Tuesday, 29 April 2014

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး

Photo: ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး 
Tuesday, April 29, 2014

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရ
ကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင်
ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

သန်းခေါင်စာရင်းပုံစံစာရွက်မှာ အခြားလူမျိုးအမည်ကို ကိုယ်စားပြုတဲ့ ကုဒ်နံပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ် မှာ မိမိတို့ရဲ့ လူမျိုးအမည်ကို လွတ်လပ်စွာရေးသား ခွင့်ပြုထားပေမဲ့၊ အဲဒီကွက်လပ်နေရာမှာ ရိုဟင်ဂျာ လို့ ရေးသား ခွင့် မပြုဖို့ ရခိုင်တိုင်းရင်းသားတွေဘက်က သပိတ်မှောက် ကန့်ကွက်
ခဲ့ကြတာကြောင့် အစိုးရက ရိုဟင်ဂျာ အဖြစ် ထည့်သွင်းကောက်ခံလိုသူတွေကို 
ချန်လှပ် ထားခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောအပါအဝင် တချို့နေရာတွေမှာ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအဖြစ် ထည့်သွင်းလို သူ တွေကို စာရင်းမကောက်ခံပဲ ချန်လှပ်ထား
ခဲ့ရပါတယ်။ ဒါကြောင့် ချန်လှပ် ထားခဲ့ရတဲ့ မူဆလင်တွေကို ကုဒ်နံ ပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ်မှာ ဘာတစ်ခုမှ မရေးသွင်းဘဲ ကွက်လပ်အတိုင်း ထားပြီး ဆွေးနွေးမှုအပေါ် မွတ်စလင်တွေဘက်က မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံမယ်ဆိုရင် မွတ်စလင်တွေအတွက် သန်ခေါင် စာရင်းကို ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"မနေ့က လ.ဝ.က ဒုဝန်ကြီးလာပြီးတော့ ဘူးသီးတောင်၊မောင်တောမှာ ဆွေးနွေးတယ် ၊ဆွေးနွေးတယ် ဆိုတော့ သူတို့က အစိုးရလည်း ဘင်္ဂါလီလို့ ထည့်မယ်ဆိုတဲ့အခါကျတော့လည်း သူတို့က မဟုတ်ဘူးပေါ့ ၊တခါ ရိုဟင်ဂျာဆိုတာလည်း ငါရိုဟင်ဂျာဆိုတာလည်း ဘယ်ကဆင်းလာတာလည်း
ဆိုတာ တချို့လူတွေ ကမသိဘူး၊ အခုနောက်လ ၅ ရက်နေ့ကိုကောက်ဖို့ စီစဉ်နေတယ်၊ ဘယ်လိုကောက်မလဲတော့ အဖြေတစ်ခုတော့ထွက်လာပါမယ်"

ဒါပေမယ့် မွတ်စလင်အချို့က ဘင်္ဂါလီလူမျိုးအဖြစ် စာရင်းပေးသွင်းခဲ့တာတွေ
ရှိသလို၊ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်း မှာလည်း ဘင်္ဂါလီလူမျိုးအမည်နဲ့ စာရင်းလာသွင်းသူ ၆ဝဝဝ ကျော်ရှိတယ်လို့လည်း ဗဟိုသန်ခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်း မသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြ ည်ေ ထာ င်စု အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင် ခေါင်းဆော င်တွေ တွေ့ ဆုံဆွေးနွေးခဲ့ ကြပါတယ်။

ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံ ဥပဒေဖြစ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အသက်

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ကြီးပြင်းခွင့်ရခဲ့သည်မှာ အသက် (၆၀) ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ အတွေ့အကြုံပေါင်းများစွာကိုလည်း ရရှိခဲ့ဖူးပြီဖြစ်ပါ သည်။ ကျောင်းသား ဘ၀ကနေ ၀န်ထမ်း၊ ၀န်ထမ်းဘ၀ကနေ အငြိမ်းစားယူ ၊ အငြိမ်းစားယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်း ကြီးပွားချမ်းသာ ချင်သောစိတ်ထက် သေဖို့ရက်ကို စောင့်ရနေရပြီဟူသော အသိစိတ်ပြောင်းလဲလာခဲ့သည်။ သို့သော် ရှိနေသော စည်းစိမ်ဥစ္စာတွေကို တည်မြဲတိုးပွားရန်နှင့် သားသမီးများအား အမွေအဖြစ် ခွဲဝေပေးချင်သော စိတ်ကလည်း ရှိနေဆဲဖြစ်ပါ၏။ စီးပွားဥစ္စာရှာရင်း တစ်ဖက်ကလည်း နောင်သံသရာ အတွက် အလှူဒါနပြုကာ ဘာဝနာပွားများ လိုသောအလေ့အကျင့်လည်း ရှိနေပါပြီ။

အာဆီယံစံနှုန်းမီ မူကြိုကျောင်း(၁၈)ကျောင်း တည်ဆောက်မည်

Photo: အာဆီယံစံနှုန်းမီ မူကြိုကျောင်း(၁၈)ကျောင်း တည်ဆောက်မည် (28.4.14)
Tuesday, April 29, 2014

မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုတွင်အာဆီယံစံနှုန်းနှင့် ကိုက်ညီသောကျောင်းအခြေပြု မူကြိုကျောင်း(၁၈)ကျောင်းကိုတည်ဆောက် သွားရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ကျောင်းအခြေပြုမူကြို အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှ သိရသည။ 

တစ်နိုင်ငံလုံးမြိုရွာများတွင် ယခုလိုမူကြိုကျောင်းများဖွင့်လှစ်နိုင်
ရန်အတွက်ပဏာမအနေနှင့် တည်ဆောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရှိရပြီးမူကြိုဆိုတာကျောင်းသား ကလေးများအတွက်အဓိကအရေးကြီးသောအခြေခံကျောင်းဖြစ်ပြီး

မူကြိုကျောင်းများကို အာဆီယံနိုင်ငံများ၏ စံနှုန်းနှင့် ကိုက်ညီလာအောင် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် မူကြိုကျောင်းတွင် ကလေးများကျောင်းတက်ချင်စိတ် ရှိလာရန်နှင့် ယခုလိုမူကြိုများက အရည်အချင်းပြည့်ဝသော အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်လာအောင်
ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်ဟု ရန်ကုန်ပညာရေးကောလိပ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်မျိုးမြင့်ကြူက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

SkyNet TV Browser
မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုတွင်အာဆီယံစံနှုန်းနှင့် ကိုက်ညီသောကျောင်း အခြေ ပြု မူ ကြိုကျောင်း (၁၈)ကျောင်းကိုတည်ဆောက် သွားရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည် ဟု ကျောင်း အခြေပြုမူကြို အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှ သိရသည်။

ဟင်္သာတတွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ တစ်ရာခန့် ပြိုကျပျက်စီး


ဟင်္သာတမြို့နယ်ရှိ ခြင်ဘို့ ကျေးရွာအုပ်စုတွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ခတ်ခဲ့ သည့် လေပြင်းဒဏ်ကြောင့် မိနစ် သုံးဆယ်ခန့်အတွင်း ကျေးရွာ ရှစ်ရွာမှ အိမ်ခြေ တစ်ရာခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Photo: သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း
Tuesday, April 29, 2014

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်းကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

ထို့အတူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ရေနံတောင် ကျေးရွာသို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာသို့ သောက်သုံးရေ ၁၁ဝဝ ဂါလန်နှင့် မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်သို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာသို့ သောက်သုံးရေ ၇၄ဝ ဂါလန်၊ အမ်းမြို့နယ် ကြောင်ဖြူကွင်း ကျေးရွာသို့ သောက်သုံးရေ ၂၁ဝဝ ဂါလန် စုစုပေါင်း သောက်သုံးရေ ၆၉၄ဝ ဂါလန်အား လည်းကောင်း၊

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် ဘောင်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ရေတာရှည်မြို့နယ် စိမ့်ဝိုင်း ကျေးရွာ၊ အုတ်တွင်းမြို့နယ် တောက်တဲ့ကျေးရွာများသို့ သောက်သုံးရေ ၆၅ဝဝ ဂါလန်အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ တပ်မတော်သားများက ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်း ကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အစိုးရကို ထိန်းကျောင်းမည့် ကော်မတီများ ဖွဲ့စည်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထိန်းကျောင်းရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း ပြီး ကော်မတီ ဖွဲ့စည်းခြင်း အဆိုကို အုပ်ချုပ်ရေး အဖွဲ့အစည်းဝင်က ကန့်ကွက်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက ပြောကြားသည်။

မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား

Photo: မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား
Tuesday, April 29, 2014

ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မရှိစေရန် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
“ဓာတ်အားကြိုး လဲလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် မီးအား လျော့ကျခြင်းများလည်း ရှိနေဦးမည် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှာ တိုးမြှင့်လာသော မီတာခများကို ပေးဆောင်ရမည် ဖြစ်သော်လည်း အစိုးရအနေနှင့် ဝန်ဆောင်မှုပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ပြောကြားသည်။
“မိုးရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် ဓာတ်အား တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မီတာခ တိုးမြှင့် ပေးဆောင်ရသော်လည်း မီးပြတ်တောက်မှုများ ရှိနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အဓိက ထိခိုက်နစ်နာမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လုပ်ရတာဗျ။ မီတာခက တက်တာ ပေးလို့ရတယ်။ အရင်လိုပဲ မီးကို မှန်မှန်မလာ၊ လာပြန်တော့လည်း မီးအားလျော့ ဆိုရင်တော့ တွက်ခြေမကိုက်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံး လျှပ်စစ်မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး ယူနစ် တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက တစ်ယူနစ် ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ်အထိ လည်းကောင်း အသီးသီး တိုးမြှင့် ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၈၅၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက် ရှိသော်လည်း ယခုနှစ်တွင် ၅၀ မဂ္ဂါဝပ် တိုးမြှင့် ပြီး ၉၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly
ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

လေးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန် လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်

Photo: လးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန် လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်
Tuesday, April 29, 2014

 မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၄ နှစ်ဆန်း   ဇန်န၀ါရီ မှစ၍ ဧပြီ ၂၇ ရက်အထိ ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူ ၂၄၉ဦးရှိခဲ့ကာ ယာဉ်တိုက်မှုပေါင်း ၁၆၁မှုအထိ ဖြစ်ပွားခဲ့သည့်အနက် ယခုဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၃၃ဦးအထိ ရှိခဲ့သည်။

‘‘ယာဉ်မောင်းတွေက မဆင် မခြင်ပြီး မောင်းလို့ဖြစ်တာများ တယ်။  သင်္ကြန်တွင်းဆိုတော့ ယာဉ်တိုက်မှုပိုများသွားတာပေါ့။ ကားအရှိန်လွန်ပြီး မောင်းတာ တွေလည်း ပါတယ်။ လမ်းပေါ်မှာ တစ်နေ့ကို ကားအစီးရေ ငါး ထောင်၊ ခြောက်ထောင်လောက် သွားနေတာ။ ယာဉ်တိုက်မှုဖြစ် တာ အိမ်စီးကားက ပိုဖြစ်တာများ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်အတွင်းဖြစ်ပွားခဲ့ သည့် ယာဉ်တိုက်မှုများအနက် ဧပြီ ၁၂ ရက်က မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ဖြစ်ပွားခဲ့သည့် တောင်ပြာတန်းခရီးသည်တင် ယာဉ်နှင့် အိမ်စီးယာဉ် နှစ်စီးတိုက် မိခဲ့သည့် ယာဉ်တိုက်မှုမှာ အပြင်း ထန်ဆုံးဖြစ်ပွားခဲ့သည်။ ထိုယာဉ် တိုက်မှုကြောင့် လူ ၁၂ ဦးကား အတွင်း မီးလောင်သေဆုံးခဲ့ပြီး လေးဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ၍ အမြန်ယာဉ်များကို ဌာနစုံပူး ပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စ တင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အမြန်လမ်းမှ ဖြတ်သန်းနေ ကြသော အမြန်ယာဉ်များ၏ ကြံ့ ခိုင်မှုအခြေအနေများကို  နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ထို့ အပြင် ယာဉ်တိုက်မှုဖြစ်စဉ်များ တွင် ယာဉ်မောင်း၏ ပေါ့ဆမှုမှာ အများဆုံးပါဝင်နေသည့်အတွက် ယာဉ်မောင်းကိုလည်း လိုင်စင်ရှိမ ရှိ၊ အရက်သေစာသောက်စား ထားမှုရှိ၊မရှိ ပုံမှန်ကျန်းမာရေးအ ခြေအနေရှိ၊မရှိစသည်တို့ကို စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ သတ် မှတ်စည်းကမ်းနှင့်မညီညွတ်သည့် ယာဉ်နှင့် ယာဉ်မောင်းများအားအ ရေးယူသွားမည်ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရဲမှူးသိန်းကိုကိုက ပြောကြားသည်။

စစ်ဆေးအရေးယူမှု စီမံချက် ရေးဆွဲနေပြီဖြစ်ပြီး ရက်ပိုင်းအ တွင်း လုပ်ငန်းစတင်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရ ရှိသည်။

အမြန်လမ်းမကြီး  စတင်အသုံးပြုခဲ့သည့် ၂၀၀၉မှ ၂၀၁၄ဧပြီ ၂၇ရက်ထိ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ၇၇၄မှုဖြစ်ပွားခဲ့ပြီး  သေဆုံးသူ  ၃၆၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄၀ဦးရှိခဲ့သည်။

အမြန်လမ်းမကြီး၌  နေ့စဉ် ပျမ်းမျှယာဉ်အစီးရေ တစ်သောင်း ခန့်ဖြတ်သန်းလျက်ရှိပြီး အစိုးရ ထုတ်ပြန်ချက်အရ ရက်သတ္တပတ်တစ်ပတ်လျှင် လူ ၃ ဦးနှင့်အထက် ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိခြင်း(သို့) သေဆုံးလျက်ရှိသည်ဟုသိရသည်။

ထို့အပြင် ယာဉ်မဆင်မခြင် ဖြစ်ပွားမှုမှာ ယာဉ်မောင်းပေါ့ဆ ခြင်း(သို့)  သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်ပွားလျက်ရှိသည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

Author: အေးမြတ်သူ / ညီညီဇော်

7Day Daily

အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွား ခဲ့ပြီး သေ ဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်း ရရှိ သည်။

ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့

Photo: ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့
Tuesday, April 29, 2014

ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ယူကရိန်း ပဋိပက္ခ ပြေလည်သွားစေရေး နိုင်ငံတကာ သဘောတူချက်တခုကို ရုရှားအစိုးရ ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် လို့ အမေရိကန် က စွပ်စွဲလိုက်ပါတယ်။

အဲဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ပုဂ္ဂိုလ် ၇ဦးနဲ့ ရုရှား ကုမ္ပဏီ ၁၇ခုတို့ကို အဓိက ပစ်မှတ်ထား ပြဌာန်းလိုက်တာပါ။

အဲဒီလူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိက ရေနံ ကုမ္ပဏီကြီး ဖြစ်တဲ့ Rosneft ကုမ္ပဏီကြီးရဲ့ အကြီးအကဲ အီဂိုရ် ဆီယေချင် လည်း ပါဝင်ပါတယ်။

ဒါ့အပြင်ရုရှားနိုင်ငံရဲ့ စစ်ရေး ဆိုင်ရာ စွမ်းအားတွေ ပိုကောင်းအောင် လုပ်ပေးနိုင်ဘွယ် ရှိတဲ့ အဆင့်မြင့်နည်းပညာရပ်တွေ တင်ပို့မှု တချို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့ထားဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ဝန်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော

Photo: ၀န်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော
Tuesday, April 29, 2014

ပြည်ထောင်စု အစိုးရအ ဖွဲ့အတွင်းရှိ ၀န်ကြီး ဌာနများ အချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာနများ ပေါင်းစပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ယခုလ ၂၈ ရက်တွင် ရန် ကုန်မြို့၌ ပြုလုပ်သော နည်း ပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာ ကဏ္ဍတိုးမြှင့် အကောင်အထည် ဖော်ရေး အဖွဲ့အထူး အစည်းအဝေးတွင် ဌာနဆိုင်ရာအချို့မှ လူစားထိုး တက်ရောက်လာမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တကယ်ဆိုဒါက သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက လုပ်ရ မှာ။ ဒါပေမဲ့ သူတို့အနေနဲ့ ဖိတ် ရင် တခြားဌာနတွေက မလာမှာ စိုးလို့ အထောက်အကူအဖြစ်နဲ့ ကျွန်တော်ဝင်ထိုင်ပေးနေရတာ’’ ဟု ဦးတင်နိုင်သိန်းကဆိုသည်။

ဝန်ကြီး ဌာနများအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်မှု အပိုင်းအား နည်းနေကြောင်း ကြားသိတွေ့ရှိ နေရပြီး ယင်းမှာ လုံးဝမဖြစ်သင့်ကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် ဦးစည်သူအောင်မြင့်က ပြောသည်။

ဥပဒေစည်းမျဉ်းများအရ ဦး စီးအရာရှိအဆင့်မှသည် ၀န်ကြီး အဆင့်အထိ ဥပဒေမှ အခွင့်အ ရေးတန်းတူပေးထားပြီး ၀န်ကြီး ဖြစ်သဖြင့် အခွင့်အရေးပိုမိုရယူ လို၍ မရကြောင်း ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ကျွန်တော် ပြောတာက Rule of Law အရဆိုရင် ဦးစီးအရာရှိလည်း ဒီလောက်ပဲ။ ၀န်ကြီးလည်း ဒီလောက်ပဲ။ အတူတူပဲ။ ၀န်ကြီးကျမှ တမူးပိုရှူချင်လို့မရ ဘူး။ ကျွန်တော်တို့က သိပ်ပြီး တော့မှ ဟိတ်ဟန်နဲ့ ကိန်းခန်းနဲ့ လုပ်နေရင် အလုပ်မဖြစ်ဘူး’’ ဟု ၎င်းကဆိုသည်။

‘‘ဒီလိုဖြစ်တယ်ဆိုတာ ကျွန် တော်မြင်တာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မသဲမကွဲရော ထွေးနေတာကြောင့်လို့ မြင်ပါ တယ်။ ၀န်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုတွေ အား နည်းရင်အဓိက တာဝန်ရှိတာက တော့ အစိုးရအဖွဲ့အကြီးအကဲ ဖြစ်တဲ့ သမ္မတမှာတော့ တာဝန်ရှိ ပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းကပြောသည်။

Author: မင်းဟိန်းကျော်

7Day Daily

ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးဌာနများအချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာန များ ပေါင်း စပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင် စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ပြည်တွင်းခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်း က ပြောကြားသည်။

ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး

Photo: ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး
Tuesday, April 29, 2014

ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အများစုက လ၀က အက် နှင့် ဖမ်းအရေး ယူတာ များတယ်။ တချို့က သစ်လုပ်ငန်းနဲ့ ရွှေကိစ္စလည်းပါတယ်’’ဟု ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇန်န၀ါရီလမှ ဧပြီအထိ တရုတ်နိုင်ငံသား ၉၃ ဦးကို ကချင် ပြည်နယ်တွင်းရှိ ၀ိုင်းမော်၊ ဆဒုံ၊ ချီဗွေ၊ လွယ်ဂျယ်နှင့် တနိုင်းမြို့ နယ်များတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသားများသည် တရားမ၀င် ၀င်ရာက်လာပြီး ရွှေ၊ သစ်မှောင်ခို လုပ်ငန်းများ လုပ်ကိုင်မှုများပြား ကြောင်းလည်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်က လည်း ချီဗွေမြို့နယ်ခွဲတွင် တရုတ် နိုင်ငံသား ၁၉ ဦးကို တပ်က ဖမ်း ဆီးထားပြီး ထိုတရုတ်နိုင်ငံသား များအားယခုအချိန်အထိ အမှုမ ဖွင့်ရသေးကြောင်း လ၀က တာ ၀န်ရှိသူမှဆိုသည်။

မတ်လအတွင်းက မေခမြစ် တစ်လျှောက်ရွှေကျင်နေချိန် ဖမ်း မိသည့် တရုတ်နိုင်ငံသား ၄၁ ဦး ကို လည်း ယခုအချိန်ထိ အမှုစစ် ဆေးနေဆဲဖြစ်ကြောင်းလည်း ဆို သည်။

တရုတ်နိုင်ငံသားများအများဆုံးဖမ်းဆီးရမိသည်မှာ စစ် တပ်မှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Author: မရန်

7Day Daily
ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

ပင်လယ်ကမ်းခြေသို့ အပန်းဖြေ လာရောက်သူများ အနေဖြင့် ပိုမိုစည်းကမ်း လိုက်နာမှသာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း နိုင်မည်

Photo: ပင်လယ်ကမ်းခြေသို့ အပန်းဖြေ လာရောက်သူများ အနေဖြင့် ပိုမိုစည်းကမ်း လိုက်နာမှသာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း နိုင်မည်
Tuesday, April 29, 2014

ပင်လယ်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကြသော ခရီးသွား ပြည်သူများ အနေဖြင့် ယခုထက်ပို၍ စည်းကမ်း လိုက်နာမှသာ 

ပင်လယ်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူ ပညာရှင် များက ပြောသည်။

ချောင်းသာ၊ ငွေဆောင်အစ ရှိသော ပင်လယ်ကမ်းခြေ ဒေသများတွင် ပင်လယ် ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များမှာ ပျက်စီးနေပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သော သုံးနှစ်ခန့်ထက်ပင် များစွာ ပျက်စီးနေကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင် တစ်ဦးက ပြောသည်။

ယခုအခါတွင် ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား များစွာ ဝင်ရောက်လာခြင်းနှင့် အတူ ပြည်တွင်း အပန်းဖြေနေရာ အတော်များများသို့လည်း နိုင်ငံခြား ခရီးသွားများ သွားရောက် လည်ပတ်သည့်နှုန်းမှာ ပိုမို မြင့်တက်လျက် ရှိကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ငွေဆောင်၊ ချောင်းသာ အစရှိသော ပင်လယ်ကမ်းခြေ ဒေသများတွင် ရေအောက် သယံဇာတ တချို့မှာလည်း ပျက်စီး ဆုံးရှုံးမှုများ ရှိနေပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများပင် ရှိနေသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ပင်လယ်ကမ်းခြေတွင် ဈေးရောင်းချ သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များကြောင့် ကမ်းခြေဂေဟစနစ် ပျက်စီးမှုများ ရှိနေသည်ဟု သိရသည်။

မြ၀တီ
ပင်လယ်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကြသော ခရီးသွား ပြည်သူများ အနေဖြင့် ယခုထက်ပို၍ စည်းကမ်း လိုက်နာမှသာ ပင်လယ်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင် မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူ ပညာရှင် များက ပြော သည်။

တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာ အနီးတွင် ၈၁ မမ ဗုံးသီးများ သိမ်းဆည်း ရမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာရှိ လွန်းလိန် ဘုန်း ကြီးကျောင်း၏ အနောက်မြောက်ဘက် ဟွေဖလန်းချောင်းအနီး မူးယစ်တရားခံပြေး စိုင်းနော်ခမ်း (သေဆုံး) က မသေဆုံးမီ ဗုံးသီးများ မြှုပ်နှံထားကြောင်း သတင်း ရရှိသဖြင့် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် သားများက သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအနက် ၁ ပေခန့်၌ အနက်ရောင် ပလတ်စတစ်ပုံး တစ်လုံး အား တွေ့ရှိရပြီး ၎င်းပလတ်စတစ်ပုံး အတွင်းမှ ၈၁ မမ ဗုံးသီးအလုံး ၂ဝ အား သိမ်းဆည်းရမိခဲ့သည်။

သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်

Photo: သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်
Tuesday, April 29, 2014

အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။

ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။

“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက်ပါမောက္ခ Amada Seidl က ပြောခဲ့ပါတယ်။

Ref:dailymail.co.uk
Trent Myanmar
အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေး ရာ ရောက်ပါတယ်။

'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး

Photo: 'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး
Tuesday, April 29, 2014

'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' 

ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

အစိုးရသစ် တာဝန်ယူဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကဏ္ဍများပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေး ပြုပြင်ပြောင်းလဲများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ် ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပေါ် ရည်ညွှန်းကာ မတ်လ ၁၉ရက် က ရန်ကုန်မြို့ရှိ နိုင်ငံတော် သမ္မတ အကြံပေးရုံးတွင် မီဒီယာများနှင့်တွေ့ဆုံကာ ပြောခဲ့ခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဒေါက်တာဦးမြင့် က “အစိုးရရဲ့ စီးပွားပြုပြင်မှုပုံစံက အရမ်းကိုမြန်လွန်းနေတယ်။ နှစ် ၅၀ လောက်နီးပါး အဆင်မပြေခဲ့တဲ့ မြန်မာ့စီးပွားရေး အခြေအနေက အချိန်တိုအတွင်းပြန်ပြီး ပြုပြင်လုပ်ဖို့ ဆို တာဖြစ်မှ မဖြစ်နိုင်တာ။ ပြီးတော့ အကောင်အထည်ဖော်တဲ့ပုံစံတွေ ကလဲ Focus ( အဓိက ဦးတည်ချက်) သိပ်မရှိပဲ ရှိသမျှအားလုံးကို လိုက်လုပ်နေတော့ အဲဒါကပြဿနာ ဖြစ်နေတယ်” ဟု ထောက်ပြ ပြောသည်။

အစိုးရသစ်တက်လာပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့ပေးခြင်း၊ ဗဟိုဘဏ်အား သီးခြားလွတ် လပ်သည့် အဖွဲ့အစည်းအဖြစ် ပေးခြင်းများ ရှိခဲ့သော်လည်း စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် အနေ အထား တစ်ရပ်အဖြစ် လက်တွေ့ခံစားနိုင်သည့် အခြေအနေများ ဖြစ်မလာသေးကြောင်း လုပ်ငန်းရှင်များ ကမကြာခဏ ပြောဆိုနေကြခြင်းဖြစ်ပြီး အစိုးရ၏စီးပွားရေး အကောင်အထည် ဖော်ဆောင်မှုများသည် အားနည်းချက် များစွာရှိနေသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင်က ပြောဆိုထားသည်။.

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်က ရွေးချယ်အကောင်
အထည်ဖော် ချမှတ်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးပုံစံချမှု
ဖြစ်စဉ်များကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနှင့် နိုင်ငံဖွံ့ဖြိုး တိုး တက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပဲခဲ့သည့် နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်း များတွေ့ဆုံပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များအား ၀န်ခံပြောကြားထားသည်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေး တိုးတက်လာရေးအတွက် အစိုးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဆက်လက် တိုက်တွန်းပြောခဲ့သည်။.

လက်ရှိတွင် အစိုးရလုပ်ငန်းတချို့အား ပုဂ္ဂလိကဏ္ဍသို့ လွဲပေးခြင်း၊ နိုင်ငံရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းများနှင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု Public Private Partnership (PPP) ဆောင်ရွက်ချက်များ ရှိနေသော်လည်း ပုဂ္ဂလိကနှင့် အစိုးရအကြား စီးပွားရေးလုပ်ကိုင်မှု ပိုမိုအဆင်ပြေရန်မှာ ပုဂ္ဂလိကပိုင်ပြု လုပ်ခြင်း ဥပဒေ (Privatization Law) တစ်ရပ် လိုအပ်နေသေးခြင်းဖြစ်သည်ဟု သမ္မတ အကြံပေးဦးမြင့် က ဆက်လက် ပြောသည်။

ဦးမြင့်က “ပုဂ္ဂလိကလုပ်တယ်ဆိုပေမယ့် တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရကပဲ လုပ်ကိုင်ရတာမျိုး တွေရှိတယ်။ ပေးတဲ့ နေရာမှာလဲ၊ ဘယ်လိုလူမျိုးတွေကို ဘယ်လိုပေးမလဲဆိုတာမျိုးတွေက သေသေချာ ချာ ရှိဖို့လိုတယ်။ ဥပမာ အစိုးရနဲ့နီးစပ်တဲ့ လူတစ်စုသာရသွားရင် ပြည်သူတွေ နစ်နာသွားတာမျိုး ရှိတဲ့ အတွက် အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် Privatization Law ဆိုတာလဲ အရေးတကြီး လိုအပ်နေ သေးတယ်။ အခုအဲဒါမှမရှိသေးပဲ လုပ်နေတာတွေက မြန်လွန်းနေတယ်” ဟုပြောသည်။

ယခု ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌနေရာအား တာဝန်ယူဆောင်ရွက်ခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာမည့် ရွေးကောက်ပွဲ ဆောင်ရွက်အပေါ် အစိုးရအနေဖြင့် အာရုံစူးစိုက်မှုများနေခြင်း ဖြစ်ရာ စီးပွားရေး အကောင်အထည်ဖော်ဆောင်မှုများ အရှိန်အဟုန် လျော့ကျမသွားစေရန် အစိုးရအနေဖြင့် ထိန်းညှိ လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်သည်ဟု ဆက်လက်သတိပေးပြောသည်။

လက်ရှိတွင် နိုင်ငံ၏အဓိကပို့ကုန်ကဏ္ဍ စီးပွားရေးလုပ်ငန်းများဖြစ်သော ဆန်စပါး ကဏ္ဍ၊ ပဲနှမ်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှာ စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည့်အပြင် အစိုးရ အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ၊

ကျောက်ဖြူအထူး စီးပွားဇုန်စီမံကိန်း၊ ဟံသာဝတီလေဆိပ် စီမံကိန်းများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး စီမံချက်များမှာ အကောင်အထည်ပေါ်လာမှု အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာနှင့် ရွေးကောက်ပွဲများအပေါ် အာရုံရောက်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ တိုးတက်မှု နှောက်နှေးမှုမရှိစေရန် လိုအပ်မည်ဟု ဆိုသည်။

မဇ္ဈိမနေ့စဉ်ထုတ်သတင်းစာ (မတ်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်)

Posted From Mdy Boy
'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

ရေအောက် ရှာဖွေရေး တိုးမြှင့် လုပ်ဆောင်မယ်

စက်ရုပ် ရေငုပ် ရှာဖွေရေးယာဉ်ကို ရေချဖို့ ပြင်ဆင်စဉ်
ပြီးခဲ့တဲ့ ၅၂ ရက်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရေး ဆောင်ရွက်နေ မှုတွေ ဟာ နောက်ထပ် အခြအနေသစ် တစ်ခုကို ရောက်ရှိနေပြီလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ က ပြော ပါတယ်။

သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ပုဒ်မများ ပြင်ဆင်ရန် ရခိုင်အမျိုးသား ညီလာခံတွင် ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်မည်ကို ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်ရန် လို အပ်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပလျက်ရှိသည့် ရခိုင်အမျိုးသား ညီလာခံတွင် ဒုတိယမြော က်နေ့ ဧပြီလ ၂၈ ရက်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှု စဥ့်ကိုင်မြို့မှာ ငါးဦးတရားစွဲခံရ

မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့ လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့ မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဥ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း

Photo: တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း
Tuesday, April 29, 2014

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်းသားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး နေကြရာမှာ တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ ဖက်ဒရယ် ဆိုတဲ့ အသုံး အနှုန်း၊ ဖက်ဒရယ် တပ်မတော် ဆိုတာ တွေကို အစိုးရ ဘက်က မလိုက်လျော နိုင်တဲ့ အတွက် ဆွေးနွေးမှု တွေကို တိုင်းရင်းသားတွေ ဘက်က ရက် အကန့် အသတ် မရှိ ရပ်ဆိုင်းထား လိုက်တာ ဖြစ်ပါတယ်။

အဲန်စီစီတီ တိုင်းရင်းသားများ ငြိမ်းချမ်းရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ ဆုံးဖြတ် လိုက်တာ ဖြစ်ပြီး၊ အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ ယုံကြည်မှုကို ပျက်ပြား စေတာ ကြောင့်လို့ ဆိုပါတယ်။

အခုလ ဆန်းပိုင်းက စစ်တပ် ဦးဆောင်ပြီး ဆွေးနွေးတဲ့ အချက်တွေနဲ့ ကချင်ကို ထိုးစစ်ဆင်တဲ့ အချက်တွေပေါ် မူတည်ပြီး ဆွေးနွေးပွဲ ကိုရက် အကန့် အသတ် မရှိ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ အဲန်စီစီတီ အဖွဲ့ဝင် နိုင်ဟံသာက ပြောပါတယ်။

စစ်တပ် ဘက်က ရပ်တည်ချက်နဲ့ တောင်းဆို ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပွဲ ကို အဲန်စီစီတီ တာဝန်ရှိ သူတွေ ချင်းမိုင် မြို့မှာ ဧပြီလ ၂၈ ရက် နေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ
အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်း သားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။