Saturday, 27 July 2013

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေ ပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ

7.25.2
ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ

ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာ ကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

7.25.19
ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။

Friday, 26 July 2013

တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်တစ်ခု မီးလောင်မှုဖြစ်ပွား

7.25.24
တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အတွင်းရှိ ဖို့မြေရပ်ကွက်တွင် ဇူလိုင် ၂၅ ရက် ညပိုင်းက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံး မှုကြောင့် ဆေးရုံ တက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ် ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

7.25.19
လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာပြည် လာမယ်

U Thein Sein France ပြင်သစ်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိစဉ် (Credit: ABC)  မြန်မာနိုင်ငံကို ​ရှေ့လာမယ့် ​တပတ်အတွင်းမှာ ​ပြင်သစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​Nicole ​Bricq ​ကနေဦးဆောင်ပြီးတော့ ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးသမားများ ​၁၅ဦး ​ပါဝင်တဲ့ ​ကိုယ်စားလှယ် အဖွဲ့ ​တဖွဲ့ ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ

စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

Photo: ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိ သူနှစ်ဦး ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်

အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်ပါသည်။

Thursday, 25 July 2013

ကျောက်မီးသွေး ထုတ်သည့် ပုဂ္ဂလိက ကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး အတွက်ထောက်ပံ့ မှု အားနည်း

Photo: ကျောက်မီးသွေးထုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး အတွက်ထောက်ပံ့မှု အားနည်း
Thursday, July 25, 2013

ကလေးဝမြို့တွင်း ကျောက်မီးသွေး ထုတ်နေသော ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ကလေးဝမြို့နယ် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများ မရှိကြောင်း ကလေး ၀မြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။

“ကလေးဝ မြို့နယ်တွင်းမှာ ကျောက်မီးသွေး ထုတ်ယူနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၁၅-ခုနှင့် ၂၀-ကြားမှာ ရှိပါတယ်။ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး အတွက် ထင်သာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရှိကြပါဘူး။ တကယ်ဆိုဒေသဖွံ့ဖြိုးရေးမှာ လိုအပ်တဲ့ ကားလမ်းတွေကို ပြုပြင်ဖို့ စက်ယန္တယား အကူအညီတွေ၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွေ အတွက် ရံပုံငွေ ထောက်ပံ့မှုတွေကို လုပ်ပေး သင့်ပါတယ်။ 

ကလေးဝဒေသကထွက်တဲ့ ကျောက်မီးသွေး တွေကိုသာ ထုတ်ယူသွားကြပေမယ့် ကလေးဝမြို့ခံ ပြည်သူတွေအတွက် အကျိုးခံစားခွင့် ရာခိုင်နှုန်းသတ်မှတ်ပြီး ပေးတာမျိုးလဲ မရှိပါဘူး”ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။
ကလေးဝနှင့်မော်လိုက်မြို့နယ်အတွင်း ကျောက်မီးသွေး သတ္တုတွင်းများ အခြေအနေကို လေ့လာသည့် စာရင်းအရစာချုပ်ချုပ်ပြီးသည့် ကုမ္ပဏီ(၁၅)ခုရှိပြီး ကျောက်မီးသွေး ထုတ်ယူမည့် မြေနေရာ ဧကပေါင်း(၆၀၃၂၀.၆၆၂)ဧက ရှိပြီးခန့်မှန်းတန်ချိန် သန်းပေါင်း (၁၈၈.၇၅၈၄) ရှိကြောင်း၊ စမ်းသတ်တိုင်းတာခွင့်ပြုမိန့်ရပြီး
ကုမ္ပဏီ (၂)ခုရှိပြီး ဧကပေါင်း(၃၃၀၅.၆၇)ရှိကြောင်း၊ လျှောက်ထားဆဲ ကုမ္ပဏီ(၁၀)ခုရှိပြီး ဧကပေါင်း(၂၂၈၆၀)ရှိကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် စာအမှတ်(၂/၃ – ၁၆၁ (၄၉၁)/ဦး ၆)ပါညွှန်ကြားစာဖြင့်ပူးတွဲဖော်ပြသော စာရင်းများအရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ကလေးဝမြို့တွင်း ကျောက်မီးသွေးထုတ်နေသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ကလေးဝမြို့နယ် ဒေသ တွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများမရှိကြောင်း ကလေးဝမြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။

ဟာဝိုင် ယီ လူမျိုး များ ၏ အသက် ရှည်အောင် နေထိုင် နည်းများ

Photo: ဟာဝိုင်ယီ လူမျိုးများ၏ အသက်ရှည်အောင် နေထိုင်နည်းများ
Thursday, July 25, 2013

ဟာဝိုင်ယီ လူမျိုးတွေဟာ အမေရိက တိုက်မှာ အသက်ရှည်ဆုံး လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 
ကင်ဆာ ဖြစ်နိုင်ခြေနဲ့ နှလုံးသွေးကြော ရော ဂါကြောင့် သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပြီး အဝလွန်နှုန်းနဲ့ ဆေးလိပ် သောက်နှုန်း ဟာလည်း သိသိသာသာ နည်းပါးနေတာကြောင့် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားတာလို့ သိရပါတယ်။အသက်ရှည်ရှည် နေနိုင်ဖို့ ဟာဝိုင်ယီ လူမျိုးတွေရဲ့ အမူအကျင့် ငါးမျိုးကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

ကျန်းမာရေး အမူအကျင့် (၁)

ဟာဝိုင်ယီ လူမျိုးတွေဟာ ငါးများများ စားပါတယ်

ငါးစားတာကြောင့် အသားဓာတ်တွေ ရရှိစေတဲ့ အပြင် နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်လည်း ရရှိနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ

ငါးသေတ္တာ၊ ငါးတန်၊ ငါးကြင်း၊ ငါးမြင်းနဲ့ ငါးသလောက်လိုမျိုး ငါးတွေမှာ အိုမီဂါသရီး များများ ပါဝင်ပြီး မာကျူရီ ပါဝင်မှု အဆင့်လည်း နည်းတာကြောင့် အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ။

ကျန်းမာရေး အမူအကျင့် (၂)

သူတို့ဟာ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပါတယ်။ ဟာဝိုင်ယီ လူမျိုး အများစုဟာ နေ့စဉ် သတ်မှတ်ထားတဲ့ လိုအပ်ချက် ဖြစ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ငါးပုံထက် ပိုစားလေ့ ရှိကြပါတယ်။ ဒါကြောင့် အဝလွန်တာနဲ့ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ အရမ်း နည်းသွားပါတယ်။

ဘယ်လိုလုပ်ရမလဲ

လတ်ဆတ်တဲ့ သစ်သီးတွေ ဖြစ်တဲ့ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ နာနတ်သီးနဲ့ သရက်သီးတွေ များများ စားပေးပါ။ တောက်ပတဲ့ အရောင်ရှိတဲ့ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စုည်းတွေ များများ ပါဝင်လို့ပါ။ ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ဘူးညွန့်နဲ့ ကိုက်လန်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလည်း စားပါ။

ကျန်းမာရေး အမူအကျင့် (၃)

သူတို့ဟာ ဘယ်တော့မှ အလောတကြီး လှုပ်ရှားတတ်သူတွေ မဟုတ်ပါဘူး

စိုးရိမ်ပူပန်မှု များလွန်းတဲ့ ဘဝနေထိုင်မှု ပုံစံကြောင့် နှလုံးရောဂါက စပြီး စိတ်ကျရောဂါ အထိ ရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေ များပါတယ်။ ဟာဝိုင်ယီ လူမျိုးတွေဟာ ဘယ်တော့မှ အလောတကြီး လှုပ်ရှားတတ်သူတွေ မဟုတ်ပါ ဘူး။ အေးအေးဆေးဆေး နေထိုင်တတ်ပြီး စိုးရိမ်ပူပန်မှု နည်းတတ် သူတွေပါ။

ဘယ်လိုလုပ်ရမလဲ

သင်ဟာ ဖိစီးမှုများတဲ့ အခြေအနေမှာ ရှိနေရင် စိတ်ဖြေလျှော့နည်း ဒါမှမဟုတ် ပျော်ရွှင်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပါ။ ခြံထဲက ပန်းပင်တွေကို ပြုပြင်တာ ဒါမှမဟုတ် သင့်ခွေးတွေနဲ့ ဆော့ကစားတာလိုမျိုး လုပ်ပါ။ ဒုတိယ အနေနဲ့ ဖြည်းဖြည်းနဲ့ အသက်ပြင်းပြင်း ရှူပါ။ သင့်ဦးနှောက်ကနေ စိတ်ကို ငြိမ်းချမ်းစေမယ့် ဘီတာ Endorphins တွေကို ပိုထုတ် နိုင်အောင်လို့ပါ။

ကျန်းမာရေး အမူအကျင့် (၄)

မိသားစုဝင် အချင်းချင်း နွေးထွေးမှု ရှိကြပါတယ်

ဟာဝိုင်ယီမှ ၈၀ ရာခိုင်နှုန်းသော မိဘတွေနဲ့ သူတို့ ကလေးတွေဟာ သူတို့ အဘိုးအဘွားနဲ့ အနည်းဆုံး တစ်ပတ် တစ်ကြိမ် တွေ့ဆုံလေ့ ရှိကြပြီး ဟာဝိုင်ယီ မိသားစု လေးပုံသုံးပုံခန့်ဟာ တစ်ပတ်ကို အနည်းဆုံး ငါးကြိမ်ခန့် ထမင်း အတူတူ စားကြတယ်လို့ သိရပါတယ်။ မိသားစုဝင် အချင်းချင်း နွေးထွေးမှု ရှိကြတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပြီး ခုခံအားစနစ် သန်စွမ်းကာ အသက်ရှည်အောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုလုပ်ရမလဲ

မိသားစုနဲ့ အမြဲတမ်း ညစာ အတူတူ စားပါ။ အကယ်၍ သင်ဟာ မိသားစုနဲ့ ခွဲနေရသူ ဖြစ်ရင် အနည်းဆုံး တစ်ပတ် တစ်ကြိမ် ဖုန်းပြောပါ။

ကျန်းမာရေး အမူအကျင့် (၅)

နေခြည်နုနုကို ခံယူတတ်ကြပါတယ်

နေရောင်ခြည်ကို ကြိုက်နှစ်သက်တယ် ဆိုပေမယ့် သူတို့ဟာ နေပူရှိန် ပြင်းလွန်းတဲ့ မနက် ၁ဝ နာရီနဲ့ ညနေ ၄ နာရီကြားမှာ အပြင် မထွက်ပါဘူး။ နေရောင်ခြည်ခံဖို့ အိမ်ပြင် ထွက်ရင်လည်း နေရောင်ကာ လိမ်းဆေး လိမ်းပြီး၊ အနား အပြားကြီးပါတဲ့ ဦးထုပ် ဆောင်းကာ လုံခြုံတဲ့ အဝတ်အစားကို ဝတ်လေ့ ရှိကြပါတယ်။

ဘယ်လိုလုပ်ရမလဲ

သင်လည်း နေခြည်နုနု ရအောင် မနက် ၁ဝ နာရီ မထိုးခင်နဲ့ ညနေ ၄ နာရီ နောက်ပိုင်း အိမ်ပြင် ထွက်ပါ။ SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ နေရောင်ကာ လိမ်းဆေး အသုံးပြုကာ နေကာ မျက်မှန်နဲ့ လုံခြုံတဲ့ အဝတ်အစားကို ဝတ်ဆင်ပြီးမှသာ နေခြည်နုနု ခံယူပါ။

ဒေါက်တာခင်မိုးမိုး
ဟာဝိုင်ယီ လူမျိုးတွေဟာ အမေရိကတိုက်မှာ အသက်ရှည်ဆုံး လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ နှလုံးသွေးကြော ရော ဂါကြောင့် သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပြီး အဝ လွန်နှုန်းနဲ့ ဆေးလိပ် သောက်နှုန်း ဟာလည်း သိသိသာသာ နည်းပါးနေတာကြောင့် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားတာလို့ သိရပါတယ်။အသက်ရှည်ရှည် နေနိုင်ဖို့ ဟာဝိုင်ယီ လူမျိုးတွေရဲ့ အမူအကျင့် ငါးမျိုးကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။ 

လွန်ခဲ့သော နှစ်နှစ်က ဈေးချို အနီး လိုင်စင်မဲ့ ယာဉ်ဗုံးပေါက် ကွဲမှု ယနေ့ အမိန့်ချ

Photo: လွန်ခဲ့သော နှစ်နှစ်က ဈေးချိုအနီး လိုင်စင်မဲ့ ယာဉ်ဗုံးပေါက်ကွဲမှု ယနေ့အမိန့်ချ
Thursday, July 25, 2013

မန္တလေးမြို့တွင် ၂၀၁၁ခုနှစ်ဇွန်လ၂၄ရက်နေ့က မန္တလေး ဈေးချိုအနီးတွင် လိုင်စင်မဲ့ယာဉ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆသူ ငါးဦးအား ပေါက်ကွဲမှုပုဒ်မ ၃/၆-၁၇(၁)၊ ပေါက်ကွဲမှု ပုဒ်မ-၆တို့ဖြင့် ဖမ်းဆီးစစ်ဆေးပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ထိန်းသိမ်းထားရာ ယနေ့နေ့လည်က မန္တလေးခရိုင် တရားရုံးတွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ အဘဦးအိုက်စိုင်း၏သား စိုင်းမိုးဟိန်းအား အလုပ်နှင့်ထောင်ဒဏ်၁၂နှစ်၊ အဘဦးအိုက်ပေ၏သား စိုင်းသန်းနိုင်အား အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်၊ အဘဦးသိန်းမောင်၏သား စိုင်းကျော်သန်းအား အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ်ခွဲ၊ အဘဦးကံစိန်၏သား စိုင်းလှအောင်အား အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်၊ အဘဦးကိုကို၏သား စိုင်းမျိုးခင်အား အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီ ကျခံစေရန် ခရိုင်တရားရုံးမှ ယနေ့နေ့လည် ၃နာရီက အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
...
ဇူလိုင်လ(၁)၇က် နေ့ကလည်း ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ် တစ်စီး ပေါက်ကွဲ မှုကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင်လ(၂၂)ရက်နေ့က ဆရာတော် ရှင်ဝီရသူ၏ တရားပွဲတွင်လည်း တိုရိုတာဆလွန်း အဖြူရောင်မှ ပေါက်ကွဲ မှုဖြစ်ကာ ကိုရင်တစ်ပါး၊ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးဒ ဏ်ရာရရှိ ခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကို လက်လုပ်မိုင်းကြောင့် ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လုံခြုံရေး ကင်မရာများမ မသင်္ကာဖွယ်လူနှစ်ဦးအား တွေ့ရှိရ၍ စစ်ဆေး .နေကြောင်း လည်း သိရသည်။
လူလူ
@ မြန်မာ့ခေတ်
မန္တလေးမြို့တွင် ၂၀၁၁ခုနှစ်ဇွန်လ၂၄ရက်နေ့က မန္တလေး ဈေးချိုအနီးတွင် လိုင်စင်မဲ့ယာဉ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆသူ ငါးဦးအား ပေါက်ကွဲမှုပုဒ်မ ၃/၆-၁၇(၁)၊ ပေါက်ကွဲမှု ပုဒ်မ-၆တို့ဖြင့် ဖမ်းဆီးစစ်ဆေးပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ထိန်းသိမ်းထားရာ ယနေ့နေ့လည်က မန္တလေးခရိုင် တရားရုံးတွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရာ၌ ပိုက်လိုင်းတစ်လျှောက် စောင့်ကြည့်ရေးအဖွဲ့များ ထားရှိမည်ဟု ဆိုသော်လည်း ပိုက်လိုင်းလုံခြုံ စိတ်ချရမှုအတွက် ဒေသခံများ စိုးရိမ်

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရာ၌ ပိုက်လိုင်း တစ်လျှောက် နိုင်ငံတကာအဆင့်မီ ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့များ ထားရှိဆောင်ရွက် သွား မည်ဖြစ်ကြောင်း CNPC မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်မပေးသည့် အတွက် သတင်းမီဒီယာ ဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီမှ လွှတ်တော် သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်

Photo: နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်မပေးသည့် အတွက် သတင်းမီဒီယာ ဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီမှ လွှတ်တော် သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်
Thursday, July 25, 2013

ပြန်ကြားရေး ၀န်ကြီးဌာနမှ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း မတင်ပေးသည့်အတွက် အဆိုပါ ကတိပျက်မှုအပေါ် မယုံကြည် တော့သောကြောင့် စာနယ်ဇင်းကောင်စီ အနေဖြင့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်သို့ တိုက်ရိုက်တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်က လွှတ်တော်ဝင်းအတွင်း ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်းကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ တွေ့ဆုံ မှု ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ၎င်းတို့နှင့် သဘောထား ကွဲလွဲနေသည့် အချက်များ ပါဝင်မှုကြောင့် တင်မပေးနိုင်ဟု ဆုံးဖြတ်ခဲ့သည့်အတွက် စာနယ်ဇင်းကောင်စီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသော ဥပဒေကြမ်းနှင့် စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသော ဥပဒေကြမ်းတို့အပေါ် နှစ်ဦးနှစ် ဖက် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အချက် ၅၁ ချက်ကို လက်ခံခဲ့ပြီး အချက် ၁၇ ချက် အပေါ်တွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့တင်တဲ့ ဥပဒေကြမ်းမှာက ပြန်ကြားရေး ၀န်ကြီးဌာနက မကြိုက်တဲ့အချက် ၁၇ ချက် ပါနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကနေ တိုက်ရိုက်တင်မှာ" ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

"အရင်က မီဒီယာနဲ့ပတ်သက်ပြီး ဥပဒေတစ်ခုပဲ ရှိတယ်။ အဲဒီတစ်ခုကို ပြင်ရေးဖို့ စာနယ်ဇင်းကောင်စီကို အပ်တယ်။ အပ်တော့မှ ပြန်ကြားရေးက နောက်တစ်ခုကို တင်လိုက်တဲ့အတွက် နှစ်ခုဖြစ်လာတယ်ဆိုတာ သတင်းတွေကို နားစွင့်တဲ့လူတိုင်း သိပါတယ်။ နှစ်ခုဖြစ်လာတဲ့ အခါကျတော့ ဒီအကြောင်းအရာကိုပဲ နှစ်ခြမ်းခွဲတယ်လို့ ဆိုတယ်။ အဲဒီလို နှစ်ခြမ်းခွဲတာသည် ဒင်္ဂါးပြားတစ်ခုကို နှစ်ခြမ်းခွဲသလိုပဲ။ ခွဲလို့မရတဲ့ဟာ နှစ်ခုကို ခွဲတာ။ ဒါကတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေ။ ဒါကတော့ ပရော်ဖက်ရှင်နယ်နဲ့ ပတ်သက်တဲ့ ဥပဒေဆိုပြီးတော့ ပြောတယ်။ ဒါက သတင်းမီဒီယာ အပိုင်း၊ ဒါက သတင်းသမား အပိုင်း။ နောက်ပြီးတော့ ပြန်ကြားရေး ၀န်ကြီးဌာနက လျှောက်ပြီးတော့ ၀ါဒဖြန့်တဲ့အထဲမှာ ဘာပါသလဲဆိုတော့ သတင်းသမား ဆိုတာက နည်းနည်းလေးပဲ။ ပုံနှိပ်လုပ်ငန်း ဆိုတာက ဘာညာဘာညာနဲ့ သူတို့နဲ့ဆိုင်တာ မဟုတ်ဘူး။ စသည်ဖြင့် ဒီလိုပြောတယ်။ အဲဒီတော့ စာနယ်ဇင်း လုပ်နေတဲ့ ပုံနှိပ်သမား ထုတ်ဝေသူဆိုတာက နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ အမြောက်အမြားသည် ဘာညာဘာညာ စသည်ဖြင့် ပြောတယ်။ စာနယ်ဇင်းတွေသည် ပုံနှိပ်မထုတ်ဝေဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ကို အဲဒီဘက်ကနေလာပြီး ပိတ်ပါတယ်" ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဖေမြင့်က ပြောကြားသည်။

ကွဲပြားရသည့် အကြောင်းရင်းကို အတိုချုပ်ပြောမည် ဆိုပါက တောင့်တခြင်းနှင့် ကြောင့်ကြခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နူးညံ့သိမ်မွေ့သည့် အပြောင်းအလဲ ကာလကို ဖြတ်သန်းရသည့်အတွက် ကြောင့်ကြပါကြောင်း၊ စာနယ်ဇင်းများ အနေဖြင့်လည်း ဖိနှိပ်မှုအောက်တွင် နေခဲ့ရသည့်အတွက် လွတ်လပ်မှုကို လိုချင်သည့် တောင့်တစိတ်များရှိကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက "ဥပဒေတစ်ခုဟာ တောင့်တခြင်း၊ ကြောင့်ကြခင်းနဲ့ ဆွဲလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ပြောင်းတဲ့ကာလ။ အဲဒီကာလမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ မယုံသင်္ကာမှုတွေ ရှိတတ်ပါတယ်။ အဲဒီ မယုံသင်္ကာမှုတွေနဲ့ ကျင့်ဝတ်တွေကိုဆွဲရင် ပြဿနာ ရှိပါတယ်။ ဒီမိုကရေစီ မြင့်တက်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့က အဲဒါတွေ မပါအောင် ဆွဲဖို့လိုပါတယ်။ အဲဒီ သံသယတွေ၊ မယုံသင်္ကာမှုတွေနဲ့ ဆွဲခဲ့ရင် အဲဒီထွက်သွားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ၊ ပြဿနာတွေ၊ ဆန္ဒပြတာတွေ ကြုံတတ်ပါတယ်" ဟု ပြန်လည်ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှတစ်ဆင့် တင်သွင်းသွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဦးကျော်မင်းဆွေက ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကြားခံအဖြစ် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ၎င်းတို့ကော်မတီ အနေဖြင့် စာနယ်ဇင်းကောင်စီက တင်သွင်းမည့် ဥပဒေကြမ်းကို လက်ခံသွားမည်ဖြစ်ကာ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စာနယ်ဇင်းကောင်စီမှ တင်သွင်းသည့် ဥပဒေကြမ်းကို ၀န်ကြီးဌာနမှ တင်မည်ဆိုပါက မည်သည့်ပြင်ဆင်ချက်မှ မပါဘဲ နဂိုရေးဆွဲထားသည့် မူကြမ်းအတိုင်းသာ တင်ရမည်ဟု သူရဦးအေးမြင့်က ပြောကြားခဲ့ရာ ပြန်ကြားရေး ဒုတိယ၀န်ကြီးများက မည်သည့်သဘောထားမျှ တိတိကျကျ မပေးခဲ့ဘဲ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးရဲထွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၎င်းတို့လက်မခံသည့် အချက်များ ပါဝင်သည့် ဥပဒေကြမ်းကို တာဝန်ခံ တင်ပေးလိုမည် မဟုတ်ကြောင်း ကြားဝင်ရှင်းလင်း ပေးခဲ့သောကြောင့် စာနယ်ဇင်းကောင်စီမှ တိုက်ရိုက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်း ကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ နေပြည်တော်၌ ဇူလိုင် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်
Eleven Media Group
ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်း ကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည် သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ နေပြည်တော်၌ ဇူလိုင် ၂၄ ရက်က တွေ့ ဆုံဆွေးနွေးစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ပြောဆိုခဲ့သော် လည်း မတင်ပေးသည့်အတွက် အဆိုပါ ကတိပျက်မှုအပေါ် မယုံကြည် တော့သောကြောင့် စာနယ် ဇင်းကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်သို့ တိုက်ရိုက်တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်မင်း သားငယ် George Alexander Louis

Photo: ဗြိတိန်မင်းသားငယ် George Alexander Louis
Thursday, July 25, 2013

ဗြိတိန်နိုင်ငံက မင်းသား ၀ီလျံ (William) နဲ့ ကြင်ယာတော် Kate တိုရဲ့ ရင်သွေးငယ် မင်းသားကို ဂျော့ရှ် အလက်ဇန္ဒား လူးဝစ် (George Alexander Louis) အဖြစ် ကင်းပွန်းတပ် လိုက်ပါတယ်။

ကင်းဘရစ်မြို့စားနဲ့ မြို့စားကတော် မိဘ ၂ ဦးနဲ့ ရင်သွေးငယ် သားတော်တို့ ဆေးရုံက ဆင်းလာပြီး နောက်တနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အမည်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း Kensington နန်းတော်က ကြေညာခဲ့တာပါ။ သားတော် ဖြစ်သူကို ကင်းဘရစ်မင်းသား ဂျော့ရှ် အဖြစ် ကင်ပွန်းတပ်လိုက်တဲ့အကြောင်း နန်းတော်ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အဲလိဇဘတ် ဘုရင်မကြီးကလည်း စကော့တလန်မှာရှိတဲ့ Balmoral ရဲတိုက်မှာ နွေရာသီအနားယူဖို့ မသွားမှီ ဗုဒ္ဓဟူးနေ့ အစောပိုင်းက မြစ်တော်ကို သွားရောက် ကြည့်ရှုခဲ့တာပါ။ အဖိုးအဖွားတွေ ဖြစ်ကြတဲ့ ချားလ်စ် (Charles) မင်းသားနဲ့ ကြင်ယာတော်၊ ကင်းဘရစ် မြို့စားကတော် Kate ရဲ့ မိဘတွေကတော့ မင်းသားငယ်ကို မွေးဖွားရာ St. Mary ဆေးရုံမှာ ကြည့်ရှုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံက သတင်းတွေမှာတော့ မင်းသား ၀ီလျံနဲ့ ကြင်ယာတော်တို့ဟာ လန်ဒန်အိမ်ကနေ ထွက်ခွာပြီး မင်းသမီး Kate ရဲ့ မိဘ ၂ ပါး ဖြစ်ကြတဲ့ ကာရိုး Carole နဲ့ Michael Middleton တို့ နေထိုင်ရာ Berkshire ကို သွားရောက်ခဲ့ကြတဲ့အကြောင်း ဖော်ပြနေကြပါတယ်။

VOA
ဗြိတိန်နိုင်ငံက မင်းသား ၀ီလျံ (William) နဲ့ ကြင်ယာတော် Kate တိုရဲ့ ရင်သွေးငယ် မင်းသားကို ဂျော့ရှ် အလက်ဇန္ဒား လူးဝစ် (George Alexander Louis) အဖြစ် ကင်းပွန်းတပ် လိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားစွာရ၍ စင်ကာပူ၊ ထိုင်းလုပ်ငန်းရှင် (နိုင်ငံသားအမည်ခံ) များ ဘဏ်များ တွင် ၀င်ကစားနေ သည် ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ပြောကြား

မြန်မာနိုင်ငံတွင် အပ်ငွေအပေါ်ရသည့် ဘဏ်တိုးနှုန်းမှာ နိုင်ငံတကာ ဘဏ်တိုးနှုန်းထက် မြင့်မားသည့် အတွက် စင်ကာပူ၊ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် (နိုင်ငံသားအမည်ခံများအပါအ၀င်) ပြည်တွင်း ဘဏ်များ၌ ၀င်ရောက်ကစားမှု ရှိနေသည်ဟု ကန်ပက်လက်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို က ပြောကြားသည်။

မိစန္ဒီ ရဲ့ ဒုတိ ယတေးစီး ရီး ပစ်တိုင်းထောင် လို့ နာမည်ပေး

Photo: မိစန္ဒီ ရဲ့ ဒုတိယတေးစီးရီး ပစ်တိုင်းထောင်လို့ နာမည်ပေး
Thursday, July 25, 2013

'မိုနိုပိုလီ' တစ်ကိုယ်တော်စီးရီး နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင် အမာရရှိထားသူဖြစ်တဲ့ မိစန္ဒီက ဒု တိယတစ်ကိုယ်တော်အခွေ အတွက်သီချင်းတွေ ရေး ဖြစ်နေရာ သီချင်း ၃ပုဒ်ရေးပြီး သွားပြီလို့ ဆိုပါ တယ်။ ဒုတိယစီး ရီးရဲ့ ခေါင်းစဉ်က 'ပစ်တိုင်းထောင်' လို့ နာမည်ပေး
ထားကြောင်း မိစန္ဒီ က "ညီမဒုတိယခွေtitle ကိုတော့ 'ပစ် တိုင်းထောင်' လို့နာမည်ပေးထားတယ်။ အဲဒီသီချင်းကို ညီမကိုယ်တိုင် ရေး ထားတဲ့ သီချင်းလေးဖြစ်တယ်။ အဲဒီ သီချင်းလေးရဲ့ အဓိပ္ပာယ်က ဘဝ အကြောင်းရေးထားတာပါ။ အခု လောလောဆယ်တော့ သီချင်း ၃ ပုဒ်ပဲရှိသေးတယ်။ ဒီဒုတိယစီးရီး မှာ ညီမကိုယ်တိုင်ရေးထားတဲ့သီချင်း တွေ တစ်ဝက်ကျော်လောက်ပါမှာပါ" လို့ ပြောပါတယ်။

ပထမဦးဆုံးတစ်ကိုယ်တော်စီး ရီးဖြစ်တဲ့ 'မိုနိုပိုလီ' က ပရိသတ်တွေ ကြားမှာအောင်မြင်မှု ရရှိထားတဲ့ အတွက် ဒုတိယစီးရီး 'ပစ်တိုင်း ထောင်' ကိုပရိသတ်အားပေးမှု လျော့ မသွားအောင်ဘာတွေ ပြင်ဆင်သွား မလဲဆိုတာနဲ့ပတ်သက်ပြီး မိစန္ဒီ က "အခုထွက်မယ့် ဒုတိယ စီးရီးက လူငယ်ပိုဆန်သွားမယ်။ အရင်ခွေ ထက်စာရင်တော့ အတွေ့အကြုံအရ နည်းနည်းလေးပိုသိလာတယ်။ ပထမ ခွေကအောင်မြင်ခဲ့တဲ့အတွက် ဒုတိယ ခွေမှာ တာဝန်ပိုကြီး သွား တယ်။ ဒုတိယခွေ ကို ပရိသတ်တွေ ပိုလက်ခံပြီး အရင်ခွေထက် ပိုကြိုက် အောင် လုပ်သွားမယ်။ အခုသီချင်း ရေးတာကအစ တာဝန်ကြီးတယ်" လို့ပြောပါတယ်။

တွယ်တာ
Popular Journal
'မိုနိုပိုလီ' တစ်ကိုယ်တော်စီးရီး နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင် အမာရရှိထားသူဖြစ်တဲ့ မိစန္ဒီက ဒု တိယတစ်ကိုယ်တော်အခွေ အတွက်သီချင်းတွေ ရေး ဖြစ်နေရာ သီချင်း ၃ပုဒ်ရေးပြီး သွားပြီလို့ ဆိုပါ တယ်။