မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာနိုင်ငံ အတွင်းရှိသူပုန်များက
ဖမ်းဆီးထိန်းသိမ်းထားပြီး ဘိန်း စိုက်ခင်း တစ်ခုတွင် အတင်းအကျပ်
စေခိုင်းခဲ့ကြောင်း စွပ်စွဲမှုများကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇူလိုင် ၁၂ ရက်တွင်
ပြောကြားခဲ့သည်။
မြန်မာနှင့် ထိုင်းနယ်စပ် တာချီလိတ်မြို့၏ အရှေ့မြောက်ဘက် သူပုန်စခန်း
တစ်ခုတွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာသော ဒုက္ခသည် ၆၄ ဦး
ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း ယွန်ဟပ် သတင်းအေဂျင်စီ က
ဖော်ပြခဲ့ပြီးနောက် ယခုစုံစမ်းစစ်ဆေးမှု သတင်းထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားမှ ထွက်ပြေးလာခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့
သွားရန်ကြိုးစားစဉ် ဒုက္ခသည်များ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ယွန်ဟပ်က
ဖော်ပြခဲ့သည်။ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူ ကင်ဟီတေးက မြောက်ကိုရီးယား
ဒုက္ခသည်များသည် သူပုန်တို့ထိန်းချုပ်ထားသော ဘိန်းစိုက်ခင်းတစ်ခုတွင်
လုပ်ကိုင်ရန် အတင်း အကျပ် စေခိုင်းခံခဲ့ရကြောင်း၊ အမျိုးသားများကို
ဘိန်းစိုက်ရန်အတွက် စေခိုင်းခဲ့ပြီး အမျိုးသမီး များကို
ဆေးဝါး ထုတ်လုပ်ရေးနှင့် အရက်ထုတ်လုပ်ရေး တို့တွင် စေခိုင်း ခဲ့ကြောင်း
ပြောကြား ခဲ့သည်။
မြောက်ကိုရီးယား ဒုက္ခသည်များသည် သူပုန်တို့ ထိန်းချုပ်ထားသော ဘိန်းစိုက်ခင်း တစ်ခုတွင် လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခံခဲ့ရကြောင်း၊ အမျိုးသားများကို ဘိန်းစိုက်ရန်အတွက် စေခိုင်းခဲ့ပြီး အမျိုးသမီးများကို ဆေးဝါးထုတ်လုပ်ရေးနှင့် အရက်ထုတ်လုပ်ရေးတို့တွင် စေခိုင်းခဲ့ကြောင်း... |
မြောက်ကိုရီးယား ဒုက္ခသည်များအတွက် လူ့အခွင့်အရေးလှုပ်ရှားသည့်
အဖွဲ့တစ်ဖွဲ့တွင် ဆောင် ရွက်နေသော ကင်က သူပုန်တို့သည် ယင်းဒုက္ခသည်များအတွက်
တစ်ဦးလျှင် ဒေါ်လာ ၅၀၀၀ စီတောင်းဆို ခဲ့ကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက်
အစိုးရအကူအညီရရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ သည်။ မြောက်ကိုရီးယား
ဒုက္ခသည်များကို မည်သည့်သူပုန် အဖွဲ့က ဖမ်းဆီးထားကြောင်း ယွန်ဟပ်က
မဖော်ပြခဲ့ပေ။
''ဒီသတင်းကို သေချာအောင်စိစစ်ဖို့ အစိုးရနဲ့သက်ဆိုင်တဲ့
အေဂျင်စီတစ်ခုက ကြိုးပမ်းနေပါတယ်'' ဟု တောင်ကိုရီးယား ပြန်လည်
ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်ဟောင်ဆွတ်က
သတင်းထောက်များကို ပြောကြားခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲအဆုံးသတ်ခဲ့ပြီး နောက်ပိုင်း
မြောက်ကိုရီးယား ဒုက္ခသည် ၂၅၀၀၀ ခန့်သည် မြောက်ကိုရီးယားမှ
ထွက်ပြေးလွတ်မြောက်ကာ တောင်ကိုရီးယားတွင် အခြေချ နေထိုင်ကြသည်။ ဒုက္ခသည်
အများစုသည် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြပြီး တရုတ်တွင်
ဖမ်းဆီး ခံရပါ က မြောက်ကိုရီးယားသို့ ပြန်လည် စေလွှတ်ခံရသည်။ ထို့ကြောင့်
ယင်းဒုက္ခသည်များသည် ဒုတိယ တစ်နိုင်ငံ သို့ ရောက်ရှိရန် ကြိုးပမ်းကြပြီး
ထိုင်းနိုင်ငံသည် မြောက်ကိုရီးယား ဒုက္ခသည်များ အများစု သွားရောက် သည့်
နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံတွင် ခိုလှုံပြီး တောင်ကိုရီးယားတွင်
အခြေချရန် ခွင့်ပြုချက် တောင်း ခံကြလေ့ ရှိသည်။
From...EMG
No comments:
Post a Comment