Thursday, 27 June 2013

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

မန်းတွင် သက်တမ်းကျော် လေလံကားများ မှတ်ပုံတင်ခွင့် မရှိတော့

အစိုးရလေလံတင်ရောင်းချထားသော ကားများကို တင်ဒါအောင်ပြီး နှစ် နှစ်အတွင်း ပိုင်ရှင်ကမှတ်ပုံတင်ရန် သတ်မှတ်ထားရာ ယင်းကာလအတွင်း မှတ်ပုံမတင်ဖြစ်ပါက လိုင်စင်မဲ့ကား ဖြစ်သွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu-june27
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်

မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ

Photo: မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ
Thursday, June 27, 2013

ကမ္ဘာ့ရွှေဈေး တောက်လျှောက် ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေး တက်ရာ ကနေ အခု ရက်ပိုင်း အတွင်းမှာ တော့ တဖြည်းဖြည်း ကျဆင်း လာနေ ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော် သာ ရှိပါတော့တယ်။

မြန်မာ့ရွှေဈေး ဟာ ကမ္ဘာ့ ရွှေဈေး အတိုင်း အတက် အကျ မဖြစ်ရခြင်း အကြောင်းက ကမ္ဘာ့ ရွှေဈေး ကို ဒေါ်လာဈေး ထည့်တွက်ပြီးမှ မြန်မာကျပ်ငွေ အရ ရွှေဈေး ကို တွက်တဲ့ အတွက် ကမ္ဘာ့ ရွှေဈေး ကျပေမယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေဈေး မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာဈေး တက်ရင် မြန်မာ့ရွှေဈေး ဟာလည်း ငွေလဲနှုန်း ကို အမီပြုနေလို့ ရွှေဈေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ရွှေဈေး ဟာ ဈေးကစားတဲ့ အသွင် မဆောင်ဘဲ ရာသီ နဲ့ အချိန်အခါလိုက် ပြောင်းလဲ တတ်ပုံ၊ သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေဈေး အေးနေ တတ်သလို စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေဈေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC Burmese
ရွှေဈေး အတက်အကျ ဒေါ်လာဈေးနဲ့ ဆိုင်
ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေးတက်ရာကနေ အခုရက်ပိုင်း အတွင်းမှာ တော့တဖြည်းဖြည်း ကျဆင်း လာနေပါတယ်။

“ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

Photo: “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။
 
"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။
 
ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။ 

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

DYNAMO
#PlanetMyanmar
လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo) တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာ

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်
Thursday, June 27, 2013

ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

El Pais ၏အဆိုအရ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်း၏ ရာသီအကြို ခြေစမ်းပွဲစဉ်များ မတိုင်မီ အပြောင်းအရွေ့ ဖြစ်မြောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ မကြာသေးမီက အနားယူသွားပြီ ဖြစ်သည့် နည်းပြ ဖာဂူဆန်သလည်း စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ အောင်မြင်မည်ကို ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

စီရော်နယ်ဒိုကို ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မြင့်မားသော လုပ်ခနှုန်းထားဖြင့် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက ပယ်ချခဲ့သည်။ ပီရက်ဇ်သည် တစ်နှစ်လုပ်ခပေါင်(၁၂)သန်းဖြင့် နောက်ဆုံး အကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက (၁၇)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ စီရော်နယ်ဒိုက ပယ်ချလိုက်ပြီး နောက်ပိုင်း ပီရက်ဇ်ကမူ အရာရာတိုင်းတွင် အကန့်အသတ် ရှိကြောင်း တုန့်ပြန် ပြောကြား လိုက်သောကြောင့် စီရော်နယ်ဒို အနေဖြင့် ပိုမိုစိတ်ပျက်သွားကြောင်း သိရသည်။

football-cafe.com
ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေ ချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရ



မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရပါတယ်။

ဧည့်လမ်းညွှန် မှတ်ပုံတင်ကတ် အရောင်ရှစ်မျိုး သတ်မှတ်

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအတွက် ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြားကို ဒေသအလိုက် အရောင်ရှစ်မျိုး သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်

ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာ တွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။

ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း

Photo: ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း
Thursday, June 27, 2013

သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့ ကြိုတင်မှန်းဆခဲ့ခြင်းဖြစ်သည်။

''လာမည့် ရွေးကောက်ပွဲ တွင် မည်သို့သော အဖြေထွက်ပါ စေ။ မြန်မာနိုင်ငံတွင် ယင်း၏နိုင်ငံရေးအကူးအပြောင်းနောက် ကွယ်၌ အသိအမှတ်ပြုခံရသည့် ခေါင်းဆောင်သုံးဦး ရှိနေခဲ့ပြီဖြစ် သည်''ဟု အစီရင်ခံစာက ဖော် ပြထား သည်။ အဆိုပါ ခေါင်းဆောင်သုံး ဦးမှာ သမ္မတဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူ ရဦးရွှေမန်းတို့ဖြစ်ကြောင်းလည်း အစီရင်ခံစာက ညွှန်းဆိုသည်။ မြန်မာနိုင်ငံ ၏ ၂၀၁၅ရွေး ကောက်ပွဲသည်    မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် သော့ ချက်ကျမည့်ရွေးကောက်ပွဲတစ်ခု ဖြစ်ပြီး မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင်များအား နေရာ ထိုင်ခင်းပေး နိုင်ဖွယ် ရှိကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ကြိုတင် ဟောကိန်းထုတ်ရန်ခက်ခဲသော် လည်း အဆိုပါရွေးကောက်ပွဲ သည် အသည်းအသန်အကြံအဖန် လုပ်ထားရသည့် ၂၀၁ဝရွေးကောက် ပွဲနှင့် အထူးပင်ခြားနားသွားမည် ဟု ကြိုသိနိုင် ကြောင်း အာရှအ သင်းက ပြောသည်။ ၂၀၁၅ ရွေး ကောက်ပွဲသည် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲလိုပင် လွတ်လပ် ပြီးမျှတနိုင်မည်ဟု အာရှအသင်း က မျှော်လင့်ထားသည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်သည် အစိုးရဖွဲ့ထားသော ပါတီအတွက် ဖြုံလောက်သော ပြိုင်ဘက်ဖြစ်ပြီး  ပြည်ခိုင်ဖြိုးပါ တီက ပီအာရ်စနစ်ကို လာမည့်ရွေး ကောက်ပွဲတွင် ပြောင်းလဲကျင့် သုံးလိုနေကြောင်း အစီရင်ခံစာ ကရေး သည်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ယင်းစနစ်ကိုပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့သည်။ ပီအာရ် စနစ်သည် အင်အားကောင်း သော အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နှင့်ယှဉ်လျက် လွှတ်တော် တွင် ပြည်ခိုင်ဖြိုးက နေရာရရှိဖို့ ဖြစ်လာ နိုင်ရာ အဆိုပါကိစ္စကို ရွေးကောက်ပွဲနီးလာသည်အထိ ငြင်းခုံနေကြရဦးမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

ညီလတ်

Yangon Times Daily
သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့ ကြိုတင်မှန်းဆခဲ့ခြင်းဖြစ် သည်။

Wednesday, 26 June 2013

"ပြည်တွင်းအထည်ချုပ်နှင့် အဲကွန်းစက်ရုံတို့ မလေးပြန်လုပ်သားတို့အား အလုပ်ပေးရန် လာရောက်ဆက်သွယ်"

မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံများမှ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ် ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်း သားပြည် သူများ ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံ တို့ သမ္မတ ထံ ပေးပို့ စာတွင် ဖေါ်ပြ

Photo: ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံတို့ သမ္မတထံ ပေးပို့ စာတွင် ဖေါ်ပြ
Wednesday, June 26, 2013

ဘူးသီးတောင်မြို့နယ် အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင်ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြထားသည်။

ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တိုင်းရင်းသားများ ရေးသားပေးပို့သော စာပိုဒ် အမှတ်စဉ် (၅) တွင် ထိုသို့ ဖေါ်ပြထားသည်။

လူပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံသို့ ရေး သားပေး ပို့သောစာထဲတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့ နယ် စည်ပင်သာယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို နိုင်ငံ သား မဟုတ်သူများက တိုက်ရိုက် လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမူ အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှ ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို ၂၃-၅-၂၀၁၃ ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံ စည်းကမ်းချက်တွင် နိုင်ငံသား မဟုတ်သည့် အမျိုးသား မှတ်ပုံတင်ကဒ် (သို့) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ၀င်ရောက် ဆွဲဝယ်ခြင်း ပြုခဲ့ကြောင်း၊ သို့အတွက် လေလံ မဆွဲမီ ၁-၃-၂-၁၃ နေ့တွင် ကြော်ငြာတွင် ပါဝင်သည့် စည်းကမ်းချက် အပိုဒ် (၁)နှင့် အပိုဒ်(၄) အချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့် အညီ ပြင်ဆင်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ တဆင့် တောင်းဆိုခဲ့ကြောင်း၊အဆိုပါ ကြေငြာချက်ပါ အချက် တချို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၄၉) နှင့် (၃၇၀) တို့ကို လုံးဝ ဆန့်ကျင်နေပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ သို့သော်လည်း ၂ လကျော် ကြာသည့် တိုင်အောင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ ပြည်သူလူထုမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ပြီးနောက် နှစ်လကျော်ကြာမှ ၁၇-၅-၂၀၁၃ ခု နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်သိန်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးမောင်စန်ရွှေတို့ နှစ်ဦးကို စေလွှတ် လိုက်ကြောင်း၊ သို့သော်လည်း အထက်ပါ ၀န်ကြီးနှစ်ဦးသည် ပြည်သူ လူထုများ ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ နိုင်ငံသား မဟုတ်သူများကို လေလံများဆွဲယူခွင့် ပြုပေးခဲ့ကြောင်း ဖေါ်ပြသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို သံသယ ဖြစ်မိကြောင်း ဖေါ်ပြသည်။

စာ၏ နိဂုံးချုပ်တွင် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများကို ချိုးဖေါက်ပြီး လေလံ ၀ယ်ယူခွင့် ရရှိထားသူ နိုင်ငံသား မဟုတ်သူများကို ပယ်ဖျက်ပြီး တိုင်းရင်းသားနှင့် နိုင်ငံသားများ လက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် စာထဲတွင် သမ္မတကို တင်ပြတောင်းဆိုထားသည်။
narinjara
ဘူးသီးတောင်မြို့နယ်အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင် ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြ ထားသည်။

မုံရွာဆေးရုံ တိုးချဲ့ရန် အိန္ဒိယ ဒေါ်လာနှစ်သန်း လှူမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင်ဆေးရုံအဆောက်အအုံများတိုးချဲ့ရန်နှင့် ဆေး ပစ္စည်းအတွက် အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှသိရသည်။

" စီးပွားရေးကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန် ပြည်သူသိအောင် ထုတ်ပြန်တော့မည် "

နိုင်ငံ၏ စီးပွားရေး ကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန်ကို ပြည်သူသိအောင် ချပြတော့မည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ထိုအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး၎င်းကိုယ်တိုင် ဦးဆောင်

မိုင်းယုလေး စစ်ဘေးရှောင် စခန်းသို့ စစ်ဘေးရှောင် သူများ ပိုမိုရောက် ရှိလာ

Photo: မိုင်းယုလေး စစ်ဘေးရှောင်စခန်းသို့စစ်ဘေးရှောင်သူများ ပိုမိုရောက်ရှိလာ
Wednesday, June 26, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ်တည်ဆောက်ထားသည့် စစ်ဘေးရှောင် စခန်းသို့
စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

မိုင်းယုလေးရွာ စစ်ဘေးရှောင် ရွာသူ/သားများသည် ဇွန်လ ၂၂ရက်နေ့၌ အစိုးရနှင့် လက်နက်ကိုင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲများ
ဖြစ်ပွားပြီးနောက် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

“အစကတော့ စခန်းအနေနဲ့ဖွင့်ဖို့ အစီအစဉ်မရှိဘူး။ ကနဦးက ရွာသားတွေဟာ တိုက်ပွဲဖြစ်လဲ ရွာမှာပဲ နေနေကြတာ။ နောက်ပိုင်း ရွာနားမှာဖြစ်လာတော့ဒီဘက်ကို ထွက်ပြေးလာကြရင်း တဖြည်းဖြည်း များလာတာ။ ဒါနဲ့ ကျွန်တော်ရယ်  ရပ်ကွက်စာရေးရယ် မူလတန်းကျောင်းအုပ် ဆရာမရယ် ၃ဦးတိုင်ပင်ပြီး၊ကော်မတီ နှစ်ခုခွဲပြီး ဆောင်ရွက်နေတာ၊ ဖွင့်တာကတော့ ဇန်န၀ါရီလထဲက ဖွင့်ထားတာ။ အခုမှ လူပို များလာတာ”ဟု စခန်းတာဝန်ခံ ဦးကျမ်ဆာက ဆိုသည်။

လက်ရှိစခန်းသို့ ရောက်လာသူများမှာ ပန်းပူး ကျေးရွာအုပ်စု၊ ပိန်ပွန်ကျေးရွာနှင့် မန်စိန်ရွာတို့မှ ပလောင်(၀်) တိုင်းရင်းသားများ
ဖြစ်ကြကြောင်း သိရသည်။

“မန်စိန်က အိမ်ထောင်စု လေးစုပါတယ် ၂၂ရက်နေ့က ရောက်လာတာ။ ကျန်တဲ့သူတွေကတော့ လုံကန် ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတယ်။
အဲဒီကလူတွေ ထပ်ရောက်လာရင် ကျနော်တို့တော့ တော်တော် ခက်ခဲလိမ့်မယ် ဟု ဦးကျမ်ဆာမှ ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အဆိုပါစခန်းရှိ စစ်ဘေးရှောင်ဦးရေမှာ ကျား/မပေါင်း (၃၇၈)ဦးရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၂)ဦးရှိကြောင်း သိရှိရသည်။

စစ်ဘေးရှောင် ဒေသခံများ ပိုမိုများပြားလာသဖြင့် ၎င်းတို့နေထိုင်ရန် အမိုးအကာနှင့် ကလေးငယ်များ အတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ် တည်ဆောက်ထားသည့် စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ဂိတ် အသစ် များ ထပ်မံ ဖွင့်လှစ် ရန် စီစဉ်

Photo: ထိုင်း-မြန်မာ နယ်စပ်ဂိတ် အသစ်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်
Wednesday, June 26, 2013

မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဒေသ ဂိတ် ၆ ခုကို ထပ်မံ ဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

ထို့အပြင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို နယ်စပ်တို့တွင်လည်း ဖွင့်လှစ်ရန် ရှိကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် Surapong Tovichakchaikul က ဇွန်လ ၂၄ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်။

ယခု တပတ် အစောပိုင်းက ထိုင်း ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်က ခေါ်ယူသည့် ခရိုင်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် နယ် စပ်ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ၎င်းက ပြောဆိုကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

“နယ်စပ်ဂိတ် ၂၈ ခုအထိ ဖွင့်ဖို့ စီစဉ်ထားတယ်၊ လောလောဆယ် ၃ ခုဖွင့်ထားပြီး ၂၅ ခု ထပ်ဖွင့်ဖို့ ကျန်သေးတယ်၊ ကမ္ဘောဒီးယား နဲ့ မလေးရှားနယ်စပ်မှာ ၄ ဂိတ်စီ၊ မြန်မာနယ်စပ်မှာ ၆ ဂိတ်၊ လာအိုနယ်စပ်မှာ ၁၁ ဂိတ် ထပ်ဖွင့်ဖို့ကျန်တယ်”ဟု ထိုင်း ဒုဝန်ကြီး ချုပ် Surapongက ပြောသည်။

ယင်း နယ်စပ်ဂိတ်များကို ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဖွင့်လှစ် နိုင်ရန် ထိုင်း အစိုးရအနေနှင့် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ် ဂိတ်များ ဖွင့်လှစ်ပြီးပါက ကုန်သွယ်ရေး ပမာဏ တိုးမြှင့်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ထိုင်းနှင့်မြန်မာ နယ်စပ်ဂိတ် ၆ ခု ထပ်မံ ဖွင့် လှစ်မည့်အကြောင်း မသိရှိရသော်လည်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရက ကြိုးစားနေကြောင်း ဧရာဝတီ သို့ ပြောသည်။

“သူတို့ကတော့ ပြောနေတာပဲ၊ တရားဝင် ကုန်သွယ်မှု လုပ်ဖို့ပဲ လိုတယ်၊ တရားဝင် လမ်းကြောင်းနဲ့ လာမယ်ဆိုရင်တော့ ပိုကောင်း တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း ဘက်က ကုန်ပစ္စည်းအများစုကို တရားမ၀င်ဂိတ်များမှ တင်သွင်းနေပြီး မြန်မာဘက်က ကုန်ပစ္စည်းများကို ချစ်ကြည်ရေး တံတားပေါ်မှ တင်သွင်းကြောင်း သိရသည်။

ထိုင်းအစိုးရက နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်ခြင်းသည် စီးပွားရေး ဈေးကွက် မပပျောက်ရေး အတွက် ကြိုးစားခြင်း ဖြစ်ကြောင်း ဒေါ်သင်းသင်းမြတ်က ဆိုသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း အဖြစ် လက်ရှိ အချိန်တွင် တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်းနှင့် တနင်္သာရီမြို့နယ်ရှိ မော့တောင် နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ထားသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အများဆုံး နှင့် အဓိက ဂိတ်ဖြစ်သည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်း အထိ တင်ပို့ကြသည်။

မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် ကုန်စည်စီးဆင်းမှု တန်ဖိုးမှာ ယခုနှစ် ဇန်န၀ါရီလမှ စတင်၍ ဇွန်လ အထိ တလတွင် ဘတ်ငွေ သန်း ၃၅၀၀ ခန့် ရရှိပြီး ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု တာခ့်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌက ပြောကြောင်း မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ယခုနှစ် ၆ လအတွင်း ဘတ် သန်းပေါင်း ၂၃၀၀၀ ခန့် ရရှိထားပြီး ပြီးခဲ့သည့်နှစ်က သန်းပေါင်း ၂၀၀၀၀ သာ ရရှိကြောင်းလည်း မန်နေဂျာ အွန်လိုင်း၌ ပါရှိသည်။

ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ဂိတ်ကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ဂိတ်ကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသဂိတ် ၆ ခုကို ထပ်မံဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

အားနည်းချက်တွေ ရှိတဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး လမ်းမကြီးကို ပြင်မယ်

Photo: အားနည်းချက်တွေ ရှိတဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး လမ်းမကြီးကို ပြင်မယ်
Wednesday, June 26, 2013

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ်သမားတွေ ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလအတွင်းမှာ ယာဉ် မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစုကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် လက်ရှိမှာတော့ သေဆုံးသူ ၁၇၀ ကျော် ရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

“အရင်အစိုးရရဲ့ လိုအပ်ချက်အရ နေပြည်တော်မြို့ ရွှေ့လာတော့ ရန်ကုန်နဲ့ နေပြည်တော် ကို ဆက်သွယ်ဖို့ လိုအပ်လာတယ်။ သွားလာလို့က အဆင်မပြေတော့ လမ်းမြန်မြန်ပြီးဖို့လိုတော့ လမ်းပိုင်းမှာ အားနည်းချက်တွေ ဖြစ်သွားရတာပါ။ အရေးပေါ် အနေအထားတွေကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိသွားတာကို ဝန်ခံပါတယ်။ အက်ဆီးဒင့်တွေ မဖြစ်အောင်လုပ်ဖို့က ကျနော်တို့မှာ တာဝန်ရှိပါတယ်” လို့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းတည်ဆောက်မှုပိုင်းကို တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သတင်းဌာနက ကို ပြောပါတယ်။

အမြန်လမ်းမကြီး စတင် တည်ဆောက်ခဲ့စဉ်က အချိန် လိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်တွေကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တဲ့ အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေ ကိုလည်း တောင်းခံထားကြောင်း သိရပါတယ်။

အဲဒီ Master Plan မှာတော့ အမြန်လမ်းမကြီးကို ရှစ်လမ်းသွား ဖောက် လုပ်မှာဖြစ်ပြီး ကုန်တင်ကားကြီးတွေလည်း ဖြတ်သန်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည် နားနေစခန်းတွေနဲ့ ရဲစခန်းတွေ၊ သန့်စင်ခန်းတွေကိုလည်း တိုးချဲ့ တည်ဆောက်မယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးမှာ အားနည်းချက်တွေ ရှိပေမယ့် နိုင်ငံတကာ အကူအညီမယူဘဲ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်တွင်းအင်ဂျင်နီယာတွေက လမ်းအရှည် ၃၆၆ မိုင်ကို ၆ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ အပေါ် မြန်မာပညာရှင်တွေကို နိုင်ငံတကာက အံ့သြခဲ့ရကြောင်း၊ ဒါကြောင့် အမြန်လမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာလမ်းမကြီး တခု လည်း ဖြစ်ကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

“နိုင်ငံတကာမှာ အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံက မြဝတီနဲ့ သင်္ဃန်း ညီနောင် လမ်း ကီလိုမီတာ ၂၀၊ ၃၀ ကို ၆ နှစ်ကျော် စိတ်ကြိုက် ဖောက်လုပ်ကြတယ်။ ကျနော်တို့က လမ်းအရှည် ၃၆၆ မိုင်ကျော်ကို ၆ နှစ်နဲ့ အပြီးဆောက်ခဲ့ ရတာကလည်း အနေအထားတွေကြောင့် အားနည်းချက်တွေ ရှိခဲ့ရတာ ဆိုတော့ အခု လမ်းကို ပြန်လုပ်မယ်ဆိုရင်တောင် လက်တန်း မလုပ်တော့ ဘူး၊ နိုင်ငံတကာ အကူအညီယူမယ်” လို့ ဦးကြည်ဇော်မြင့်က ဆက်ပြော ပါတယ်။

အစိုးရသစ် လက်ထက်အတွင်း အမြန်လမ်းမကြီး ပြုပြင်နိုင်ဖို့အတွက် ဘတ်ဂျက်ကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တခြား အရေးကြီး တဲ့ ပြည်ထောင်စု လမ်းတွေအတွက် ဦးစားပေးနေရတာကြောင့် လမ်းအတွက် ဌာနဆိုင်ရာ ဘတ်ဂျက် လုံးဝ မရသေးဘူးလို့လည်း သိရပါတယ်။ အမြန်လမ်းမကြီးကို ပြန်လည် ပြုပြင်ဖို့အတွက်က ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျ မယ်လို့လည်း သိရပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကတော့ အမြန်လမ်း မကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်းတာ၊ လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ အားနည်းတာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန်တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီတညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

“အမြန်လမ်းပေါ်က လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘယ်ရီယာတုံးတွေ ကြည့်လိုက်ရင် ရွဲ့ စောင်းနေတာပဲ၊ တချို့နေရာတွေမှာ လမ်းခင်း တာကျတော့လည်း တွေ့တဲ့ကျောက်သဲနဲ့ ဘိုင်ဘရိတ်တောင် မထည့်ဘဲ လုပ်တော့ ၆ လလောက်နေတော့ ပျက်စီးတာပဲ။ ဒါတွေက ငွေကြေးနဲ့ မဆိုင်ဘူးလေ၊ လူရဲ့အသိဥာဏ်၊ အင်ဂျင်နီယာတွေရဲ့ ကြီးကြပ်မှုနဲ့ ဆိုင်တယ်။ ခြံစည်းရိုး ခတ်တယ်၊ ဘယ်နေရာများ သပ်ရပ်သလဲ။ ပြောရ ရင်တော့ သိပ်ရှက်ဖို့ကောင်းတယ်” လို့ စက်မှုအင်ဂျင်နီယာတဦးက ဇွန်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ လုပ်ခဲ့တဲ့ အမြန်လမ်းဆိုင်ရာ ဆွေးနွေးပွဲမှာ သုံးသပ် ပြောဆိုသွားပါတယ်။

လမ်းအင်ဂျင်နီယာ တဦးဖြစ်သူ ဦးမောင်မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄ လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေများလည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေ အထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ် ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့်လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေကြောင်း သုံးသပ်ပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း က “အမြန်လမ်းဆိုတာ တဖြောင့်တည်း ဖြစ်နေရမယ်ဆိုတာ မဟုတ်ဘူး။ လမ်းဆိုတာ အကွေ့အကောက်တော့ ပါရမယ်။ အစအဆုံး ဖြောင့်နေ ရမယ်ဆိုတာ လမ်းရဲ့ စံချိန်စံညွှန်း မဟုတ်ဘူး။ အခု အမြန်လမ်းမှာ အကွေ့အကောက်တွေ ပါနေတယ်ဆိုတာကလည်း လမ်းဖောက်တုန်းက ဆည်တွေကို ရှောင်ပြီးဖောက်ခဲ့ရတာ လည်းပါတယ်။ ငွေကြေး အခြေအနေအရ ဘယ်ရီယာတုံးတွေကို သေချာ မလုပ်နိုင်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံးဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁၀ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့လည်း ဦးကျော်လင်းက ဆိုပါတယ်။

လက်ရှိ အမြန်လမ်းမကြီးမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်အပြင် ယာဉ်အို ယာဉ်ဟောင်းတွေကို မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာ၊ အရက်သောက် ထားခြင်း ရှိ မရှိကို ကိရိယာတွေနဲ့ စစ်ဆေးတာတွေနဲ့ အမြန်လမ်းပေါ်မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေကို သင်တန်းပေးတာတွေ လုပ်ဖို့အပြင် အမြန်လမ်းမကြီး ဥပဒေကို ပြဌာန်းဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာက ကားမောင်းရင် (လုံခြုံရေး) ခါးပတ် မပတ်ကြဘူး။ အဲဒီ ဥပဒေ ကလည်း ဒီနိုင်ငံမှာ မရှိသေးဘူး၊ အန္တရာယ်ကင်းဖို့ ဆိုရင် ခါးပတ် ပတ်သင့်တယ်၊ အရက်သောက်ပြီး ကားမမောင်းသင့်ဘူး” လို့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ အဖြစ်များနေတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေရဲ့ အဓိက အကြောင်းအရင်းတွေက ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ အရက်သေ စာ သောက်စားပြီး မောင်းနှင်တာ၊ သတ်မှတ်ရှိန်ထက် ပိုမိုမောင်းနှင်တာနဲ့ လမ်းကြော အခြေအနေကို နားမလည်တာတွေကြောင့် အဖြစ်များနေတာ လို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှာ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဦးမျိုးမြင့်ကလည်း “များသောအားဖြင့်က အိပ်ငိုက်လို့ ဘီးချော်ရာကနေ ထိခိုက်မှုဖြစ်တာပါ။ လမ်းမှာ မှတ်သားပေးထားတဲ့ လိုင်းတွေရယ်၊ အရှိန်နှုန်းနဲ့ သွားမယ် ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ အဓိက အားနည်းချက်ဖြစ်နေတာက ယာဉ်မောင်းသူကြောင့်ပါ။ ကျနော်တို့ကလည်း တာဝန်ရှိပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေး တဖက်တချက်စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ စတင်ဖောက်လုပ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့လျှင် ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်းသွား လာနေကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီ
နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ် မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ် သမားတွေ ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

ဆရာတော် ၀ီရသူအား Time Magazine မှ အခြေ အမြစ် မရှိ ပုတ် ခတ်စော် ကားမှု အပေါ် ကန့်ကွက်ခြင်း သဘော ထား ထုတ်ပြန်ကြေငြာ ချက် အမှတ် ၁/ ၂၀၁၃

 Photo: ဆရာတော်ဝီရသူအား Time Magazine မှ အခြေအမြစ်မရှိ ပုတ်ခတ်စော်ကားမှု အပေါ် ကန့်ကွက်ခြင်း
သဘောထားထုတ်ပြန်ကြေငြာချက်အမှတ် ၁/ ၂၀၁၃

Wednesday, June 26, 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင် ဆရာတော်ဝီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြ ခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူအဖြစ် ဆောင်းပါးရှင် Hannah Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။

ထိုသို့ ရေးသားဖော်ပြမှုသည် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းမှု၊ ညီညွတ်မှုကို ထိခိုက်စေသည့်အပြင် ဆရာတော်ဝီရသူ၏ အမျိုးသားရေးစွမ်းဆောင်မှုများအပါအ၀င် ကျွန်ုပ်တို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကိုပါ အခြေအမြစ်မရှိ စော်ကားခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ အစည်းအရုံးမှ ယူဆပါသည်။

၉၆၉ ၏ ခံယူချက်၊ သဘောထားနှင့် ဆရာတော်ဝီရသူ၏ အမျိုးသားရေး ဦးဆောင်မှုများကို ဂဃနဏသိနားလည်ခြင်းမရှိဘဲ လိုရာဆွဲရေးသားခြင်း သည် ကျွန်ုပ်တို့၏အမျိုးသားရေးစိတ်ဓာတ်ကိုသာမက ငြိမ်းချမ်းအေးမြ လှသည့် ဘာသာတရားအပေါ် နကန်းတလုံးမျှ နားမလည်ဘဲ စော် ကားခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ဆောင်းပါးရှင် Hannah Beech ကိုယ်တိုင်သော်လည်းကောင်း၊ Time Magazine မှ တာဝန်ခံအယ်ဒီတာမှသော်လည်းကောင်း ကမ္ဘာသိ ပြန်လည်တောင်းပန်ရန် ကျွန်ုပ်တို့အစည်းအရုံးမှ တောင်းဆိုသည်။

ပြန်လည်တောင်းပန်ခြင်းမပြုပါက စတုတ္ထမဏ္ဍိုင်မပီသသော မီဒီယာဖြစ် သည့် Time Magazine အား နိုင်ငံတ၀ှမ်းလုံးမှ မဖတ်ရှုကြ ရန်နှင့် ဖြန့်ချိခြင်း မပြုနိုင်ရန် အကြမ်းမဖက်သောနည်းလမ်းများအားဖြင့် ဘက်စုံထောင့်စုံမှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။

သတင်းနှင့်ပြန်ကြားရေးအဖွဲ့
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး
၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင် ဆရာတော် ၀ီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူ အဖြစ် ဆောင်း ပါးရှင် Hannah Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။

ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်

Photo: ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်
Wednesday, June 26, 2013

ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။

“လေယာဉ်ကွင်းတွေက အစိုးရဘတ်ဂျက်နဲ့ပဲ လုပ်သွားမှာပါ။ လက်ရှိကတော့ လေယာဉ်ငယ် ပိုင်းတွေပဲ စပြီးဆင်းသက်သွားဖို့ စီစဉ်ထား တယ်။ ၂ နှစ်အတွင်း အပြီး ဆောင်ရွက်ဖို့ လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဆောက်လုပ်မည့် လေယာဉ်ကွင်းအသစ် ၃ ခုအတွက် ယခုအခါ မြေနေရာ စမ်းခြင်း၊ တံတိုင်း ကာရံခြင်း၊ ပြေးလမ်း တည်ဆောက်ခြင်း စသည်တို့ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့် ခရီးသွားတွေ လေ့လာချင်တဲ့ နေရာတွေ မရောက်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ရအောင် တည်ဆောက်တာပါ။ အခုဆောက်တဲ့ နေရာတွေက ခရီးသွားတွေအတွက် အကောင်းဆုံး လေ့လာကြမယ့် နေရာတွေ ဖြစ်လို့ အဆင်ပြေအောင် ဆောင်ရွက်တာပါ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။

လေယာဉ်ကွင်း အသစ်ဆောက်မည့် နေရာများမှာ ကချင်ပြည်နယ် တွင် နောင်မွန်းမြို့၊ ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့တို့တွင် ဖြစ်ပြီး လေယာဉ်ငယ် များသာ ဆင်းသက်စေ မည် ဖြစ်ကြောင်း၊ ပထမ အစတွင် ၁၈ ယောက်စီး လေယာဉ်သာ စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေရာတွေက အရင်က ဒုတိယကမ္ဘာစစ် ကတည်းက သုံးခဲ့တဲ့ လေယာဉ် ကွင်းတွေ ဆိုတော့ လေကြောင်းဌာန အနေနဲ့ ထိန်းသိမ်းထားတာကို အခုအချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်း လုပ်ဆောင်သွားတာပါ” ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။

ယခု ပြုပြင် ဆောက်လုပ်မည့် လေယာဉ်ကွင်းများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ခရီးသွား လုပ်ငန်း တိုးတက်စေရန် အတွက် ရည်ရွယ်ဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်မျာဆိုလည်း ရေခဲတောင် တက်ဖို့အတွက်က ပူတာအိုကနေ သွားရ တယ်။ အခုနောက်ပိုင်းက သစ်ခွပန်းတွေ လာကြည့်တာ များတယ်။ ချင်းပြည် နယ် ဆို လည်း ရိဒ်ရေအိုင် သွားတာ များလာတယ်။ အခုလို လေယာဉ်ကွင်းတွေ ဆောက်ရင် ခရီးသွားတွေ များလာနိုင်တယ်။ စရိတ်စက သက်သာလာနိုင်တယ်” ဟု ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်သည့် ကိုသောင်းထိုက်ဇော်က ပြောသည်။

လက်ရှိ လေယာဉ်ကွင်းများ အတွက် မြေနေရာ စမ်းသပ်ခြင်း၊ ပြေးလမ်း ဒီဇိုင်း ရေးဆွဲခြင်း တို့လည်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းရာသီ အစတွင် စတင် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ၃ ခု၊ ပြည်တွင်းဆင်း လေယာဉ်ကွင်း ၂၇ ခုခန့်ရှိကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ရပ်နားထားစဉ် (ဓာတ်ပုံ – ထက်အောင်ကျော်)
ဧရာဝတီ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ရပ်နားထားစဉ် (ဓာတ်ပုံ – ထက်အောင်ကျော်)
ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။