုးရိမ်ကြတဲ့နိုင်ငံတွေကို ထောက်ခံပြီး အမေရိကန်ကလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောလာတယ်။ “အငြင်းပွားရာ ဒေသထဲမှာ သင်္ဘောတွေနဲ့ ခြိမ်းချောက်တာ၊ အန္တရာယ်ကြီးတဲ့ စီမံချက်တွေဖော်ဆောင်တာတွေကို ကျမတို့ပြင်းပြင်း ပြပြ စိုးရိမ်မိပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ပဆာကီ က ဝါရှင်တန် နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တချိန်တည်းမှာ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူက နိုင်ငံခြားရေးဝန်ကြီး ကေရှမ်မူဂန်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့တွေ့ဖို့ ဝါရှင်တန်ရောက်နေတယ်။ ဝန်ကြီး ၂ ဦး မတွေ့ဆုံမီ ဂျွန်ကယ်ရီက ကြေညာချက်ထုတ်ပြန်ရာမှာ တရုတ်ရဲ့ “ပါရာဆယ်လ် ကျွန်းစုကို စိန်ခေါ်လာမှု” ကို အမေရိကန်တို့စိုးရိမ်ကြောင်း ထပ်တလဲလဲဖော်ပြတယ်။ “ကျနော် တို့အားလုံး၊ ပြောရရင် တောင်တရုတ်ပင်လယ် နဲ့ အရှေ့တရုတ် ပင်လယ်ထဲက နိုင်ငံအားလုံးဟာ ဒီရင့်သီးတဲ့ အပြုအမူအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ် ပူပန်နေကြတယ်” လို့ ဂျွန်ကယ်ရီကဆိုတယ်။ “လိုက် နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ဖန်တီးတာ ကျနော်တို့မြင်ချင်တယ်။ တိုက်ရိုက် ထိပ်တိုက်ရင် ဆိုင်ပြီး မောက်မာတဲ့ အပြုအမူတွေအစား ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ၊ တရားခုံရုံး လျှောက်လဲချက်တို့လို မည်သည့်နည်းဖြင့်မဆို ငြိမ်းချမ်းစွာ အဖြေရှာကြ တာကို ကျနော်တို့မြင်ချင်တယ်” လို့လည်း ပြောဆိုတယ်။

အာဆီယံရဲ့ ဘုံရပ်တည်ချက်ကို ထင်ဟပ်ပြီး စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးကလည်း စင်ကာပူ ရေပိုင်နက်ဟာ တောင်တရုတ်ပင်လယ်နဲ့ အနည်း ငယ်သာထိစပ်ပေမယ့် ပင်လယ်မှာ အားလုံးလိုက်နာနိုင်မယ့် စည်းကမ်း ဥပဒေရေးဆွဲဖို့ တရုတ်နဲ့ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး လိုလားတယ်လို့ ဝါရှင်တန်မှာပြောလိုက် တယ်။ စနေနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ် လီလျောင်မင်းတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီသဘောပဲပြောတာပါ။ “တောင်တရုတ်ပင်လယ် အရေးကို ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအရ နိုင်ငံတကာက လက်ခံထားသော စည်းမျဉ်း စည်းကမ်း များအတိုင်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံး လိုက်နာပြီး ယင်းနယ်မြေဧရိယာ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမည့် အင်အားသုံးခြိမ်းခြောက်သည့် အပြုအမူမျိုးမလုပ်ဘဲ ငြိမ်းချမ်းသည့် နည်းလမ်းမျိုး ဖြင့်ဖြေရှင်းရန်” အကြံပြုကြောင်း အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တယ်။

တရုတ်ဘက်က အားလုံးလိုက်နာနိုင်မယ့် စည်း မျဉ်းစည်းကမ်းများ ရေးဆွဲရေးကို သဘောတူ၊ မတူ ဆိုတာ မသေချာသေးပေမယ့် တောင်တရုတ်ပင်လယ် ရေပိုင်နက်ကို ၁၉၄၇ ခုနှစ်တုန်းက ပထမဆုံးအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ မြေပုံကို အခြေပြုထားတယ်။ အဲဒီမြေပုံအရ ဟိုင်နန်ကျွန်းတောင်ပိုင်း မိုင်ရာပေါင်း များစွာဝေးကွာတဲ့ ဘော်နီယိုကျွန်းနားက အီကွေတာ မျဉ်းတွေထိ တရုတ်ကပိုင်တယ်။ အခု တရုတ်နဲ့ ဗီယက်နမ် ပါရာဆယ်လ်ကျွန်းစုတွေကို အငြင်းပွား နေရသလို အခြား အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်တို့လည်း သူတို့ရဲ့ ရေပိုင်နက်ကို တရုတ်နဲ့ အငြင်းပွားနေရတယ်။

ဒီလို တရုတ်ကလုပ်လာလေ ခံရတဲ့နိုင်ငံတွေ အနေနဲ့ အမေရိကန်ကို မျက်နှာသာပေးလေ ဖြစ်ဖို့သာ မြင်တယ်လို့ အာရှရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြကြတယ်။ ဧပြီလတုန်းက သမ္မတအိုဘားမားရဲ့ အာရှခရီးစဉ်မှာ အမေရိကန်ရဲ့ မဟာမိတ် ဂျပန်နဲ့ဖိလစ်ပိုင်နိုင်ငံတို့ကို လုံခြုံရေးကို အာမခံခဲ့ပေမယ့် မဟာမိတ်မတောင့်တင်းဘဲ အမေရိကန်နဲ့လည်း ခပ်ဝေးဝေးဖြစ်နေသေးတဲ့ ဗီယက်နမ်ကို တရုတ်က စနစ်တကျ အနိုင်ကျင့်တာလို့လည်း ဆိုကြတယ်။

လာမယ့်နိုဝင်ဘာလ နေပြည်တော်မှာပဲကျင်းပမယ့် အမေရိကန်သမ္မတရော တရုတ်သမ္မတပါ တက်မယ့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲထိပါ ဒီ တောင်တရုတ်ပင်လယ်အရေးတွေက အရိပ်ထိုးနေ ဦးမှာပါ။ ဝါရှင်တန်ပို့စ် သတင်းစာခေါင်းကြီးတခုကဆို ယူကရိန်းမှာ ရုရှားကပြုမူနေသလို တရုတ်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာလည်းအလားတူပြုမူနေတာကို အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေ လျှော့မတွက်ဖို့ သတိပေးထားတာလည်း ရှိကြောင်းပါ။

ဧရာဝတီ 

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောက ဗီယက်နမ်သင်္ဘောကို ရေပိုက်နှင့် ထိုးနေစဉ် (ဓာတ်ပုံ – Reuters)
အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောက ဗီယက်နမ်သင်္ဘောကို ရေပိုက်နှင့် ထိုးနေစဉ် (ဓာတ်ပုံ – Reuters)မြန်မာနိုင်ငံဟာ ပထမဆုံးအနေနဲ့ အာဆီယံလို့ အတိုကောက်ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့များ မှာ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့တယ်။ ပြည်တွင်းရေးမှာ တင်းမာနေမှုတွေကြောင့် အသင်းဝင် ၁၀ နိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်တွေ စုံညီတရားဝင်ဆွေးနွေးကြတဲ့ ဒီအစည်းအဝေး မျက်နှာမပျက် ပြီးသွား ပ မလား လို့ စိုးရိမ် ပူပင်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် တခါက ဒေသတွင်းမှာ ဘယ်သူမှမကိုင်ချင် တဲ့ ဗြဟ္မာ့ခေါင်းဘဝကနေ လက်ရှိဒေသတွင်း တင်းမာမှု တောင်တရုတ်ပင်လယ်အရေး ကိုင်တွယ်ရတဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ က ပြောင်းလဲနိုင်ခဲ့တာမို့ လက်ရှိသမ္မတ ဦးသိန်းစိန်ဦးစီးနေ တဲ့ နေပြည်တော် အစိုးရအတွက် ဂုဏ်ယူတကြီး ဖြစ်စရာပါ။

အမြန်လမ်းမကြီးသည် အမြန်လမ်းအဆင့်ထိ တည်ဆောက်ရေးလုပ်ငန်းများ မပြီးသေးဟု လမ်းအင်ဂျင်နီယာမှူးကြီးပြော

အမြန်လမ်းမကြီးသည် အမြန်လမ်းအဆင့်အထိ မတည်ဆောက်ရသေးသောကြောင့် ယာဉ်မောင်းများ အနေဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ထားသော စည်းကမ်းချက်များကို လိုက်နာမောင်းနှင်မှသာ အန္တရာယ်ကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း  အမြန်လမ်းဆောက်လုပ်ရေးအင်ဂျင်နီယာမှူးကြီးဦးကြည်ဇော်မြင့် ကပြော သည်။

ရွေးကောက်ပွဲမဲဆွယ် စည်းရုံးခွင့်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲကော်မရှင် ယနေ့ တွေ့ဆုံမည်


ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ် စည်းရုံး ခွင့်ဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင်များ ယနေ့တွေ့ဆုံ ဆွေးနွေးသွား မည် ဖြစ်ကြော င်း နိုင်ငံရေးပါတီများ ထံမှ သိရသည်။ ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် နိုင်ငံရေး ပါတီ ခုနစ်ပါတီ တို့သည် ယမန်နေ့က အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ရုံးချုပ်တွင် အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းညှိနှိုင်းပွဲ တွင် ၂၀၁၅ ခုနှစ် မဲဆွယ် စည်းရုံးခွင့် စည်းကမ်းချက်များ၏ အားသာချက် အားနည်းချက်များအား ဆွေးနွေးခဲ့ကြောင်း အဆိုပါ ညှိနှိုင်းပွဲ မှ သိရသည်။

ဆူဒန်နိုင်ငံမှ ခရစ်ယာန် အမျိုးသမီးတစ်ဦး သူမ၏ ဘာသာသက်ဝင်ယုံကြည်မှုအတွက် သေဒဏ်ချမှတ်ခံရဖွယ်ရှိ

Photo: ဆူဒန်နိုင်ငံမှ ခရစ်ယာန် အမျိုးသမီးတစ်ဦး သူမ၏ ဘာသာသက်ဝင်ယုံကြည်မှုအတွက် သေဒဏ်ချမှတ်ခံရဖွယ်ရှိ
Thursday, May 15, 2014

ဆူဒန်နိုင်ငံမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မနက်ဖြန် နောက်ဆုံးထား၍ သူမယုံကြည်ရာ ဘာသာကို မစွန့်လွှတ်ပါက သေဒဏ်ပေးခံရဖွယ်ရှိသည်ဟု သတင်းများအရ သိရသည်။

မယ်ရီယမ်ယာယာအီဘရာဟင် (၂၇ နှစ်) အား ခါတွမ်းတရားရုံးတွင် လွန်ခဲ့သော ရက်သတ္တပတ်က “ဘာသာကူးပြောင်းခြင်း/ဘာသာစွန့်လွှတ်ခြင်း” ပြစ်မှုဖြင့် အဆိုပါ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ထံမှ သိရသည်။ တရားစီရင်ခြင်းကိုလည်း မူလသတ်မှတ်ရက်ထက် ၁ ရက် စော၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးက သူမအား မွတ်စလင်အဖြစ်ပင် မှတ်ယူသည်။

သူမသည် ခရစ်ယာန်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုထားသော်လည်း အစ္စလာမ်ဘာသာရေးဥပဒေအရ ဘာသာခြားနှင့် ထိမ်းမြားခြင်းသည် မင်္ဂလာအထမြောက်ခြင်း/အကြုံးဝင်ခြင်း မရှိသဖြင့် တရားရုံးက သူမအား ကာမကျုးလွန်မှုဖြင့်လည်း အပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

“အမျိုးသမီးတစ်ဦးကို ဘာသာယုံကြည်မှုကြောင့် သေဒဏ်ပေးတာ၊ ဘာသာခြးတစ်ဦးနဲ့ အိမ်ထောင်ပြုလို့ ကြိမ်ဒဏ်ပေးတာဟာ စက်ဆုပ်စရာကောင်းတယ်”ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဆူဒန်နိုင်ငံဆိုင်ရာ သုတေသီဖြစ်သူ မာနာအိဒရစ် က ပြောသည်။

“သေဒဏ်နဲ့ ပတ်သက်လို့ နိုင်ငံတကာစံအရ သတ်မှတ်ထားတဲ့ အပြစ်ပေးထိုက်တဲ့ ပြစ်မှုတွေနဲ့ ကိုက်ညီဖို့ဆိုတာကို ထားလိုက်ဦး ကာမကျုးလွန်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုတာတွေဟာ ရာဇ၀တ်မှုလို့ သတ်မှတ်ဖို့ကို မသင့်ဘူး၊ ဒါဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာပါပဲ” ဟု ၎င်းက ပြောသည်။

မယ်ရီယမ်သည် ကိုယ်ဝန် ၈ လရှိနေပြီး လက်ရှိတွင် လ ၂၀ သားအရွယ် သားငယ်နှင့် အတူ ထိန်းသိမ်းခံထားရသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကမူ မယ်ရီယမ်အား ယုံကြည်မှုအကျဉ်းသားအဖြစ် သတ်မှတ်သည်။

ကမ္ဘာလုံးဆိုင်ရာခရစ်ယာဉ်များ သွေးစည်းညီညွတ်ရေးအဖွဲ့မှ သိရသည်မှ မယ်ရီယမ်၏ ဖခင်သည် ဆူဒန်နိုင်ငံသားမွတ်စလင်ဖြစ်၍ မိခင်မှာ အီသီယိုးပီးယားနိုင်ငံမှ ရှေးရိုးခရစ်ယာန်ဖြစ်ကြောင်း၊ သူမအသက် ၆နှစ်သမီးအရွယ်တွင် ဖခင်က မိသားစုကို စွန့်ခွာသွားခဲ့ပြီး မိခင်က ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဖခင်သည် မွတ်စလင်ဖြစ်သည့်အတွက် တရားရုံးက မယ်ရီယမ်အားလည်း မွတ်စလင်အဖြစ် မှတ်ယူသည်။

ယခင်က ကိုယ်ဝန်ဆောင်မိခင်များ၊ ရင်ဝယ်ပိုက် ကလေးရှိသည့် မိခင်များအား တရားစီရင်ရာတွင် ရင်သွေးငယ် မိခင်နို့ပြတ်သည်အထိ ဆိုင်းငံ့ထားလေ့ရှိသည်ဟု ကမ္ဘာလုံးဆိုင်ရာခရစ်ယာဉ်များ သွေးစည်းညီညွတ်ရေးအဖွဲ့၏ ပြောခွင့်ရအမျိုးသမီး ကီရီကန်ခွေဒီ က ပြောသည်။

ခါတွမ်းမြို့ရှိ နိုင်ငံခြားသံရုံးများမှ အဆိုပါတရားစီရင်မှုအား ပြောင်းလဲနိုင်ရန် ဆူဒန်နိုင်ငံအစိုးရအား တိုက်တွန်းနေကြသည်။

Source ; CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဆူဒန်နိုင်ငံမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မနက်ဖြန် နောက်ဆုံးထား၍ သူမယုံကြည်ရာ ဘာသာကို မစွန့်လွှတ်ပါက သေဒဏ်ပေးခံရဖွယ်ရှိသည်ဟု သတင်းများအရ သိရသည်။

ရန်ကုန်မြို့တော်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှု မဖြစ်ပွားစေရန် မြစ်ထွက်ပေါက်များကို ချဲ့ထွင် ရှင်းလင်းဟုဆို

Photo: ရန်ကုန်မြို့တော်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှု မဖြစ်ပွားစေရန် မြစ်ထွက်ပေါက်များကို ချဲ့ထွင် ရှင်းလင်းဟုဆို

ရန်ကုန်၊ မေ ၁၄

ရန်ကုန်မြို့တွင်း မြို့နယ်များ၌ မိုးရွာချိန်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှု မဖြစ်ပွားစေဘဲ အချိန်တိုအတွင်း ရေပြန်လည် ကျဆင်းနိုင်ရန် မြစ်အတွင်းသို့ ရေဆိုး စွန့်ထုတ်လျက် ရှိသော မြစ်ထွက်ပေါက် ရေနုတ်မြောင်းကြီးများကို အဓိကထား ရှင်းလင်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဓိက ရေနုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့ကာ ကျဉ်းမြောင်းလာခြင်းကြောင့် မြို့တွင်း မြို့နယ်များတွင် မိုးရွာချိန်နှင့် ဒီရေတက်ချိန်များ၌ အချိန်ကြာမြင့်စွာ ရေတင်နေခြင်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရေမြောင်းတွေကို ပုံမှန် ရှင်းလင်းနေတာလောက်နဲ့ ရေက လွယ်လွယ်ကျမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် မြစ်ထွက်ပေါက်တွေကိုပါ ရှင်းနေသလို၊ လိုအပ်ရင်လည်း ချဲ့ထွင်တာမျိုး လုပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ထမ်း ၅၀၀ ကျော်ဖြင့် မြို့တွင်း ရေမြောင်းများကို လစဉ်  ပုံမှန် ရှင်းလင်းလျက် ရှိသောကြောင့် ယခုနှစ် မိုးရာသီတွင် ရေတင်မှုများ ယခင်နှစ်ထက် လျော့ကျသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန၊ (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

“ရေမြောင်း ရှင်းတာတော့ ဟုတ်ပါတယ်။ ရေတင်တာက တင်တာပဲ၊ ရေပြန်ကျတာ မြန်တယ် ဆိုပေမယ့် သွားရလာရတာ အဆင်မပြေတော့ လုံးဝ ရေမတင်အောင် လုပ်ပေးစေချင်တယ်” ဟု ပန်းပဲတန်းမြို့နယ် ၃၁ လမ်းတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များ၌ မိုးရွာချိန်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှုမဖြစ်ပွားစေဘဲ အချိန်တို အတွင်း ရေ ပြန် လည်ကျဆင်းနိုင်ရန် မြစ်အတွင်းသို့ ရေဆိုးစွန့်ထုတ်လျက်ရှိသော မြစ်ထွက်ပေါ က် ရေနု တ်မြောင်းကြီးများကို အဓိကထားရှင်းလင်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာေ ရး ကော် မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။

အဝေးသင်တက္ကသိုလ် အဖြေလွှာ စာစဉ်များကို ဝန်ထမ်းများ အငှားဖြေဆိုပေးပါက အရေးယူမည်

Photo: အဝေးသင်တက္ကသိုလ် အဖြေလွှာ စာစဉ်များကို ဝန်ထမ်းများ အငှားဖြေဆိုပေးပါက အရေးယူမည်

ရန်ကုန်၊ မေ ၁၄

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု စစ်ဆေးသော အဖြေလွှာ စာစဉ် (Assignment) ကို အငှားဖြေဆိုပေးသည့် ဝန်ထမ်းများ စစ်ဆေးတွေ့ရှိ ပါက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။

သက်ဆိုင်ရာ တက္ကသိုလ်ဝန်ထမ်း များကိုလည်း အဖြေလွှာစာစဉ်ကို ကိုယ်စားဖြေဆိုခြင်း မပြုရန် တင်းကျပ် ထားပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ဖြေဆိုရန် လမ်းညွှန်စာအုပ် များတွင်လည်း စာစဉ်ရေးသားပုံ နည်းလမ်းများ ထည့်သွင်းပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သို့သော် အဝေးသင် ကျောင်းဖွင့်စဉ် ကာလတွင် စာစဉ်တစ်စောင်လျှင် ကျပ်ရှစ်ထောင်မှ တစ်သောင်းကြားအထိ အငှားဖြေဆိုသူများထံ ပေးနေရသေးကြောင်း တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“အခကြေးငွေနဲ့ စာစဉ် (Assignment) ကို ရေးပေးတယ်ဆိုတာ ဝမ်းစာအတွက် ဆိုပေမယ့် နိုင်ငံရဲ့ပညာရေးကို ဖျက်ဆီးတာပဲ” ဟု ဒေါက်တာလှတင့်က အကြံပြု ပြောဆိုသည်။

ယင်းအပြင် အဝေးသင် စာစဉ်များအတွက် အဆင်သင့်ဖြေဆိုပြီး စာအုပ်များကို ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချလျက်ရှိပြီး အဆိုပါစာအုပ် ရောင်းချသူများကို အရေးယူရန် မစီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

အဝေးသင် စာမေးပွဲများတွင် အမှတ်ပေးစနစ်များကို တင်းကျပ်လိုက်သည့်အတွက် စာစဉ်များကို ကိုယ်တိုင် လေ့လာထားမှသာ စာမေးပွဲ အောင်မြင်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း၊ အဝေးသင် ပညာရေးတွင် သင်ကြားချိန် လိုအပ်ချက်ကြောင့် အချိန်မရွေး သင်ယူနိုင်ရန် သင်ခန်းစာအခွေများ ရောင်းချလျက် ရှိကြောင်း ဒေါက်တာလှတင့်က ပြောကြားသည်။

“Assignment ဖြေတာက အချိန်လည်းရတယ်။ အသင့်ဖြေပြီးသား စာအုပ်တွေကလည်း တစ်ထောင်နဲ့ ဝယ်လို့ရနေတော့ ကူးရေးရုံပဲလေ။ ပွဲစားနဲ့ ရေးခိုင်းတဲ့သူတွေတော့ ရှိတယ်” ဟု ရန်ကုန် အဝေးသင်တက္ကသိုလ် ရူပဗေဒ ဒုတိယ နှစ်ကျောင်းသားတစ်ဦးက ပြောဆိုသည်။

စာစဉ် အငှားဖြေဆိုသည့်စနစ် ဖြစ်ပေါ်လာခြင်းသည် ပညာရေးမူဝါဒ အားနည်းချက်များကြောင့် ဖြစ်သည့်အတွက် ယင်းမူဝါဒများကို ပြင်ဆင်ရေးဆွဲရန် အရေးကြီးကြောင်း မန္တလေး တက္ကသိုလ်မှ လက်ထောက ကထိကတစ်ဦးက ထောက်ပြ ပြောဆိုသည်။

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တွင် ဌာနခွဲ ၃၅ ခုရှိပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းနီးပါး ဝင်ခွင့်လက်ခံလျက် ရှိသည်။
ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု စစ်ဆေးသော အဖြေလွှာ စာစဉ် (Assignment) ကို အငှားဖြေဆိုပေးသည့် ဝန်ထမ်းများ စစ်ဆေးတွေ့ရှိ ပါက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။

ကိုလံဘတ်စ်၏ သင်္ဘောဟု ယူဆရသော သင်္ဘောပျက် တစ်ခု ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိ

Photo: ကိုလံဘတ်စ်၏ သင်္ဘောဟု ယူဆရသော သင်္ဘောပျက် တစ်ခု ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိ
Thursday, May 15, 2014

နယ်မြေသစ် ရှာဖွေသူ တစ်ဦးဖြစ်သော ခရစ္စတိုဖာ ကိုလံဘတ်စ်သည် 
(Santa Maria) ဆန်တာမာရီရာ အမည်ရှိ ၎င်း၏ သင်္ဘောကို ကာရစ်ဘီယံ ပင်လယ်တွင် စွန့်ပစ်ခဲ့ပြီးနောက် နှစ်ပေါင်း ၅ဝဝ ကျော် အကြာတွင် ၎င်းသင်္ဘောဟု ယူဆရသော သင်္ဘောပျက်ကြီးကို ဟေတီနိုင်ငံ မြောက်ဘက် ကမ်းလွန်၌ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရေအောက် ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

ကိုလံဘတ်စ်၏ ဆန်တာမာရီရာ သင်္ဘောပျက်ကြီးဟု ယူဆရခြင်းမှာ ရေအောက် ပထဝီဝင် မြေမျက်နှာ သွင်ပြင်နှင့် ရှေးဟောင်း သုတေသနဆိုင်ရာ သက်သေ အထောက်အထားများကို ခိုင်ခိုင်မာမာ ရရှိထားခြင်း ကြောင့်ဖြစ်ကြောင်း မကြာမီက စူးစမ်း လေ့လာမှုများကို လုပ်ဆောင်ခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သူ ဘာရီကလစ်ဖို့ဒ်က Independent သတင်းဌာနကို ပြောကြားခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် ကလစ်ဖို့ဒ် ဦးဆောင်သော စူးစမ်း လေ့လာရေး အဖွဲ့သည် သင်္ဘောပျက်ကြီးကို တွေ့ရှိ၍ ၎င်းသင်္ဘောပျက်ကို ဓာတ်ပုံများ ရိုက်ယူခဲ့ပြီးနောက် ဖြစ်နိုင်ခြေရှိသော ဆန်တာမာရီရာ သင်္ဘောပျက် ရှာဖွေ မှုကို ဆယ်စုနှစ် တစ်ခုကျော်ကြာ လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် အသေးစိတ် အချက်အလက်များကို အတိအကျ မသိရှိသေးပေ။

ထို့ကြောင့် ဟေတီနိုင်ငံ မြောက်ဘက် ကမ်းလွန်ရှိ ပင်လယ် ရေအောက်ကြမ်းပြင်မှ သင်္ဘောပျက် ၄ဝဝ ကျော်ကို ရေအောက် ရှေးဟောင်း သုတေသန ပညာရှင်အဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်္ဘောပျက် ရှာဖွေရေး အစီအစဉ်တွင် ဟေတီ အစိုးရအဖွဲ့က ၎င်း အဖွဲ့ကို အကူအညီများ ပေးအပ်လျက် ရှိကြောင်း ကလစ်ဖို့ဒ် က ပြော ကြား ခဲ့သည်။ 

မြ၀တီ
နယ်မြေသစ် ရှာဖွေသူ တစ်ဦးဖြစ်သော ခရစ္စတိုဖာ ကိုလံဘတ်စ်သည် (Santa Maria) ဆန်တာ မာရီရာ အမည် ရှိ ၎င်း၏ သင်္ဘောကို ကာရစ်ဘီယံ ပင်လယ်တွင် စွန့်ပစ်ခဲ့ပြီးနောက် နှစ်ပေါင်း ၅ဝဝ ကျော် အကြာ တွင် ၎င်းသင်္ဘောဟု ယူဆရသော သင်္ဘောပျက်ကြီးကို ဟေတီနိုင်ငံ မြောက်ဘက် ကမ်းလွန်၌ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ရေအောက် ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

နစ်မြုပ်သွားသော ကူးတို့ယာဉ်ကို စွန့်ခွာခြင်းမှာ အမိန့်ပေးချက် အရ ဖြစ်ကြောင်း ကူးတို့ယာဉ် အမှုထမ်း တစ်ဦး ပြောကြား

Photo: နစ်မြုပ်သွားသော ကူးတို့ယာဉ်ကို စွန့်ခွာခြင်းမှာ အမိန့်ပေးချက်အရ ဖြစ်ကြောင်း ကူးတို့ယာဉ် အမှုထမ်း တစ်ဦး ပြောကြား

ဆိုးလ်  မေ  ၁၄

တောင်ကိုရီးယား နိုင်ငံတွင် လွန်ခဲ့သည့် လအတွင်းက နစ်မြုပ်ခဲ့သော ကူးတို့ယာဉ်ပေါ်တွင် လိုက်ပါ လာသော အမှုထမ်းများသည်

အမိန့်ပေးချက် အရ အဆိုပါ ကူးတို့ယာဉ်မှ စွန့်ခွာခဲ့ခြင်း ဖြစ်ကြောင်း ၎င်း ကူးတို့ယာဉ်မှ အမှုထမ်း တစ်ဦးက မေ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

Sewol အမည်ရှိ အဆိုပါ ကူးတို့ယာဉ်သည် တန် ၇ဝဝဝ နီးပါး အလေးချိန်ရှိပြီး ဆိုးလ်မြို့အနီးရှိ အင်ချွန်း ဆိပ်ကမ်းမှ တောင်ဘက် ဂျေဂျူးကျွန်းသို့ ထွက်ခွာစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နစ်မြုပ်ရ ခြင်းမှာ အမှုထမ်းများ၏ မှားယွင်းမှု သို့မဟုတ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ အမှုကို တိတိကျကျ သိရှိစေရန် အစိုးရက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည် ၃ဝဝ ကျော် လိုက်ပါသွားပြီး ၎င်းတို့အနက် အများစုမှာ ကျောင်းသားများနှင့် ဆရာများ ဖြစ်ကြောင်း၊ ကူးတို့ယာဉ် စတင် နစ်မြုပ်စဉ်တွင် ကလေးငယ်များကို အခန်းငယ်များ အတွင်း နေထိုင်ကြရန် အမှုထမ်းများက ပြောကြားခဲ့ကြောင်း အမည် မဖော်လိုသူ အမှုထမ်း တစ်ဦးက တရားရုံးမှ အပြန်လမ်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သိရသည်။
တောင်ကိုရီးယား နိုင်ငံတွင် လွန်ခဲ့သည့်လအတွင်းက နစ်မြုပ်ခဲ့သော ကူးတို့ယာဉ်ပေါ်တွင် လိုက်ပါ လာသော အမှုထမ်းများသည် အမိန့်ပေးချက်အရ အဆိုပါကူးတို့ယာဉ်မှ စွန့်ခွာခဲ့ခြင်း ဖြစ်ကြောင်း ၎င်း ကူးတို့ ယာဉ်မှ အမှုထမ်း တစ်ဦးက မေ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်မည်

Photo: လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်မည်
Thursday, May 15, 2014

ဖိလစ်ပိုင်နိုင်ငံမှ FASTLINK  AVIATION TRAINING SCHOOL လေ ယာဉ်မောင်းသင်တန်းနှင့် SKYRARD (Myanmar) တို့မှ တရားဝင်ပူးပေါင်း ကာ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation English) နှင့် မြေပြင်သင်တန်းအတွက် အကြိုဘာသာရပ် (Ground School bridfing) ကို စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်းသင်တန်း ကာလမှာ ၁၃ လကြာမြင့်မည် ဖြစ်သည်။ လက်တွေ့ပျံသန်းမှုနှင့် မြေပြင် သင်တန်းများကိုလည်း ဖိလစ်ပိုင်နိုင်ငံရှိ FASTLINK လေယာဉ်မောင်း သင်တန်းကျောင်းတွင် ဆက်လက်သင်ကြားရမည်ဖြစ်ပြီး သင်တန်းကို အသက် ၁၆ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး မည်သူမဆို၊ မျက်မှန် တပ်ဆင်သူ၊ မတပ်ဆင်သူ မည်သူမဆို တက်ရောက်နိုင်မည်ဟု သိရသည်။ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက PPL (ကိုယ်ပိုင်လေယာဉ်မောင်းလိုင်စင်)၊ CPL (ခရီးသည်တင် ယာဉ်မောင်းလိုင်စင်)၊ IR (ဒိုင်ခွက်ကြည့် ပျံသန်းခြင်း)၊ ME (အင်ဂျင်နှစ်လုံးတပ် လေယာဉ်ပျံသန်းခြင်း) များ တတ်မြောက်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပြီးလျင်လည်း ပျံသန်းချိန် နာရီ ၂၀၀ ရရှိ နိုင်မည်ဟု သိရသည်။
 
သင်တန်းကြေးမှာ မန္တလေးတွင် နေထိုင်စားသောက်စရိတ်၊ ဖိလစ်ပိုင်သို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဖိလစ်ပိုင်တွင် VISA သက်တမ်းတိုးခြင်းနှင့် နေထိုင်စားသောက်စရိတ်၊ စာရွက်စာတမ်း၊ လိုင်စင်၊ စာမေးပွဲစရိတ်များ၊ သင်တန်းနှင့် မိမိနေထိုင်ရာ အကြို အပို့ အစီအစဉ်များ အလုံးစုံပါဝင်ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း ငါးထောင်တိတိ ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။ အသေးစိတ် အချက်အလက်များကို (မန္တလေး) ဖုန်း ၀၉-၆၅၀၃၀၄၈၊ ၀၉-၄၂၈၀၃၃၀၆၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
 
Internet Journal
ဖိလစ်ပိုင်နိုင်ငံမှ FASTLINK  AVIATION TRAINING SCHOOL လေ ယာဉ်မောင်းသင်တန်းနှင့် SKYRARD (Myanmar) တို့မှ တရားဝင်ပူးပေါင်း ကာ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation English) နှင့် မြေပြင်သင်တန်းအတွက် အကြိုဘာသာရပ် (Ground School bridfing) ကို စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်း မဝယ်မီ အညွှန်းဖတ်ရန် စားသုံးသူသမဂ္ဂ တိုက်တွန်း

စားသုံးသူ အခွင့်အရေးကို ထိရောက်စွာ ဖော်ထုတ်နိုင်ရန်နှင့် လုပ်ငန်းရှင်များ အနေနှင့် မိမိတို့ ထုတ်ကုန်ကို တာဝန်ယူမှု ရှိစေရန် ရည်ရွယ်၍ စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ ကုန်ပစ္စည်း အညွှန်းများကို ဖတ်ရန် မြန်မာ့စားသုံးသူသမဂ္ဂ ဥက္ကဋ္ဌ ဦးရန်လင်းက တိုက်တွန်း ပြောကြားသည်။
စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ အညွှန်းများကို ဦးစွာ ဖတ်သင့်ပြီး ဝယ်ပြီးပါကလည်း အညွှန်းတွင် ဖော်ပြထားသည့် အချက်အလက်နှင့် ကုန်ပစ္စည်း ညီညွတ်မှု မရှိပါက စားသုံးသူ ကာကွယ်ရေး အသင်းများနှင့် ဗဟိုအစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ အသိပေး တိုင်ကြားလိုသည်ဟု ၎င်းကဆိုသည်။ 

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော် သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

Photo: ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော် သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို
Thursday, May 15, 2014

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

The Voice Weekly
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်း တိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း

ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီးအတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန် အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆွေးနွေးမည်

အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ အကြားတွင် အမျိုးသမီးဆိုင်ရာ အခွင့်အရေး ထိပါးသည်ဟု ဆိုကာ လက်မခံသည့် လူမှုအဖွဲ့အစည်းများ အားလုံးနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေး မြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ တာဝန်ခံဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကာလ တိုးမြှင့်ပေးရန် နိုင်ငံရေး ပါတီများ တောင်းဆိုမည်

လာမည့် ပွင့်လင်းရာသီတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားသော ကြားဖြ တ်ရွေးကောက် ပွဲတွင် မဲဆွယ်စည်းရုံးခွင့် ကာလကို တိုးမြှင့်ပေးရန်အတွက် နိုင်ငံရေးပါတီများ က ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဝင်များ က ပြောကြားသည်။

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွားလမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ

Photo: တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ
Thursday, May 15, 2014

ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်း ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ်မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှု စတင်ဖြစ်ပွားသည့် အချိန်တွင် ကျောက်မီးသွေးတွင်း အတွင်း၌ လူ ၇၈၇ ဦး ရှိနေခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အချိန်တိုအတွင်း အလျင်အမြန် မြင့်တက်လာခဲ့ကာ တူရကီ အစိုးရကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်မလုံလောက်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားထားသဖြင့် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသေးသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အခြေအနေတွင် ကျရောက်လျက် ရှိသည်။

တာဝန်ရှိသူများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့သော်လည်း လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ ဖြစ်ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများထဲမှ ၈၀ ခန့်မှာ ဒဏ်ရာရရှိထားကာ ၎င်းတို့ထဲမှ လေးဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

“သေဆုံးသူ အရေအတွက် ထပ်ပြီး မြင့်တက်လာမှာကို ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ သူတွေထဲမှာ ဒဏ်ရာရထားတဲ့သူတွေ ပါနေလို့ပါ” လို့ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွားသော ကျောက်မီးသွေးတွင်းမှာ ဆိုမာကိုမာဟု အမည်ရသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် မိုင်းတွင်းဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်မီးသွေးတွင်း လုပ်သားများ၏ မိသားစုဝင် များစွာသည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းအနီးတွင် စုဝေးပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများကို စောင့်ဆိုင်းလျက် ရှိသည်။

“ကျွန်မသားကို နေ့ခင်းကတည်းက စောင့်နေတာပါ။ ခုချိန်ထိ သူ့အကြောင်း ဘာမှ မကြားရသေးပါဘူး” ဟု ကျောက်မီးသွေးတွင်း လုပ်သားတစ်ဦး၏ မိခင်ဖြစ်သူ ဆီနာအစ္စဘယ်လာက ပြောကြားသည်။

ပျောက်ဆုံးနေသေးသော မိုင်းလုပ်သားများ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ အာရမ်အန်ဇာကလည်း သူ့အနေနှင့် ယခင်ကလည်း လုပ်ငန်းခွင် အန္တရာယ်ကြောင့် သူငယ်ချင်းများ ဆုံးရှုံးခဲ့ရဖူးသော်လည်း ယခုလောက် ကြီးမားသည့် ဆုံးရှုံးမှုမျိုးနှင့် တစ်ခါမျှ ရင်မဆိုင်ဖူးကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မီးသတ်အရာရှိများသည် မြေအောက် နှစ်မိုင်ခန့်တွင် ပိတ်မိနေသူများနှင့် ကျောက်မီးသွေးတွင်း ဝင်ပေါက်မှ လေးမိုင်ခန့်တွင် ပိတ်မိနေသူများထံ လေကောင်းလေသန့်များ ပို့လွှတ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆိုမာကိုမာ ကုမ္ပဏီကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းမှာ လုံခြုံရေး အစီအမံများ အမြင့်ဆုံးအဆင့် ဆောင်ရွက်ထားသော မိုင်းတွင်းဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ လုပ်သားအချို့ဟာ ဒီကြေကွဲစရာ မတော်တဆ ဖြစ်ရပ်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လုံခြုံရေး အစီအမံတွေနဲ့ စစ်ဆေးမှုတွေ အမြင့်ဆုံး လုပ်ဆောင်နေတဲ့ကြားက အခုလို မတော်တဆမှု ဖြစ်သွားခဲ့ရတာပါ။ ဒါပေမဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို ကျွန်တော်တို့ အချိန်မဆိုင်းဘဲ လုပ်ဆောင်ခဲ့ပါတယ်” ဟုလည်း အဆိုပါ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

သို့ရာတွင် အလုပ်သမားနှင့် လူမှုလုံခြုံရေး ဝန်ကြီးကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းကို မတ်လ ၁၇ ရက်နေ့က စစ်ဆေးပြီးနောက်ပိုင်း ထပ်မံ စစ်ဆေးထားခြင်း မရှိကြောင်းနှင့် လုံခြုံရေး အစီအမံများမှာလည်း ပေါ့လျော့လွန်းကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မိုင်းလုပ်သားတစ်ဦး ဖြစ်သူ အုတ်ခ်တေးဘာရင်ကလည်း ထိုမိုင်းတွင်းတွင် အလုပ်သမားအတွက် မည်သည့် ဘေးကင်းလုံခြုံရေး အစီအမံမျှ လုပ်ဆောင်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။

တူရကီနိုင်ငံ၏ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲမှုမှာ ၁၉၉၂ ခုနှစ်က ဇွန်ဂူဒက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပြီး အလုပ်သမား ၂၇၆ ဦးခန့် သေဆုံးခဲ့သည်။

The Voice Weekly
ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်း ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု တွင် သေ ဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ် မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။