Wednesday, 26 December 2012

လက်နက် ထိန်းချုပ်ရေး နိုင်ငံတကာညီလာခံ ကျင်းပမည်

Photo: လက်နက် ထိန်းချုပ်ရေး နိုင်ငံတကာညီလာခံ ကျင်းပမည် 
Wednesday, December 26, 2012 

ကမ္ဘာတ၀ှမ်း သမားရိုးကျ လက်နက်တွေ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ရေး ကြိုးပမ်းမှုတွေ ဇူလိုင်လမှာ ပျက်ကွက်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆွေးနွေးမှု အသစ်တွေလုပ်ဖို့ တခဲနက် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

သမားရိုးကျ လက်နက်တွေ တနေရာက တနေရာ ပို့ဆောင်မှုတွေမှာ စံချိန်စံညွှန်းတွေ သတ်မှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မတ်လထဲမှာ ညီလာခံတစ်ခုကျင်းပ ဆွေးနွေးရေး အထွေထွေညီလာခံက သဘောတူခဲ့တာပါ။ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၁၃၃ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲ ၁၇ မဲနဲ့ တနင်္လာနေ့ နှောင်းပိုင်းမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လထဲက သဘောတူညီချက် တရပ် ရေးဆွဲဖို့ ဆွေးနွေးရာမှာတော့ အမေရိကန် ပြည်ထောင်စုက သူ့ရဲ့ ဒေါ်လာသန်းပေါင်း ၆ သောင်းဖိုး ရှိတဲ့ လုပ်ငန်းအပေါ် ကန့်သတ်မှုတွေ ကြုံရမယ့် အစီအစဉ်ကို ဆွေးနွေးဖို့ တွန့်ဆုတ်နေရာက မအောင်မမြင်
ဖြစ်ခဲ့ရတာပါ။

ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာပဲ အမေရိကန် ပြည်ထောင်စုက လက်နက်ကိုင်ဆောင်ခွင့် အတွက် အဓိက လှုံ့ဆော်လှုပ်ရှားနေတဲ့ အမျိုးသား ရိုင်ဖယ် အသင်းကတော့ အရပ်သားတွေလက်နက်ကိုင်ဆောင်ခွင့် အပေါ် ကန့်သတ်လာမယ့် အစီအစဉ်တွေကို အပြင်းအထန် ဆန့်ကျင်သွားမှာ
ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလထဲမှာပဲ ကလေးငယ် ၂၀ အပါအ၀င် လူ ၂၈ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်သင့် မသင့် ကိစ္စတွေ တကျော့ပြန် ကြီးထွားလာနေတာလည်း ဖြစ်ပါတယ်။ 

ဗွီအိုအေကမ္ဘာတ၀ှမ်း သမားရိုးကျ လက်နက်တွေ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်းတွေချမှတ်ရေး ကြိုးပမ်းမှုတွေ ဇူလိုင်လမှာ ပျက်ကွက် ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆွေးနွေးမှု အသစ်တွေလုပ်ဖို့ တခဲနက် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သမားရိုးကျ လက်နက်တွေ တနေရာက တနေရာ ပို့ဆောင်မှုတွေမှာ စံချိန် စံညွှန်းတွေ သတ်မှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မတ်လထဲမှာ ညီလာခံတစ်ခုကျင်းပ ဆွေးနွေးရေး အထွေထွေညီလာခံက သဘောတူ ခဲ့တာပါ။ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၁၃၃ မဲ၊ ကန့်ကွက်မဲမရှိ၊

''ပါတီဝင်ဟုဆိုသူအချို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် သတင်းထောက် တစ်ဦးဒဏ်ရာရ'' သတင်း နှင့် ပတ်သက်၍ ရှင်းလင်ချက်

Photo: ''ပါတီဝင်ဟုဆိုသူအချို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် သတင်းထောက်
တစ်ဦးဒဏ်ရာရ'' သတင်း နှင့် ပတ်သက်၍ ရှင်းလင်ချက်
Wednesday, December 26, 2012 

Hot News ဂျာနယ် အတွဲ၃ အမှတ် ၁၂၀ တွင် မြစ်ကြီးနား မြို့ ပြန်လည်
နေရာချထားရေး ကျေးရွာ NLD ရပ်ကျေးညီလာခံ သို့ သတင်းရယူရန်
သွားသော သတင်းထောက်တစ်ဦးသည် NLD တာဝန်ရှိသူများနှင့် NLD အမည်ခံအချို့ အချင်းများ မှုကို ပြန်ဖြေရာမှ NLD အမည်ခံ များက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် တက်ရောက် ကုသရသောကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည့်သတင်းကို
ဖော်ပြခဲ့ပါသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဂျာနယ်တိုက်သို့ အမှုဖွင့်တိုင် ကြားခံရသူ ၅ ဦး လက်မှတ်ရေး ထိုး၍ စာတစ်စောင်ကို FAX ဖြင့် ပေးပို့လာရာ ၎င်းစာတွင် အဆိုပါ NLD ညီလာခံကို တာဝန်ခံ ကျင်းပပေးရမည့် အေးစေတီ ရပ်ကျေးညီလာခံဥက္ကဋ္ဌ ဦးမောင် မောင်တာ၊ အတွင်းရေးမှူးဦးမြင့် ထွန်းတို့နှင့်အတူ ညီလာခံကျင်းပ ရာတွင် ကူညီရန် လိုက်ပါခဲ့ ကြောင်း၊ ညီလာခံကျင်းပရန် တက်ရောက်သူစာရင်းကို ၎င်းတို့ ထဲမှ တစ်ဦးက
ပြုစုနေစဉ် ဦးကျော်ကျော်ဦး(သတင်းထောက်/ NLD မြို့နယ် ကော်မရှင်အဖွဲ့ ၀င်)၊ ဦးဇော်ဝင်း၊ ဒေါ်ခင်မာထွေး တို့က ၀င်ရောက်နှောင့်ယှက်ရာမှ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း၊ ထို ဖြစ်စဉ်အား နစ်နာသူ ၎င်းတို့ ၅ ဦး
ကိုယ်စားဦးမောင်မောင်တာက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း၊ ဦးကျော်ကျော်ဦးသည် ကြံ့ခိုင်ရေးပါတီဝင်၊ Hot News သတင်းထောက်၊ ကြံ့ခိုင်ရေးပါတီ မှ ဖွင့်လှစ်ထားသော မြစ်ဖျားဧရာ သတင်းထောက် NLD ပါတီဝင် ဖြစ်ကြောင်း ဖုံးကွယ်ထားသူဖြစ် ဖြစ်ကြောင်း ဂျာနယ်တိုက်က မမှန်မကန်သတင်း ဖော်ပြခဲ့ခြင်း အပေါ် ဂျာနယ်တိုက်နှင့် သတင်း ထောက် ခန့်ခန့်(ဒဿနိက)မှ သတင်းမှန်ကို ပြန်လည်ဖြေရှင်း၍၀န်ချတောင်းပန်ရန်နှင့်
သတင်း ရုပ်သိမ်းရန် သတိပေးတောင်းဆိုကြောင်း ပါရှိပါသည်။

အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ မြစ်ကြီးနားခရိုင် ညီလာခံကျင်းပ ရေးကော်မရှင်ဥက္ကဋ္ဌဦးဆန်မိုင် နှင့် ပြည်နယ်ကော်မရှင်
အဖွဲ့ဝင်ဦးနေ၀င်းတို့ ပူးတွဲလက်မှတ်ရေး ထိုးကာ ဒီဇင်ဘာ ၁၀ ရက် ရက်စွဲ ဖြင့် စာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယင်းစာတွင် အဆိုပါညီလာခံသို့ ခရိုင်ညီလာခံအဖွဲ့ဝင် ဦးကျော် သီဟအေးနှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း၊ ၎င်းကို ၀ိုင်းမော် မြို့နယ် ညီလာခံတွင် ကြီးကြပ် ကူညီရန် တာဝန်ပေးထား
ခြင်းဖြစ် ကြောင်း၊ ညီလာခံတွင် တာဝန် ပေးထားခြင်းမရှိသောသူများ ၀င်စွက်ဖက်ခြင်းကို ဒေါ်ခင်မာထွေး(မြို့နယ်ကော်မရှင်အဖွဲ့ဝင်) က ပြောကြားရာမှစကာ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ကျော် ဦးနှင့် ထိုးကြိတ်ရိုက်နှက်ကြပြီး ဦးကျော်ကျော်ဦးတွင် ဒဏ်ရာရရှိ ခဲ့သောကြောင့်
မြစ်ကြီးနားဆေး ရုံတွင် အတွင်းလူနာအဖြစ် ကုသ ရကြောင်း၊ ယခင်ကလည်း မြို့ နယ်ကော်မရှင်များမှ ညီလာခံ ကျင်းပနိုင်ရန် အစည်းအဝေးလုပ် ခြင်းကို မလုပ်နိုင်ရန် အကြိမ်ကြိမ် နှောင့်ယှက်ပြီး
ဒေါ်ငွေကြိုင်ဆိုသူ နှင့် ဦးကျော်သီဟအေးတို့ဦးစီးကာ ကြေညာချက်
များထုတ်၍ နှောင့်ယှက်နေခြင်းကိုလည်း ဗဟို သို့တင်ပြပြီးဖြစ်ကြောင်း၊ ယင်း အခြေအနေကို ဗဟိုမှလာရောက် သည့် ဦးအောင်ရှင်နှင့် ဦးကြည်ဝင်း
တို့ သိရှိပြီးဖြစ်ကြောင်း၊ ဦးကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေး
အပ်ခြင်းမခံရဘဲ ရည် ရွယ်ချက်ရှိရှိဖြင့် ရပ်/ကျေးညီ လာခံများကို ၀င်ရောက်နှောင့် ယှက်နေကြောင်း၊ ၎င်းတို့ကြောင့် ပါတီဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း၊ ၎င်းတို့အား ပြင်းထန်စွာ အရေးယူပေးပါရန်
တင်ပြကြောင်း ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ကော် မရှင်ဥက္ကဋ္ဌကလည်း ဒီဇင်ဘာ ၁၃ ရက်စွဲပါ
စာဖြင့် ပြည်နယ်ကော် မရှင်ဥက္ကဋ္ဌထံသို့ ခရိုင်ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ရာ ၎င်းစာတွင် မြေမြင့် ရပ်ကွက်၊ ရွှေညောင်ပင်
ရပ်ကွက် နှင့် ပလနကျေးရွာ ရပ်/ကျေး ညီလာခံကျင်းပနေစဉ် ကိုကျော် သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုခင် မောင်မြင့်နှင့် ကိုစိုင်းအောင်လင်း တို့အဖွဲ့သည် တာဝန်ပေးထားခြင်း မရှိဘဲ ၀င်ရောက်စွက်ဖက် ရန်စ ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ပလန ကျေးရွာညီလာခံကျင်းပနေစဉ် တွင်လည်း ကိုကျော်သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုမော်စီ(ခ)ထွန်းဦး၊ ကိုစိုင်းအောင်လင်းတို့အဖွဲ့သည် တာဝန်အရလာရောက်သူ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော် ကျော်ဦးကို ၀ိုင်းဝန်းထိုးကြိတ်
ကြ ကြောင်း ၊ ကိုကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေးအပ်ထား ခြင်းမရှိဘဲ အေးစေတီရပ်ကွက် နှင့် ရမ်ပူရပ်ကွက်တို့တွင် ရပ်/ ကျေးညီလာခံ ကျင်းပကြကြောင်း၊ ၎င်းင်းတို့အဖွဲ့သည် ဆက်လက် နှောင့်ယှက်ရန် အစီအစဉ်ရှိသည် ကို သိရှိရ၍ အရေးယူပေးပါရန် တင်ပြကြောင်း ထည့်သွင်းပေးပို့ ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး
ဦးဉဏ်ဝင်း လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့်ထုတ်ပြန်သော
ကြေညာ ချက်တွင် ဦးမျိုးဇော်ဦး၊ ဦးကျော် သီဟအေး၊ ဦးစိုင်းလင်းအောင်၊ ဦးမော်စီတို့၏ NLD အဖွဲ့ဝင်ပစ်မှု ကို ဗဟိုညီလာခံကျင်းပချိန်အထိ ရပ်ဆိုင်းထားကြောင်း ဖော်ပြ ထားကြောင်း သိရသည်။

Hot News ဂျာနယ်မှ ယင်း သတင်းကို ဖော်ပြခဲ့ရာတွင် သတင်းပေးပို့သူ၏ ယုံကြည်စိတ် ချရမှုနှင့် ရဲစခန်းမှ အမှုလက်ခံ ဖွင့်လှစ်ပေးထားခြင်းတို့ကို အခြေ ခံကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး  လူတစ်ဦးကို လူ ၅ ဦးက ၀ိုင်းဝန်း ရိုက်နှက်ကြခြင်းမှာ မတရားသဖြင့် ““မတရားဝိုင်းဝန်းရိုက်နှက်””ဟု လည်းကောင်း၊ NLD ကဲ့သို့သော ညီလာခံတွင် ညီလာခံပျက်ပြား အောင် ရမ်းကားခြင်းဖြစ်သဖြင့် ““ရမ်းကားရိုက်နှက်သူများ””ဟု လည်းကောင်း စကားလုံးသုံးနှုန်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး သတင်းပေးပို့ သူ၏
ပြောကြားချက်အပိုဒ်မှာ မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

ရိုက်နှက်ခံရသော ဦးကျော် ကျော်ဦးမှာ မြို့နယ်ကော်မရှင် အဖွဲ့ဝင်
တစ်ဦးဖြစ်သကဲ့သို့ Hot News ဂျာနယ်သတင်းထောက် လည်း ဖြစ်သဖြင့် သတင်းဖော်ပြ ရာတွင် NLD ပါတီ၏ ဂုဏ် သိက္ခာကို ငဲ့ညှာသောအားဖြင့်
ကော်မရှင်အမည်ကို အသုံးမပြုဘဲ Hot News  ဂျာနယ်မှ သတင်း ရယူရန် တရားဝင်တာဝန်ပေးအပ် ထားသည့် သတင်းထောက်ဖြစ် သောကြောင့် သတင်းထောက် အရိုက်ခံရကြောင်းသာ ယေဘုယျ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ရဲစခန်းတွင် အမှုဖွင့်ခြင်းကို စိစစ်ရာတွင်လည်း ရိုက်နှက်ခံရသူ ကိုကျော်ကျော်ဦးက အခင်းဖြစ် သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင်ပင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အမှုဖွင့်လှစ် ခံရသူများကိုယ်စား
ဒေါက်တာ မောင်မောင်တာက ဒီဇင်ဘာ ၉ ရက်နေ့တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့ သည်ကို တွေ့ရပါသည်။

Hot News ဂျာနယ်မှ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ စာရွက်စာတမ်း
အထောက်အထား၊ အသံဖိုင်များ ခိုင်ခိုင်မာမာ ပြုစု ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ အမှုဖွင့်ခံရသူများ တောင်းဆို သကဲ့သို့ လိုက်လျောနိုင်ခြင်းမရှိ
ကြောင်း သဘောထားတစ်ရပ်ကို အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ပါ သည်။


အယ်ဒီတာအဖွဲ့
The Hot NewsHot News ဂျာနယ် အတွဲ၃ အမှတ် ၁၂၀ တွင် မြစ်ကြီးနား မြို့ ပြန်လည်နေရာချထားရေး ကျေးရွာ NLD ရပ်ကျေးညီလာခံ သို့ သတင်းရယူရန်သွားသော သတင်းထောက်တစ်ဦးသည် NLD တာဝန်ရှိ သူများနှင့် NLD အမည်ခံအချို့ အချင်းများ မှုကို ပြန်ဖြေရာမှ NLD အမည်ခံ များက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် တက်ရောက် ကုသရသောကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည့်

ရှန်ဟိုင်းတွင် ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်”

ရှန်ဟိုင်းတွင် ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်”
Wednesday, December 26, 2012 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် 
ငါး အများအပြားနှင့် လိပ်များကို ထည့်သွင်းမွေးမြူ ပြသထားခြင်းဖြစ်
သည်။ 

ငါးကန်အတွင်း၃၃တန်ပမာဏရှိ ရေများရှိနေပြီးရုတ်တရက် ပေါက်ထွက်သွားသည့်အခါ ဖန်ကွဲစများလွင့်စင်ထွက်လာခဲ့သည်။အလှမွေးငါးကန် ပေါက်
ထွက်သွားသည့်အချိန်တွင်ငါးများကို ကြည့်ရှုနေသူအချို့ကိုလည်း တွေ့ရ
သည်။

Planet Myanmar Network:တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် ငါး

Air Bagan မှ သတင်းထုတ်ပြန်ကြေညာချက်

Photo: Air Bagan မှ သတင်းထုတ်ပြန်ကြေညာချက်
Wednesday, December 26, 2012

၂၅-၁၂-၂၀၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆ
ဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့မှ လာရောက် ကြည့်ရှု စစ်ဆေးသွားကြောင်း သတင်းရရှိပါသည်။

ပျက်စီးသွားသော လေယာဉ်မှ Black Box ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ပို့ဆောင်ကာ ဖြစ်ပွားခဲ့သည့် အဓိက အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မယ်လို့လည်း သိရပါသည်။

အဲပုဂံလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု
ဒါရိုက်တာတို့ကိုယ်တိုင် ဟဲဟိုးမြို့တွင် ရောက်ရှိနေပြီး ဒဏ်ရာရရှိသော ခရီးသည်များနှင့် ကျန်ခရီးသည်အားလုံးအတွက် လိုအပ်သည်များကို အနီးကပ် စီစဉ်ဆောင်ရွက်ပေးနေကြောင်းကိုလည်း သိရှိရပါသည်။

အဲပုဂံလေကြောင်းလိုင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့် ပူးပေါင်းလျက် ခရီးသည်များ၏ ပတ်စ်ပို့များ အမြန်ဆုံး ရရှိရေးကိုလည်း
ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခရီးသည်တချို့မှာ အင်းလေးရှိ Aureum Palace Hotel တွင် အနားယူလျက်ရှိပြီး၊ တချို့မှာ ရန်ကုန်မြို့ Kandawgyi Palace Hotel တို့တွင် အနားယူလျက်ရှိပါသည်။ ခရီးသည်များအတွက် လိုအပ်သည်များအားလုံးကို အဲပုဂံလေကြောင်းလိုင်းမှ အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။

စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော ခရီးသည် ၁၁ ဦး
အနက်မှ အမေရိကန်နိုင်ငံသား ခရီးသည်နှစ်ဦးအား အမေရိကန်သံရုံး၏
တောင်းဆိုမှုအရ ဟဲဟိုးလေဆိပ်မှတဆင့် အဲပုဂံလေကြောင်းလိုင်း၏ အထူးလေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ခရီးသည်နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်းကိုလည်း သိရှိရပါသည်။

ဒဏ်ရာရရှိသောခရီးသည်များအနက်မှ ၉ ဦးသည် ရန်ကုန်မြို့သို့
ရောက်ရှိပြီဖြစ်ပါသည်။ ၁ ဦးသည် ဒဏ်ရာအနည်းငယ်သာ ရသဖြင့် ဟိုတယ်တွင် အနားယူနိုင်ရန် ပို့ဆောင်ပေးပြီးဖြစ်ပါသည်။ ကျန် ၈ ဦးအနက်မှ ၂ ဦးမှာ ပိုင်းလော့နှစ်ဦးဖြစ်ပြီး ၁ ဦးမှာ ဒေသခံ ဆိုင်ကယ်သမား တစ်ဦးဖြစ်ပါသည်။ ကျန် ၅ ဦးမှာ ခရီးသည်ဖြစ်ပါသည်။ ဒဏ်ရာရရှိသူ
အားလုံးစိုးရိမ်စရာမရှိဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရှိရပါသည်။

Air Bagan

 
 
 
 
 
 
၂၅-၁၂-၂၀၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်

ပွင့်လင်းမြင်သာရေးစကားသံများကျယ်လောင်လာသည်နှင့် မြန်မာမတွေ ဖင်ပေါ်အောင် ဝတ်ပြီး လဖ္ဘက်ရည်ဆိုင်ထိုင်ပြီ

၂၅.၁၂.၂၀၁၂ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန် မြို့ ကျောက်တံတားမြို့နယ်ရှိ လက်ရွေးစင်ကော်ဖီဆိုင် တွင် မြန်မာ

Google XPhone ၂ဝ၁၃ မှာ ထွက်မယ်

~
 
 Google က အိုင်ဖုန်း၊ ဆမ်ဆောင်းဂလက်ဆီ တို့ ကို ယှဉ်ပြိုင်ဖို့   ရည်ရွယ်ချက်နဲ့  Google XPhone ထွက်ဖို့  စီစဉ်နေတယ်လို့  သိရပါတယ်။ ဒီနှစ်ထဲ သူဝယ်ယူထားတဲ့  မိုတိုရိုလာ (Motorola) ဖုန်းကုမ္မဏီက ထုတ်လုပ်မှာပါ။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး  Google  က တိတ်ဆိတ်နေပေမယ့်  အသစ်ထွက်ရှိလာမယ့် ဖုန်းမှာ ပိုမိုကောင်း မွန်တဲ့ကင်မရာစနစ် ၊ ဘက်ထရီစတာတွေအပြင် ဈေးကွက်ထဲ မှာရှိပြီး

KIA အား မကျေနပ်၍ ပြည်တွင်း/ပြည်ပ ပညာရှင်များ မှ DDOS နည်းဖြင့် ပူးပေါင်း တိုက်ခိုက်


ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သောသတင်းများကို အဓိက ထား ဖော်ပြလျက်ရှိသော kachinnews.com website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး

Tuesday, 25 December 2012

တိရစ္ဆာန်ရုံအတွင်း မွေးဖွားသည့် ကမ္ဘာ့အသက်အကြီးဆုံး ဂေါ်ရီလာမျောက်ဝံမလေး အသက် ၅၆ နှစ်ပြည့်ပြီ

တိရစ္ဆာန်ရုံအတွင်း မွေးဖွားသည့် ကမ္ဘာ့အသက်အကြီးဆုံး
ဂေါ်ရီလာမျောက်ဝံမလေး အသက် ၅၆ နှစ်ပြည့်ပြီ

အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ် အလယ်ပိုင်းရှိ ကိုလံဘတ်စ် တိရစ္ဆာန်ရုံနှင့် ငါးပြတိုက်တွင် ကမ္ဘာ့ ပထမဆုံး အကြိမ်အဖြစ်
မွေးဖွားခဲ့သော ဂေါ်ရီလာ မျောက်ဝံ မလေးသည် ဒီဇင်ဘာ ၂၂ ရက်တွင် အသက် ၅၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေးနေ့ကို ယင်းတိရစ္ဆုာန် ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကိုလိုဟု အမည်ပေး ထားသော အဆိုပါ ဂေါ်ရီလာ မျောက်ဝံမလေးသည် တိရစ္ဆာန်ရုံ များတွင် ပြသထားသည့် မျောက်ဝံများ အနက် အသက်ကြီးဆုံး
ဖြစ်ပြီး ၎င်းကို ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ကြောင်း သိရသည်။ 

တိရစ္ဆာန်ရုံ၌ ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော ကိုလို၏ မွေးနေ့တွင် ၎င်းအတွက် အထူးပြင်ဆင် ထားသော ကိတ်မုန့် နှင့်အတူ ၎င်းကြိုက်နှစ်သက်သော အစားအစာများ၊ ခရမ်း ချဉ်သီး အပါအဝင် အခြားသော လက်ဆောင်များ လည်း ပါဝင်ကြောင်း သိရသည်။ တိရစ္ဆာန်ရုံသို့ လာရောက်ကြ သောသူများ က ကိုလို၏ မွေးနေ့တွင် 'HappyBirthday'' သီချင်းကို သီဆို၍ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြ၀တီအမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ် အလယ်ပိုင်းရှိ ကိုလံ ဘတ်စ် တိရစ္ဆာန်ရုံနှင့် ငါးပြတိုက်တွင် ကမ္ဘာ့ပထမဆုံး အကြိမ် အဖြစ်မွေးဖွားခဲ့သော ဂေါ်ရီလာ မျောက်ဝံ မလေးသည် ဒီဇင်ဘာ ၂၂ ရက်တွင် အသက် ၅၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေးနေ့ကို ယင်းတိရစ္ဆုာန်

အမျိုးသား များတွင် ကင်ဆာရောဂါ ဖြစ်ပွားမှု ပိုမို မြင့်တက်နိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များ ပြောကြား

အမျိုးသား များတွင် ကင်ဆာရောဂါ ဖြစ်ပွားမှု ပိုမို မြင့်တက်နိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များ ပြောကြား

အမျိုးသား များသည် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံးတွင် လူနှစ်ဦးလျှင် တစ်ဦးမှာ ကင်ဆာ ဖြစ်နိုင်သည့် အခွင့်အလမ်း ရှိနေသည်ဟု ဗြိတိန် ပညာရှင်များက ခန့်မှန်း ထားကြသည်။

ယခင်က ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် လူအယောက် ၁ဝဝ တွင် ၄၄ ဦး ရှိခဲ့ရာမှ ယခုအခါ လူအယောက် ၁ဝဝ တွင် ၅ဝ ဦးထိ မြင့်တက် လာခဲ့ကြောင်း ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းသည် မြင့်တက် လာခြင်းကြောင့် လူတို့ အသက် ရှည်ကြာစွာ နေထိုင် နိုင်မှုအား သိသိသာသာ လျော့ကျ စေခဲ့သည်ဟု ဗြိတိန် ကင်ဆာ သုတေသန ဌာနမှ ပြောကြားခဲ့သည်။

လာမည့် ၁၅ နှစ်အတွင်း အမျိုးသားများ အဖြစ်များသည့် ကင်ဆာ ရောဂါများမှာ အူသိမ်အူမ ကင်ဆာ၊ ဆီး ကျိတ် ကင်ဆာနှင့် အရေပြား ကင်ဆာ ရောဂါများ ဖြစ်သည်။ သို့သော်လည်း ရောဂါ စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ကုသမှုများ ပြုလုပ်ခြင်းတို့ဖြင့် ကင်ဆာရောဂါ ဖြစ်ပွားလျက် အသက်ရှင်ရန် အခွင့်အလမ်းများ ပိုမို ရရှိလာမည် ဖြစ်ကြောင်း သိရသည်။           

ကင်ဆာရောဂါ ဖြစ်ပွားလျက် ဆက်လက် ရှင်သန် နေထိုင်နိုင်ရေး အတွက် ရည်ရွယ်သည့် ဆေးပညာရပ် ဆိုင်ရာ တိုးတက်မှု များသည် လွန်ခဲ့သည့် နှစ် ၄ဝ ခန့် ကတည်းက နှစ်ဆခန်း တိုးတက်ခဲ့သည်။

သုတေသန ပြုချက်များ အရ ကင်ဆာရောဂါ ဖြစ်ပွားမှုသည် ဆက်လက် တိုးမြှင့်နိုင်ဖွယ် ရှိသည်ဟု ဗြိတိန် နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များက ယူဆလျက် ရှိသည်။

ဗြိတိန် ကင်ဆာ သုတေသန ဌာန၊ လန်ဒန် တက္ကသိုလ်နှင့် ကွင်းမယ်ရီရှိ ဝိုလ်ဖ်ဆွန် ရောဂါ ကာကွယ်ရေး ဆေး ပညာ တက္ကသိုလ်များ သုတေသန ပညာရှင် အဖွဲ့သည် ဗြိတိန် နိုင်ငံ၏ လူဦးရေ စာရင်း၊ သေဆုံးမှု နှုန်းနှင့် ယခင် ကင်ဆာ ရောဂါဖြစ်ပွား ခဲ့မှုနှုန်းများ အပေါ် အခြေခံ၍ လေ့လာခဲ့ရာ ဗြိတိန် နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ်က ကင်ဆာရောဂါ ဖြစ်ပွားသူ ၃၂၄,ဝဝဝ ဦးရှိခဲ့ပြီး ၂ဝ၂၇ ခုနှစ်တွင် ဗြိတိန်ပြည်သူ ၄၁၆,ဝဝဝ ခန့်မှာ ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်သည်ဟု ခန့်မှန်းရကြောင်း သုတေသန ပညာရှင်များက ကြိုတင်ခန့်မှန်း ပြောကြား ထားသည်။

http://www.myawady.net.mm/allnews/global/item/2758-2012-12-25-12-07-01အမျိုးသားများသည် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံးတွင် လူနှစ်ဦးလျှင် တစ်ဦးမှာ ကင်ဆာ ဖြစ်နိုင်သည့် အခွင့်အလမ်း ရှိနေသည်ဟု ဗြိတိန် ပညာရှင်များက ခန့်မှန်းထားကြသည်။ယခင်က ကင်ဆာ ဖြစ်ပွားမှု နှုန်း သည် လူအယောက် ၁ဝဝ တွင် ၄၄ ဦး ရှိခဲ့ရာမှ ယခုအခါ လူ အယောက်၁ဝဝတွင် ၅ဝ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကင်ဆာရော

ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး


၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင် ရပ်ကွက်၊ သပြေတန်းဘုန်းကြီး ကျောင်းမှ အရှင်ဆန္ဒိမာ ( ၁၆)နှစ် သည် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံတွင် သွေးဝမ်းသွား သွေး အန် သည့်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့ သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက်ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန်တွင် ဆေးရုံသို့ရောက်ရှိလာပြီးမြို့နယ် ဆရာ

အမျိုးသား များတွင် ကင်ဆာရောဂါ ဖြစ်ပွားမှု ပိုမို မြင့်တက်နိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များ ပြောကြား

  • အမျိုးသား များတွင် ကင်ဆာရောဂါ ဖြစ်ပွားမှု ပိုမို မြင့်တက်နိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များ ပြောကြား
Tuesday, December 25, 2012

အမျိုးသား များသည် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံးတွင် လူနှစ်ဦးလျှင် တစ်ဦးမှာ ကင်ဆာ ဖြစ်နိုင်သည့် အခွင့်အလမ်း ရှိနေသည်ဟု ဗြိတိန် ပညာရှင်များက ခန့်မှန်း ထားကြသည်။

ယခင်က ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် လူအယောက် ၁ဝဝ တွင် ၄၄ ဦး ရှိခဲ့ရာမှ ယခုအခါ လူအယောက် ၁ဝဝ တွင် ၅ဝ ဦးထိ မြင့်တက် လာခဲ့ကြောင်း ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းသည် မြင့်တက် လာခြင်းကြောင့် လူတို့ အသက် ရှည်ကြာစွာ နေထိုင် နိုင်မှုအား သိသိသာသာ လျော့ကျ စေခဲ့သည်ဟု ဗြိတိန် ကင်ဆာ သုတေသန ဌာနမှ ပြောကြားခဲ့သည်။

လာမည့် ၁၅ နှစ်အတွင်း အမျိုးသားများ အဖြစ်များသည့် ကင်ဆာ ရောဂါများမှာ အူသိမ်အူမ ကင်ဆာ၊ ဆီး ကျိတ် ကင်ဆာနှင့် အရေပြား ကင်ဆာ ရောဂါများ ဖြစ်သည်။ သို့သော်လည်း ရောဂါ စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ကုသမှုများ ပြုလုပ်ခြင်းတို့ဖြင့် ကင်ဆာရောဂါ ဖြစ်ပွားလျက် အသက်ရှင်ရန် အခွင့်အလမ်းများ ပိုမို ရရှိလာမည် ဖြစ်ကြောင်း သိရသည်။           

ကင်ဆာရောဂါ ဖြစ်ပွားလျက် ဆက်လက် ရှင်သန် နေထိုင်နိုင်ရေး အတွက် ရည်ရွယ်သည့် ဆေးပညာရပ် ဆိုင်ရာ တိုးတက်မှု များသည် လွန်ခဲ့သည့် နှစ် ၄ဝ ခန့် ကတည်းက နှစ်ဆခန်း တိုးတက်ခဲ့သည်။

သုတေသန ပြုချက်များ အရ ကင်ဆာရောဂါ ဖြစ်ပွားမှုသည် ဆက်လက် တိုးမြှင့်နိုင်ဖွယ် ရှိသည်ဟု ဗြိတိန် နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များက ယူဆလျက် ရှိသည်။

ဗြိတိန် ကင်ဆာ သုတေသန ဌာန၊ လန်ဒန် တက္ကသိုလ်နှင့် ကွင်းမယ်ရီရှိ ဝိုလ်ဖ်ဆွန် ရောဂါ ကာကွယ်ရေး ဆေး ပညာ တက္ကသိုလ်များ သုတေသန ပညာရှင် အဖွဲ့သည် ဗြိတိန် နိုင်ငံ၏ လူဦးရေ စာရင်း၊ သေဆုံးမှု နှုန်းနှင့် ယခင် ကင်ဆာ ရောဂါဖြစ်ပွား ခဲ့မှုနှုန်းများ အပေါ် အခြေခံ၍ လေ့လာခဲ့ရာ ဗြိတိန် နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ်က ကင်ဆာရောဂါ ဖြစ်ပွားသူ ၃၂၄,ဝဝဝ ဦးရှိခဲ့ပြီး ၂ဝ၂၇ ခုနှစ်တွင် ဗြိတိန်ပြည်သူ ၄၁၆,ဝဝဝ ခန့်မှာ ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်သည်ဟု ခန့်မှန်းရကြောင်း သုတေသန ပညာရှင်များက ကြိုတင်ခန့်မှန်း ပြောကြား ထားသည်။
 
မြ၀တီအမျိုးသားများသည် ၎င်းတို့၏ဘဝတစ်လျှောက်လုံးတွင် လူနှစ် ဦးလျှင် တစ်ဦးမှာ ကင်ဆာ ဖြစ်နိုင်သည့်အခွင့်အလမ်း ရှိနေ

iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထား


iPad mini ကို Samsung ပစ္စည်းများဖြင့် ပြုလုပ်ထား
Tuesday, December 25, 2012

iFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပါတယ်။

ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ်ကုန် နှစ် မျိုး ဖြစ်ပြီး Apple မှ ကန်ထရိုက်နဲ့ မှာယူနေတာ ဖြစ်ပါတယ်။ စာချုပ် သက်တမ်း ကလည်း ရှိနေသေးတဲ့အတွက် မှာယူနေရပါသေးတယ်။ ကုန်ကြမ်းလည်း ရှားတဲ့အတွက် ဖြစ်ပါတယ်။ LG နဲ့ Sharp တို့ဆီက လည်း Display မှာယူပေမယ့် Samsung ဆီက ယူရတာလည်း ရှိနေသေးလို့ ဖြစ်ပါ တယ်။

လက်ရှိ တရားရုံးမှာလည်း ပြိုင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး Samsung ကုန်ပစ္စည်း သုံးစွဲနေရမှုအပေါ် Apple ကလည်း မရပ်တည် ချင်တော့သလို Samsung ကလည်း လက်တွဲဖြုတ်ချင်နေပြီ ဆိုတာ လူတိုင်း သိနေပါတယ်။ သို့ပေမယ့် Apple ရဲ့  အကောင်းဆုံး ကုန်ပစ္စည်းများမှာ Samsung ရဲ့  ပစ္စည်းများ အသုံးပြုနေရတာတော့ ငြင်းမရတဲ့ အခြေအနေ အခြေအနေတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
----
Ref: pocketlint.
Aung Kham (TSJ team)
TechSpace JournaliFixit အမည်ရ နည်းပညာ ဝဘ်ဆိုဒ်တစ်ခုက ထုတ်ဖော် ခဲ့ခြင်း ဖြစ် ပါတယ်။ iPad mini ကို တစ်စစီ ဖြုတ်ကာ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး Samsung က ကုန်ပစ္စည်း နှစ်ခုတွေ့ရှိခဲ့ ပါတယ်။ ယင်းကတော့ iPad mini ရဲ့  1024 x 768 pixels resolution ရှိတဲ့ LCD Display နဲ့ stereo speakers ဖြစ်ပါတယ်။ Samsung ထုတ် ကုန နှစ်မျိုး ဖြစ်ပြီး Apple မှ

အသံထက် မြန်သော ကမ္ဘာ့ ပထမဆုံး ဗုံးကြဲဂျက် လေယာဉ် ဝက်ဝံများဖြင့် စမ်းသပ် ပျံသန်းမှု အောင်မြင်

အသံထက် မြန်သော ကမ္ဘာ့ ပထမဆုံး ဗုံးကြဲဂျက် လေယာဉ် ဝက်ဝံများဖြင့် စမ်းသပ် ပျံသန်းမှု အောင်မြင် 
Tuesday, December 25, 2012

အမေရိကန် လေတပ်သည် ၎င်းတို့ တီထွင် ထုတ်လုပ်ထားသော 
Convair B-58 Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်အား စမ်းသပ်ပျံ သန်းခဲ့စဉ်က ယင်းလေယာဉ်၏ ဒုံးကန်အားသုံး အရေး ပေါ် ထိုင်ခုံပေါ်တွင် ဝက်ဝံ တစ်ကောင်ကို လိုက်ပါစေလျက် စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

Convair B-58 Hustler အမျိုး အစား ဗုံးကြဲဂျက် လေယာဉ်ကို ၁၉၅ဝ ပြည့်နှစ် များအတွင်း အမေရိကန် လေ တပ်က တီထွင်ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ဒုံးကန်အားသုံး အရေးပေါ် ထိုင်ခုံပေါ်တွင် လူသားများ လိုက်ပါလျက် လေယာဉ်မှ တွန်းကန်ထုတ်သည့် စနစ်ကို အစောပိုင်း ကာလများတွင် စမ်းသပ်မှု များပြုလုပ်ခဲ့ သော်လည်း လူများသေဆုံး ခဲ့သည့်အတွက် စမ်းသပ်မှုမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ လူသားများ
နေရာတွင် ဝက်ဝံများကို အစားထိုး စမ်းသပ်ရန် စီစဉ်ခဲ့ကြသည်။ 

ထို့နောက် လူသားများနှင့် အရွယ်အစား အားဖြင့် နီး စပ်မှု ရှိသည့် ဟိမဝန္တာနှင့် အမေရိကန် ဝက်ဝံနက်များကို အသုံးပြု၍ စမ်းသပ်မှုများ
ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြ သည်ဟု သိရသည်။ 
 
၁၉၆၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် Edwards လေတပ် အခြေစိုက် စခန်းအထက် အမြင့် ပေ ၃၅ဝဝဝ အကွာ၌ အသံထက် ၁ ဒသမ ၃ဆ အမြန်နှုန်းဖြင့် ပျံသန်းနေ သော လေယာဉ်မှ ဝက်ဝံ တစ်ကောင်ကို တွန်းကန် ထုတ်ခဲ့ကြောင်း၊ ရှစ်မိနစ် နီးပါးအကြာတွင် ဝက်ဝံနှင့်တကွ  အရေးပေါ် ထိုင်ခုံသည် ဘေးအန္တရာယ် ကင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက် လာခဲ့ကြောင်း သိရသည်။ 

၎င်းအရေးပေါ် ထိုင်ခုံကို  လေထဲတွင် လွင့်မျောနေ စေရန် တီထွင်ထားပြီး ၎င်းထိုင်ခုံတွင် အစားအစာများ၊ လေထီးနှင့် အခြား အသက်ကယ် ပစ္စည်းများကိုလည်း  တပ်ဆင်ထားကြောင်း သိရသည်။

မြ၀တီအမေရိကန် လေတပ်သည် ၎င်းတို့ တီထွင် ထုတ်လုပ်ထားသော Convair B-58 Hustler အမျိုးအစား ဗုံးကြဲဂျက် လေယာဉ်အား စမ်းသပ်ပျံ သန်းခဲ့စဉ်က ယင်းလေယာဉ်၏ ဒုံးကန်အားသုံး အရေး ပေါ်

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ရပ်မိရပ်ဖ လူကြီးကို လက်သီးနှင့်ထိုး

ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် ၄ ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉နာရီခန့် က ပြုလုပ်သော ရပ်ကွပ်အုပ် ချုပ်ရေး မှူး ရွေး ချယ်ပွဲတွင် လက်ရှိရာအိမ်မှူးက ရပ်မိရပ်ဖ ၅ ဦးထဲမှတစ်ဦးအား လည်ပင်း ညှစ်၍ လက်သီးနှင့် ထိုးခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ

ဈေးနှုန်းသက်သာ ၉၉ ဒေါ်လာ Tablet ကို Acer ကထုတ်မည်

ဈေးနှုန်းသက်သာ ၉၉ ဒေါ်လာ Tablet ကို Acer ကထုတ်မည်
Tuesday, December 25, 2012

၉၉ ဒေါ်လာဆိုတော့ မြန်မာငွေနဲ့ တွက်ရင် ၈ သောင်းဝန်းကျင်ပဲ ကုန်ကျ မယ့် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပါတယ်။

ဒီတော့ ဈေးပေါပေါ ၅ သောင်းဝန်းကျင် တန် Tabletတွေ ထက် နာမည်ရှိပြီး သား Acer ကိုပဲ သုံးလေးသောင်း စိုက်လို့ ဝယ်တာ အကောင်းဆုံးပဲ ဖြစ် ပါတယ်။ ဈေးပေါဆိုလို့ အရည်အသွေးနဲ့ လုပ်ဆောင်ချက် ကတော့ အထင်သေးလို့မရပါဘူး။

- 1024 x 600 pixels resolution ရှိသော ၇လက်မ touch screen မျက်နှာပြင်

- 1.2GHz dual-core processor

- 512MB of RAM, 8GB of storage သာရှိသော်လည်း micro SD ကဒ် ထပ်ဖြည့်နိုင်သေး။

- GPS ပါ၊ Bluetooth က နောက်ဆုံးက နောက်ဆုံးပေါ် ဗားရှင်း 4.0 ဖြစ်ပါတယ်။

အင်တာနက် အသုံးပြုဖို့ အထူးသင့်တော်မယ့် Tablet လို့ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာ ဝင်ရောက် မိတ်ဆက် ပြသမှာ ဖြစ်ပြီး မကြာမီ ဈေးကွက်ဖြန့်ချိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref:Cnet.
Aung Kham (TSJ team)
TechSpace Journal၉၉ ဒေါ်လာဆိုတော့ မြန်မာငွေနဲ့တွက်ရင် ၈ သောင်းဝန်းကျင်ပဲ ကုန်ကျ မယ့် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပါတယ်။ ဒီတော့ ဈေးပေါပေါ ၅ သောင်းဝန်းကျင်တန် Tabletတွေ ထက် နာမည်ရှိပြီး သား Acer ကိုပဲ သုံးလေးသောင်းစိုက်လို့ ဝယ်တာအကောင်းဆုံးပဲ ဖြစ် ပါ တယ်

ကုန်းရောရေရော မောင်းနှင်ရမည့် ဆီမလိုသော ကား Volkswagen မှထုတ်မည်

ကုန်းရောရေရော မောင်းနှင်ရမည့် ဆီမလိုသော ကား Volkswagen မှထုတ်မည်
Tuesday, 25 December 2012 

၂၀၁၂ ခုနှစ် နှစ်ဆန်းကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်း ကတော့ ဒီဇိုင်းအနေနဲ့သာ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုကို ၂၀၁၃ ကနေ စတော့မှာ ဖြစ်ပါတယ်။

ဆီမလိုတဲ့ကား ဆို တာ့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။ ကားကို volkswagen aqua လို့အမည်ပေးထားပါတယ်။

အသုံးပြုမယ့် လောင်စာက ဟိုက်ဒရိုဂျင်လောင်စာ ဖြစ်ပါတယ်။ အိတ်ဇော လုံးဝ မထွက်မယ့် ကားဆိုတော့ ဓာတ်ဆီတို့ ဒီဇယ်ဆီုတို့ လုံးဝ မသုံး တာ သေချာနေပါတယ်။ ရေကို သုံးပြီးမောင်းမယ်လို့လည်း ဆိုပါတယ်။ နည်းလမ်းက ဒီလို ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားကို ရေထဲ ဖြတ်စေပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို သက်သက်ခွဲထုတ်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရလာတဲ့ ဟိုက်ဒရိုဂျင်နဲ့ အင်ဂျင်ကို မောင်းပြီး ယင်းက တစ်ဆင့် လေ တာဘိုင်ကို ပို့မှာ ဖြစ်ပါတယ်။ ဘီးမပါပါဘူး။ လေတာဘိုင်နဲ့ ကုန်းရော၊ ရေရော မောင်းမယ့်ကား ဖြစ် ပါတယ်။ Hovercraft လို့ခေါ်ပါ တယ်။

ဒီတော့ ကား အဓိက သုံးမယ့် စွမ်းအင်က နေရောင်ခြည်နဲ့ ရေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာဒေသမှာ မဆို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ရေ မရှိတဲ့ ဒေသဆိုရင်လည်း နေရောင်ခြည် စွမ်းအင်ချည်း သက်သက် နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

လေတာဘိုင် လေးလုံး တပ်ဆင်ပေးထားပြီး ရေထဲမှာလည်း မြန်သလို ကုန်းပေါ်မှာလည်း တစ်နာရီ မိုင် ၇၀ လောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ volkswagen aqua ကို တရုတ်ဒီဇိုင်နာတစ်ဦးက ရေးဆွဲပေးထားမှု ဖြစ်ပြီး ဂျာမနီ Volkswagen မှ စမ်းသပ်ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း သိရပါ တယ်။
----
Ref: vw-facts
ရိုးရာလေး သတင်း၂၀၁၂ ခုနှစ် နှစ်ဆန်းကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်း ကတော့ ဒီဇိုင်းအနေနဲ့သာ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုကို ၂၀၁၃ ကနေ စတော့မှာ ဖြစ်ပါတယ်။
ဆီမလိုတဲ့ကား ဆို တာ့ တော်တော်လေး စိတ်ဝင် စားဖို့ ကောင်း သွားပါ

ကမ္ဘာ့အပါးဆုံး ဖြစ်လာမည့် iPad 5

ကမ္ဘာ့အပါးဆုံး ဖြစ်လာမည့် iPad 5

i Pad mini နဲ့ i Pad 4 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပြိုင်နက်တည်း ဖြန့်ချိ ခဲ့ပါတယ်။ အခုတော့ နံပါတ် ၅ မြောက် iPad သို့မဟုတ် iPad 5 ထွက်ရှိ မယ်လို့ သတင်းထွက်နေပြန်ပြီ ဖြစ်ပါတယ်။ ( ပုံမှာ ပြထားတာ ကတော့ Concept ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။ Apple က လုပ်ထားတာ မဟုတ်ပါဘူး။)

သတင်း ကတော့ ဂျပန်နိုင်ငံက ထွက်ရှိလာခြင်း ဖြစ်ပြီး အနောက်နိုင်ငံများ က ဘာသာပြန်တော့ နှစ်မျိုးကွဲသွားရပါတယ်။ မူလ iPad 4 တုန်းက ၉.၄ မီလီမီတာ အထူရှိပြီး ယခု ထွက်မယ့် နံပါတ် ၅ ကို ၇.၂ မီလီမီတာတို့ လည်းကောင်း၊ ၂ မီလီမီတာလို့ လည်းကောင်း နှစ်မျိုး အသံထွက် နေပါ တယ်။ Apple ကတော့ ဘာမှ တရားဝင် မကြေညာသေးပါဘူး။ သို့ပေမယ့် Apple အတွင်းလူများဆီက သတင်းလို့ ဆိုပါတယ်။ 

Superthin လို့ခေါ်တဲ့ တကယ့် အပါးတက အပါးဆုံး ထုတ်လုပ်မှာ ဖြစ်ပါ တယ်။ အဖြစ်နိုင်ဆုံးကတော့ ၇.၄ မီလီမီတာ ဖြစ်ပါတယ်။ Retina ကိုပဲ ပြန်သုံးမလား အခြား Display resolution ကိုရွေးမလား ဆိုတာလည်း ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။ သို့ပေမ့ယ် နောက်ထွက်မယ့် iPad 5 ကတော့ အပါးဆုံး ဖြစ်လာမယ်ဆိုတာတော့ သေချာကြောင်း သိရပါတယ်။ 
--
Ref: cnet.pocketlint.
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/ipad-5.html

---
i Pad mini နဲ့ i Pad 4 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပြိုင် နက်တည်း ဖြန့်ချိခဲ့ပါတယ်။ အခုတော့ နံပါတ် ၅ မြောက် iPad သို့ မဟုတ် iPad 5 ထွက်ရှိမယ်လို့ သတင်းထွက်နေပြန်ပြီ ဖြစ်ပါတယ်။ ( ပုံ မှာ ပြထားတာကတော့ Concept ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။ Apple က

တစ်သက်လုံး ဖုံးလာသမျှ ကုန်းခါမှ ပေါ်

တစ်သက်လုံး ဖုံးလာသမျှ ကုန်းခါမှ ပေါ် </p>
<p>ရုပ်ရှင် မင်းသမီး အန်ဟက်သာဝေးသည် အိနြေ္ဒ သိက္ခာ စောင့်ထိန်းသော အမျိုးသမီး တစ်ဦးအဖြစ် နာမည်ကြီးသူ တစ်ဦးဖြစ်သည်။<br />
သို့သော် ဇိုက်ဖီးလ်ရုပ်ရှင်ရုံတွင် ပြသသော သူမ၏ နောက်ဆုံးဇာတ်ကားမိတ်ဆက်ပွဲကို လာရောက်ကြည့်ရှု့ရာတွင် သူမသည် ဘေးကွဲဂါဝန်ကျပ်ကျပ်လေး ဝတ်ဆင်လာခဲ့သည်။ ဂါဝန်အကျပ်သက်သာစေရန် အတွက် အတွင်းခံဘောင်းဘီလည်း မဝတ်ခဲ့မိဟုဆိုသည်။<br />
သို့ဖြင့် ရုပ်ရှင်ရုံရှေ့အရောက် ကားပေါ်မှ အဆင်းတွင် ဘေးကွဲဂါဝန်က အတွင်းသို့လိမ့်လှန်သွားပြီး မတော်ရာ ပေါ်သွားခဲ့သည်ကို ပါပါရာဇီများက ကင်မရာမီးများ တဖြတ်ဖြတ်လင်းသွားအောင် မိမိရရ ရိုက်ကူး မှတ်တမ်းတင်လိုက်၍ တစ်သက်လုံးဖုံးသမျှ အဝတ်အစား အဝတ်မတော်၍ ပေါ်ရကိန်း ဆိုက်သွားခဲ့သည်။</p>
<p>BY THE PUBLIC IMAGE JOURNALရုပ်ရှင်မင်းသမီး အန်ဟက်သာဝေးသည်အိနြေ္ဒသိက္ခာ စောင့်ထိန်းသော အမျိုးသမီးတစ်ဦးအဖြစ် နာမည်ကြီးသူတစ်ဦးဖြစ်သည်။ သို့သော် ဇိုက်ဖီးလ်ရုပ်ရှင်ရုံတွင် ပြသသောသူမ၏ နောက်ဆုံး ဇာတ်ကားမိတ် ဆက်ပွဲကို လာရောက်ကြည့်ရှု့ရာတွင် သူမသည် ဘေး ကွဲဂါဝန် ကျပ်ကျပ်လေးဝတ်ဆင်လာခဲ့သည်။ ဂါဝန် အကျပ်သက်သာစေရန် အတွက် အတွင်းခံဘောင်းဘီလည်း မဝတ်ခဲ့မိဟုဆိုသည်။ သို့ဖြင့် ရုပ်ရှင်ရုံရှေ့အရောက် ကားပေါ်မှ အဆင်းတွင် ဘေးကွဲဂါဝန်က အတွင်း

ပဋိဇီဝဆေးနှင့် ချောင်းဆိုးရောဂါ

ပဋိဇီဝဆေးနှင့် ချောင်းဆိုးရောဂါ

လေပြွန်ရောင်ခြင်းကြောင့်ဖြစ် စေ၊ အခြားသောပိုးဝင်ခြင်းကြောင့်မ ဟုတ်သည့် ပြဿနာတစ်ခုခု ကြောင့် ဖြစ်စေ ကာလကြာရှည်ချောင်းဆိုးရာ ၌ amoxicillin (ပဋိဇီဝဆေး) မှာ ရောဂါသက်သာလာစေမှု မရှိကြောင်း သိရ သည်။ ထိုဝေနာရှင်များ၌ ပဋိဇီဝ ဆေးသောက်ခြင်း နှင့် ဆေးမသောက် ခြင်း တို့မှာ ရလဒ် အတူတူပင်ဖြစ်ပြီး အသက်ကြီးသူများ၌ပင် သက်ရောက် မှု မရှိပေ။ ယခုလေ့လာမှုအားအင်္ဂလန် နိုင်ငံ၊ ဆောက်သမ်ပတန် တက္ကသိုလ် မှ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ နောက်ရလဒ်များအားဒီဇင်ဘာ ၁၉ရက် နေ့ထုတ် လန်းဆက် ဂျာနယ်၌ဖော်ပြခဲ့ သည်။ လေ့လာသူအဖွဲ့ အားဦးဆောင်ခဲ့သူ ပါမောက္ခ ပေါလ်လစ်တဲက '' amoxicillin သောက်တဲ့ လူနာ တွေဟာ ရောဂါပိုး မြန်မြန်မပျောက်သလို၊ ရောဂါလက္ခဏာတွေလည်းပို မြန်မြန် မသက်သာလာပါဘူး''ဟုပြော ကြားခဲ့သည်။
သူကပင်ဆက်၍ ''လေပြွန်တစ် လျောက်ပိုးဝင်ခြင်း၌လည်း နမိုးနီးယား ရောဂါမှ လွဲ၍ ကျန်သော ပိုးဝင် ခြင်းများ တွင် amoxicillin ပေးခြင်း ကရောဂါ မသက်သာစေရုံသာမက၊ ပို၍ ပင်ဆိုးစေနိုင်ကြောင်း ပြောကြား ခဲ့သည်။ ပဋိ ဇီဝဆေးများမလိုအပ်ဘဲ အလွန်အကျွံ အသုံးပြုခြင်းကဝမ်းပျက်ခြင်း၊အန်ခြင်း၊ အနီစက်များထခြင်း စသည်တို့ဖြစ်နိုင် သည့် အပြင်ဆေးယဉ်ပါးခြင်းလည်း ဖြစ်ပွားနိုင်
ကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှုတွင် အရွယ်ရောက်ပြီးသူ ၂ဝ၆၁ဦး ပါဝင်ခဲ့ပြီး၊ယင်းသူများအားလုံး မှာ အသေးစားရင်ခေါင်းတွင်း ပိုးဝင် ခြင်းအတွက် ဆေးကုသမှုခံယူခဲ့ကြသူ များဖြစ်သည်။ ယခုလေ့လာမှု တွင် အင်္ဂလန်၊ဝေလ၊နယ်သာလန်၊ဂျာမဏီ၊ ဆွီဒင်၊ ပြင်သစ်စသဖြင့် ဥရောပ နိုင်ငံကြီး ၁၂နိုင်ငံပါဝင်ခဲ့ကြသည်။ ပါဝင် သူများအား တစ်ဝက်စီကျပန်းခွဲ၍၊ တစ်ဖွဲ့အား amoxicillin တစ်ရက် သုံးကြိမ်နှင့်ခုနှစ်ရက်တိုက်၍ကျန်တစ် ဖွဲ့အား ဆေးအတုတစ်ရက်သုံးကြိမ် နှင့် ခုနှစ်ရက် တိုက်၍ ရလဒ်များအား ကြည့်ခဲ့ရာ ရောဂါလက္ခဏာသက်သာ မှု၊ အမြန်ပျောက်မှု ရလဒ်များကွာခြား မှု အနည်းငယ် သာရှိကြောင်းတွေ့ရသည်။ ထို့ပြင် ပဋိဇီဝဆေး သောက်သူ များ တွင် အန်ခြင်း၊ ဝမ်းလျောခြင်း စသော ဆိုးကျိုးများပိုခံ စားရပြီး၊ အသက်ကြီးပြီး အခြားရောဂါမရှိသူများတွင် ပဋိဇီဝ ဆေးမ သောက်သူများက ပို၍အကျိုးသက် ရောက်မှုကောင်းကြောင်းတွေ့ ရ သည်။
ဖိုးသောကြာ
Ref: MNT

Health Updates Journal
လေပြွန်ရောင်ခြင်းကြောင့်ဖြစ် စေ၊ အခြားသောပိုးဝင်ခြင်းကြောင့်မ ဟုတ်သည့် ပြဿနာတစ်ခုခု ကြောင့် ဖြစ်စေကာလကြာ ရှည်ချောင်း ဆိုးရာ၌ amoxicillin(ပဋိဇီဝဆေး)မှာ ရောဂါသက်သာလာစေမှု မရှိကြောင်း သိရသည်။ ထိုဝေနာရှင်များ၌ ပဋိဇီဝ ဆေးသောက်ခြင်း နှင့် ဆေးမသောက် ခြင်းတို့မှာ ရလဒ်အတူတူပင်ဖြစ်ပြီး အသက်ကြီး သူများ၌ပင် သက်ရောက်မှုမရှိပေ။ ယခုလေ့လာမှုအားအင်္ဂလန် နိုင်ငံ

ရာဇဂြိုလ်ဆည်စီမံကိန်း ၂၀၁၅ တွင် အပြီးတည်ဆောက်မည်



ကလေးမြို့နယ်ရာဇဂြိုဟ်ရွာ အနီးတွင်နေရဉ္စရာမြစ်ကိုပိတ်၍ တည်ဆောက်နေသောရာဇဂြိုဟ်  ဆည် စီမံကိန်းကိုသက်ဆိုင်ရာမှလာ မည့် (၂၀၁၅) ခုနှစ်တွင် အပြီးတည်  ဆောက်မည်ဖြစ်ပြီးထိုရာဇဂြိုဟ်