Thursday, 17 April 2014

ထိုင်းဘုန်းကြီးသတ်မှု မြန်မာ ၂ ဦးဖမ်းဆီးခံရ

Photo: ထိုင်းဘုန်းကြီးသတ်မှု မြန်မာ ၂ ဦးဖမ်းဆီးခံရ
Thursday, April 17, 2014

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့စနေနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကစတင်ပြီး ဘုန်းကြီးကျောင်းက တည်းခိုခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့ အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို ငွေပြန်ပို့ဖို့လိုအပ်နေတဲ့ အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက ပြန်လည်ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့ စနေနေ့ မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေ တယ် လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ကိုရီးယားသင်္ဘောက ပျောက်နေသူတွေကို ညလုံးပေါက်ရှာ

Photo: ကိုရီးယားသင်္ဘောက ပျောက်နေသူတွေကို ညလုံးပေါက်ရှာ
Thursday, April 17, 2014

တောင်ကိုရီးယား ကမ်းခြေက ၁၂ မိုင်အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် သင်္ဘောက ပျောက်ဆုံးနေဆဲဖြစ်တဲ့ ခရီးသည် ၃၀ဝ နီးပါးကို တညလုံးရှာဖွေနေခဲ့ကြပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး သမားတွေဟာ၊ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောကို အားကောင်းတဲ့ မီးမောင်းတွေ မီးကျည်တွေနဲ့ ပျောက်ဆုံးနေသူတွေကို ရေငုတ် ရှာဖွေ နေခဲ့ကြတာပါ။

စောစောပိုင်းကတော့ ၁၇၉ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ခရီးသည် အများစု က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး နိုင်ငံအနောက်မြောက်ဖက် အင်ချွန်ဆိပ်ကမ်း က နေ တောင်ဘက် က အပန်းဖြေ စခန်း ဂျေဂျူ ကျွန်း ကိုအသွား လမ်းမှာ နစ်မြုပ်သွားခဲ့တာပါ။

ပျောက်ဆုံးနေသူအများအပြားဟာ မီတာ ၃၀ လောက်နက်တဲ့ ရေထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘောထဲမှာဘဲ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သင်္ဘောပျက်တဝိုက်ကို အလေးထားပြီးရှာဖွေနေကြပါတယ်။

ပိတ်မိနေသူတွေအနေနဲ့ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းမရှိသလောက်နည်းတယ်လို့ အဆင့်မြင့် ကယ်ဆယ်ရေးအရာရှိ တဦးက ပြောပါတယ်။

စောစောပိုင်းကတော့ လှိုင်းထန်တာကြောင့် ရေငုတ်သမားတွေ မြုပ်နေတဲ့သင်္ဘောထဲကို မဝင်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဘာကြောင့်သင်္ဘော ဒီလို မြှတ်ခဲ့ရတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး ။ သင်္ဘောဟာ ခါတိုင်းသွားနေကျ လမ်းကြောင်းပေါ်ကနေ မောင်းနှင်နေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က လှိုင်းလေငြိမ်ကာ မြင်နိုင်စွမ်းကလည်း ပုံမှန်ရှိနေခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယား ဝန်ကြီးချူပ် Chung Hong-won က တစက္ကန့်လေးမှ နှောင့်နှေးလို့မရဘူး၊ အသက်တွေ ပိုကယ်နိုင်သမျှ ကယ်ဖို့ အစွမ်းကုန် ကြိုးစားကြပါ ဆိုပြီး၊ ရှာဖွေရေးလုပ်နေတဲ့ သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
တောင်ကိုရီးယားကမ်းခြေက ၁၂ မိုင်အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် သင်္ဘော က ပျောက် ဆုံးနေဆဲဖြစ်တဲ့ ခရီးသည် ၃၀ဝ နီးပါးကို တညလုံးရှာဖွေနေခဲ့ကြပါတယ်။

အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှု

ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့တွေ ဖြစ်တဲ့ ကချင် အမျိုးသမီး အဖွဲ့ KWAT အဖွဲ့၊ ကရင် လူ့အခွင့်အရေး အဖွဲ့၊ ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ WLB အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ စသဖြင့် အဖွဲ့တွေ ဟာ၊ စစ်ပွဲတွေ ရှိနေသေးတဲ့ ရှမ်းပြည်နယ် ကချင် ပြည်နယ် က ဒေသတွေမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်လာနေတယ် ဆိုတဲ့ အစိုးရ လက်ထက်မှာပဲ အခုအချိန် ထိ စစ်တပ်က အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာ တွေ ရှိနေဆဲ လို့ ဆိုကြပါတယ်။

Wednesday, 16 April 2014

ငြိမ်းချမ်းရေး ခရီးလမ်းပေါ်က အဖျက်သမား KIA

Photo: ငြိမ်းချမ်းရေး ခရီးလမ်းပေါ်က အဖျက်သမား KIA

ဧပြီလ ၁၆ ရက် ၂၀၁၄ ခုနှစ်

နိုင်ငံတစ်ခု ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အခြေခံတဲ့ အကြောင်းအချက်အလက် Activity တွေများစွာ ရှိနေပေမဲ့ ဒါတွေ အားလုံးဟာ   နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆိုတဲ့ Main Point သုံးခုအောက်က ခွဲထွက်သွားတဲ့ Branch တွေဘဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ တိုင်းပြည်ကို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူ အစိုးရရဲ့ မှန် ကန်တဲ့ Bureaucracy စနစ် နဲ့ အဲဒီစနစ်အပေါ်မှာ ပြည်သူအားလုံးက ပူးပေါင်းပါဝင် လိုက်နာကျင့်သုံးမှ ရမယ်ဆိုတာကို နားလည်ခဲ့ကြတဲ့အတွက် အကောင်းဆုံးအုပ်ချုပ်မှုစနစ်လို့ အများလက်ခံထားတဲ့ Democracy (ပြည်သူဗဟိုပြု) အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး Develop ဖြစ်အောင် ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။

Democracy စနစ်ကိုကျင့်သုံး အုပ်ချုပ်တယ်ဆိုတဲ့ နေရာမှာလဲ ကိုယ်နိုင်ငံရဲ့  တည်နေရာ၊ မြေ အနေအထား စတဲ့ Geography ဆိုင်ရာအချက်အလက်များ၊ ယဉ်ကျေးမှု၊ လူမျိုး ၊ နောက်ခံသမိုင်းကြောင်း စတဲ့ အခြေအနေတွေပေါ်မှာမူတည်ပြီး အကိုက်ညီဆုံးဖြစ်အောင် ဥပဒေများ ပြဌာန်းရေးဆွဲပြီး မိမိ တိုင်းပြည်နဲ့ အကိုက်ညီဆုံး Democracy စနစ်ကိုပုံဖော် ကျင့်သုံး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ Democracy စနစ်ကိုကျင့်သုံးတဲ့ နိုင်ငံချင်းတူပေမဲ့ နိုင်ငံတွေမှာ ကွဲပြာတဲ့ Democracy ပုံစံတွေများစွာရှိနေ တာကို တွေ့ ကြရမှာဖြစ်ပါတယ်။

 ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း လက်ရှိအချိန်မှာ နိုင်ငံတကာနည်းတူ အများလိုလားတဲ့ Democracy စနစ်ကို ကျင့်သုံးပြီး တပ်မတော်အစိုးရမှတည် ဒီမိုကရေစီအစိုးရသစ်အဖြစ် ပြောင်းလဲခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျောက်လှမ်းလာတာဟာ အခုဆိုရင် ၃ နှစ်ကျော်တဲ့ ကာလကို ရောက်ရှိ လာခဲ့ပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ  ပတ်ဝန်းကျင်နိုင်ငံ၊ ကမ္ဘာ့နိုင်ငံများနဲ့ မတူတဲ့ နောက်ခံသမိုင်းကြောင်း ရှိနေခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းအောင် ကြိုးစား နေရဆဲပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်ကလဲ နိုင်ငံတော်ဖွဲ့ဖြိုး တိုးတက်ဖို့ဆိုရင် အဓိက ကျတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်နိုင်မှ စီးပွားရေး၊ လူမှုရေး စတာတွေကို တိုးတက်အောင် concrete တစ်ပြိုင်တည်း လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အခုလက်ရှိ အစိုးရလက်ထက်မှာလည်း အစိုရ ၊ တပ်မတော်တို့ ဟာ ဒီအချက်ကို အဓိက လုပ်ငန်းစဉ်အဖြစ် လိုလိုလားလားနဲ့ အားသွန်ခွန်စိုက် အကောင်အထည်ဖော် လုပ် ဆောင်နေတာကို အားတက်ဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။
 
 ဒီကနေ့ ဒီမိုကရေစီအစိုးရသစ်နဲ့ တပ်မတော်က ဦးဆောင်ပြီး ကျင်းပနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ကျွန်တော်တို့ ပြည်သူတွေဟာ အလွန်ဝမ်းသာပီတီဖြစ်ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အမြန်ဆုံး ချုပ်ငြိမ်းပြီး ပတ်ဝန်းကျင်နိုင်ငံများနည်းတူ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတစ်ခုဆီကို သွားဖို့ အင်မတန်လိုလား တောင်းတနေကြတာ ဖြစ်ပါတယ်၊ ဒီငြိမ်းချမ်းရေးဆိုတဲ့ ချိုမြိန်တဲ့ အရသာရှိရှိ ဗန္ဓရ သရက်သီးကြီးကို မြိန်ရည်ယှက်ရည် စားသုံးပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင် အားလုံးက ခွန်အားရှိရှိနဲ့ ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောင်ဖို့ စောင့်စားနေကြတဲ့ အချိန်အခါကောင်း ဖြစ်နေပါပြီ။

 အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့  အဆင့်ဆင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်မှု ဖြစ်စဉ်တွေဟာ အတော်အတန်အောင်မြင်မှု တွေရရှိနေတာကို တွေ့မြင်နေရပါတယ်။ အခုဆိုရင် တစ်ချိန်က သေနတ်သံ ၊ မိုင်းသံ၊ ဗုံးသံ အကြားရဆုံး နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်မှာ ဒီအသံတွေ လုံးဝမကြားရတော့ဘဲ တစ်ကယ့်ကို ပျော်ရွင်စရာကောင်းပြီး ဒီနယ်မြေမှာရှိတဲ့ ကျေးရွာများမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ပါပြီ၊ KNU အဖွဲ့ရဲ့ ငြိမ်းချမ်းရေးအပေါ် လိုလိုလားလားနဲ့ ပူးပေါင်းပါဝင်ဆောင်ခဲ့မှုတွေကို ကရင်လူထုက အံသြမဆုံး ၀မ်းသား မဆုံး၊ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရပါပြီ၊ KNU အဖွဲ့လိုဘဲ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ထိုးကြဖို့ အသင့်ရှိ နေတဲ့ အခြေအနေကို ရောက်ရှိနပါပြီ။

 တိုင်းရင်းသား လက်နက်ကိုင်အားလုံးက အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် လိုလိုလား လား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပေမဲ့လည် KIA အဖွဲ့ကတော့ အစိုးရရဲ့ ငြိမ်ချမ်းရေး ကမ်းလှမ်းချက်တွေ အပေါ်မှာ လိုလိုလားလားမရှိဘဲ အများပါဝင်လို့သာ မသက်သာလို့ ၀င်ရောက်ဆွေးနွေးတဲ့ သဘောမျိုး ရှိခဲ့ပြီး ၃ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပိုင်းတွေပေါ်မှာ ကန့်လန့်တိုက်ပြီး တရွတ်တိုက် လိုက်ပါနေတာကို တွေ့မြင်နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာလဲ KIA အဖွဲ့ရဲ့  ဖျက်လို့ ဖျက်ဆီးလုပ်ရဲ့တွေကြောင့် အများကြီး နှောင့်နေးနေခဲ့ရပါတယ်။ အခြားတိုင်းရင်းသား လက်နက် ကိုင်များအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ တိကျတဲ့ သဘောတူညီချက်၊ အဖြေတွေ ရရှိပြီး တိုင်းရင်းသာ ပြည်သူများက ၀မ်းသာခဲ့ကြရပါတယ်။ Myamar Peace Center နဲ့ KIA တို့ ငြိမ်းချမ်းရေး အတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် ရေရေရာရာ တစ်ခုမှမရှိခဲ့ဘဲ ဆွေးနွေမှု တိုင်းကို နားစွင့်နေတဲ့ စစ်ဘေးစစ်ဒဏ်ခံ ကချင်လူထုရဲ့ ငြိမ်းချမ်းရေး အိမ်မက်တွေဟာလဲ  အကောင် အထည် ပေါ်မလာခဲ့ပါဘူး။ 

 KIA ရဲ့  တံတားဖျက်၊ လမ်းဖျက်၊ မိုင်းထောင် ဖောက်ခွဲရေး terrorism အကြမ်းဖက် လုပ်ရပ် တွေကြောင့် ကချင်ပြည် နယ်မှာရှိတဲ့ ပြည်သူလူထုဟာ အများကြီး ဒုက္ခရောက်ရှိနေရပါတယ်၊ ကိုယ့်လူမျိုး အချင်းချင်းပေါ်မှာ ငဲ့ကွက်မှုမရှိတဲ့ KIA ရဲ့ မိမိအဖွဲ့အစည်း အာဏာတည်မြဲ ကောင်းစားရေး ၊ လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်ရေး ၀ါဒဆိုးများကြောင့် ကချင်ပြည်နယ်က ပြည်သူ လူထုရဲ့ အသက်အိုးအိမ် တွေ များစွာ ဆုံးရှုံးခဲ့ရပါတယ်။ KIA ရဲ့ အကြမ်းဖက်လုပ်နဲ့ အစွန်းရောက်ဝါဒဟာ တိုက်ပွဲကာလ ၃ နှစ်ကျော်ကြာကာလအတွင်း လုံးဝ ဖုံးကွယ်လို့ မရတော့ဘဲ လွဲမှာတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်ဆိုတာကို ကချင်ပြည်နယ်က ဒေသခံပြည်သူလူထုက အခုအချိန်မှာ ကောင်းစွာ နားလည်သဘောပေါက် သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က Myanmar Peace Center မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုမှာလဲ အခြားတိုင်းရင်းသား လက်နက်ကိုင်အားလုံးက ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေတဲ့ အနေထားမျိုးရှိနေကြပေမဲ့လည်း KIA ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ သဘောထားမရှိတဲ့အတွက် အခြားတိုင်းရင်းလက်နက် ကိုင်တွေက KIA ကို ဆက်လက်ပြီး လက်တွဲခေါ်ဖို့ အတွက် လိုလိုလားလားမရှိကြတော့ဘဲ စဉ်းစားနေတဲ့အခြေအနေကိုရောက် နေပြီဖြစ် ပါတယ်။ အခုလက်ရှိဆောင်ရွက်နေတဲ့ အစိုးရရဲ သန်ခေါင်စားရင်း ကောက်ခံမှုလုပ်ငန်းစဉ်တွေမှာလဲ  KNU အပါအ၀င် အခြားတိုင်းရင်းသား နယ်မြေများမှာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် မှုကြောင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပေမဲ့လဲ KIA နယ်မြေတွေမှာ KIA အဖွဲ့ရဲ့ ဖျက်လို့ဖျက်ဆီး လုပ်ရပ်တွေကြောင့် နယ်မြေအားလုံးမှာ သန်ခေါင်းစာရင်း ကောက်ခံနိုင်ခြင်းမရှိတဲ့အပြင် KIA ရဲ့ အကြမ်းဖက် ခြုံခိုတိုက်ခိုက်မှုတွေကြောင့် သန်ခေါင်းစာရင်းကောက်ခံရေးအဖွဲ့တွေကို လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်သား များရဲ့  အသက်တွေ စတေးခဲ့ရပါတယ်။

 KIA အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်က သွားနေတဲ့ Democracy စနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးလုပ်ငန်းများမှာ အခရာအကျဆုံး ငြိမ်းချမ်းရေးခရီးလမ်းပေါ်မှာ အနှောက်အယှက် အဟန့်အတား တစ်ခု ဖြစ်နေတဲ့အပြင် နိုင်ငံတော်ရဲ့ အခြားသော တိုးတက်ရေး ဆောင်ရွက်ချက် လုပ်ငန်း စဉ်တွေအတွက်အလည်း ကြီးမားတဲ့ အနှောက်အယှက်တစ်ခု ဖြစ်နေပါပြီ၊ ဒီလိုအခြေအနေ အချိန်အခါ မှာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကလဲ ဒီမိုကရေစီအစိုးရသစ်နဲ့အတူ တိုင်းပြည် တိုးတက်အောင် အဖက်ဖက်ကနေ ဆောင်ရွက်ဖို့ အသင့်ဖြစ်နေတဲ့ အချိန်အခါဖြစ်ပါတယ်၊ ဒီလို အခြေအ နေအချိန်အခါကောင်းမျိုးကို ရောက်ရှိနေပါလျက်နဲ့ KIA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အခြားတိုင်း ရင်းသားများနည်းတူ အစိုးရနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မစဉ်း စားဘဲ လက်နက်ကိုင် အကြမ်းဖက် လုပ်ငန်းစဉ်နဲ့ ၀ါဒဆိုးကို ဆက်လက် ကိုင်စွဲထားဦးမယ်ဆိုရင် KIA အဖွဲ့ဟာ ငြိမ်းချမ်းရေး ခရီးလမ်းပေါ်က အဖျက်သမား အဖြစ် ကျန်နေခဲ့မှာ ဖြစ်ပြီး အစိုးရ ၊တပ်မတော်၊တိုင်းရင်းသားညီနှောင်များ၊ ကချင်လူထုနဲ့ ပြည်သူများရဲ့ လက်တွဲဖြုတ်ခြင်းကို မလွှဲမသွေခံရမှာ ဖြစ်ပြီး ကိုယ်တိုင်ဖန်တီးကပြတဲ့ သမိုင်းဆိုး ဇတ်လမ်းနဲ့အတူ ပျောက်ကွယ် သွားမှာဘဲ ဖြစ်ပါတယ်ဆိုတာ အထူသတိပြုနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

မောင်ရေချမ်း ( မြစ်ကြီးနား)
နိုင်ငံတစ်ခု ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အခြေခံတဲ့ အကြောင်းအချက်အလက် Activity တွေများစွာ ရှိနေပေမဲ့ ဒါတွေ အားလုံးဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆိုတဲ့ Main Point သုံးခုအောက်က ခွဲထွက်သွားတဲ့ Branch တွေဘဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ တိုင်းပြည်ကို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူ အစိုးရရဲ့ မှန် ကန်တဲ့ Bureaucracy စနစ် နဲ့ အဲဒီစနစ်အပေါ်မှာ ပြည်သူအားလုံးက ပူးပေါင်းပါဝင် လိုက်နာကျင့်သုံးမှ ရမယ် ဆိုတာကို နားလည်ခဲ့ကြတဲ့အတွက် အကောင်းဆုံးအုပ်ချုပ်မှုစနစ်လို့ အများလက်ခံထားတဲ့ Democracy (ပြည်သူဗဟိုပြု) အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး Develop ဖြစ်အောင် ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။

Tuesday, 15 April 2014

ထာဝရငြိမ်းချမ်းရေးအတွက် သဘောထားကွဲနေသော KIO/KIA


ဧပြီလ ၁၅ ရက် ၂၀၁၄ ခုနှစ်

အစိုးရ၏ ပစ်ခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ အားရစရာဟု ဆိုရပေမည်။ MPC တွင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ဧပြီလ ပထမပတ်အတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အတိုင်းအတာကိုကြည့်ပြီး ပြည်သူများ အားမလို အားမရ ဖြစ်မိသည်။ အစိုးရ၏ ထာဝရငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းချက်ကို KIO/KIA အဖွဲ့က လက်မခံနိုင်သည်ကိုလည်း အံ့သြမိသည်။

အစိုးရက တစ်ပြည်လုံးအတိုင်းအတာဖြင့် ပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် ရည်မှန်းချက် လမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်လိုသည်။ ငြိမ်းချမ်းရေးကို အစိုးရက လိုလားသကဲ့သို့ ပြည်သူတွေကလည်း လိုလားသည်။ ခေတ်အဆက်ဆက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးတော့ ပြည်သူတွေသာ ဒုက္ခရောက်ပြီး ဆင်းရဲတွင်း နက်လာသည်။ တိုင်းပြည်လည်း တိုးတက်မှုမရှိခြင်းကြောင့် အာဆီယံနိုင်ငံများတွင် မျက်နှာမလှဖြစ်ခဲ့ရသည်။

စကားများရန်ဖြစ်ရာမှ ဓါးနှင့်ထိုးခဲ့၍ သေဆုံး

ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ
ရပ်ကွက်နေ မလွင်လွင်ငြိမ်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ
အောင်ဇော်မိုးမှာ အေးရွာရပ်ကွက်၊ သီတာအေးဘုန်းကြီးကျောင်းအနောက်
လမ်း၌ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
မောင်ဖြစ်သူအား ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို
တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ မောင်ဖြစ်သူ အောင်ဇော်မိုးနှင့် တစ်ရပ်ကွက်တည်းနေ
အောင်မျိုး၊ (၃၀)နှစ်၊ အေးရွာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူတို့သည် ကလေးများရန်ဖြစ်သည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်စဉ် အောင်မျိုးမှ
အသင့်ပါလာသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဒေါ်စု ပြင်သစ်ရောက်

Photo: ဒေါ်စု ပြင်သစ်ရောက်
Tuesday, April 15,2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ် စံတော်ချိန် နေ့လည် ၁၂ နာရီလောက်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီညနေပိုင်းမှာပဲ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက်မှာရော ဘာအစီအစဉ်တွေ ရှိပါသေးလဲ ဆိုတာကိုတော့ ပြင်သစ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်းက အခုလိုပြောပါတယ်။

“ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Program -  သူတို့ပြောချက်အရ သမ္မတနဲ့တွေ့မှာက ဒီနေ့ညနေ ၆ နာရီ၊ ၄၀ မှာ တွေ့မယ်။ မနက်ဖြန်ကတော့ အစီအစဉ်တွေ များတယ်။ ဒေါ်စုက နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ သမ္မတနဲ့လည်းတွေ့မယ်လေ။ သမ္မတအိမ်တော်မှာ နောက်ပြီးတော့ သူက အဓိက-က ပြင်သစ်စစ်တပ်ရဲ့ မြင်းတပ်မတော်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဘုရင်ခံ အခမ်းအနားတွေ ဘာတွေကျရင် ပြင်သစ်က မြင်းတပ်မတော်ကို သုံးတုန်းပဲလေ။ အဲဒီကိုလည်း သူ သွားဖို့ရှိတယ်။ နောက် ပြင်သစ်ကဆို စစ်တပ်ရဲ့ သေနာပတိချုပ် အကြီးအကဲကြီးတွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အဲဒါတွေ အကုန်လုံးကတော့ မနက်ဖြန်မှ တွေ့မှာ။

“အန်တီစုက လာတယ်ဆိုပေမယ့် သူ့ရဲ့ ပရိုဂရမ်တွေက အရမ်းကို ကြပ်နေတယ်။ ကြပ်နေတဲ့အခါကျတော့ သူက ဘာပြောသလဲဆိုတဲ့အခါကျတော့ အစကတော့ တွေ့ချင်တယ်ပေါ့နော်။ မြန်မာတွေနဲ့လည်း အမှတ်တရ နှုတ်ဆက်ချင်တယ်ဆိုတဲ့အခါကျတော့ သူက ဘယ်လိုမှကို မတွေ့ဖြစ်ဘူး-တဲ့။ ပြီးတော့ သူက ချက်ခြင်းပဲ ၁၆ ရက်နေ့ကို ပြန်မယ်။ ပြန်မယ်ဆိုတော့ ၁၄၊ ၁၅၊ ၁၆ - သုံးရက်လို့ ပြောပေမယ့် တကယ်တန်း သူရတာကတော့ ၁ ရက်ပဲ ရတယ်။”

ပြင်သစ်အခြေစိုက် မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်း ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် (ဗွီအိုအေ မြန်မာပိုင်း)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ် စံတော်ချိန် နေ့လည် ၁၂ နာရီလောက်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီညနေပိုင်းမှာပဲ ပြင်သစ် သမ္မတ ဖရန် ဆွာ အော်လွန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက်မှာရော ဘာအစီအစဉ်တွေ ရှိပါသေးလဲ ဆိုတာ ကိုတော့ ပြင်သစ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်းက အခုလိုပြောပါတယ်။

ရခိုင်ပဋိပက္ခတင်ပြသူ Reuters သတင်းထောက် ၂ ဦး ပူလစ်ဇာဆုရရှိ

Photo: ရခိုင်ပဋိပက္ခတင်ပြသူ Reuters သတင်းထောက် ၂ ဦး ပူလစ်ဇာဆုရရှိ
Tuesday, April 15,2014

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize)  ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

Jason Szep နဲ့ Andrew Marshall တို့ ၂ ဦးရေးသားတဲ့ သတင်းတွေဟာ ပြတ်သားရဲရင့်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။   ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြပြီး တခါတလေမှာတော့ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်ကိုပါ ရောက်ခဲ့ရတဲ့သတင်းတွေကို  သူတို့က ရေးသား ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် အထူးဆုဖြစ်တဲ့ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကိုတော့  အမေရိကန်က Washington Post နဲ့ ဗြိတိန်က Guardian သတင်းစာ ၂ စောင်က ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။  ဒီသတင်းစာကြီး ၂ စောင်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး  ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖေါ်မှုပေါ် အခြေခံတဲ့ သတင်းတွေ ရေးသားခဲ့တာမို့  အမေရိကန်သမ္မတက သူ့နိုင်ငံရဲ့ ထောက်လှန်းမှုတွေကို ကန့်သတ်ခဲ့ရတဲ့အထိ ကိုယ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေ ဖြစ်ပွါးခဲ့တာပါ။

အထူးသတင်းအတွက် ဆုကိုတော့  ဘောစ်စတွန်မာရသွန်ဗုံးဖေါက်ခွဲမှုနဲ့  ဗုံးဖေါက်ခွဲသူကို လိုက်ရှာတဲ့ အကြောင်း ရေးသားတဲ့ Boston Globe က ရခဲ့ပါတယ်။  ကင်ညာနိုင်ငံ Westgate mall မှာ အကြမ်းဖက် အတိုက်ခိုက်ခံရတဲ့  အထူးသတင်းမှတ်တမ်းနဲ့ ဓါတ်ပုံအတွက် ဆု ၂ ခု ဆွတ်ခူးခဲ့တဲ့ သတင်းဌာနကတော့ The New York Times ပါ။

ပူလစ်ဇာဆုဟာ အမေရိကန်နိုင်ငံအတွက် သတင်းနဲ့အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ကြပါတယ်။  ဒီဆုတွေကို နယူးရောက် Columbia တက္ကသိုလ်ကကြီးမှုးပြီး ထုတ်ဝေသူ Joseph Pulitzer  အထိမ်းအမှတ်နဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။  ဆုအမျိုးအစား ၂၀ ခွဲထားပြီး ဆုတခုအတွက် ငွေသား ဒေါ်လာ တသောင်း ချီးမြှင့်ပါတယ်။  လူထုဝန်ဆောင်မှု ပူလစ်ဇာဆုအတွက်တော့ ရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်
ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်

၂၀၁၄ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize) ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

မြန်မာနိုင်ငံ လက်နက်တင်ပို့မှု တားမြစ်ချက် EU သက်တမ်းတိုး

Photo: မြန်မာနိုင်ငံ လက်နက်တင်ပို့မှု တားမြစ်ချက် EU သက်တမ်းတိုး
Tuesday, April 15,2014

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
 
မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်တွေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံ သက်တမ်း တိုးလိုက်တဲ့အကြောင်း Luxembourg မှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးက အင်္ဂါနေ့မှာပဲ ဆုံးဖြတ်ခဲ့တာပါ။ သက်တမ်းတိုးလိုက်တဲ့ အရေးယူဒဏ်ခတ်မှု အစီအစဉ်မှာတော့ ပြည်တွင်းက ဖိနှိပ်တဲ့လုပ်ရပ်တွေမှာ အသုံးချနိုင်မယ့် လက်နက်နဲ့ စစ်ပစ္စည်းတင်ပို့မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က အုပ်ချုပ်နေတာတွေ အဆုံးသတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိကဝတ်တွေနဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်မှာတော့ EU နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုအများစုကို ဖယ်ရှားပေးခဲ့တာပါ။
 
ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့တာ၊ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးတွေမှာတော့ အနောက်နိုင်ငံတွေက သတိထားနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးတဲ့ အနေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ရ နိုင်ငံတခုအဖြစ်နဲ့ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ပြန်လည် လက်ခံထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)
ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရေပက်ကစားစဉ် ပါးနမ်းမိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်မိသားစု စကားများ ရန်ဖြစ်ခဲ့ကြရာမှ ခဲတံချွန်ဓါးနှင့်ဆွဲခြစ်ခဲ့သဖြင့် သေဆုံး

၁၄.၄.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ေ န ဒေါ် လွင်လွင်မာ မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တူဖြစ်သူ ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာ အား ရေပက်စဉ် ပါးနမ်းသကဲ့သို့ ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း(ခ)ဇင်မီလေး၊ (၂၉)နှစ်၊ (ဘ)ဦးစိုးဝင်းမှ တူဖြစ်သူအား ပါးရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများကြစဉ် မဇင်မီမီထွန်း(ခ)ဇင်မီလေးမှ အရိုးအသွား(၄)လက်မ ခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်ကောက်ဝတ်နှင့် လည်ပင်းတို့၌ ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်တင်တင်မော်အား ဆိပ်ကြီးခနောင်တိုမြို့နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း (ခ)ဇင်မီလေးအား အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။
Photo: လေယာဉ် ရှာဖွေဖို့ လူမဲ့ ရေငုပ်သင်္ဘော အသုံးပြု
Tuesday, April 15,2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ပထမဆုံး အကြိမ် လူမဲ့ ရေငုပ်သင်္ဘော အသေးစားကို သုံးပြီး ရှာဖွေဖို့ စီစဉ်နေကြပါတယ်။

အဲဒီ ရေငုပ် သင်္ဘောဟာ ပျောက်ဆုံး လေယာဉ်ရဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကနေ ထုတ်လွှတ်တဲ့ အချက်ပြ အသံလှိုင်း လာရာ နေရာလို့ ယူဆရတဲ့ သြစတြေးလျ ကမ်းခြေ အနီးက အိန္ဒိယ သမုဒ္ဒရာ ရေအောက် ကြမ်းပြင်ကို လျှပ်တိုက် သွားမှာ ဖြစ်ပါတယ်။

လေယဉ် ရှာဖွေရေး ဆိုင်ရာ သြစတြေးလျ တာဝန်ခံ အရာရှိ တစ်ယောက် ကတော့ အခုချိန်လောက် ဆိုရင် Black Box မှာ ပါတဲ့ ဘက်ထရီအား ကုန်လောက်ပြီလို့ ထင်ရကြောင်း ပြောပါတယ်။

ရှာဖွေရေး လုပ်နေတဲ့ လက်ရှိ နေရာအတွင်းမှာ ဆီတွေကို တွေ့ရတယ်လို့ ဆိုပေမယ့် ဒါဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 က ဟုတ် မဟုတ် စမ်းသပ်နိုင်ဖို့ ရက်အတန် ကြာလိမ့်ဦးမယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ပထမဆုံး အကြိမ် လူမဲ့ ရေငုပ်သင်္ဘော အသေးစားကိုသုံးပြီး ရှာဖွေဖို့ စီစဉ်နေကြပါတယ်။

Monday, 14 April 2014

မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

Photo: မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
Monday, April 14, 2014

“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။
မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေစုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော် က အခုလို ပြောပါတယ်။

"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "
ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် “ပန်းစကား” အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

RFA Burmese
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီ တီရှပ်တွေ ၀တ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။ မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော် က အခုလို ပြော ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ဗုံး ၂ လုံးကွဲ၊ လူ ၇၁ ဦးသေ

Photo: နိုင်ဂျီးရီးယားနိုင်ငံမှာ ဗုံး ၂ လုံးကွဲ၊ လူ ၇၁ ဦးသေ
Monday, April 14, 2014

နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားတွေ အတော်များများကိုပါ ပျက်စီးစေခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် လူ ၁၂၀ ကျော်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

Nyanya ဘတ်စ်ကား ရပ်နားစခန်းမှာ မြို့ထဲကို သွားမယ့် လူတွေ အပြည့် အသိပ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ဘယ်အဖွဲ့ကမှ ခုချိန်ထိ ထုတ်ဖော် မပြောသေးပါဘူး။

ဒါပေမယ့် အစ္စလာမ်မစ် Boko Haram အဖွဲ့ ဖြစ်နိုင်ချေရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဘူဂျာမှာ အရင်က တိုက်ခိုက်ခဲ့မှုတွေကို သူတို့အဖွဲ့က လုပ်ခဲ့ပါတယ်။

BBC Burmese
နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒေါ်စု လုပ်ရမည့်အလုပ်က ဘာလဲ

Photo: ဒေါ်စု လုပ်ရမည့်အလုပ်က ဘာလဲ
Monday, April 14, 2014

နိုင်ငံရေးသမားများ ကြောက်စရာကောင်းမှန်း တဖြေးဖြေး သိလာရသည်။

မိမိနိုင်ငံကို တိုးတက်အောင် လုပ်ရမည့်အစား ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာ ဒေါ်စုလုပ်နေသည်။ ကြိုးပမ်းနေသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘာဖြစ်နေလို့လဲဟု ကျွန်တော်တွေးကြည့်မိသည်။ လေ့လာမိသည်။ တိုင်းပြည်ရပ်တည်လို့ မရလို့လား။ စနစ်ဆိုးတွေရှိနေလို့လား။ တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးကျိုးရှိရှိအသုံးချသင့်သည်ဟုကျွန်တော် ထင်ပါသည်။ ယခုတော့ ဒီလိုမဟုတ် တိုင်းပြည်အတွက် အကျိုးရှိမည့်ကိစ္စရပ်များကို ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ဆောင်ရွက်ရမည့်အချိန်တွင် ဒေါ်စု ဘာလုပ်နေသလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်ကို ဒေါ်စု မေ့နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျေးဇူးကန်းသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်မည့်သူအတွက် အရည်အချင်း သတ်မှတ်ချက်မှာ နိုင်ငံအတွက်ဖြစ်သည်။ နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းသူ၊ ပြည်ပနိုင်ငံရဲ့ ကျေးဇူး သစ္စာကို ခံယူတဲ့သူကို ခေါင်းဆောင်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုရမှာလား။ အရပ်ကတို့ရဲ့.. စဉ်းစားလဲကြည့်ပါဦး။ ဒေါ်စုမဟုတ်ဘဲ အခြားတစ်ယောက်ဆိုရင် လက်ခံမှာလား။ ကိုယ်ကျိုးကြည့်လှချည်လား။ ဘာလို့ ကုလားဖြူကို လင်တော်ခဲ့ပါသလဲ။ ယူထားတာက နိုင်ငံခြားသား.. လုပ်ချင်တာက သမ္မတ.. မွေးထား တာက ကပြားတွေ… ပြင်ချင်တာက ၅၉(စ) ပြီးတော့ ဗုဒ္ဓဘာသာကို ဆန့်ကျင်ပြီး ကိုးကွယ်သူတွေ… ဒေါ်စု နိုင်ငံခြားသားကိုယူတာ အပြစ်မပြောလိုပါ။ ဒါပေမဲ့ တိုင်းပြည်အရေးမို့ ကျွန်တော်ပြောရခြင်း ဖြစ်သည်။

ဂျာမနီမှာ ဒေါ်စု ပြောသွားတာရှိသည်။ နိုင်ငံကို Myanmar လို့ ခေါ်တာမှားကြောင်း… Burma လို့ ခေါ်ရမှာဖြစ်ကြောင်း ပြောသွားသည်။ ဒေါ်စု ရဲ့ အတွင်းစရိုက်က အစိုးရကို ဆန့်ကျင်ရရင် ကျေနပ်နေတော့ သည်။ Burma ကနေပြီး Myanmar ပြောင်းတော့ ဘာဖြစ်လဲ။ ဘာထိခိုက်သွားလို့လဲ။ Myanmar ကို Myanmar ခေါ်တော့ ဘာဖြစ်လဲ။ ဒေါ်စုက မျက်နှာဖြူကို လင်တော်ထားတော့ သူ့အမျိုးတွေ Burma လို့ ခေါ်တာကို သဘောကျနေတာ ဖြစ်မယ်နဲ့တူသည်။ အရေးကြီးတာ တိုင်းပြည်တိုးတက်ဖို့ပါပဲ။

တိုင်းပြည်တိုးတက်အောင်လုပ်ရမည့်အစား လူကြီး မပီသတဲ့အလုပ်၊ သေးသိမ်သည့်အလုပ်များကိုသာ ဒေါ်စု လုပ်နေတော့သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒေါ်စုလို လူမျိုးကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုရမှာလား။ ဒေါ်စုက သူ့ကိုယ်သူ လူထုခေါင်းဆောင် ဟု ပြောသည်။ ဘာကိုကြည့်ပြီး လူထုရဲ့ ခေါင်းဆောင် ဟု ပြောပါသလဲ။ ဒေါ်စု အနားလာပြီး ပြည်ပက သူတောင်းစားလို တောင်းစားနေခဲ့တဲ့ အဖွဲ့တွေက ဒေါ်စုကို လူထုခေါင်းဆောင် ဟု အမည်တပ်ထားခြင်းသာ ဖြစ်ပေတော့သည်။ အထင်ကြီးစရာဆိုလို့ မတွေ့ရ။ တိုင်းပြည် အတွက် ဘာမှအလုပ်အကျွေးပြုမှု မရှိခဲ့။

မြန်မာပြည်ကို ဒေါ်စုပြန်ရောက်ချိန်မှ ယနေ့အထိ ဒေါ်စု ဘာအလုပ်လုပ်နေပါသလဲ။ ပညာသာ တတ် သည်။ ဘာမှမလုပ်ပါ။ ပြည်သူ့အကျိုးပြုတဲ့ လုပ်ငန်းကိုလည်း မလုပ်။ နိုင်ငံအကျိုးပြုတဲ့လုပ်ငန်းကိုလည်း မလုပ်။ မျက်နှာဖြူကို လင်တော်ပြီး ပြည်ပမှ ပေးစာ၊ ကမ်းစာကိုသာ စားနေခဲ့တာ နှစ်(၂၀)ကျော်လာပြီ ဖြစ်သည်။ ဒေါ်စုက သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားတယ်ဆိုတာမျိုးလဲ မရှိခဲ့။ ပြည်ပနိုင်ငံများ၏ အလိုကျ သံကုန်ဟစ်ကြွေးပြီး ပြည်ပထောက်ပံ့ကြေးများကို ရယူခြင်းဖြင့် ကိုယ်ကျိုးရှာနေတော့သည်။

ထိုင်းဘုရင် သမီးတော် မဟာချက်ကရီသီရိဒုံနှင့် နှိုင်းယှဉ်ပါက ဒေါ်စုသည် မိုးနဲ့ မြေ ကွာခြားနေ ပါသည်။ မျိုးချစ်ခေါင်းဆောင်ကြီး၏ သမီးတစ်ယောက်ဖြစ်သော်လည်း.. နိုင်ငံခြားသားကိုလင်တော်… နိုင်ငံခြား မှ ပေးကျွေးမှုကို ခံယူနေသောသူကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူပြည်သားများ လက်ခံနိုင်ပါမည်လား။ အဖြေကို ပြည်သူကပင် သက်သေတည်ပါလိမ့်မည်။ ဒေါ်စုကို အကြံပေးလိုပါသည်။ တိုင်းပြည်တိုးတက်ရေး အတွက် လုပ်မယ်ဆိုရင် ကြိုဆိုပါတယ်။ ပြည်သူကောင်းစားရေးအတွက် လုပ်တယ်ဆိုရင် ကြိုဆိုပါတယ်။ ဒေါ်စု လုပ်နေတဲ့ အလုပ်တွေကို ပြည်သူတစ်ယောက်အနေနဲ့ တွေ့မြင်ရတာ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဘာလုပ် သင့်တယ်။ ဘာလုပ်ထိုက်တယ်ဆိုတာကိုတောင် ခွဲခွဲခြားခြား မသိနိုင်သူကို ကျွန်တော်မည်သို့ ထောက်ခံရမည် နည်း။

လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကိုသာ လုပ်ကိုင်မည်ဆိုပါလျှင်…..

ပေးပို့သူ - မောင်စည်သူ
နေ့စဉ်သတင်း
နိုင်ငံရေးသမားများ ကြောက်စရာကောင်းမှန်း တဖြေးဖြေး သိလာရသည်။

ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို

Photo: ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို
Monday, April 14, 2014

တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ငြင်းဆိုခဲ့သည်။

ကော်စတာသည် အက်သလက်တီကို အတွက် ဒုတိယဂိုး သွင်းယူချိန်တွင် ဘယ်ဘက်ဂိုးတိုင်နှင့် တိုက်မိခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမား အနေဖြင့် ပြင်းထန်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဆီမြွန်နီက အတည်ပြုခဲ့သည်။

ထို့အပြင် အက်သလက်တီကိုကလည်း ကံကောင်းလွန်းသည့် ဒီယေဂို ကော်စတာသည် ဂိုးတိုင်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဒဏ်ရာ တစ်ခုသာ ရရှိခဲ့ကြောင်း တရားဝင် Twitter account မှတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဆီမြွန်နီက “ဒီယေဂိုရဲ့ အခြေအနေက ကောင်းပါတယ်။ ဒီဒဏ်ရာက သူ့အတွက် ဘာမှ မပြေပလောက်ပါဘူး” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး ဂီတာဖေးနှင့် ပွဲစဉ်တွင် အသင်း၏ ပရော်ဖက်ရှင်နယ် ခြေစွမ်းနှင့် ပတ်သက်၍ အံ့အားသင့်မိကြောင်း ဆီမြွန်နီက ချီးကျူးခဲ့သည်။

“ဆုဖလား ရရှိဖို့က ကျွန်တော်တို့ရဲ့ ခြေစွမ်းအပေါ် မူတည်တယ်ဆိုတာကို ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီအယူအဆကို လက်ကိုင်ထားဆဲပါ။ ဆုဖလားရဖို့ဆိုတာ ရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှု အထူးသဖြင့် အသင်းရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားတို့အပေါ်မှာ မူတည်ပါတယ်။ ဂီတာဖေးနဲ့ ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲပါ။ ဒါပေမဲ့ ကစားသမားတွေဟာ အရေးပါတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတာတွေ ဖြစ်ဖို့ နောက်ထပ် ၅ ပွဲပဲ ကစားရပါတော့မယ်။ ဒါကြောင့် ကျွန်တော်တို့ အယ်ချီနဲ့ ကစားရမယ့် ပွဲကို အာရုံစိုက်နေပါတယ်” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar
တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂိုဆီမြွန်နီ က ငြင်းဆိုခဲ့သည်။

ရွှေဂုံတိုင်ဂုံးတံတားအနီးတွင် သင်္ကြန်လည်သည့်ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိ

Photo: ရွှေဂုံတိုင်ဂုံးတံတားအနီးတွင် သင်္ကြန်လည်သည့်ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိ
Monday, April 14, 2014

၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ သင်္ကြန်လည်ပတ်ရန်အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၈ခ/---- ရှမ်းစတားဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးတံတား အနီးအရောက် လမ်းလယ်ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကွန်ကရစ်တုံးနှင့်ယာဉ်တို့ ပျက်စီးသွားခဲ့ သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ချမ်းမြေ့ဦးကို ဗဟန်းမြို့မရဲစခန်း (ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ သင်္ကြန်လည်ပတ်ရန်အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေ သူ မော င်းနှ င် လာသော ၈ခ/---- ရှမ်းစတားဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးတံတား အနီး အရောက် လမ်းလယ်ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့

 
ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ရွှေမြန်မာ (Golden Myanmar) လေယာဉ်က အပြည်ပြည်ဆိုင် ရာ မြန်မာ လေကြောင်းလိုင်း (MAI)ကို ဧပြီလ ၁၄ရက် နံနက် ၆နာရီခန့်က တိုက်မိခဲ့သဖြင့် စုံစမ်းမှု ပြုလုပ် ရန် အသေးစား ခုံရုံးတစ်ခုကို အားချင်း ဖွဲ့စည်းလိုက်သည်ဟု MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ

Photo: KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ
Monday, April 14, 2014

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။

"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး စိတ်ပါဝင်စားတဲ့သူများ မိတ်ဆွေများနဲ့ ဖြစ်နိုင်လို့ရှိရင်တော့ ဒီမှာရှိတဲ့အစိုးရပိုင်းက တာဝန်ရှိတဲ့သူများကို ကျနော်တို့အခြေအနေလေး တင်ပြနိုင်ဖို့အတွက် လာခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့ လေးယောက်လာပါတယ်"

ဗိုလ်ချုပ်ဂွမ်မော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာလို့သိရပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေ၊ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၂ ရက်ကြာ နေထိုင်မယ်လို့သိရပါတယ်။

RFA Burmese
မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နေရာရွှေ့ပြောင်းသည့်လေယာဉ်မှ ရပ်ထားသောလေယာဉ်ကို တိုက်မိ


၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ လေယာဉ် ကွင်းအတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Back ယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့် သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင် ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်း တံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိုးစစ်ဆင်ဖို့ကြေညာ

Photo: ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိုးစစ်ဆင်ဖို့ကြေညာ
Monday, April 14, 2014

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေအနေနဲ့ လက်နက်ချဖို့  နောက်ဆုံးရာဇသံပေးထားချိန် နီးကပ်လာချိန်မှာ ဒီမိုကရေစီထောက်ခံသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
 
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က နိုင်ငံအရှေ့ပိုင်းက အစိုးရ အဆောက်အဦးတွေကိုသိမ်းထားတဲ့ ရုရှားလိုလားတဲ့ စစ်သွေးကြွတွေအနေနဲ့ တနင်္လာနေ့မနက်မှာ နောက်ဆုံး လက်နက်ချဖို့နဲ့ မလိုက်နာရင် အကြမ်းဖက် ဆန့်ကျင်မှုစစ်ပွဲ အပြင်းထန်ဆုံး စတင် ဆင်နွှဲတော့မယ်လို့  သတိပေးထားပါတယ်။
  
ယူကရိန်း ယာယီသမ္မတက ခရိုင်းမီးယားကို ရုရှားဘက်က ပြီးခဲ့တဲလထဲ သိမ်းယူအပြီးမှာ နိုင်ငံအရှေ့ပိုင်းကို ဆက်သိမ်းဖို့ လုပ်လာတာကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့  ရုပ်မြင်သံကြားကနေ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
 
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ခုလိုစစ်ဆင်ဖို့ကြေညာလိုက်တာကို ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်တာကြောင့် မြန်မာစံတော်ချိန် တနင်္လာနေ့မနက် ၆:၃၀၊ အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည ၈ နာရီမှာ အစည်းအဝေးခေါ်ထားပါတယ်။
 
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Slovyansk မြို့မှာ ယူကရိန်းအထူးတပ်တွေနဲ့ လက်နက်ကိုင်တွေကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် ၂ ဘက်လုံးမှာ အသေအပျောက်တွေရှိခဲ့အပြီးမှာ ယူကရိန်းသမ္မတက ခုလိုစစ်ကြေညာလိုက်တာပါ။

သမ္မတက ဆက်ပြီး ရုရှားအနေနဲ့ တချိန်က သူ့နိုင်ငံအစိတ်အပိုင်းဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံကို အားနည်းသွားအောင် စစ်စတိုက်နေပြီ၊ ယူကရိန်းနိုင်ငံသားအချင်းချင်း ကြားမဟုတ်တဲ့ ဒီစစ်ပွဲမှာ သွေးမြေကျတာတွေရှိခဲ့ရပြီလို့ ဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေအနေနဲ့ လက်နက်ချဖို့  နောက်ဆုံးရာဇသံပေးထားချိန် နီး ကပ် လာချိန်မှာ ဒီမိုကရေစီထောက်ခံသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။