Tuesday 25 December 2012

ပဋိဇီဝဆေးနှင့် ချောင်းဆိုးရောဂါ

ပဋိဇီဝဆေးနှင့် ချောင်းဆိုးရောဂါ

လေပြွန်ရောင်ခြင်းကြောင့်ဖြစ် စေ၊ အခြားသောပိုးဝင်ခြင်းကြောင့်မ ဟုတ်သည့် ပြဿနာတစ်ခုခု ကြောင့် ဖြစ်စေ ကာလကြာရှည်ချောင်းဆိုးရာ ၌ amoxicillin (ပဋိဇီဝဆေး) မှာ ရောဂါသက်သာလာစေမှု မရှိကြောင်း သိရ သည်။ ထိုဝေနာရှင်များ၌ ပဋိဇီဝ ဆေးသောက်ခြင်း နှင့် ဆေးမသောက် ခြင်း တို့မှာ ရလဒ် အတူတူပင်ဖြစ်ပြီး အသက်ကြီးသူများ၌ပင် သက်ရောက် မှု မရှိပေ။ ယခုလေ့လာမှုအားအင်္ဂလန် နိုင်ငံ၊ ဆောက်သမ်ပတန် တက္ကသိုလ် မှ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ နောက်ရလဒ်များအားဒီဇင်ဘာ ၁၉ရက် နေ့ထုတ် လန်းဆက် ဂျာနယ်၌ဖော်ပြခဲ့ သည်။ လေ့လာသူအဖွဲ့ အားဦးဆောင်ခဲ့သူ ပါမောက္ခ ပေါလ်လစ်တဲက '' amoxicillin သောက်တဲ့ လူနာ တွေဟာ ရောဂါပိုး မြန်မြန်မပျောက်သလို၊ ရောဂါလက္ခဏာတွေလည်းပို မြန်မြန် မသက်သာလာပါဘူး''ဟုပြော ကြားခဲ့သည်။
သူကပင်ဆက်၍ ''လေပြွန်တစ် လျောက်ပိုးဝင်ခြင်း၌လည်း နမိုးနီးယား ရောဂါမှ လွဲ၍ ကျန်သော ပိုးဝင် ခြင်းများ တွင် amoxicillin ပေးခြင်း ကရောဂါ မသက်သာစေရုံသာမက၊ ပို၍ ပင်ဆိုးစေနိုင်ကြောင်း ပြောကြား ခဲ့သည်။ ပဋိ ဇီဝဆေးများမလိုအပ်ဘဲ အလွန်အကျွံ အသုံးပြုခြင်းကဝမ်းပျက်ခြင်း၊အန်ခြင်း၊ အနီစက်များထခြင်း စသည်တို့ဖြစ်နိုင် သည့် အပြင်ဆေးယဉ်ပါးခြင်းလည်း ဖြစ်ပွားနိုင်
ကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှုတွင် အရွယ်ရောက်ပြီးသူ ၂ဝ၆၁ဦး ပါဝင်ခဲ့ပြီး၊ယင်းသူများအားလုံး မှာ အသေးစားရင်ခေါင်းတွင်း ပိုးဝင် ခြင်းအတွက် ဆေးကုသမှုခံယူခဲ့ကြသူ များဖြစ်သည်။ ယခုလေ့လာမှု တွင် အင်္ဂလန်၊ဝေလ၊နယ်သာလန်၊ဂျာမဏီ၊ ဆွီဒင်၊ ပြင်သစ်စသဖြင့် ဥရောပ နိုင်ငံကြီး ၁၂နိုင်ငံပါဝင်ခဲ့ကြသည်။ ပါဝင် သူများအား တစ်ဝက်စီကျပန်းခွဲ၍၊ တစ်ဖွဲ့အား amoxicillin တစ်ရက် သုံးကြိမ်နှင့်ခုနှစ်ရက်တိုက်၍ကျန်တစ် ဖွဲ့အား ဆေးအတုတစ်ရက်သုံးကြိမ် နှင့် ခုနှစ်ရက် တိုက်၍ ရလဒ်များအား ကြည့်ခဲ့ရာ ရောဂါလက္ခဏာသက်သာ မှု၊ အမြန်ပျောက်မှု ရလဒ်များကွာခြား မှု အနည်းငယ် သာရှိကြောင်းတွေ့ရသည်။ ထို့ပြင် ပဋိဇီဝဆေး သောက်သူ များ တွင် အန်ခြင်း၊ ဝမ်းလျောခြင်း စသော ဆိုးကျိုးများပိုခံ စားရပြီး၊ အသက်ကြီးပြီး အခြားရောဂါမရှိသူများတွင် ပဋိဇီဝ ဆေးမ သောက်သူများက ပို၍အကျိုးသက် ရောက်မှုကောင်းကြောင်းတွေ့ ရ သည်။
ဖိုးသောကြာ
Ref: MNT

Health Updates Journal
လေပြွန်ရောင်ခြင်းကြောင့်ဖြစ် စေ၊ အခြားသောပိုးဝင်ခြင်းကြောင့်မ ဟုတ်သည့် ပြဿနာတစ်ခုခု ကြောင့် ဖြစ်စေကာလကြာ ရှည်ချောင်း ဆိုးရာ၌ amoxicillin(ပဋိဇီဝဆေး)မှာ ရောဂါသက်သာလာစေမှု မရှိကြောင်း သိရသည်။ ထိုဝေနာရှင်များ၌ ပဋိဇီဝ ဆေးသောက်ခြင်း နှင့် ဆေးမသောက် ခြင်းတို့မှာ ရလဒ်အတူတူပင်ဖြစ်ပြီး အသက်ကြီး သူများ၌ပင် သက်ရောက်မှုမရှိပေ။ ယခုလေ့လာမှုအားအင်္ဂလန် နိုင်ငံ ၊ ဆောက်သမ်ပတန်တက္ကသိုလ်မှ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ နောက်ရလဒ်များအားဒီဇင်ဘာ ၁၉ ရက် နေ့ထုတ်လန်းဆက်ဂျာနယ်၌ဖော်ပြခဲ့သည်။ လေ့လာသူအဖွဲ့ အားဦးဆောင်ခဲ့သူ ပါမောက္ခ ပေါလ် လစ်တဲက '' amoxicillin သောက်တဲ့ လူနာ တွေဟာ ရောဂါပိုး မြန်မြန် မပျောက်သလို၊ ရောဂါ လက္ခဏာတွေလည်းပို မြန်မြန် မသက်သာလာပါဘူး''ဟုပြော ကြားခဲ့သည်။
သူကပင်ဆက်၍ ''လေပြွန်တစ် လျောက်ပိုးဝင်ခြင်း၌လည်း နမိုးနီးယား ရောဂါမှလွဲ၍ ကျန်သော ပိုးဝင် ခြင်းများတွင် amoxicillin ပေးခြင်း ကရောဂါ မသက်သာစေရုံသာမက၊ ပို၍ ပင်ဆိုးစေ နိုင်ကြောင်း ပြောကြားခဲ့သည်။ ပဋိဇီဝဆေးများမလိုအပ်ဘဲ အလွန်အကျွံအသုံးပြုခြင်း ကဝမ်းပျက်ခြင်း၊ အန်ခြင်း၊ အနီစက်များထခြင်း စသည်တို့ဖြစ်နိုင်သည့် အပြင်ဆေးယဉ်ပါးခြင်းလည်း ဖြစ် ပွားနိုင်ကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှုတွင် အရွယ်ရောက်ပြီးသူ ၂ဝ၆၁ဦး ပါဝင်ခဲ့ပြီး၊ ယင်း သူများအားလုံး မှာ အသေးစားရင်ခေါင်းတွင်း ပိုးဝင် ခြင်းအတွက် ဆေးကုသမှုခံယူခဲ့ကြသူ များဖြစ်သည်။ ယခုလေ့လာမှုတွင် အင်္ဂလန်၊ဝေလ၊နယ်သာလန်၊ဂျာမဏီ၊ ဆွီဒင်၊ ပြင်သစ်စသဖြင့် ဥရောပနိုင်ငံကြီး ၁၂နိုင်ငံပါဝင်ခဲ့ကြသည်။ ပါဝင်သူများအား တစ်ဝက်စီကျပန်းခွဲ၍၊ တစ်ဖွဲ့အား amoxicillin တစ်ရက် သုံးကြိမ်နှင့်ခုနှစ်ရက်တိုက်၍ကျန်တစ်ဖွဲ့အား ဆေးအတုတစ်ရက်သုံးကြိမ်နှင့် ခုနှစ်ရက်တိုက်၍ ရလဒ် များအားကြည့်ခဲ့ရာ ရောဂါလက္ခဏာသက်သာမှု၊ အမြန်ပျောက်မှုရလဒ်များကွာခြားမှုအနည်းငယ် သာ ရှိကြောင်းတွေ့ရသည်။ ထို့ပြင် ပဋိဇီဝဆေး သောက်သူများတွင်အန်ခြင်း၊ဝမ်းလျောခြင်းစသော ဆိုးကျိုးများ ပိုခံစားရပြီး၊အသက်ကြီးပြီးအခြားရောဂါမရှိသူများတွင် ပဋိဇီဝ ဆေးမ သောက်သူများက ပို၍ အကျိုး သက်ရောက်မှုကောင်းကြောင်းတွေ့ ရ သည်။
Ref: MNT

Health Updates Journal

No comments:

Post a Comment