Wednesday, 21 August 2013

တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး

Photo: တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး
 Wednesday, August 21, 2013

တရုတ်နိုင်ငံမှ ကောလိပ် ကျောင်းသား နှစ်သိန်းကျော် ခန့်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သို့ ဝင်ရောက်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းမှု ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တပ်မတော်သို့ ဝင်ရောက်သူ ကျောင်းသားများသည် ကျောင်းလခ များ ကင်းလွတ်ခွင့်ရခြင်း၊ စစ်တပ်မှ ထွက် ပြီးနောက် နှစ်နှစ်ခန့် အထိ ကျောင်းသား တစ်ယောက်၏ အခွင့်အရေးများ ရရှိနိုင်ခြင်း၊ ထူးချွန်သော ကျောင်းသားများအား တပ်မတော်တွင် အရာရှိအဖြစ် အဆင့် တိုးမြှင့် ပေးခြင်းနှင့် ကျောင်းဝင် ခွင့်စာမေးပွဲ များတွင်လည်း အမှတ်ပို များ ရရှိစေခြင်းစသည့် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။

ထို့အပြင် အဆိုပါ ကောလိပ်ကျောင်းသားများ အနေဖြင့် တပ်မတော်မှ နုတ်ထွက်ပြီး နောက်တွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ပါက အခွန်ပေးဆောင် ရမှုများအား လျှော့ချပေးခြင်း တို့ကိုလည်း ခံစားခွင့် ရရှိစေမည် ဖြစ်သည်။  တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူဂျီအန်ပြည်နယ် အစိုးရ၏ ပြောကြားချက်အရ အဆိုပါ ကောလိပ် ကျောင်းသားများ တပ်မတော်မှ အနားယူခွင့်ပြုပါက ၎င်းတို့အား အစိုးရ အလုပ်များ၏ ၁ဝ ရာခိုင်နှုန်းသော နေရာများနှင့် နိုင်ငံပိုင် ကုမ္ပဏီ များ၏ အလုပ်နေရာ ၁၅ ရာခိုင်နှုန်း တို့တွင် အလုပ်များပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေပြည်နယ် ကောလိပ်ကျောင်း များမှ တပ်မတော်သို့ ဝင်ရောက်သူများအား ယွမ် ၂ဝဝဝဝ (အမေရိ ကန် ဒေါ်လာ ၃၂၂၅ ဒေါ်လာ) ပေးအပ် သွားမည်ဖြစ်ပြီး ၎င်းတို့ အနေဖြင့် တပ်မတော်မှ နုတ်ထွက်ပြီး နောက်တွင်လည်း ပြန်လည် နေရာချထားရေး အတွက် အကျိုးခံစား ခွင့်နှစ်ဆ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန် ပြောကြားထားသည်။

ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ အသက် ၂၄နှစ်အောက်ရှိ ယခုနှစ် ဘွဲ့ရရှိသူများနှင့် ယမန်နှစ်က ဘွဲ့ရရှိ သူများ အနေဖြင့် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းနိုင်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံမှ ကောလိပ် ကျောင်းသား နှစ်သိန်းကျော်ခန့်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သို့ ဝင်ရောက်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းမှု ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ

Photo: Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ

Wednesday, 21 August 2013

အမေရိကန် နိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားလျက် ရှိသော တိရစ္ဆာန် များနှင့် လူများ၏ အူလမ်းကြောင်းတွင် ရောဂါ ဖြစ်ပွားစေသည့် Salmonella အမည်ရှိ ဗက်တီးရီးယား မျိုးစိတ်တစ်မျိုး ကူးစက် ပျံ့နှံ့ခြင်းသည် ဒေသ အတွင်းရှိ မွေးမြူရေး ခြံများနှင့် ဆက်စပ်မှု ရှိနေကြောင်း အမေရိကန် ပြည်ထောင်စု နယူး မက္ကဆီကို ပြည်နယ် ကျန်းမာရေး အာဏာပိုင် များက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် ၃၇ ခုမှ လူ ၃၁၆ ဦးခန့်သည် အဆိုပါ ရောဂါ ပိုးကူးစက် ခံရပြီး ၎င်းရောဂါပိုးကို နယူး မက္ကဆီကို ပြည်နယ် အရှေ့ပိုင်း Privett Hatchery ဘဲမွေးမြူရေး ခြံတစ်ခုတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ၀န်ကြီး ဌာနက သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသည် မွေးမြူရေး ခြံများမှ ရောဂါပိုး ကူးစက် ခံနေရသော ကြက်ပေါက်၊ ဘဲပေါက် လေးများနှင့် ထိတွေ့မှု ရှိသော သူများကိုသာ ကူးစက်ခြင်း ဖြစ်ကြောင်း

Read More >> http://www.myawady.com.mm/allnews/global/item/23005-2013-08-21-11-38-10
အမေရိကန် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော တိရစ္ဆာန်များနှင့် လူများ၏ အူလမ်းကြောင်း

ဝန်ကြီးချုပ်နဲ့အတိုက်အခံ ခေါင်းဆောင် ဒုတိယအကြိမ် စကားနိုင်လုမယ်

Photo: ၀န်ကြီးချုပ်နဲ့အတိုက်အခံ ခေါင်းဆောင် ဒုတိယအကြိမ် စကားနိုင်လုမယ်
Wednesday, August 21, 2013

သြစတြေးလျနိုင်ငံမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်
ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်နားပြီး အဓိကနိုင်ငံရေး ပါတီ
နှစ်ခုရဲ့ ခေါင်းဆောင်တွေ ဒုတိယအကြိမ် စကားနိုင်လုပွဲ ပြုလုပ်ကြမှာ
 ဖြစ်ပါတယ်။

ဒီညနေမှာ ပြုလုပ်မယ့် စကားနိုင်လုပွဲအတွက် ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က မဲဆွယ်စည်းရုံးမှုတွေ ရပ်တန့်ပြီး ပြင်ဆင်မှုတွေ လုပ်နေသလို အတိုက်အခံ
ပါတီခေါင်းဆောင် တိုနီအာဘော့တ်ရဲ့ လက်အောက်ငယ်သားတွေကလည်း သူတို့ရဲ့ ခေါင်းဆောင်ကို ပါတီရဲ့ ပေါ်လစီအကြောင်း၊ စီးပွားရေးအကြောင်း
တွေကို အတတ်နိုင်ဆုံး အတိုချုပ် ပြောပြနေကြပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် နှစ်ဖက်ခေါင်းဆောင်တွေ လေးကြိမ် စကားနိုင်
လုကြဖို့ ဝန်ကြီးချုပ်က စိန်ခေါ်ထားပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ စကားနိုင်
လုပွဲကိုတော့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ပြုလုပ်နိုင်တယ်လို့ အတိုက်အခံပါတီခေါင်းဆောင်ကို စိန်ခေါ်ထားပါတယ်။

အတိုက်အခံပါတီကတော့ စိန်ခေါ်မှုတွေကို မတုန့်ပြန်သေးပေမယ့် တတိယအကြိမ်မြောက်ပြုလုပ်မယ့် စကားနိုင်လုပွဲကိုတော့ ဆစ်ဒနီမြို့မှာ
 ပြုလုပ်မယ်လို့တော့ ပြောခဲ့ပါတယ်။

ဒီညမှာ ပြုလုပ်မယ့် ဒုတိယအကြိမ်မြောက် စကားနိုင်လုပွဲကို သြစတြေး
လျနိုင်ငံမြောက်ပိုင်း ကွင်းစလန်းပြည်နယ် Brisbane မြို့မှာ ပြုလုပ်မှာဖြစ်ပြီး သတင်းသမားတွေရဲ့ မေးခွန်းတွေကို ခေါင်းဆောင်နှစ်ဦး ဖြေရှင်းရမယ့်အပြင် ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲဆိုတာကို မဆုံးဖြတ်ရသေး
တဲ့ ပြည်သူ အယောက် ၁၀၀ ကနေ ခေါင်းဆောင်နှစ်ဦးကို မေးခွန်းမေးခွင့်
ရမှာဖြစ်တဲ့အတွက် အဖြေကောင်းတွေ ဖြေဖို့ ပြင်ဆင်နေကြတဲ့အကြောင်း 
အေဘီစီသတင်းထောက် Anna Henderson က သတင်းပေးပို့ထားပါတယ်။

ပထမအကြိမ် ပြုလုပ်တဲ့ စကားနိုင်လုပွဲမှာ နှစ်ဖက်စလုံးက သူတို့ အသာရတယ်လို့ ပြောဆိုကြပေမယ့် လေ့လာသုံးသပ်သူတွေကတော့ ဘယ်သူမှ မနိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

အတိုက်အခံဖက်က သူတို့ရဲ့ ပေါ်လစီကောင်းကိုသာ ပြောပေမယ့် ဒီအပေါ် ဘယ်လို လုပ်ဆောင်မလဲဆိုတာ အသေးစိတ်မပြောနိုင်တဲ့အပေါ် အားနည်း
ချက်လို့ မြင်ကြပြီး ဝန်ကြီးချုပ်ဖက်ကလည်း တချို့မေးခွန်းတွေ ဖြေဆိုတဲ့
အခါ ကောင်းမွန်မှုမရှိဘူးလို့ ပြောပြီး ဘယ်သူမှ မနိုင်ဘူးလို့ သုံးသပ်ကြ
တာဖြစ်ပါတယ်။

ABC
သြစတြေးလျနိုင်ငံမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးတွေ ခေတ္တရပ်နားပြီး အဓိကနိုင်ငံရေး ပါတီနှစ်ခုရဲ့ ခေါင်းဆောင်တွေ ဒုတိယအကြိမ် စကားနိုင် လုပွဲ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ကင်တာနာနဲ့ ပြည်ထောင်စုဝန်ကြီးတွေ နေပြည်တော်မှာတွေ့ဆုံ

Photo: ကင်တာနာနဲ့ ပြည်ထောင်စုဝန်ကြီးတွေ နေပြည်တော်မှာတွေ့ဆုံ
Wednesday, August 21, 2013

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေး
မှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာဟာ သြဂုတ်လ ၂၀ ရက်နေ့က
နေပြည်တော်မှာ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာပါတယ်။

MRTV ရဲ့ ဖေ့စ်ဘုတ်ပေါ်က သတင်းဖော်ပြချက်ကို မူရင်းအတိုင်း ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။

"ယင်းသို့တွေ့ဆုံစဉ် ကျေးလက်ဒေသများတွင် အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်နေမှုများ၊ ရွှေ့လျားပြည်သူ
များ (IDPs) နှင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီစေရေး အတွက် ရခိုင်ပြည်နယ်တွင် ကျန်းမာရေး ၀န်ကြီးဌာနက ဆောင်ရွက်နေမှုများ၊
မြန်မာနိုင်ငံ ၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုနှင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ
တို့အကြား ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အလုပ်သမားရေး
ရာကိစ္စရပ်များ၊ အဓမ္မ ခိုင်းစေမှုပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်
သမား အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှုနှင့် ပြည်ပသို့ အလုပ်မား စေလွှတ်
မှုဆိုင်ရာ ကိစ္စရပ်များ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ မိသားစုများအား လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးအပ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။"

ယမန်နေ့ကတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ကင်တာနာကို လုံးဝ လက်ခံ
တွေ့ဆုံမှာ မဟုတ်ဘူးလို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်က တဆင့် သြဂုတ်လ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက အသိပေးခဲ့ပါတယ်။

ဧရာဝတီblog
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာဟာ သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ ဆုံဆွေးနွေး တယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာပါတယ်။

ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်အလွဲ၊ အပိုများဖြင့် တရားမ၀င် တင်သွင်းမှုများကို စစ်ဆေးတွေ့ရှိ

Photo: ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်အလွဲ၊ အပိုများဖြင့် တရားမ၀င် တင်သွင်းမှုများကို စစ်ဆေးတွေ့ရှိ
Wednesday, August 21, 2013

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ကမ်းရိုးတန်းသွား
 ပြည်တွင်းရေယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်အလွဲ၊ အပိုတင်သွင်းမှုနှင့် တင်သွင်းခွင့် မပြုသည့် အရက်၊ ဘီယာများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်
အတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်းနှင့် သြဂုတ် ၃၁ ရက်အထိ ပညာပေး ကာလဖြစ်ကြောင်း သိရသည်။

လိုင်စင်အလွဲ၊ အပိုသယ်ဆောင်လာမှုများကို ကော့သောင်း-ရန်ကုန်မှ ကမ်းရိုးတန်းသွား ရေယာဉ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သွင်းကုန်ကြေညာလွှာပါ ပစ္စည်းနှင့် အမှန်တင်ဆောင်လာသော ပစ္စည်းများ ကွဲလွဲမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်-မြိတ်ခရီးစဉ်မှ ကမ်းရိုးတန်းသွား ရေယာဉ်တွင် တင်သွင်းခွင့် မပြုသည့် နိုင်ငံခြားဖြစ် ၀ီစကီများကို သိမ်းဆည်းနိုင်ခဲ့ပြီး အခြားနေရာမှ နိုင်ငံခြားဖြစ် ဘီယာများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး
 ကော့သောင်း၊ မြိတ်မြို့များ အပါအ၀င် အခြားမည်သည့် မြို့/ဆိပ်ကမ်းများမှ အခြားဆိပ်ကမ်းများသို့ ထွက်ခွာ/၀င်ရောက်လာသည့် ပြည်တွင်းကမ်းရိုး
တန်းသွား ရေယာဉ်များ အားလုံးသည် ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ဝ (တော်ကလု)တွင် ရဲရင့်မာန်ရေယာဉ်နှင့် စောင့်ကြည့်စစ်ဆေးမှု ပြု
လုပ်နေသော Mobile Team အဖွဲ့သို့ ၀င်ရောက်စစ်ဆေး ခံရမည်ဖြစ်ပြီး စစ်ဆေးခံပြီးမှသာ လိုရာခရီးသို့ ဆက်လက်ထွက်ခွာခွင့် ပြု
မည်ဖြစ်ကြောင်းနှင့် ၀င်ရောက်စစ်ဆေးခံခြင်း မပြုဘဲ မောင်းပြေးမည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ဝ (တောကလု)တွင် ၀င်ရောက်အစစ်ဆေးခံရမည့် ရေယာဉ်
များတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလိုင်းများမှ သင်္ဘောများမှအပ
 ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ၊ ခရီးသည်တင် ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များ၊ အမြန်ရေယာဉ်များ (ရှပ်ပြေး)နှင့် စက်မဲ့ရေယာဉ်တွဲများ ပါဝင်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်းနယ်မြေ Mobile Team အဖွဲ့မှ ပင်လယ်ဝ (တော်ကလု)နှင့် ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်းရှိ ဆိပ်ကမ်းများတွင် စောင့်ကြည့်စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ယုဇန၊ သာကေတဆိပ်ကမ်း၊ နန်းသီတာ၊ ၀ါးတန်း၊ ချောင်းဝ၊ ဘုရင့်နောင်နှင့် ဗားဂရာဆိပ်ကမ်းများတွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

eleven media group
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို စစ်ဆေး ရာတွင် လိုင်စင်အလွဲ၊ အပိုတင်သွင်းမှုနှင့် တင်သွင်းခွင့် မပြုသည့် အရက်၊ ဘီယာများကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန် ITOCHU Corporation က တည်ဆောက်မည်

Photo: သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန် ITOCHU Corporation က တည်ဆောက်မည်
Wednesday, August 21, 2013

သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန်နိုင်ငံ အခြေစိုက် ITOCHU Corporation က တည်ဆောက်မည်ဖြစ်
ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတံတား တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ITOCHU Corporation မှ Mr. Koji Umemoto နှင့် အဖွဲ့သည် ဆောက်လုပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် သြဂုတ် ၁၅ ရက်က
 တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဒေသတွင် ဂျပန်နိုင်ငံမှ သီလ၀ါ စက်မှုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ အပါအ၀င် ဘက်စုံလုပ်ငန်းသစ်များ
 ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဲခူးမြစ်ကိုဖြတ်ပြီး ရန်ကုန်-သီလ၀ါ တံတားသစ်ကိုလည်း ထပ်မံတည်ဆောက်မည် ဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ပြီးပါက ရန်ကုန်မြို့နှင့် သန်လျင်၊
 ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် သီလ၀ါဒေသတို့အကြား တံတား
သုံးစင်းဖြင့် ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ယခုဆောက်လုပ်မည့် တံတားတည်နေရာကို ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မည့် လုပ်ငန်းများအနက် ဦးစားပေး လုပ်ငန်းများဖြစ်သော ငမိုးရိပ်ချောင်း တံတားသစ် (ပုဇွန်တောင်-ဒေါပုံ)၊ ပဲခူးမြစ်ကူး ရန်ကုန်-သီလ၀ါ တံတားသစ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရန်ကုန်မြို့ အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ လမ်းတံတား စီမံကိန်းများ၊ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်း စသည့်အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများကို ဂျပန်အစိုးရ၏ ကူညီထောက်ပံ့ငွေများ၊ ချေးငွေ
များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော် ထုတ်ချေးရန် ဂျပန်အစိုးရက သဘောတူထားသည်။

ITOCHU Corporation သည် အခြားဂျပန် ထိပ်တန်းလုပ်ငန်း တစ်ခုဖြစ်သော Marubeni ကော်ပိုရေးရှင်းနှင့် ညီနောင်လုပ်ငန်း တစ်ခုဖြစ်သည်။ ITOCHU ကို ၁၈၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိုဆာကာနှင့် တိုကျိုမြို့တို့တွင် အခြေစိုက်ထားသည်။

ယင်းကုမ္ပဏီနှင့် ဆက်နွှယ်မှုရှိနေသည့် Marubeni ကော်ပိုရေးရှင်း
ကလည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

eleven media group
သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန်နိုင်ငံ အခြေစိုက် ITOCHU Corporation က တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အမှုစစ်ဆေး စဉ် ပွင့်လင်းမြင်သာမှု ရှိစေရေး CCTV ကင်မရာဖြင့် မှတ်တမ်းတင် ထားရှိမည်

Photo: အမှုစစ်ဆေးစဉ် ပွင့်လင်းမြင်သာမှုရှိစေရေး CCTV ကင်မရာဖြင့် မှတ်တမ်းတင်ထားရှိမည်
Wednesday, August 21, 2013

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရဲစခန်းတွင် အမှုစစ်ခန်းနှင့်
ပြည်သူ့ဝန်ဆောင် မှု အကူအညီပေးရေး အဖွဲ့တို့၏ လုပ်ဆောင်ချက်များကို CCTV ကင်မရာတပ်ဆင်၍ မှတ်တမ်း တင်ထားရှိကြောင်း လမ်းမတော်
မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်၏ ပြောကြားချက် အရသိရ သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက် ချက်များအား အများပြည်သူတို့ ပွင့်လင်းမြင်သာမှုရှိစေရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ အစီအစဉ်ဖြင့် ဩဂုတ်လမှစတင်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်း အသီးသီးတွင် CCTV ကင်မရာ တပ်ဆင် ၍ မှတ်တမ်းတင်ထားရှိခြင်း ဖြစ်သည်။

လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တရားလိုသက်သေနှင့် တရားခံတို့ကို စစ်ဆေးခြင်း၊ ဖြစ်ပွား သည့် အမှု နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်မှု များအစရှိသည်တို့ကို လုပ်ထုံးလုပ် နည်းနှင့် အညီ မှတ်တမ်းတင်ထားရှိ မည်ဖြစ်သည်။ အဆိုပါ မှတ်တမ်းကို အချိန်မရွေးပြန်လည်ကြည့်ရှုနိုင် မည် ဖြစ်သည်။

မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် CCTV ကင်မရာတပ်ဆင်ထားရှိမှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းနိုင်ဦး၊ မြို့နယ် အတွင်းရှိ ရပ်မိရပ်ဖအဖွဲ့ဝင်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်နှင့် ဒုတိယစခန်းမှူး ရဲအုပ်ဆန်းထွန်းတို့က စခန်းအတွင်း လိုက်လံရှင်းလင်းပြ သကြသည်။

(မျိုးမင်းသူရ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရဲစခန်းတွင် အမှုစစ်ခန်းနှင့် ပြည်သူ့ဝန်ဆောင် မှု အကူ အညီပေးရေး အဖွဲ့တို့၏ လုပ်ဆောင်ချက်များကို CCTV ကင်မရာတပ်ဆင်၍ မှတ်တမ်း တင်ထားရှိကြောင်း လမ်းမတော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကြည်၏ ပြောကြားချက် အရသိရ သည်။

မြန်မာ ပဋိပက္ခ အရင်းအမြစ် မဖြေရှင်းနိုင် ရင် ဒီထက် ဆိုးဝါးမယ်လို့ဆို

Photo: မြန်မာပဋိပက္ခအရင်းအမြစ် မဖြေရှင်းနိုင်ရင် ဒီထက်ဆိုးဝါးမယ်လို့ဆို
Wednesday, August 21, 2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ခုအခါမှာ ငြိမ်သက်နေပြီ ဖြစ်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ရင် ဒီထက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

Physicians for Human Rights PHR အဖွဲ့ရဲ့အဆိုအရ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုမျိုးကို ပျက်ပျယ်အောင် မလုပ်နိုင်ရင် နောင်ဖြစ်လာတဲ့ ပဋိပက္ခတွေက ဒီထက် ဆိုးဝါးပြီး လူသားများအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ မျိုးတုန်းသတ်ဖြတ်
ခံနေရတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခင်းစဖြစ်ခါစတုန်းက ရိုဟင်ဂျာ မွတ်စလင်တွေကိုသာ ပစ်မှတ်ထားခဲ့
ကြပေမယ့် နောက်ပိုင်းမှာ တခြားဒေသက မွတ်စလင်တွေကိုပါ ပစ်မှတ်ထားတာကို မြင်ရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ လူတစ်ဦးဦးကနေ အမိန့်ပေးလို့ အမိန့်ကို တိုက်ရိုက်လိုက်နာလုပ်ကိုင်တဲ့ သက်သေသာဓကတွေ မတွေ့ရပေမယ့် ပြဿနာဖြစ်ပွားပုံတွေ၊ နှိပ်ကွပ်မှုပုံစံတွေ ဆင်တူတာ တွေ့ရတဲ့အတွက် လူတစ်ဦး တစ်ဖွဲ့ရဲ့ လမ်းညွန်မှုအတိုင်း လုပ်ကိုင်ကြသလို ဖြစ်နေတယ်လို့ PHR အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်ဖက်စလုံး ပြစ်ဒဏ်ချမှတ်ခံရတာကို သိပေမယ့် မွတ်စလင်တွေက ထောင်ဒဏ်သက်တမ်း ကြာမြှင့်စွာ ချမှတ်ခံထားရတာ ပိုများတဲ့အပြင် မွတ်စလင်တွေ ဖမ်းဆီးခံရမှု ပိုများတယ်လို့ PHR အဖွဲ့ရဲ့ ဒါရိုက်တာ ဝီလီယံ ဒါဗိစ်က ပြောပါတယ်။

ABC
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ခုအခါမှာ ငြိမ်သက်နေ ပြီ ဖြစ်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ရင် ဒီထက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ် လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

"၀ါခေါင်လနှင့် မဟာဒုတ် အလှူ"

Photo: "၀ါခေါင်လနှင့် မဟာဒုတ် အလှူ"
Wednesday, August 21, 2013

မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့်
ဝမ်းရေးကို အနိုင်နိုင် အသက်မွေးနေရသော လင်မယားနှစ်ယောက်ဖြစ်
သည်။

တစ်ခုသော ၀ါခေါင်လ တစ်လတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်
သံဃာတော်များအား ဆွမ်းလှူရန် အလှည့်ကျသည်။ တစ်အိမ်တစ်ပါးစီ
တာဝန်ယူရမည်ဟု သတ်မှတ်သောကြောင့် မဟာဒုတ်တို့ လင်မယားလည်း
သံဃာတစ်ပါးကို တာဝန်ယူရမည်ဖြစ်သည်။

မဟာဒုတ်လင်မယားသည် ဆင်းရဲသော်လည်း သံဃာတစ်ပါးကိုတော့
ဆွမ်းတစ်နပ် ရအောင်လှုမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးအလုပ်ကို ကြိုးစား
လုပ်ကိုင်ကြ၏။

ယောက်ျားလုပ်သူက လယ်လုပ်ရာတွင် သီချင်းတအေးအေးနှင့် ဆွမ်းကပ်
ရတော့မည်ကို ပျော်နေ၏။ မယားလုပ်သူလည်း ဆန်ထောင်းရာတွင် သီချင်းလေးတအေးအေးနှင့် ပျော်နေ၏။

သံဃာတော်တို့ အားဆွမ်းပင့်ရမည့်အချိန်တွင် ရွာသူရွာသားအသီးသီး
သံဃာတစ်ပါးစီ သူ့ ထက်ငါဦးအောင် ပင့်ဆောင်သွားကြသောကြောင့်
မဟာဒုတ်တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည်။

ကံအားလျော်စွာ ဘုရားရှင်တစ်ပါးထဲသာကျန်တော့သည်။ မဟာဒုတ်
လည်း အရဲစွန့် ပြီး အရှင်ဘုရား၏ သပိတ်တော်ကို တပည့်တော်အား
ချီးမြှောက်ပါရန် လျောက်ထားသောအခါ မြတ်စွာဘုရားက မဟာဒုတ်
လက်သို့ သပိတ်ကို ပေးအပ်လိုက်လေသည်။

မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကို ရသွား
သည်ကိုသူဌေးသူကြွယ်များကမြင်သောအခါ . .
အို မဟာဒုတ် သင့်အားရွှေငွဥစ္စာအမြောက်အများပေးပါမည်၊
သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟု ပြောကြသော်လည်း
မဟာဒုတ်က မိမိ၏သဒ္ဓါကို အသပြာနှင့် မလဲနိုင် ဟုဆိုကာ
မြတ်စွာဘုရားအား အိမ်သို့ ပင့်ဖိတ်သွား၏။

မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရား
ဟောသောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦး သောတာပန်တည်
ကြလေသည်။ ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဓါထက်သန်စွာ
ကြိုးစားအားထုတ်နေသည်ကိုစောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာသွားကြ
လေသည်။

မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်
အလှူပွဲမျိုးကို ပြုလုပ်လာကြလေသည်။

3 Treasures: Buddha, Dhamma & Sangha
မဟာဒုတ်မှာသူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကိုအနိုင်နိုင်အသက်မွေးနေ ရသော လင်မယားနှစ်ယောက်ဖြစ်သည်။

နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ဆင်ထားပြီး လုံခြုံရေး သတိထား လုပ်ဆောင်ရန် ညွန်ကြား

Q-21-8
ယခုနှစ် ဇူလိုင်လအတွင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များအနေဖြင့် ယခင်ကထက် ပိုမို သတိထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ထားကြောင်း သြဂုတ် ၂၀ ရက် နံနက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေး ဌာနနှင့် နယ်စပ်ဒေသမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ပျက်စီးရသည့် လူနာသစ်များ နှစ်စဉ်တိုးပွားလာသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အတိအကျ သိရှိနိုင်ရန် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသည့် တိုင်းဒေသကြီးနှစ်ခုတွင် သုတေသနလုပ်ငန်း ဆောင်ရွက်မည်

Z-21-8
ကျန်းမာရေး ဦးစီးဌာနမှ အနာကြီးရောဂါ ဖြစ်ပွားသူများအား ကျေးရွာအထိ ကွင်းဆင်းကုသနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျန်းမာရေးဦးစီးဌာန)
မြန်မာနိုင်ငံတွင် နှစ်စဉ်အနာကြီးရောဂါ လူနာသစ် ၃၀၀၀ ကျော် ထွက်ရှိနေပြီး ယင်းလူနာသစ်များအနက် အဆင့် ၂ အခြေအနေအဖြစ် သတ်မှတ်ထားသည့် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ပျက်စီးရသည့် လူနာများမှာ ၄၀၀ ကျော် ပါဝင်နေကြောင်း သိရသည်။

ယာဉ်ပိုင်ရှင်နှင့် ယာဉ်ကိုအုပ်စုဖွဲ့ ရိုက်နှက်ဖျက်ဆီးသူများအား တရားစွဲဆို တင်ပို့နိုင်ရန် ဥပဒေအကြံဥာဏ် တောင်းခံ

ဗဟန်းမြို့နယ်၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအတွင်း သြဂုတ် ၁၈ ရက်က ဖြစ် ပွားခဲ့သည့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်အား အုပ်စုဖွဲ့ ရိုက်နှက်သူများကို တရားစွဲဆို တင်ပို့နိုင်ရန်အတွက် မြို့နယ်တရားရုံးသို့ ဥပဒေ အကြံဥာဏ် တောင်းခံထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင် အရေး တစ်ကိုယ်တော် ဆန္ဒပြသူတစ်ဦး ချက်ချင်းထိန်းသိမ်းခံရ

AA-21-8
လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြသူအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က လက်ပံတောင်းတောင် အရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြသူ တစ်ဦးအား ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ကျောက် တံတား ရဲစခန်းမှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဆေးရုံ၊ ဆေးခန်း များတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှုကို ၇၀း၃၀ အချိုးအထိသာ ခွင့်ပြုမည်ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

BB-21-8
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဆေးရုံ၊ ဆေးခန်း များတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှုကို ၇၀း၃၀ ရာခိုင်နှုန်း အထိသာ ခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က သြဂုတ် ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော်မှ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းပေးရန် တောင်းဆို

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအရ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပါဝင် သည် ဖြစ်သောကြောင့် အသင်းအဖွဲ့များဖွဲ့ရာတွင် လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးသင့်ကြောင်း ယခု အသင်း အဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းသည်လည်း သီးခြားဥပဒေအနေဖြင့် ပြဌာန်းရန်မလိုကြောင်း ပြည်တွင်း အရပ် ဘက်အဖွဲ့အစည်း ၂၈၁ ဖွဲ့က အသင်းအဖွဲ့ ဥပဒေမူကြမ်းနှင့် ပတ်သက်ကာ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

Tuesday, 20 August 2013

လွယ်ဟိန်းအချိုရည်ကုမ္ပဏီက ဆီးဂိမ်းပြိုင်ပွဲတွင် သိန်း(၃၀၀၀) ကူညီထောက်ပံ့မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် လွယ်ဟိန်း ကုမဏီကသိန်း(၃၀၀၀) ကူညီထောက်ပံ့သွားမည်ဟု လွယ်ဟိန်းကုမဏီ ဥက္ကဌဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ

 Photo: ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ
Tuesday, August 20, 2013

ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူ များတွင် ကော်ဖီက ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်းများပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင် အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည် ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်း သက်ဆိုင်နေကြောင်း ဖော်ပြထားသည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းအေး
ref: PTI
 ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

အုပ်ချုပ်ရေး မှူးများ အာဏာပြရန် မဟုတ် ဟု နိုင်ငံတော်သမ္မတ ပြောကြား

Photo: အုပ်ချုပ်ရေးမှူးများ အာဏာပြရန် မဟုတ် ဟု နိုင်ငံတော်သမ္မတ ပြောကြား
Tuesday, August 20, 2013

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး မြင့်တက်လာအောင် ပြည်တွင်းပြည်ပ အကူအညီများ ရယူပြီး မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊

ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တော်ရန်ကောင်းရန် အရေးကြီး ပါကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင်၊ လောင်းကစား ဝိုင်းများ၊ အရက်ပုန်းချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိ ရောက်ရောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ပြီး တရားဥပဒေစိုးမိုးသည့် ကျေးရွာများ ဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင်လုပ်၍ရမည် ဖြစ်ပါကြောင်း၊

တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ၊ စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုမျှ တိုးတက်လာနိုင်မည် မဟုတ်ပါကြောင်း၊

ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန်အတွက် ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုအခါ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေပါကြောင်း၊ မြို့နယ်၊ ကျေးရွာများတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင်ကော်မတီကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထား သော အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေကြပြီ ဖြစ်ပါကြောင်း၊

ထို့ပြင် မြို့နယ်များတွင် မြို့နယ်မှ ရွေးပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေ ပါကြောင်း၊ ထိုအဖွဲ့အစည်း၊ ထိုပုဂ္ဂိုလ်များသည် ကိုယ့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်ကြမည် ဆိုလျှင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ကရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကပါ ကူညီနိုင်သည်များ၊ ဖြည့်ဆည်းပေး နိုင်သည်များကို ကူညီဖြည့်ဆည်းပေးရန် အသင့်ရှိနေ ပါကြောင်း၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသကဲ့သို့ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ကိုယ်တိုင် အရင်လုပ်ကိုင်ပြကြရမည် ဖြစ်ပါကြောင်း၊ လက်သည်ကိုချည်း အားကိုးနေ၍ မရဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည် ဖြစ်ပါကြောင်း။

http://www.president-office.gov.mm/zg/briefing-room/news/2013/08/19/id-4292]
မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်

မိုးညှင်းတွင် တနင်္ဂနွေနေ့တိုင်း ဘာသာရေးကျောင်းစတင်ဖွင့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် နေ့လည်၁၂ နာရီတွင် တနင်္ဂနွေနေ့ တိုင်း ဘာသာရေးသင်တန်းများ သင်ကြားပို့ချမည့် ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

Monday, 19 August 2013

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး 

သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက် အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ

 မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ ဆန္ဒ ပြသော အကြောင်း အရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေး ရန် ဖြစ်ပါတယ်။

Tayzar Aung
Myanmar Daily News
cokodmoe

Posted From Classic Burma News

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ်ပွားပုံမှာ ည ၁၀