Sunday, 14 July 2013

မိုဘိုင်းဖုန်း များကထွက်သော လျှပ်စစ် သံလိုက်လှိုင်းများကြောင့် လူ့ကျန်းမာရေး ထိခိုက်သည် ဆိုခြင်းမှာ မဟုတ်

မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေ သည် ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊

အမေရိကန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအား ရှစ်လမ်းသွားအဖြစ် တည်ဆောက်နိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်

yanman-july14
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား တွေ့ရစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄) နံနက် သွားရောက်မည်

uthiensein-july14
ယခုနှစ်မတ်လက သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း သမ္မ တဦးသိန်းစိန်အား သြစတြီးယား သမ္မတက ကြိုဆိုနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်ပိုင်းတွင်

ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်ရှိ

accidentinmyanmar-july14
တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်း က မြင်တွေ့ ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော်ယာဉ် မတော်တဆ

တေးသံရှင်ဆိုတေး စီးနင်းလာသည့်ကားတိမ်းမှောက်

Photo: တေးသံရှင်ဆိုတေး စီးနင်းလာသည့်ကားတိမ်းမှောက်
Sunday, 14 July 2013

တေးသံရှင် ဆိုတေးစီးနင်းလာသည့်ကိုယ်ပိုင်ကားသည် ယနေ့နေ့လည်ကရန်ကုန်မှ-မန္တလေး အမြန်လမ်းတွင်တိမ်းမှောက်မှုကြောင့် ဒဏ် ရာ ရရှိခဲ့ပြီး မိထ္ထီလာဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်းသိရသည်။
မိထ္ထီလာဆေးရုံကြီးကနေ အခု မန္တလေးဆေးရုံကြီးကိုသယ်လာနေပြီ်ဟု မန်းသတင်းထောက်ကသတင်းပေးပို့သည်။

မန်းသတင်းအဖွဲ
Popular Myanmar News Journal
တေးသံရှင် ဆိုတေးစီးနင်းလာသည့်ကိုယ်ပိုင်ကားသည် ယနေ့နေ့လည်ကရန်ကုန်မှ-မန္တလေးအမြန်

Saturday, 13 July 2013

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး ပြန်လည် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေး

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက် လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး အကျဉ်းထောင် အသီးသီး မှ ပြစ်ဒဏ် လွတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးကို ဇူလိုင် ၁၁ ရက်က မောင်တောနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် တွေ့ဆုံဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် '၀' သွေးစည်း ညီညွတ်ရေး ပါတီတို့ သဘောတူ

7.12.16
'၀'သွေးစည်း ညီညွတ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ကျိုင်းတုံမြို့တွင် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန်

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်း သိရ

7.12.8
နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်းပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့
သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံအတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

12.7.2013

၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော်
တောင်ဘက်မုခ်စောင်း တန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ
လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊
မန္တလေးတိုင်းဒေသကြီး နေသူသည်

အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည် ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊

အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊
၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်းတန်းအလယ်တွင် ဘုရားဖူးရန်ရောက်ရှိလာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေး တိုင်းဒေသ ကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည်ကို မသင်္ကာ ဘွယ်တွေ့ရ

မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထားဟု တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာနိုင်ငံ အတွင်းရှိသူပုန်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ဘိန်း စိုက်ခင်း တစ်ခုတွင် အတင်းအကျပ် စေခိုင်းခဲ့ကြောင်း စွပ်စွဲမှုများကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Thursday, 11 July 2013

တရားဝင် ကုသခွင့်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေသည်ဟု ကျန်းမာရေးဝန်ကြီးဆို

တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေမှုများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဇူလိုင် ၁၀ ရက်က အောက် လွှတ်တော်တွင် ပြောကြားလိုက်သည်။

ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်ရေ ရှစ်ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်

irrawaddy-july11
ဧရာဝတီမြစ် ကမ်းဘေးရှိ ဂေါဝိန်ဆိပ်ကမ်းအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ယခုလလယ်ပိုင်းအတွင်း ဧရာဝတီမြစ်တွင် မြစ်ရေခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်တွင် မြစ်ရေ

ရိုဟင်ဂျာများကို ပါကစ္စတန် လေ့ကျင့်ပေးနေကြောင်း အိန္ဒိယ စွပ်စွဲ

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေး ထားသည့် အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI) နှင့် Lashkar-e-Toiba (LeT) တို့က မြန်မာနိုင်ငံ မှ မူဆလင်ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက် လှမ်းရေး အေဂျင်စီများက စွပ်စွဲ လိုက်သည်။

ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေးအင်အား များ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးထံမှ သိရသည်။

Wednesday, 10 July 2013

နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါး ရှိလာပြီး ပို့ကုန်တင်ပို့မှု များပြား

trading-july10
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းရှိ ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ဇွန်လလယ်အထိ အမေရိကန်ဒေါ် လာသန်း ၇၆၀ နီးပါး ရှိလာပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှုများ ပြားခဲ့ကြောင်း ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေး ရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး လျက်ရှိပြီး ရုပ်ရှင်စက်ပစ္စည်းများကို အခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းရန် စီစဉ်မည်

vedioupdating-july10
ဈေးဝယ်စင်တာ တစ်ခုရှိ ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ်
ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံ တကာ အဖွဲ့များမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းသို့လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ရုပ်ရှင် စက်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေမှုများအား ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ စက်တင်ဘာတွင် ဖွင့်မည်

hyundai-july10
ဗြိတိန်နိုင်ငံရှိ HYUNDAI ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-www.richmondhyundai.co.uk)
တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြ ခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ယခုနှစ် စက်တင်ဘာတွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း HYUNDAI ၏ မြန်မာနိုင်ငံမိတ်ဖက် Fortune International Limited ထံမှ သတင်းရရှိသည်။

ပဲဈေးကွက် နှစ်နှင့်ချီ၍ ကျဆင်းနေမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီအများစု တင်ပို့နိုင်ခြင်း မရှိတော့

bean-july10
မန္တလေး ကုန်စည်ဒိုင်မြင်ကွင်း (ဓာတ်ပုံ-သက်ထွန်းအောင်)

ပြည်ပသို့ အဓိက တင်ပို့နေသော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သိသိသာသာ ကျဆင်းလာမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီရာခိုင်နှုန်း ၈၀ ၀န်းကျင် တင်ပို့ရန် အခက်အခဲရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည် ဒိုင်မှ ပဲလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်

mitsubishi-july10
ထိုင်းနိုင်ငံရှိ Mitsubishi ကားစက်ရုံကိုတွေ့ရစဉ်
 ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံ တွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။  

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

Wednesday, 10 July 2013

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ကောက်ယူမှု ပြန်လည်ပြုလုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့်အချိန်တွင် ပြန်လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည်စာရင်း ကောက်ယူဖို့လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေရေး ကိစ္စတွေ လူမှုရေး ကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက်ယူရာတွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစုအမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆိုသည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါအားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်းအကြမ်းဖက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေစာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ်စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။        

From...EMG

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စု စာရင်း ကောက် ယူမှု ပြန်လည်ပြု