Wednesday, 11 September 2013

မြန်မာယူ-၂၃ အသင်း၏ တြိဂံတိုက်စစ်အတွဲကို မလေးရှားသတင်းစာများ ချီးကျုးဖော်ပြ

Photo: မြန်မာယူ-၂၃ အသင်း၏ တြိဂံတိုက်စစ်အတွဲကို မလေးရှားသတင်းစာများ ချီးကျုးဖော်ပြ
Wednesday, September 11, 2013

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော မာဒေးကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာယူ-၂၃ အသင်း၏ တြိဂံတိုက်စစ်အတွဲ (ကျော...်ဇေယျာဝင်း+ကြည်လင်း+ကျော်ကိုကို) ကို မလေးရှား သတင်းစာများက ချီးကျူး ရေးသားဖော်ပြနေကြသည်။

ယခုနှစ် မာဒေးကားပြိုင်ပွဲမှာ ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် ကျင်းပနေခြင်းဖြစ် ပြီး မလေးရှားယူ-၂၃၊ မြန်မာယူ-၂၃၊ စင်ကာပူ ယူ-၂၃ နှင့် ထိုင်း All Star အသင်းတို့ ပါဝင်ကစားနေသည်။ မလေးရှား သတင်းစာ တစ်စောင်ဖြစ်သော The Star တွင် မြန်မာအသင်း ၏ ကျော်ကိုကို၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း တိုက်စစ်အတွဲမှာ ပြိုင်ဘက်အတွက် အခက်တွေ့စေနိုင်ပြီး ဆီးဂိမ်းတွင် တောက်ပလာမည့် ကစားသမားများ ဖြစ် လာနိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် မလေးရှားယူ-၂၃ အသင်းနည်းပြ အွန်ကွမ်ဆီးကလည်း မြန်မာယူ - ၂၃ အသင်း၏ ခြေစွမ်းမှာ လွန်ခဲ့သည့် တစ်နှစ်ကထက် ပိုမိုတိုးတက် လာကြောင်းချီးကျုးခဲ့သည်။

“မြန်မာအသင်းရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ်ကထက် သိသိသာသာ တိုးတက် လာပါတယ်။ ဆီးဂိမ်းမှာ ရင်ဆိုင်ရခက်တဲ့ အသင်း ဖြစ်လာနိုင်ပါတယ်။” ဟု အွန်ကွမ်ဆီးက ဆိုသည်။

မာဒေးကားပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းမှာ ဆုကြေး ဒေါ်လာ (၅)သောင်း ရမည်ဖြစ်ပြီး ဒုတိယဒေါ်လာ (၃) သောင်း၊ တတိယ ဒေါ်လာ(၂) သောင်း၊ စတုတ္ထ ဒေါ်လာ (၁) သောင်းရမည် ဖြစ်သည်။

ရဲရင့်ဌေး
မဇ္ဈိမ
မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော မာဒေးကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာယူ-၂၃ အသင်း၏ တြိဂံတိုက်စစ်အတွဲ (ကျော...်ဇေယျာဝင်း+ကြည်လင်း+ကျော်ကိုကို) ကို မလေးရှား သတင်းစာများက ချီးကျူး ရေးသားဖော်ပြနေကြသည်။

အသိမ်းခံလယ်များ ပြန်ရဖို့ဆန္ဒပြသူ ထောင် ၉ လကျခံရ

Photo: အသိမ်းခံလယ်များ ပြန်ရဖို့ဆန္ဒပြသူ ထောင် ၉ လကျခံရ
Wednesday, September 11, 2013

တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေး ဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ် နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။

ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ဆန္ဒပြခဲ့ တာပါ။

ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင် က အခုလို ပြောပါတယ်။

“၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချ တယ်၊ အဲဒီ့ဥစ္စာက အလုပ်ပါ ပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကို ပို့လိုက် တယ်၊ အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”

သံတွဲမြို့နယ်ရဲစခန်းက ပထမ ၂ ကြိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေမဲ့ ၃ ကြိမ်မြောက် ဆန္ဒပြအပြီးမှာ အာမခံမပေးတော့ဘဲ သံတွဲအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

RFA Burmese
တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေး ဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ် နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။

လမ်းမတော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်

Photo: လမ်းမတော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်
Wednesday, September 11, 2013

၁၁.၉.၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလ လမ်းနှင့်ဘုန်းကြီးလမ်းမီးပွိုင့်၌ ဘုန်းကြီးလမ်းအတိုင်း
တောင်မှမြောက် သို့ ယာဉ်မောင်း ဦးစိုးဝင်း(ဘ)ဦးကောင်းစံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသည့် ၁ဃ/---- Caldina မီးခိုးရောင်အငှားယာဉ်နှင့် မဟာဗန္ဓုလလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ကိုအောင်မိုးဝင်း(ဘ)ဦးအောင်မြင့်၊ မင်္ဂလာတောင်ညွန့်
မြို့နယ်နေသူ မောင်းနှင်လာသည့် BB/----၊ Toyota Vista မီးခိုးရောင် အငှားယာဉ်တို့ တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်ဆီးကာ တိုက်မိသည့်အရှိန်ဖြင့် ၁ဃ/---- ယာဉ်မှာ မဟာဗန္ဓုလလမ်းဘေးတွင်ပါကင်ထိုးရပ်ထားသော ၂စ/---- ဟွန်ဒါဟိုက်ကလစ်ယာဉ်အားလည်းကောင်း၊ BB/----ယာဉ်မှ မဟာဗန္ဓုလလမ်းနှင့်ဘုန်းကြီးလမ်းထောင့်အနီးတွင်ရပ်ထားသော ဆိုက္ကားအားလည်းကောင်း ဆက်လက်တိုက်မိခဲ့ကြရာ ဆိုက္ကားပေါ်တွင် ထိုင်နေသူ ကိုထွန်းအောင်(ဘ)ဦးစိန်ဌေး၊ ဒလမြို့နယ်
နေသူ တွင် ယာ ဒူး၊ ယာခြေသလုံး၊ ၀ဲနံစောင်း၊ ၀ဲပေါင် တို့၌
နာကျင်၊ပွန်းပဲ့၊စုတ်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်ကြသည့် ယာဉ်မောင်း ဦးစိုးဝင်းနှင့် ကိုအောင်မိုးဝင်းတို့(၂)ဦးအား လမ်းမတော်မြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၁.၉.၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလ လမ်းနှင့်ဘုန်းကြီးလမ်းမီးပွိုင့်၌

ရတနာပုံဆိုက်ဘာစီးတီး က ကျောင်းပြေးတွေကို အလိုမလိုက်ကြပါနဲ့

(ပုံတွင် ကျောင်းစအပ်စဉ်က သိရှိလိုက်နာပါမည့်အကြောင်း စည်းကမ်းများ နှင့်ဝန်ခံကတိပြုချက် များကိုဖော်ပြ ထားပါသည်)
၅၈ယောက် တတ်ရောက်နေပါတယ် ။ ကျောင်းစအပ်ပါပြီ ဆိုက တည်းက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မှ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ် ဆိုတဲ့ စည်းကမ်း ချက်ပါရှိပါတယ် ။ မိဘတွေနဲ့ ကျောင်းသား/

မြန်မာ အာဆီယံ ထိပ်သီးအစည်းအဝေး ၂၀၁၄ မေလဆန်းတွင် ကျင်းပမည်


Photo: မြန်မာ အာဆီယံ ထိပ်သီးအစည်းအဝေး ၂၀၁၄ မေလဆန်းတွင် ကျင်းပမည်
Wednesday, September 11, 2013

အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည် ဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေး ၂၀၁၄ ကို ၂၀၁၄ ခုနှစ် မေလဆန်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေး များကို ဧပြီသို့မဟုတ် မေနှင့် နိုဝင်ဘာလ သို့မဟုတ် အောက်တိုဘာလတို့တွင် အနည်းဆုံးနှစ်ကြိမ် ကျင်းပလေ့ရှိပြီး တစ်နှစ်လျှင် မြန်မာနိုင်ငံက ပထမနှစ်ဝက် ထိပ်သီးအစည်းအဝေးကို
မေလတွင် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါအာဆီယံထိပ်သီး အစည်းအဝေးကို မေလ ၄ ရက် သို့မဟုတ် ၅ ရက်နေ့ တွင် ကျင်းပရန် စီစဉ်နေပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
"ညှိလို့အဆင်ပြေရင် မေလထဲပဲ ဖြစ်အောင် လုပ်မှာပါ" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည့် နိုင်ငံဖြစ်သောကြောင့် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားထိပ်သီး အစည်းအဝေး
လေးခုထက်မနည်း ကျင်းပမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော
ကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံဥက္ကဋ္ဌ အဖြစ် ထိပ်သီးအစည်းအဝေးကို ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာလ ၉ ရက် နှင့် ၁၀ ရက် နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ နိုင်ငံ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရန် ၂၀၁၁ ခုနှစ်
နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် အာဆီယံထိပ် သီးအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက တာဝန် ယူခဲပြီး ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံက တာဝန်ယူခဲ့သည်။ ပထမဦးဆုံးသော အာဆီယံထိပ်သီး အစည်းအဝေးကို ၁၉၇၆ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည်။

The Voice Weekly
အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရမည် ဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေး ၂၀၁၄ ကို ၂၀၁၄ ခုနှစ် မေလဆန်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက ပြောကြားသည်။

ဓာတ်ဆီပေနေသောလက်ဖြင့် မီးခြစ်ရာမှ မီးလောင်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့၊ ကျောင်းကုန်း(န)ရပ်ကွက်မှ အမျိုး သား တစ်ဦးသည် သြဂုတ်လ ၅ရက်နေ့က နေအိမ်ရှိ သံပန်းများ အား ဆေး သုပ်ပြီးနောက်ပေနေသောလက်အား ဓာတ်ဆီဖြင့်ဆေး၍ဆေးလိပ်သောက် ရန် ဂက်စ်မီးခြစ် အား ခြစ်ရာမှ မျက်နှာ၊ ရင်အုံနှင့် လက်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိ၍ ဆေးရုံတက် ကုသမှုခံယူခဲ့ခြင်း ဖြစ်ကြောင်းသက်ဆိုင်ရာ ရဲမှတ်တမ်းများအရ သိရသည်။

ရတနာပုံဆိုက်ဘာစီးတီး က ကျောင်းပြေးတွေကို အလိုမလိုက်ကြပါနဲ့

(ပုံတွင် ကျောင်းစအပ်စဉ်က သိရှိလိုက်နာပါမည့်အကြောင်း စည်းကမ်းများ နှင့်ဝန်ခံကတိပြုချက် များကိုဖော်ပြ ထားပါသည်)
၅၈ယောက် တတ်ရောက်နေပါတယ် ။ ကျောင်းစအပ်ပါပြီ ဆိုက တည်းက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မှ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ် ဆိုတဲ့ စည်းကမ်း ချက်ပါရှိပါတယ် ။ မိဘတွေနဲ့ ကျောင်းသား/

" ရုပ်ရှင်လောက တိုးတက်ရေးနှင့် ရုပ်ရှင် လောကသားတို့ အသံ "

 
ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ရုပ်ရှင်လောကသား အနုပညာရှင်တို့၏ရုပ်ရှင် လောကဖွံ့ဖြိုး ဖို့ရင်တွင်းစကားများကို ဖော်ပြလိုက်ရပါတယ်။

ဆီးရီးယားကိုအရေးယူအပြစ်ပေးရန် အိုဘားမား၏အားထုတ်မှု ဟီလာရီကလင်တန်ထောက်ခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ရန် လွှတ်တော်၏ ထောက်ခံ ချက်ရရှိရေး သမ္မတဘာရက် အိုဘားမား၏ ကြိုးစားအားထုတ်မှုကို ထောက်ခံခဲ့ပြီး အာဆတ် အစိုးရလက်နက်ချအညံ့ခံရေးနှင့် ၎င်းတို့၏ လက်နက်များ နိုင်ငံတကာ ထိန်းချုပ်မှုအောက်ထားရှိရေးဆောင်ရွက်ချက်မှာ အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု စက်တင်ဘာ ၉ ရက်တွင်ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂါလီများက ၎င်းတို့အား မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန် တောင်းဆို

တတိယနိုင်ငံများသို့ သွားရောက်အခြေချနိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံရှိ လူဝင်မှုထိန်းသိမ်းရေး စခန်းများတွင် ကိုးလကြာ ထိန်းသိမ်းခံထားရသော ဘင်္ဂါလီများသည် မြန်မာနိုင်ငံ သို့ ပြန်လည် ပို့ဆောင်ပေးရန် တောင်းဆိုလျက် ရှိနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရ သည်။

ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ တင်ပြမည့် ထပ်တိုးဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်

FF-11-9
ကျင်းပပြီးစီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ် များအား အခမ်းအနား မစမီ တွေ့ရစဉ်
အောက်တိုဘာ ၁ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ တင်ပြ မည့် ထပ်တိုးဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်ဟု သိရသည်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်သုံးမှတ် ရရှိ

 အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်သုံးမှတ် ရရှိ

    Created on Tuesday, 10 September 2013 23:31 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်က သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်မြန်မာ အမျိုးသမီးအသင်းက လာအိုအသင်းကို (၅-၀) ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် သုံးမှတ်စတင် ရရှိခဲ့သည်။

မြန်မာအသင်းသည် စန်းစန်းမော်၊ သန်းသန်းထွေး၊ ရီရီဦး၊ မိုးမိုးဝါ စသည့်အမာခံ ကစားသမားများဖြင့် ပွဲထွက်ကစား ခဲ့သော်လည်း ပထမပိုင်းတွင် တိုက်စစ်ပိုင်း၌ အချိတ်အဆက် လွဲချော်နေ၍ တစ်ဂိုးသာ ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် လူအပြောင်းအလဲ ပြုလုပ်ပြီးမှသာ တိုက်စစ်ကစားပုံ ပိုကောင်းလာပြီး လေးဂိုးအထိ ထပ်မံသွင်းယူကာ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မိနစ် ၃၀ တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းခေါင်းဆောင် စန်းစန်းမော်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် အမာခံတိုက်စစ်မှူး ခင်မာလာထွန်း ၀င်ရောက်ကစားပြီးနောက်ပိုင်း မြန်မာအသင်း တိုက်စစ်ပိုမို ကောင်းမွန်လာပြီး ၅၃ မိနစ်တွင် ခင်မာလာထွန်း၊ ၇၆ မိနစ်တွင် ရီရီဦး၊ ၇၉ မိနစ်နှင့် ၈၁ မိနစ်တို့တွင် ခင်မိုးဝေတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူ ပေးခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယပွဲတွင် ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စက်တင်ဘာ ၁၁ ရက် (ယနေ့)တွင် အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် မလေးရှားနှင့် သြစတြေးလျ၊ ဂျော်ဒန်နှင့်ထိုင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းမှ ဖူးပွင့်ခိုင်၏ ဂိုးသွင်းရန် ကြိုးပမ်းမှုကို လာအိုဂိုးသမား ကာကွယ်နေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 11-9-2013 
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံ ရှစ် ဘောလုံး ပြိုင်ပွဲ အုပ်စုဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်က သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစား ခဲ့ရာ အိမ်ရှင်မြန်မာ အမျိုးသမီးအသင်းက လာအိုအသင်းကို (၅-၀) ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် သုံးမှတ် စတင် ရရှိခဲ့သည်။

မန်ချက်စတာဒါဘီပွဲအတွက် လုံခြုံရေးစည်းမျဉ်းများ တိုးမြှင့်မည်


လာမည့် မန်ချက်စတာ ဒါဘီပွဲတွင် ယမန်နှစ်ကကဲ့သို့ အကျည်းတန်ဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုံခြုံရေး တိုးမြှင့်ပြီးစည်းမျဉ်းသစ်များ ရေးဆွဲခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် မန်ယူက မန်စီးတီးကို ၂-၃ဂိုးဖြင့် အနိုင်ရ ခဲ့သည့် ပွဲတွင် ဗန်ပါစီ အနိုင်ဂိုးသွင်းပြီးနောက် မန်စီးတီး ပရိသတ်များရှေ့ သွားရောက်အောင်ပွဲ ခံခဲ့ သည့် မန်ယူနောက်ခံလူ ဖာဒီနန်မှာ ပြိုင်ဘက်အသင်း ပရိသတ်၏ အကြွေစေ့ဖြင့် ပစ်ပေါက်မှုကြောင့် မျက်ခွံ ကွဲခဲ့သည့်အပြင် မန်စီးတီး ပရိသတ်တစ်ဦးမှာ ကွင်းအတွင်း ၀င်ရောက်၍ ဖာဒီနန်ကို ရန်မူရန် ကြိုးပမ်းခဲ့ပြီး ယင်းကဲ့သို့ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

Tuesday, 10 September 2013

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဓိကကျသော မင်းဓမ္မလမ်း ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းတင်ဒါများ ခေါ်ယူ

ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ဒုတိယစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် အတွက်မြေငှားရမ်းရန် တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDC က ထုတ်ပြန် လိုက်သည်။

မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ


Photo: မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ
Tuesday, September 10, 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။
ခရီးသွားရာသီအစဖြစ်သော ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် မတ်လအထိ နိုင်ငံ ခြားသားခရီးသည်များ အဆိုပါ မြို့သုံးမြို့သို့ လာရောက်မှု များ ပြားပြီး လာရောက်သည့် နိုင်ငံခြား သားခရီးသည်များ တည်းခိုနိုင်ရန် အတွက် ယခုအခါ အဆိုပါမြို့ ကြီးများတွင် ဟိုတယ်ကြီးများ တိုး ချဲ့ဆောက်လုပ်လျက်ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ လလယ်အထိ မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး နှစ်လုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟို တယ်ကြီးရှစ်လုံး၊ ကြယ်နှစ်ပွင့်အ ဆင့်ရှိ ဟိုတယ် ၂၅ လုံးနှင့် ကြယ် တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၉ လုံး နှင့် ရိုးရိုးတည်းခိုခန်း ၃၅ လုံးရှိရာ အခန်းပေါင်း ၂၃၃၁ ခန်းရှိသည်။ ပြင်ဦးလွင်မြို့တွင် ကြယ်သုံးပွင့် အဆင့် ဟိုတယ်ကြီး လေးလုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်သုံး လုံး၊ ကြယ်တစ်ပွင့်အဆင့်ဟိုတယ် ခြောက်လုံးနှင့် ရိုးရိုးတည်းခိုခန်း ၂၅ လုံးရှိရာ အခန်းပေါင်း ၇၅၆ ခန်းရှိသည်။ ပုဂံညောင်ဦးတွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး တစ်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟို တယ် ၁၀ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်ခုနစ်လုံး၊ ကြယ်တစ်ပွင့် အဆင့်ဟိုတယ် လေးလုံးနှင့် ရိုးရိုး တည်းခိုခန်း ၄၃ လုံးရှိရာ အခန်း ၂၁၃၁ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး တိုင်းဦးစီးဌာန မှူးရုံး မှတ်တမ်းများအရ သိရ သည်။

လာမည့် ခရီးသွားရာသီ တွင် ခရီးသည်နှစ်ဆခန့် တိုးတက် လာရောက်နိုင်ပြီး မန္တလေးမြို့သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များမှာ ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့ရှိ နိုင်ငံ ခြားသား တည်းခိုခွင့်လိုင်စင်ရယူ ထားသော တည်းခိုခန်းများသို့ သွားရောက်တည်းခိုမှုရှိရာ နိုင်ငံ ခြားသားဝင်ရောက်မှုများသည် မန္တလေးမြို့တွင် ယခုအခါ အဆင့် မြင့်အိပ်ခန်းပေါင်းများစွာ ပါရှိ သော ဟိုတယ်ကြီးများ တည် ဆောက်နေသည့်အပြင် လက်ရှိ ဟိုတယ်များမှာလည်း အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group
၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းမရှိပါက အလုပ်ရှင်များအား အရေးယူမည်

Photo: အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းမရှိပါက အလုပ်ရှင်များအား အရေးယူမည်
Tuesday, September 10, 2013

အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ် ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိ ရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့် အခွင့်အရေးများတောင်းဆိုရာ တွင် အလွန်အရေး ပါခြင်းကြောင့် ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါဥပဒေ၏ နည်းဥပဒေအ မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သ မားညွှန်ကြားမှုဦးစီး ဌာနအနေ ဖြင့် ရေးဆွဲမှုများပြုလုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြော သည်။

ဦးဝင်းရှိန်က ''အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆို မှုက အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ခုအလုပ် အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက် ရေးဥပဒေကို အသုံးပြုဖို့နည်း ဥပဒေထွက်ရှိပြီးတာနဲ့ ဥပဒေမှာ ပါရှိတဲ့ ပြစ်ဒဏ်တွေအတိုင်း စာ ချုပ်မချုပ်တဲ့ အလုပ်ရှင်ကို အရေး ယူသွားမှာပါ။ တရားစွဲသင့်ရင်စွဲ မယ်။ ဥပဒေပါ အတိုင်း လေးစား ဆောင်ရွက်ရမယ်ဆိုတဲ့အချက်နဲ့ ပေါ့''ဟု ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအ လုပ်ရှင်များမှ ချုပ်ဆိုပြီးပါကလည်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနသို့ ယင်းစာချုပ် မိတ္တူကိုပြန် လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။ စက်ရုံ၊ အလုပ်ရုံ များသို့ အ လုပ်ဝင်ပါက ယင်းစက်ရုံများမှ ထုတ်ထားသည့် ဖောင်များတွင် သာဖြည့်၍ အလုပ်ဝင်ရောက်လုပ် ကိုင်ရပြီး ယင်းဖောင်များတွင်ပါ ရှိသည့် စည်းကမ်းပါအချက်များ ကိုပင် အလုပ်ရှင်များမှလိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် အလုပ်သမားများအားအလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ် လျက် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ World Fashion အထည်ချုပ်စက် ရုံမှ အလုပ်သမား သမဂ္ဂခေါင်း ဆောင် ဦးမျိုးမင်းမင်းက ''ကျွန် တော်တို့စက်ရုံမှာ အလုပ်ရှင် အ လုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုထားတာတော့ရှိပါတယ်။ ဒါပေမဲ့တရားဝင်ပြဋ္ဌာန်းပေးထား တဲ့ စာချုပ်တော့မဟုတ်ပါဘူး။ အ လုပ်ရှင် အလုပ်သမားနားလည်မှု နဲ့ ချုပ်ထားတဲ့စာချုပ်သဘော လောက် ပါပဲ''ဟု ပြော သည်။
ဩဂုတ် ၃၀ ရက်တွင် အ လုပ်သမားများအတွက် 'အလုပ် အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်း ဥပဒေ၏ အခန်း(၃)တွင်လည်း အလုပ်ရှင်သည် အလုပ်သမား အား အလုပ်လုပ်ရန်ခန့်အပ်ပြီးပါ က ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက် စာချုပ်ချုပ်ဆိုရမည်ဟုပါရှိ ပြီး ယင်းစာချုပ်တွင်လည်း လုပ်ငန်း ခွင်စည်းကမ်းများနှင့် အလုပ်သမား များ၏အကျိုးခံစားခွင့်များသည် လည်း တည်ဆဲဥပဒေတစ်ရပ်ရပ် ပါ ခံစားခွင့်များအောက်လျော့ နည်း ခြင်းမရှိစေရဟူ၍ပါရှိသည်။
နိုင်ငံတော်သမ္မတကြီးမှ လည်း ဥပဒေအားပြဋ္ဌာန်းပြီးပါက နည်းဥပဒေကို လွှတ်တော်စည်း မျဉ်းစည်းကမ်းများနှင့် အညီရက် ပေါင်း ၉ဝအတွင်းပြဋ္ဌာန်းသင့် ကြောင်း ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂ရ ရက်မြောက်နေ့တွင် သဘောထား မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

Yangon Media Group
အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ်ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်ရှိ

Photo: တရုတ်နိုင်ငံက မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်ရှိ
Tuesday, September 10, 2013 

တရုတ်နိုင်ငံ AVIC ရဟတ်ယာဉ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် လက်ရှိ အသုံးပြုနေသော ရဟတ်ယာဉ် များထက် မြန်နှုန်း နှစ် ဆဖြင့် မောင်းနှင်နိုင်စွမ်းရှိသည့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက် ရှိကြောင်းနှင့် ၎င်းမျိုး ဆက်သစ် ရဟတ်ယာဉ်များသည် တစ်နာရီလျှင် ၅ဝဝ ကီလိုမီတာ (၃၁၂ မိုင်) ကျော်နှုန်းဖြင့် မောင်းနှင်နိုင်စွမ်းရှိ မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ လင်ကျိုမင်းက ပြောကြားခဲ့သည် ဟု စက်တင် ဘာ ၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မြန်နှုန်းမြင့် ရဟတ်ယာဉ်များ ထုတ်လုပ်မှုနှင့် သုတေသနပြုမှုတို့ အတွက် အခြားသော နိုင်ငံများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ AVIC မှ ထုတ်လုပ်သော ရဟတ် ယာဉ်များ အနက် Blue Whale ဝန်ချီ ရဟတ်ယာဉ်သည် တန်ချိန် ၃ဝ အထိ ဝန်တင်ဆောင်လျက် တန်ချိန် ၆ဝ အထိ ချိတ်ဆွဲလျက် အနေအထားဖြင့် တစ်နာရီလျှင် ၇ဝဝ ကီလိုမီတာ (၄၃၇ မိုင်) ကျော်နှုန်းအထိ မောင်းနှင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

¤င်းရဟတ်ယာဉ်သည် မြေအနေ အထားကျပ်တည်းရှုပ်ထွေးသည့်နေရာ များတွင်ပင် ဒေါင်လိုက်တက်ဆင်းပျံသန်း နိုင်ပြီး သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးလုပ်ငန်းများ တွင် ထောက်ပံ့ ရေး ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေး အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းအပြင် စစ်မြေပြင် စောင့်ကြည့် ထောက် လှမ်းခြင်း၊ ကင်းလှည့်ခြင်းနှင့် မြေပြင် အနီးကပ် ပစ်ကူပေးခြင်း စသည့် စစ်ဘက် တာဝန်များလည်း ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ AVIC ရဟတ်ယာဉ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် လက်ရှိ အသုံးပြုနေသော ရဟတ်ယာဉ် များထက် မြန်နှုန်း နှစ် ဆဖြင့် မောင်းနှင်နိုင်စွမ်းရှိသည့် ရဟတ်ယာဉ်များ ထုတ်လုပ်လျက်

ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဘယ်သူတွေ၊ဘာတွေ ဆွေးနွေး

Photo: ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဘယ်သူတွေ၊ဘာတွေ ဆွေးနွေး

Tuesday, September 10, 2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက် စွက်ဖက်တာ တွေ မပြုလုပ်ရေး စတဲ့ ဥပဒေ ဆိုင်ရာ ကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော် ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနန္ဒကျော်စွာ၊ သူရ ဦးအောင်ကို အပါအ၀င် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်စံမြင့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ NLD က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအပြင် တရားရေး ၀န်ထမ်းဟောင်းတွေ၊ ရှေ့နေ ကွန်ယက်က သူတွေ၊ အခြား စိတ်ဝင်စားသူတွေလည်း တက်ခဲ့ကြတာပါ။

“ဆွေးနွေးကြရာတွင် တရားစီရင်ရေး နယ်ပယ်အပေါ် အုပ်ချုပ်ရေးနယ်ပယ်မှ
မစွက်ဖက်ရန်၊ အာဏာ သြဇာ သုံးခြင်း (သို့) တရားသူကြီးများမှ အဂတိ လိုက်စားခြင်း ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ ရဲတပ်ဖွဲ့ လုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
ဆွဲနိုင်ရန် ပြင်ဆင် သင့်သော နောက်ဆက်တွဲ ဥပဒေများ၊ ဆွေးနွေးကြ
သည်” လို့ NLD ဖေ့စ်ဘုတ်စာမျက်နှာက ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကိုလည်း ဆက်လက်ဖော်ပြပေး
သွားမယ်လို့ ပြောထားပါတယ်။

ဧရာဝတီblog
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက်စွက်ဖက်တာတွ မပြုလုပ်ရေးစတဲ့ ဥပဒေဆိုင်ရာကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော်ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ် တွင် ပြေးလမ်းချော် မှုကြောင့် ၁၄ ဦး ဒဏ်ရာရ

Photo: ထိုင်းအဲဝေးမှ လေယာဉ်တစ်စင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ် တွင် ပြေးလမ်းချော် မှုကြောင့် ၁၄ ဦး ဒဏ်ရာရ
Tuesday, September 10, 2013 

ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သို့ ဆင်းသက်စဉ် ဂီယာ ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ယင်းလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြေးလမ်းချော်ခဲ့သည့် Airbus 330-300 လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး ပါရှိလာခဲ့ပြီး တရုတ်နိုင်ငံတောင် ပိုင်း၊ ကွမ်ကျိုးမြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် စတင် ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

''လေယာဉ်အင်ဂျင် နားမှာရှိတဲ့ ညာဘက်အခြမ်းက မြေပြင်ဆင်း ဂီယာ အုံနား မီးပွားတွေ ထွက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ် ပါတယ်'' ဟု လေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြေးလမ်းချော်သွားသည့် လေယာဉ်အား ရပ်တန့်သွားသည် အထိ လေယာဉ်မှူး က ထိန်း ချုပ်နိုင်ခဲ့ပြီး ခရီးသည်များကို အရေးပေါ် ထွက်ပေါက်မှ ထွက်ခွာစေခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် လူ ၁၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအဲဝေးဥက္ကဋ္ဌ ဆိုရာဂျက် ကာဆမ်အူဘန်က ထိုင်းနိုင်ငံ ရုပ်သံဌာနများ သို့ ပြောကြား ခဲ့သည်။ ၎င်းတို့အားလုံးကို ဆေးရုံပို့ခဲ့ပြီး အများစုမှာ ဒဏ်ရာပြင်းထန်မှု မရှိသောကြောင့် ဆေးရုံမှပြန်ဆင်း သွားကြကြောင်း သိရသည်။ လမ်းကြောင်း ချော်သွားသည့် လေယာဉ်ကို ဖယ်ရှားရန်အတွက် ၂၄ နာရီခန့် ကြာမြင့်ဦးမည် ဖြစ်ကြောင်း လေကြောင်းလိုင်း က ကြေညာ ထားသည်။

အဆိုပါ လေယာဉ်ကို အဲဘတ်စ် ကုမ္ပဏီက ထိုင်းအဲဝေး လေကြောင်းလိုင်း သို့ ၁၉၉၅ ခုနှစ်၊ မတ်လတွင် ပေးပို့ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် သီတင်းပတ် အတွင်းကလည်း ထိုင်းအဲဝေး လေကြောင်းလိုင်း၏ ဘန်ကောက်မှ ဟောင်ကောင်သို့ ပျံသန်းလာသော A380 စူပါဂျမ် ဘို လေယာဉ်တစ်စင်းသည် လေ၀ဲဂယက်မိကာ လှုပ်ရမ်းခါသွားမှုကြောင့် ခရီးသည်အချို့နှင့် လေယာဉ် အမှုထမ်းများ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Ref:AFP
Eleven Media Group
သုဝဏ္ဏဘူမိ လေဆိပ်တွင် ပြေးလမ်းချော်ခဲ့သော လေယာဉ်နှင့် အခြားလေ ယာဉ် တစ်စင်း ပျံတက်သွားမှုကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (Photo: AFP)
ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်စဉ် ဂီယာ ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ယင်းလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် အတွင်းမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူရောင်း ချနေပြီ ဖြစ်သော် လည်း လျှပ်စစ်မီး တစ်ယူနစ် ကျပ် ၄၆၀ အထိပေးကာ အသုံးပြုနေရ

ရခိုင်ပြည်နယ်အတွင်းမှ သဘာဝဓာတ်ငွေ့များကို ထုတ်ယူရောင်းချနေပြီ ဖြစ်သော်လည်း လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၄၆၀ အထိပေးကာ အသုံးပြု နေရကြောင်းနှင့် လျှပ်စစ်မီးရရှိရေးအတွက် လက်မှတ်ရေးထိုး ဆောင်ရွက်နေခြင်းများ ရှိကြောင်းလည်း သိရသည်။