Tuesday, 18 September 2012

ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ်

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြု အခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသော ကချင်တိုင်းရင်းသားများ အနေဖြင့်တက်ရောက်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။
ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။

ဗျူရိုကရေစီ ယန္တရား ဘယ်ကို သွားနေပြီလဲ

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူရဲ့အစိုးရ အဖွဲ့ဝင်တွေကို မူဝါဒနဲ့ ရည်မှန်းချက်တွေ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ပြည်သူကို ဗဟိုပြု ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက
ပြောဆိုလိုက်အပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ဝန်ကြီးဌာနက အကြီးအကဲ တော်တော်များများကို ဌာနတွေ ပြောင်းရွှေ့ခန့်ထားလိုက်တာဟာ သူရဲ့ ဗျူရိုကရေစီယန္တရားကို အပြောင်းအလဲ ကောင်းကောင်း လုပ်တော့မှာလား လို့ မျှော်လင့်လာကြပါတယ်။

ဝန်ကြီးဌာန မတူညီတဲ့နေရာတွေကို ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင် ညွှန်ကြားရေးမှူး တွေနရာပြောင်း လဲခန့် ထားတာ တွေ့ရပါတယ်။ သတင်းနှင့် စာနယ်ဇင်းကနေ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ရောက်တာ၊ သမ္မတရုံးကနေ ပညာရေးဝန်ကြီးဌာနကို ရောက်တာ၊ ဗဟိုဘဏ်ကနေ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနကို ရောက်တာမျိုးတွေက လုံးဝကို သဘောသဘာဝ မတူညီတဲ့ နေရာတွေကိုပြောင်းလဲခန့် ထားလိုက်တာပါပဲ။

ဝမ်းဗိုက်အဆီလျော့ကျစေပြီး လှပစေရန်.....



ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

စစ်တိုင်းမှူးကိုလုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေရဲဘော် ပြန်လွတ်


လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရသူ ကေအိုင်အေတပ်ဖွဲ့ဝင်တဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။

၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခဲ့မှုနဲ့ လဖိုင်ဇော်ဆိုင်းဟာ သေဒဏ်ချမှတ်ခံခဲ့ရာကနေ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၂၇ နှစ် နေခဲ့ရပြီး ပြန်လွတ်လာတာပါ။

ကေအိုင်အေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့ ယနေ့ ၀ါရှင်တန် စံတော်ချိန် နံနက် ၉ နာရီခန့်က ဒေါ်ကလင်တန်၏ ရုံးခန်း၌ တွေ့ဆုံခဲ့ (သတင်းဓါတ်ပုံ)

September 18, 2012 at 4:32 pm 







အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး

September 18, 2012 at 4:32 pm

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ နဲ့ နိုင်ငံ သားဖြစ်ခွင့်ဆိုင်ရာဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က  တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်း သားများ တိုး တက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ  မေးမြန်းခွင့်ရခဲ့ပါတယ်။  အဓိ က ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြ ပါ တယ်။

၂၀၁၃ တွင် လွတ်လပ်သည့် ငွေကြေးမူဝါဒ ကျင့်သုံးရန် မြန်မာလျာထား

စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၄ မိနစ် 

ရင်းနှီးမြှုပ်နှံသူများက ယခင် စစ်အစိုးရဟောင်းမှ ပြောင်းလဲလာသော အစိုးရသစ်ထံသို့ ငွေကြေးများ ထည့် ဝင်မြှုပ်နှံ ရန် ပြင်ဆင်နေကြပြီဖြစ်၍ ဈေးနှုန်းများနှင့် ဘဏ်များ တည်ငြိမ်နေစေရန် လာမည့်နှစ်ဝက်တွင် လွတ်လပ်သည့်ငွေကြေးမူဝါဒကိုကျင့်သုံးအကောင်အထည် ဖော်ရန် မြန်မာဗဟိုဘဏ်က ပြင်ဆင်လျက်ရှိသည်။

Apple ကား ( Apple i Car)



Apple မှာ မော်တော်ယာဉ် ထုတ်လုပ်ဖို့ အစီအစဉ်ရှိတာ မှန်ပေမယ့် ဘယ် ကားပုံစံနဲ့ ထွက်ရှိလာမယ်လို့ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် မပေးတော့


မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး   တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာနိုင်အောင်က ကိုနေ၀င်းအောင်နဲ့ ကိုစိုးလင်းကို ထောက်လှမ်းရေး တွေလို့ ခိုင်ခိုင်မာမာပြောရဲပါတယ်တဲ့....ဖတ်ကြည့်ကြပါဦး....


ချင်းပြည်နယ်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ

ချင်းပြည်နယ် တောင်ပိုင်းကနေ ပြည်မကိုသွားရင် အဓိကဖြတ်သန်းရတဲ့ တံတားတွေ တောင်ကျရေနဲ့   မျောပါသွားပြီး အခုချိန်ထိပြန်လည်ဆောက်လုပ်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေမှာအခက်အခဲတွေ့ ရုံမက တံတားမရှိလို့ လှေနဲ့ကူးတဲ့အခါ လှေမှောက်ပြီးသေဆုံးရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက   ပြောပါတယ်။

ရေပြာတံတားနဲ့ အုန်းတောတံတားတွေ မျောပါကုန်တာ ဖြစ်တယ်လို့ မင်းတပ်မြို့  တောင်ပုလုဆရာတော် ဦးပညာသီရိက မိန့်ကြားပါတယ်။

ကျားဘမ်း ပရုတ်ဆီ ပြည်တော် ပြန်ဝင်

နှစ်ပေါင်း တစ်ရာ ကျော်ခန့်က မြန်မာပြည်တွင် စတင် ထုတ်လုပ် အောင်မြင်ပြီး မြန်မာ ပြည်သူများ အကြားတွင် ကျားဘမ်း ပရုတ်ဆီဟု နာမည် ကျော်ကြား ခဲ့သော Tiger Balm အမှတ် တံဆိပ် ပရုတ်ဆီ များကို မြန်မာနိုင်ငံ အတွင်း ပြန်လည် ဖြန့်ဖြူး မည်ဖြစ်ကြောင်း Tiger Balm ၏ စင်ကာပူ အခြေစိုက် မိခင် ကုမ္ပဏီ ဖြစ်သော ဟောပါ ကော်ပိုရေးရှင်း လီမိတက်၏ ဥက္ကဋ္ဌနှင့် စီအီးအို မစ္စတာ ဝီအီလင်းက ပြောကြားသည်။

သာပေါင်းမြို့နယ်အတွင်း လူပေါင်း ရာချီဖျား



ရေကြီးမှုဒဏ် အကြီးအကျယ် ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖျားနာနေသူ ရာနှင့် ချီရှိသည်ဟု သိရသည်။

ထန်းဇင်လှ၊ ထန်းကြို့ကုန်း၊ အင်းကလေးနှင့် အနီးနားကျေးရွာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင် ဖျားနာကြခြင်း ဖြစ်ပြီး အများစုမှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဆိုသည်။

Facebook ကနေ ကမ္ဘာကြီးကို ကြည့်မယ်

Tuesday, September 18, 2012


အင်တာနက်ဆိုင်ရောက်ရင် အွန်လိုင်းတက်သူတွေ ဘယ်ဝက်ဆိုက် သုံးကြတာများသလဲ။"Facebook ကတော့ အင်တာနက်ဆိုင် လာထိုင်တဲ့လူ တော်တော်များများ အသုံးပြုကြတယ်။ အရင်က အသက် ၂ဝ ကျော် လူငယ်တွေ အသုံးများပြီး အခုနောက်ပိုင်းမှာတော့ အသက်အရွယ် ၃ဝ ကျော်လောက်ကနေ ၄ဝ ကျော် တွေပါ သုံးလာတာကို တွေ့ရတယ်'' လို့ ကမာရွတ်မြို့နယ်က အင်တာနက်ဆိုင် တဆိုင်က ပြောပါတယ်။

အရက်ပုလင်း နဲ့ ရွှေတိဂုံဘုရား

Tuesday, September 18, 2012
 
မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီက သူတို့ရဲ့ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ  တံဆိပ် တပ်ထားကြောင်း သူတို့ ၀က်ဆိုက်မှာ ရှိတဲ့ ပုံအရ သိရပါတယ်။ဒီကုမ္ပဏီက အရက်မျိုးစုံကို တံဆိပ်မျိုးစုံ ထုတ်ပါတယ်၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ်ဈေးကွက်တွေကို ပစ်မှတ်ထားပါတယ် တဲ့။

ဘန်ကောက် ရောက်လာပြီ၊ ရန်ကုန်မှာရော .........

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက် ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင်ချီ တက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ   ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

လူငယ်တွေအတွက် ရင်လေးဖွယ်


အကျဉ်းသားများလွှတ်မြောက်မှုအပေါ် ကိုထွန်းအောင်ကျော် နှင့် ကိုမိုးသီးဇွန်တို့မှ ပြောကြားချက်

ကိုထွန်းအောင်ကျော် (အမိမြေ ငြိမ်း ချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ABSDF ပထမဆုံးဥက္ကဋ္ဌဟောင်း)
စက်တင်ဘာလ (၁၇)ရက် နေ့ မြန်မာနိုင်ငံထောင် အသီးသီး မှ လွတ်မြောက်ချမ်းသာခွင့်အကျဉ်းသား (၅၁၄)ဦး လွှတ်ပေးတယ်ဆို တဲ့ သတင်းအပေါ်မှာ ကိုထွန်း အောင်ကျော် ရဲ့သဘောထားကို သိရှိလိုပါတယ်။


တရုတ် နဲ့ ဂျပန် တကယ် ချတော့မှာလား



တရုတ်အစိုးရ၏ ရေတပ်သင်္ဘော ၁၁ စင်းသည် ဂျပန်နိုင်ငံ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော ကျွန်စုများအနီးပတ်ဝန်းကျင်သို့ ချဉ်းကပ်ရောက်ရှိလာကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က   ပြောကြားသည်။ 

မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး



ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင်ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်ေ နကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောဆိုလိုက်သည်။