ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ
ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News
Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden
Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က
ရရှိခဲ့ကြောင်း သိရှိရပါသည်။
Sunday, 2 June 2013
ရော ဂါကြောင့် မဟုတ်ဘဲ အိပ် မပျော်ဖြစ်နေ လား

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတဲ့ အခါမှာ ကျွန်မတို့တစ်တွေဟာ
အိပ်မပျော်နိုင်တာမျိုး ဖြစ်နေ တတ်ကြပါတယ်။ ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကိုမှ
မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အတွေးတွေများ တာ၊ ပူပင်သောကများတာ၊
စိုးရိမ်နေတာစတဲ့ အကြောင်းတွေကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီအခါ
နောက်တစ်နေ့မှာ အာရုံ စူးစိုက်မှု နည်းတာ၊ မှတ်ဉာဏ်အား နည်းတာ၊
လုပ်ကိုင်နိုင်စွမ်း ကျဆင်း တာ စတဲ့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို
မဖြစ်စေဖို့အတွက် ည,ည နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနိုင်အောင် အောက်ပါ
အချက်တွေကို လိုက်နာသင့်ပါတယ်။
CNG တက္ကစီ ယာဉ် များ သို့ ရောင်း ချမည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့် ဖွယ်ရှိ
![]() |
| မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့်
သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း
စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေး
ထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။
ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)
မနက်က ညီမလေးဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမဒီကျောင်းဆက်မတက်ချင်တော့ဘူး။ အဝေးသင်မေဂျာတစ်ခုပြောင်းမယ်၊
အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး
စကားကြားရ တာပါပဲ။
NLD ဗဟိုကော်မီတီ များ စွမ်းရည်မြင့် အလုပ် ရုံ ဆွေးနွေး ပွဲ ရခိုင် ဗဟိုကော်မီတီ ၀င်များ တက်ရောက်
မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတီဝင်များ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ(၄)ဦး တက်ရောက်ခဲ့သည်ဟုသတင်းရရှိသည်။
ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ
![]() |
ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်) |
ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်း တိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်း ရရှိသည်။
ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်
![]() |
| မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် |
သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ
အားကစားခန်းမ တွင် ပြုလုပ် မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘဝ
မြှင့်တင်ရေးအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်
မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသား ဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။
ကျဆုံး ခန်းတွေကို စည်း တစ်ဖက် ခြားနိုင် ခဲ့ပြီ
ပြီးခဲ့တဲ့
ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ပင်နယ်တီကန်တာ မကြည့်ရဲလို့ မျက်နှာလွဲ
ထိုင်နေတဲ့ စတိုင်ဂါရဲ့ပုံရိပ်ဟောင်း ကိုယ်တိုင်ခံစားနေရပေမယ့်
အသင်းသားတွေရဲ့ နာကျင်မှုကို
နှစ်သိမ့်ပေးခဲ့ရတဲ့ အသင်းခေါင်းဆောင် ဖီးလစ်လမ်းရဲ့ဝေဒနာတွေဟာခုတော့
လက်ခုပ်သံတွေကြားမှာ ပျောက်ပျက်ခဲ့ပါပြီ။
Saturday, 1 June 2013
တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းတွင် လိုအပ်ပါက ကုန်တင် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုမည်
ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အစိုးရဝန်ထမ်းများ အိမ်ပြောင်း
ရွှေ့ခြင်းနှင့် ကုန်တင်ယာဉ်ငယ် များ အရေးပေါ်ဖြတ်သန်းရန်လို အပ်ပါက ယာဉ်ပေါ်ပါပစ္စည်းများကို စစ်ဆေး၍ ဖြတ်သန်းခွင့် ပေး မည် ဖြစ်ကြောင်း အမြန်လမ်းတည်ဆောက်ရေးမှ အင်ဂျင်နီယာ
မှူးကြီးဦးမျိုးမြင့်က ပြောသည်။ ယင်းကဲ့သို့ ဖြတ်သန်းသွား လာခြင်းကို နေ့စဉ်
နံနက်ရှစ်နာ ရီမှ မွန်းလွဲနှစ်နာရီကြားဖြတ်သန်း
ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
သီလဝါ စီမံကိန်းတည်ဆောက်မှုနှင့် လျော်ကြေးကိစ္စ ဒေသခံများကို ရှင်းမည်
သီလဝါအထူး စီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်တည်ဆောက်မှု အချက်အလက်နှင့် ယင်းနယ်မြေ ဧရိယာ အတွင်းရှိ ဒေသခံများအတွက် နစ်နာကြေးတွက်ချက်မှုပုံစံတို့ကို ဇွန်လ ဒုတိယ ပတ်အတွင်း ဒေသခံများနှင့် တွေ့ဆုံ
ရှင်းလင်းမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး
တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က The Voice သို့
ပြောကြားသည်။ ဟက်တာ ၄၀၀ ခန့် ကျယ်ဝန်းသော ယင်းစီမံကိန်း ပထမအဆင့်
တည်ဆောက်မည့် မြေနေရာကို မေလ ၁၉ ရက်နေ့က သီလဝါ ဒေသခံများနှင့် အတူ
မြေကွက်ရိုက် သတ်မှတ်ပြီး ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးဆက်အောင်က
ရှင်းပြသည်။
ဝ ဒေသတွင် စည်းကမ်းဖောက်ဖျက် သူများကို သေမိန့်ပေးဟုဆို
မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပေးအပ်ထားသောဝနယ်အတွင်း သတ်မှတ်ထားသော စည်းကမ်း ဖောက်ဖျက်သူများအပါအဝင်
တရားမဝင်စီးပွားရေး လုပ်ကိုင်သူများကို ဖမ်းဆီးရ မိပါက သေမိန့်
ပေးကြောင်း ဝတိုင်း ဒေသ၏ ပြင်ပ ဆက်ဆံရေး ဌာနမှ ဦးဆမ်ခွန်းက ပြောကြား သည်။
ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ
စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော
မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင်လက်ထပ်မှုဖြင့် စင်ကာပူ တရား ရုံးက မေလ
၃၁ ရက်နေ့တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေး
သား ဖော်ပြထားသည်။
ဒေါ်အောင်ဆန်း စုကြည်နေ အိမ်ရှေ့ ဆန္ဒ ထုတ်ဖော်မည့် အစီအစဉ် ဖျက် သိမ်းခဲ့

ရခိုင်လူငယ်များအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၌ ဆန္ဒထုတ်ဖော်ခြင်းကို ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က လာရောက်တားမြစ် ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် ဖျက်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
တေးရေး ဆရာ ကေအေတီ ကွယ် လွန်

နာမည်ကျော်တေးသီချင်းများ
ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါကူ
အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့်
ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့် ထပ်တူဝမ်းနည်းရပါသည်။
Popular Journal
Popular Journal
ကချင် စစ်ပြေး ဒုက္ခသည် များ တစ်လ အတွင်း နေရပ်ပြန်နိုင်ရေး ကြိုး ပမ်း သွား မည်

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေ ရပ်ပြန်နိုင်ရေး ကို ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။
KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့အပြန် ဆန္ဒပြခံရ

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ် စားလှယ်အဖွဲ့သည် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့သို့ KIO ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံရှမ်းလူမျိုး ၂၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ၏ ကျေး လက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ ဘဏ်မှ ကူညီမည်

ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးအပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)



