Monday, 24 February 2014

သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု

Photo: သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု
Monday, February 24, 2014

လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ သီလ၀ါဇုန်ကို သမ္မတ ဦးသိန်းစိန် လာရောက် လည်ပတ်ချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေကို သင့်တင့်တဲ့နှုန်းနဲ့ မြေငှားရမ်း ခွင့်ပြုမှာ ဖြစ်သလို သတ်မှတ်တဲ့အချိန်အတွင်း အကောင်အထည် မဖော်ခဲ့ရင် နိုင်ငံတကာနည်းတူ ပြန်ပြီး သိမ်းယူမယ့် စည်းကမ်းချက်တွေကိုပါ ထည့်သွင်းသွားမယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံထဲက အခြားသော စက်မှုဇုန်နဲ့ စီးပွားရေး ဇုန်တွေရဲ့ စံပြဖြစ်အောင် တည်ဆောက်သွားမယ်လို့လည်း ဦးဆက်အောင်က ပြောပါတယ်။

DVB TV News
လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်
Monday, February 24, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်အတွင်းက မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လေးကြိမ် တင်ပြခဲ့သော်လည်း ခွင့်ပြုမှု မရှိခဲ့ခြင်းကြောင့် ယခုအကြိမ်တွင် အကြောင်းကြားစာ ပေးပို့ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြရာတွင် ပါဝင်သူ စာရေးဆရာ မောင်မြေမွန် (ချောင်းဦး) က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး။ လေးကြိမ် တင်ထားတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျှောက်ထားတဲ့စာ ဒီကနေ့မှ ကျွန်တော့် လက်ထဲ ရောက်တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းကြည်က ယင်းဆန္ဒ ထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆိုသည်။

ယင်းချောင်းဦးမြို့ ဒေသခံ ဦးသက်နွယ်ဦးနှင့် ဦးကျော်ဆွေ (မောင်မြေမွန်- ချောင်းဦး) တို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉ (စ) (ဃ) ပယ်ဖျက်ရေး၊ မြန်မာ တစ်နိုင်ငံလုံးနှင့် ချောင်းဦးမြို့တို့မှ အဓမ္မ သိမ်းဆည်းထားသော မြေများကို မူလ ပိုင်ရှင်ထံ ပြန်ပေးရေး၊ ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနစ်နှစ်တိုင် ချိပ်ပိတ် ခံရသော အိမ်များကို လျော်ကြေးပေးရေး စသည့် အချက်များ ပါဝင်ကြောင်း ယင်းဆန္ဒ ပြသူများထံမှသိရှိရသည်။

ယင်းဆန္ဒပြမှုကို ချောင်းဦးမြို့ အားကစားကွင်းမှ ချောင်းဦးမြို့နယ် စည်ပင်သာယာရေး ရုံးအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင် သူများက ပြောကြားသည်။

သပိတ်ကျင်းတွင် ကျောင်းရက်ရှည် ပိတ်မှုဖြင့် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ငါးဦးကို ထပ်မံ စစ်ဆေးမည်

မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုံး ကျေးရွာအုပ်စု ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင် စာသင်ကြားမှု မရှိဘဲ ကျောင်းရက်ရှည် ပိတ်ထားမှုနှင့် ပတ်သက်၍ ယင်းကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို အရေးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဒေသခံများက တိုင်ကြား ထားသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းတိုင်ကြား ထားသူများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို
Monday, February 24, 2014

ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည်မဟုတ်ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ပုသိမ်၌ ကျောင်းဖြေကျောင်းသားကျောင်းသူ(၃၃၀၀)ကျော်နှင့် အပြင်ဖြေ(၁၇၀၀)ကျော်မှ စာစစ်ဌာန(၁၆)ခု၌ ၀င်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“ ဒီနေ့ကစပြီးစာမေးပွဲဝင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာ မဟုတ်ပါဘူး”ဟု ပုသိမ်မြို့နယ်ပညာရေးမှူး ဦးကျင်သောင်းက ပြောသည်။

ယမန်နှစ်များကစာစစ်ဌာန(၁၄)ခုဖြင့်သာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့သောပုသိမ်မြို့နယ်တွင် ယခုနှစ်၍ ပထမဆုံးအကြိမ်အဖြစ် စာစစ်ဌာနနှစ်ခုတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ပုသိမ်မြို့နယ်၌ထပ်မံတိုးမြင့်ထားသောစာစစ်ဌာနအချို့မှ ခုံကြေးကောက်ခံနေမှူ့ကြောင့် ငွေကြေးချို့တဲ့ စွာဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေသောကျောင်းသားများမှာအလုပ်ရှင်များထံမှ စာမေးပွဲပြီးချိန်၌ အလုပ်လုပ်ပေးရန် ငွေကြေးများ ကြိုတင်ချေးဌားဖြေဆိုရသည်အထိ ဖြစ်ပေါ်နေကြောင်း ကျောင်းသားအချို့ထံမှ သိရှိရသည်။

“ကျွန်တော်ဝင်ဖြေမယ့်ကျောင်းကဆို ခုံကြေးလေးထောင်နဲ့တခြားကြေး သုံးထောင်အားလုံးပေါင်းခုနှစ်ထောင် ကောက်ခံလို့ ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ဆီမှာ စာမေးပွဲပြီးရင်ကောက်ရိတ်ပေးဖို့ ငွေကြိုယူပြီး စာမေးပွဲဖြေဖို့လုပ်ရတယ်”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်ကြက်ပေါင်တိုက်နယ်မှ ကျောင်းသား တစ်ဦးကပြောသည်။

ငွေကြေးမပြည့်စုံသောကျောင်းသားအများစုရှိသော ပုသိမ်မြို့နယ်တွင်းကျေးရွာအချို့မှတွဲဖက်အထက်တန်း ကျောင်းသား များသည် ပုသိမ်မြို့ရှိကျောင်းများတွင် လာရောက်ဖြေဆိုရာ၌ ယခုကဲ့သို့ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းသားမိဘ များကလည်း အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း အနန်းကုန်းကျေးရွာအုပ်စုမှတက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားမိဘအချို့က ဆိုသည်။

စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၅)ထောင်ကျော် တက္ကသိုလ် ၀င်တန်းဝင်ရောက်ဖြေဆိုမည်

ဖြစ်သည့် ပုသိမ်မြို့နယ်၌ စာစစ်ဌာနများကို သတ်မှတ်ခုံအရေအတွက်၊ သွားလာရန်ခရီးလမ်းသာယာမှုနှင့်  အခြား သတ်မှတ်ထားသော အချက်များပြည့်စုံမှသာ စာစစ်ဌာနအဖြစ်ချထားပေးခြင်းဖြစ်ကြောင်း အထက်တန်းကျောင်းအုပ် ဆရာဆရာမများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၁၂)ရက်နေ့မှမတ်လ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတ၀န်းရှိ စာစစ်ဌာန ကျောင်းများ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

Myit Ma Kha Media Group
ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည် မဟုတ် ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်

အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်

Photo: Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်
Monday, February 24, 2014

အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို  ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီပွဲမှာ ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များ၊ အစားအသောက် ကျွေးမွေးတဲ့ အစီအစဉ်များနဲ့အတူ မိဘမဲ့ကျောင်းတွေကိုလည်း အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Charity Fun Fair ပွဲမှာ Aroma Makeup ၊ Wedding Dress and Photo Studio က ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းတို့ကလည်း ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါ ပရဟိတပွဲ လုပ်ဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် စမိုင်းလ်က “ဒီလိုလုပ်တာက အလှူတခုလည်း လုပ်ဖြစ် သွားအောင်၊ နောက်ပြီး မိဘမဲ့ ကလေးလေးတွေကိုလည်း ပျော်စေချင်လို့၊ ပြီးတော့ ကိုယ်တွေလုပ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးလည်း ဖြစ်အောင် အစ်မအမျိုးသားနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာပါ။ နောက်ပြီး အစ်မတို့နဲ့ အတူ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်အောင် လှူချင်တဲ့ မိတ်ဆွေတွေကို ကလေးတယောက်ကို ၄၀၀၀ ကျပ်နှုန်းနဲ့ တတ်နိုင် သလောက် လှူနိုင်တဲ့ အစီအစဉ်လေးလည်း ထည့်ခဲ့တာပါ။ အစ်မတို့ လှူတဲ့နေရာတွေကတော့ အောင် ပရဟိတကျောင်း၊ မှန်ကင်းကျောင်း၊ သန်လျင်က တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းနဲ့ ၀ိသာခါကျောင်းတွေကို လှူဒါန်းခဲ့တာပါ။ ကလေးတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး အစ်မ တကယ်ကို စိတ်ကျေနပ်ဝမ်းသာမိတာ မဟြေပြတတ်အောင်ပါပဲ။ ဘာပဲဟြေဟြေ အလုပ်တွေလုပ်ပြီး မအားမလပ်တဲ့ကြားက ဒီလိုအလှူမျိုး လုပ်ရတော့ စိတ်လှုပ်ရှားသလို၊ အရမ်းကို အတိုင်းမသိ ကျေနပ်ပီတိ ၀မ်းသာမှု ဖြစ်ရပါတယ်။ အစ်မတို့ရဲ့ အလှူကို ၀ိုင်းဝန်းကူညီပေးတဲ့ မိတ်ဆွေတွေကိုလည်း အရမ်းကျေးဇူး တင်ပါတယ်လို့ ဟြေချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

သူဟာ သူ့ခင်ပွန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Y Talk International Calling Card လုပ်ငန်းအပြင်၊ သူကိုယ်တိုင် ဦးစီး လုပ်ကိုင်နေတဲ့ Make Up Store Cosmetic & Perfume ဆိုင်ကိုလည်းဖွင့်လှစ်ထားပြီး မကြာသေးခင်ကပဲ ‘New Me’ အမည်ရ တေးစီးရီး တခွေလည်း ထွက်ရှိထားပါသေးတယ်။

ဧရာဝတီ

ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ

Photo: ၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ
Monday, February 24, 2014

ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကျင်းပ ခြင်းနှင့် ပတ်သက်၍ ကိုနေမျိုးဇင် က ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံရေး ပါတီတွေမှာပဲ  တာဝန်ရှိတာ မဟုတ်ဘဲ၊ ပြည်သူလူထုတစ်ရပ် လုံးနဲ့ လူမှုအဖွဲ့ အစည်းတွေမှာ ရော တာဝန်ရှိတယ်။ သန်း ၆၀ ကျော် ပြည်သူလူထုရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေး ကို ၇၅ ရာခိုင်နှုန်းနှင့် အထက် ဆိုတဲ့ တပ်မတော်သားကိုယ်စား လှယ်တစ်ယောက် မပါရင် မရ ဘူးဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တိုင်းပြည်ကို လည်ပင်းညှစ်ထား တာဖြစ်တယ်။ ကျွန်တော်တို့ကို ကြွေးကြော် ခိုင်းထားတဲ့ဟာတွေ မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ...ဒို့အရေး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ ပြောရင် ဘာကြောင့်မို့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးကိုမပေး ထားတဲ့ ဥပဒေကို ဘာကြောင့် မပြင်သေးတာလဲ။ ဥပဒေကို နား မလည်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲချင်ရင် လူတစ်ခုက ထိန်းချုပ်ထား တဲ့ ဥပဒေကို ပြင်ပေးပါ””ဟု ပြော ကြားသည်။

လယ်သမားအရေး လှုပ်ရှား သူ တစ်သီးပုဂ်္ဂလကိုယ်စားလှယ် ဦးဝင်းချိုက ““ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ် “ဟင်း”တစ်ခွက်ကို ခင်ဗျား လျှာနဲ့ ကိုက်/မကိုက်။ ခင်ဗျားကြိုက်/ မကြိုက်ကို ပြောဖို့အတွက်ဆိုရင် ခင်ဗျား “ဟင်းချက်တတ်”ဖို့ မလို ပါဘူး။ အဲဒီဟင်းထဲမှာ ဘာတွေ ပါတယ်လည်း သိဖို့မလိုပါဘူး။ ဟင်းကို ဘယ်လောက်အချိန် ယူ ပြီး ချက်ထားလဲဆိုတာကိုလည်း သိဖို့မလိုပါဘူး။ အဲဒီဟင်းတစ် ခွက်ရဲ့ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာ ၆ ပါးကို သိနိုင်တဲ့ လျှာ တစ်ချောင်းနဲ့  ခံစားတတ်တဲ့ နှလုံးသားတစ်ခုပဲ လိုအပ်တယ်။ အဲဒီအကြောင်းတရားဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါပဲ။

ပြည်သူတွေဟာ ဥပဒေကို ရေးဆွဲသူတွေ မဟုတ်ပေမဲ့လည်း ဒီဥပဒေရဲ့ အကျိုးသက်ရောက် မှုကို ပြည်သူတွေက တိုက်ရိုက် ခံစားနေရပါတယ်။ ပြည်သူတွေ ရဲ့ အသံကို နားထောင်ပေးပါ။ ပုဒ်မ ၄၃၆ ကို မပြင်ရင် နောက် ထပ်နည်းလမ်းဟာ လမ်းပေါ် ထွက်ပြီး ဆန်္ဒပြဖို့ပဲ လိုပါတယ်။ အဲဒီလို မလုပ်ချင်ပါဘူး။ လွှတ် တော်ကနေ အေးအေးချမ်းချမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အကြောင်းအရာတွေထဲက ပြင် ဆင်သင့်တဲ့ အကြောင်းအရာ တွေကို ပြင်ဆင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်””ဟု ပြောကြားခဲ့ သည်။

ABSDF ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းအောင် ကျော်က ““ပုဒ်မ ၄၃၆ ပြင်လိုက်ရင် ပြည်သူတွေလိုလားတဲ့ အခြား ပြင်ဆင်ချက်တွေကို ပြင်ဆင်ဖို့ လွယ်ကူလိမ့်မယ်။ တိုင်းပြည် အတွက် အခြေခံဥပဒေ ပြင်ဆင် ရေးဟာအင်မတန် အရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ကို ပေးနိုင်တဲ့ ပြည်သူတွေလိုလားတဲ့ အခြေခံဥပဒေပေါ်လာဖို့ လိုအပ် တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ သမိုင်းက တောင်းဆိုလာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။ အခြေခံ ဥပဒေပြင်ဆင်ရးကိစ္စမှာ နှောင့်နှေးနေမယ်ဆိုရင် တိုင်း ပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်တီးတဲ့ တရားခံတွေ ဖြစ်သွားလိမ့်မယ်။ ၂၀၁၄ မှာ အခြေခံဥပဒေပြင်ဆင် ရေးဖြစ်မလာဘူးဆိုရင်၊ ၂၀၁၅ မှာ ပြည်သူတွေလိုလားတဲ့တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး””ဟု ပြောကြားသည်။

အဆိုပါပွဲသို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် မှ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ သည်။            

 အာကာဗိုလ်
 The Hot News Weekly
ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်

Photo: နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်
Monday, February 24, 2014

လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

“အရင်နှစ်တွေက နေပြည်တော်မှာပဲ ကျင်းပကြတယ်၊ ဒီနှစ်တော့ အနယ်နယ် အရပ်ရပ်ကို ကျင်းပခွင့်ပြုတော့ နယ်က အမျိုးသမီးတွေကို ဒီလို အမျိုးသမီးနေ့တွေ ရှိတယ် ဆိုတာ အမျိုးသမီးတွေကို သိသွား ပြောပြသွားမယ်၊ အမျိုးသမီးတွေရဲ့အခက် အခဲတွေ အခွင့်အရေးတွေကို ပြန်လည် သုံးသပ် သွားမယ်”ဟု Women’s Organization Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာသည့် အကြောင်းကို အမျိုးသမီးများ သိရှိစေရန်နှင့် အမျိုးသမီး အခွင့် အရေး အပြည့်အဝ ရရှိလာစေရန်၊ အမျိုးသမီး အကြမ်းဖက်မှုကို ကာကွယ်နိုင်မည့် ဥပဒေ ပေါ်ထွက်လာရန်နှင့် ယင်းဥပဒေနဲ့ အညီ အရေးယူမှု ရှိရန် စသည် တို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့ အပါအ၀င် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် INGO၊ NGO တို့နှင့် ပူးပေါင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါ်မာမာချိုက ဆက်ပြောသည်။

လတ်တလော၌ အမျိုးသမီးများပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အမျိုးသမီးများ အတွက် အကြမ်းဖက်မှုကို ထိရောက်သော ဥပဒေများဖြင့် အရေးယူ ပေးရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အမျိုးသမီးများ ပူးပေါင်းပါဝင် လာစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို တန်ဖိုးထားတတ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖန်မီးအိမ် အဖွဲ့မှ ဒေါ်ခင်လေးငယ်က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာမှာလဲ အမျိုးသမီးနေ့ ဆိုပြီးတော့ လုပ်နေတယ်လေ၊ မြန်မာပြည်က မသိကြသေးဘူး၊ အမျိုးသမီးတွေရဲ့ အခွင့် အရေးကို ဘယ်လို တောင်းဆိုရမယ်၊ ဘာတွေ ကာကွယ်နိုင်မှာလဲ ဆိုတာ လုပ်သွားကြမယ်”ဟု ရှမ်းပြည်နယ် အမျိုးသမီး ကာကွယ် စောင့်ရှေက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် New Generation မှ ဒေါ်သန္တာဦးက ဧရာဝတီသို့ ပြော သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနစ် အမေရိကန် ပြည်ထောင်စုရှိ အထည်ချုပ် စက်ရုံမှ အမျိုးသမီးများသည် အလုပ်ချိန်၊ လစာ တိုးပေးရန်နှင့် မဲပေးပိုင်ခွင့် ရရန်အတွက် ဆန္ဒပြရာမှ ဖြစ်ပေါ်လာသည့် နေ့တနေ့ ဖြစ်ကြောင်း သိရ သည်။

၁၉၁၀ ပြည့်နစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ကျင်းပခဲ့ကာ ဂျာမနီနိုင်ငံ Social Democratic Party မှ Mrs. Clara Zetkin ဦးဆောင်မှုဖြင့် မတ်လ ၈ ရက်ကှို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲ များနှင့် အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိရန်တို့ကို ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် ရေးဆွဲကြကြောင်း သိရ သည်။

၂၀၀၀ ပြည့်နစ်မှ စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ် ရက် အဖြစ် သတ်မှတ်ကြသည်။

ဧရာဝတီ

ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်


အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်

Photo: မျက်နှာပေါ်က အမည်းစက်တွေ ကင်းချင်ရင်
Monday, February 24, 2014

မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။

၁) မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ကု တ်ဖဲ့ လိုက် တာမျိုးကိုရှောင်ပါ။

၂) ဝက်ြခတွေကို ချွန်ထက်တဲ့ အရာတွေ နဲ့ ထိုးဖောင်တာမျိုးလိုအကျင့်တွေကြောင့် ရောဂါပိုးဝင်တတ်ပါတယ်။

၃) မျက်နှာပေါ်မှာ ဝက်ခြံအများကြီး ပေါက်နေချိန်နဲ့ အဖုတွေပေါက်နေချိန်မှာ မျက်နှာကြေးချွတ်သန့်စင်တာမျိုးလို အ တင်းပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။

၎) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ် ကို ပူတဲ့အဝတ်နဲ့အုပ်တာမျိုးကို ရှောင်ပါ။

၅) အဖုတွေပေါ်ကို ဝက်ခြံပျောက်ဆေး သာ လိမ်းပေးပြီး တခြားလောင်ကျွမ်းစေ တဲ့ ဆေးတွေကို အစက်ချလိမ်းပေးတာ မျိုးရှောင်ပါ။

၆) ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေး ဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံသက်သာစေပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ)
မျက်နှာပေါ်မှာ အမည်းစက်တွေ ကင်းစေဖို့ ဂရုစိုက်သင့်တဲ့ အချက်လေး တွေ ရှိပါတယ်။

ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်

Photo: ကချင်ဒေသ ဖမ်းဆီးသစ်များ တပ်မတော်က သစ်တောသို့ လွှဲမည်
Monday, February 24, 2014

ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထားသည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းရှိ ဂျာအိန်ယန် ဒေသတွင် သစ်မှောင်ခိုများ တစ်ဖက်နိုင်ငံသို့ သယ်ယူရန် ပြင်ဆင်ထားသော သစ်တန်ချိန် လေးထောင် ဝန်းကျင်ခန့်ကို တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ပြီး ယင်းမတိုင်မီ မန်စီမြို့နယ် အတွင်း တန်ချိန် လေးထောင်ထက် ပိုမိုများပြားသော သစ်များကို ဖမ်းဆီးမိကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ရင်းမှူးက ပြောကြားသည်။

ယင်းသစ်များနှင့် အတူ သစ်တင် ၁၀ ဘီးယာဉ် ၄၁ စီး၊ သစ်တင် ကရိန်းကား သုံးစီးနှင့် တစ်ဖက် နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ရမိကြောင်း၊ ဖမ်းဆီးမိသူများကို ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

“ခု ဒီသစ်တွေကို မနက်ဖြန် (ဖေဖော်ဝါရီလ ၂၄ ရက်) မှာ သစ်တောကို လွှဲပြောင်း သွားမှာပါ၊ အသေးစိတ် တွက်ချက် သိမ်းယူဖို့ကတော့ သစ်တောရဲ့တာဝန်ဖြစ်ပါတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ သစ်များကို သစ်မှောင်ခိုများထံမှ မြန်မာ့ တပ်မတော်က ဖမ်းဆီး သိမ်းယူစဉ် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး တပ်မတော်သား တစ်ဦး ဒဏ်ရာ ရရှိကာ ကေအိုင်အေ တပ်ဖွဲ့မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခဲ့ကြောင်း အထက်ပါ တပ်ရင်းမှူးက ပြောဆိုသည်။

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတွင်း နှစ်ဖက် စစ်ရှိန် လျှော့ချရန် သဘောတူ ထားသော်လည်း ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲအချို့ ပြန်လည် ဖြစ်ပွားလာပြီး ယင်းမှာ တရားမဝင် သယံဇာတ ခိုးယူမှုများကို လိုက်လံ ကာကွယ်စဉ် ထိတွေ့မှု ဖြစ်ကြောင်း တပ်မတော်က ပြောဆိုထားပြီး ကချင် လူမှုအဖွဲ့အစည်း အချို့ကမူ ရည်ရွယ်ချက် ရှိရှိဖြင့် ထိုးစစ်ဆင်လာကြောင်း ထုတ်ဖော် ပြောကြားသည်။

The Voice Weekly
ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ဒေါ့ဖုန်းယန် မြို့နယ်ခွဲတို့တွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီး ရမိထား သည့် သစ်လုံးနှင့် သစ်ခွဲသားများကို သစ်တောရေးရာ ဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေး ငယ်လေး များ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း တွင် ဖော်ပြပါရှိသည်။

တက္ကစီကို ၀ိုင်းရိုက်မှုမှ ပြိုင်ကားနှစ်စီး မိဘများကိုယ်တိုင် ရဲစခန်းလာအပ်

ရန်ကုန်မြို့ ပြည်လမ်း၊ (၆)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးက ၀ိုင်းဝန်း ပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုတွင် ပြိုင်ကားတစ်စီးကို ဖမ်းမိပြီးနောက် ကျူးလွန်ရာတွင်ပါဝင်သည့် အခြားပြိုင် ကားနှစ်စီးကို မောင်းနှင်သူများ၏မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖေဖော် ၀ါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်

Photo: နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်
Monday, February 24, 2014

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် ယင်းသို့ လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နီပေါ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ်၏ အကြံပေး အရာရှိ Dinesh Bhattarai က ဆိုသည်။

ထို့အပြင် နီပေါ ဝန်ကြီးချုပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံမည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး ထုတ်ပြန် ထားချက်အရ သိရှိရသည်။

နီပေါ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၆၀ ခုနှစ်က စ၍ သံတမန် ဆက်ဆံရေး တစ်ရပ် စတင်ခဲ့ပြီး၊ နီပေါ နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် Sujata Koirala သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အတွင်းက ရောက်ရှိခဲ့သည်။

The Voice Weekly
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

နယ်လိုင်စင် ကိုင်ဆောင်ထားသည့် ကား၂၀ ရာခိုင်နှုန်း ရန်ကုန်တွင် ရှိနေ

ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်

Photo: ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်
Monday, February 24, 2014

ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

ဆီးရီးယားအစိုးရနှင့် အတိုက် အခံတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း အရပ်သားများဆီသို့ အကူအညီ ပေးရေးယာဉ်တန်းများ ရောက်ရှိ အောင် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင်ဖော်ပြသည်။

ယခင် အလားတူဆုံးဖြတ်ချက် များကို ဗီတိုအာဏာသုံးခဲ့သော ရုရှားနှင့် တရုတ်တို့ကလည်း သဘောတူညီပေးခဲ့သည်။ ရုရှားနိုင်ငံ သည် သမ္မတဘာရှာအယ်လ် အာဆတ်၏ အစိုးရကိုထောက်ခံ နေဆဲဖြစ်သည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်း စည်ပိုင်းဗုံးများ အသုံးပြုတိုက်ခိုက် ခြင်းကို ရှုတ်ချလိုက်ပြီး နယ်စပ် တစ်လျှောက် အကူအညီပေးရေး ယာဉ်တန်းများကို ဝင်ခွင့်ပေးရန် တောင်းဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုဆိုလိုက်သည်။ ယင်း ဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ၄င်းက ပြောကြားလိုက်သည်။ 

ဘီဘီစီ
ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ

Photo: 3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ
Monday, February 24, 2014

ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ဖြစ်နိုင်ဖွယ်ရာ အပလီကေးရှင်းများတွင် အိမ်တွင်း ပုံရိပ်ဖော် စံနစ်လည်း ပါဝင်နိုင်သည်ဟု ဂူဂယ်မှ ပြောဆိုခဲ့သည်။ အိမ်တွင်း ပုံရိပ်ဖော် စံနစ်မှာ အမြင်အာရုံ အားနည်းသူများ အတွက် ရင်းနှီး ကျွမ်းဝင်မှု မရှိသည့်
နေရာများကို ဖော်ပြ အထောက်အကူ ပြုပေးနိုင်သော စံနစ်ဖြစ်သည်။

3 D စံနစ် အတွက် အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲများကို ထုတ်လုပ်ရန်
ဆော့ဖ်ဝဲ ရေးသားသူများကို နမူနာ အလုံး ၂၀၀ ပေးအပ်ခဲ့သည်။ အဆင့်မြင့်နည်းပညာနှင့် စီမံကိန်းအဖွဲ့မှ Tango ဟု ခေါ်ဆိုသည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် ၎င်းဖုန်းကို သုတေသန ပညာရှင် အများအပြားမှ အကူအညီများ ရယူ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂူဂယ်လ်မှ ပြောဆိုခဲ့သည်။

“ အဓိက ကတော့ ဒီလိုမျိုး ပစ္စည်း ကိရိယာတွေ အသုံးပြုနိုင်တဲ့ ဆော့ဖ်
ဝဲတွေကို ထုတ်လုပ်နိုင်ဖို့ပါ ” ဟု သုတေသန ဌာနမှ ဒုတိယ ဥက္ကဌ ဘရိုင်ယန်မ မှ ပြောဆိုခဲ့သည်။

ဂူဂယ်လ် အပါအဝင် အဖွဲ့အစည်း အများအပြားမှ နစ်ခ်ျ နည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျှက် ရှိကြသည်။ နစ်ခ်ျ နည်းပညာ ဆိုသည်မှာ အသုံးပြုသူမှ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူ ပြုမည့် သတင်း အချက်အလက်များကို ပံ့ပိုးပေးသော စံနစ် ဖြစ်သည်။ နစ်ခ်ျ နည်းပညာကို အသုံးပြုပြီး ဂူဂယ်လ်မှ ဂူဂယ်လ် မျက်မှန်များကို ထုတ်လုပ်ထားသည်။ ၎င်းမျက်မှန်များကို ယခုနှစ် နှောင်းပိုင်းကာလတွင် ရောင်းချသွားမည် ဖြစ်သည်။

အသုံးပြုသူများကို ပိုမို ဆွဲဆောင်နိုင်ရန် အတွက် ဂူဂယ်မှ ၎င်းနည်းပညာ
များကို နေ့စဉ် လူမှုဘဝများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် နည်းလမ်းများ ရှာဖွေလျှက် ရှိသည်။

REF: BBC
The Myanma Age
ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ

Photo: ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ
Monday, February 24, 2014

မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က ဗီဇာကင်းလွတ်ခွင့်အတွက် နောက်လာမယ့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်မယ်လို့ ထင်မြင်ကြောင်း၊ လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ စိစစ်သုံးသပ်နေကြောင်း၊ ခွင့်ပြုမယ့်ရက် အတိအကျကိုတော့ မသိရသေးကြောင်း ပြောကြားခဲ့တယ်လို့ The Nation သတင်းက ဖေါ်ပြပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံကို အများဆုံး လာရောက်လည်ပတ်သူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ ထိုင်းရဲ့နောက်မှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသည်အရေအတွက် နှစ်သန်းကျော်ရှိခဲ့ရာမှာ ၂၀၁၂ ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းကရတဲ့ဝင်ငွေကလည်း ၂ဝ၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၃၄ သန်းရရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၉၂၆ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ ခရီးသည် သုံးသန်းလာရောက်ဖို့ မြန်မာက မျှော်လင့်ထားတယ်လို့ The Nation သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြန်မာပြည်သို့ စတင်ဝင်ရောက်

မြန်မာနိုင်ငံ တွင် Chevrolet ကားပြခန်း ဖွင့်လှစ်ခဲ့ပြီး နောက် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် အမေရိကန် စီးပွားရေးကုမ္ပဏီများ ၁ဝ ခုကျော် ထပ် မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရသည်။