အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့်
မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု
ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့်
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို
အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို
မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက
ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။