မိဘပြည်သူ များ ခင်ဗျား -
မြန်မာ တို့ရဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ နှစ်သစ် ကူး သင်္ကြန် အခါ သမယ မှာ မိဘ ပြည်သူများ အားလုံး ကိုယ် ၏ ကျန်းမာ ခြင်း၊ စိတ်၏ ချမ်းသာ ခြင်းနဲ့ ပြည့်စုံ ကြပါစေ၊ သင်္ကြန် နှစ်သစ် ကူး ရုံး ပိတ်ရက် အားလပ်ရက် များကို ပျော်ရွင် စွာ ဖြတ်သန်း နိုင်ပြီး နှစ်ဟောင်း က ပင်ပန်း သမျှ အနားရ လို့် နှစ်သစ် မှာ အားသစ် ခွန်သစ် နဲ့ မိမိ အတွက် မိသားစု အတွက် နိုင်ငံ အတွက် စိတ်သစ် လူသစ်နဲ့ ကြိုးစား အလုပ်လုပ် နိုင်မယ့် နှစ်သစ် ကူး အခါ သမယ ဖြစ်ပါစေ လို့ ဦးစွာ ပထမ ဆုတောင်း နှုတ်ခွန်း ဆက်သ လိုက် ပါတယ်။
ယခုလို နှစ်သစ် ကူး ကာလ မှာ နှစ်ဟောင်းက အညစ် အကြေး များကို ဆေးကြော သန့်စင် ပြီး နှစ်သစ် မှာ စိတ်သစ် လူသစ် နဲ့ မင်္ဂလာ ရှိရှိ အစပြု လေ့ ရှိတာဟာ ကျွန်တော် တို့ လူ့ အဖွဲ့အစည်း ရဲ့ ရိုးရာ ဓလေ့ ဖြစ်ပါတယ်။ ကျွန်တော် တို့ ပြည်ထောင်စု ဟာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်တဲ့ သမိုင်း အစဉ် အလာ ရှိတဲ့ ပြည်ထောင်စု ဖြစ်ပါ တယ်။ နှစ်ထောင် ချီ သမိုင်း အစဉ်အလာ ရှိပြီး ယဉ်ကျေး တဲ့ လူမျိုး တွေ စုဝေး နေထိုင် ကြတဲ့ နိုင်ငံ တစ် နိုင်ငံ အဖြစ် ကမ္ဘာ့ မိသားစု ကြီး ထဲမှာ ဂုဏ်ရှိန် ဝင့်ထည် ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သင်္ကြန် ပွဲတော် ဟာလည်း လူမျိုး ပေါင်းစုံ ဘာသာ ပေါင်းစုံ ပါဝင် ဆင်နွှဲ ကြတဲ့ ရိုးရာ ပွဲတော်ကြီး ဖြစ်ပါတယ်။