Wednesday 21 August 2013

"၀ါခေါင်လနှင့် မဟာဒုတ် အလှူ"

Photo: "၀ါခေါင်လနှင့် မဟာဒုတ် အလှူ"
Wednesday, August 21, 2013

မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့်
ဝမ်းရေးကို အနိုင်နိုင် အသက်မွေးနေရသော လင်မယားနှစ်ယောက်ဖြစ်
သည်။

တစ်ခုသော ၀ါခေါင်လ တစ်လတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်
သံဃာတော်များအား ဆွမ်းလှူရန် အလှည့်ကျသည်။ တစ်အိမ်တစ်ပါးစီ
တာဝန်ယူရမည်ဟု သတ်မှတ်သောကြောင့် မဟာဒုတ်တို့ လင်မယားလည်း
သံဃာတစ်ပါးကို တာဝန်ယူရမည်ဖြစ်သည်။

မဟာဒုတ်လင်မယားသည် ဆင်းရဲသော်လည်း သံဃာတစ်ပါးကိုတော့
ဆွမ်းတစ်နပ် ရအောင်လှုမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးအလုပ်ကို ကြိုးစား
လုပ်ကိုင်ကြ၏။

ယောက်ျားလုပ်သူက လယ်လုပ်ရာတွင် သီချင်းတအေးအေးနှင့် ဆွမ်းကပ်
ရတော့မည်ကို ပျော်နေ၏။ မယားလုပ်သူလည်း ဆန်ထောင်းရာတွင် သီချင်းလေးတအေးအေးနှင့် ပျော်နေ၏။

သံဃာတော်တို့ အားဆွမ်းပင့်ရမည့်အချိန်တွင် ရွာသူရွာသားအသီးသီး
သံဃာတစ်ပါးစီ သူ့ ထက်ငါဦးအောင် ပင့်ဆောင်သွားကြသောကြောင့်
မဟာဒုတ်တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည်။

ကံအားလျော်စွာ ဘုရားရှင်တစ်ပါးထဲသာကျန်တော့သည်။ မဟာဒုတ်
လည်း အရဲစွန့် ပြီး အရှင်ဘုရား၏ သပိတ်တော်ကို တပည့်တော်အား
ချီးမြှောက်ပါရန် လျောက်ထားသောအခါ မြတ်စွာဘုရားက မဟာဒုတ်
လက်သို့ သပိတ်ကို ပေးအပ်လိုက်လေသည်။

မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကို ရသွား
သည်ကိုသူဌေးသူကြွယ်များကမြင်သောအခါ . .
အို မဟာဒုတ် သင့်အားရွှေငွဥစ္စာအမြောက်အများပေးပါမည်၊
သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟု ပြောကြသော်လည်း
မဟာဒုတ်က မိမိ၏သဒ္ဓါကို အသပြာနှင့် မလဲနိုင် ဟုဆိုကာ
မြတ်စွာဘုရားအား အိမ်သို့ ပင့်ဖိတ်သွား၏။

မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရား
ဟောသောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦး သောတာပန်တည်
ကြလေသည်။ ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဓါထက်သန်စွာ
ကြိုးစားအားထုတ်နေသည်ကိုစောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာသွားကြ
လေသည်။

မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်
အလှူပွဲမျိုးကို ပြုလုပ်လာကြလေသည်။

3 Treasures: Buddha, Dhamma & Sangha
မဟာဒုတ်မှာသူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကိုအနိုင်နိုင်အသက်မွေးနေ ရသော လင်မယားနှစ်ယောက်ဖြစ်သည်။

တစ်ခုသော ၀ါခေါင်လ တစ်လတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းလှူရန် အလှည့်ကျသည်။ တစ်အိမ်တစ်ပါးစီ တာဝန်ယူရမည်ဟု သတ်မှတ်သောကြောင့် မဟာဒုတ် တို့ လင်မယားလည်း သံဃာတစ်ပါးကို တာဝန်ယူရမည်ဖြစ်သည်။

မဟာဒုတ်လင်မယားသည် ဆင်းရဲသော်လည်း သံဃာတစ်ပါးကိုတော့ ဆွမ်းတစ်နပ် ရအောင်လှုမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးအလုပ်ကို ကြိုးစားလုပ်ကိုင်ကြ၏။

ယောက်ျားလုပ်သူက လယ်လုပ်ရာတွင် သီချင်းတအေးအေးနှင့် ဆွမ်းကပ်ရတော့မည်ကို ပျော်နေ၏။ မယားလုပ်သူလည်း ဆန်ထောင်းရာတွင် သီချင်းလေးတအေးအေးနှင့် ပျော်နေ၏။

သံဃာတော်တို့ အားဆွမ်းပင့်ရမည့်အချိန်တွင် ရွာသူရွာသားအသီးသီး သံဃာတစ်ပါးစီ သူ့ ထက် ငါဦးအောင် ပင့်ဆောင်သွားကြသောကြောင့် မဟာဒုတ်တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည်။

ကံအားလျော်စွာ ဘုရားရှင်တစ်ပါးထဲသာကျန်တော့သည်။ မဟာဒုတ်လည်း အရဲစွန့် ပြီး အရှင်ဘုရား၏ သပိတ်တော်ကို တပည့်တော်အား ချီးမြှောက်ပါရန် လျောက်ထားသောအခါ မြတ်စွာဘုရားက မဟာဒုတ်
လက်သို့ သပိတ်ကို ပေးအပ်လိုက်လေသည်။

မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကို ရသွားသည်ကို သူဌေးသူကြွယ်များ ကမြင်သောအခါ . . အို မဟာဒုတ် သင့်အားရွှေငွဥစ္စာအမြောက်အများပေးပါမည်၊ သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟု ပြောကြသော်လည်း မဟာဒုတ်က မိမိ၏သဒ္ဓါကို အသပြာနှင့် မလဲနိုင် ဟုဆိုကာ
မြတ်စွာဘုရားအား အိမ်သို့ ပင့်ဖိတ်သွား၏။

မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရား ဟောသောအခါတွင် မဟာဒုတ်တို့  ဇနီးမောင်နှံနှစ်ဦး သောတာပန်တည်ကြလေသည်။ ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဓါထက်သန်စွာ ကြိုးစားအားထုတ်နေသည်ကိုစောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာ သွားကြလေသည်။

မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့် အလှူပွဲမျိုးကို ပြုလုပ်လာကြလေ သည်။

3 Treasures: Buddha, Dhamma & Sangha

No comments:

Post a Comment