သြဂုတ် ၁၈ ရက် မှ စ၍ လူ တစ်ဦးလျှင် အများဆုံး ရှယ်ယာ တန်ဖိုး ကျပ် တစ်ဘီလီယံ အထိ ဝယ်ယူ နိုင်ပြီး ကုမ္ပဏီ မှ ပျမ်းမျှ ရှယ်ယာ တန်ဖိုး စုစုပေါင်း ကျပ် ဘီလီယံ တစ်ထောင် အထိ ထုတ်ရောင်း သွားမည် ဖြစ်သည်။ ရှယ်ယာရှင် များ၏ အစု ရှယ်ယာ အကျိုးအမြတ် ရှင်းတမ်းအား တစ်နှစ် တစ်ခါ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Wednesday, 8 August 2012
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး
မြောင်းမြဒီချုပ်ပါတီဝင်အချို့ ပါတီတွင်း မကျေနပ်မှု ဆန္ဒဖော်ထုတ်မည်
မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက ပါတီတွင်း မကျေနပ်မှုများရှိ၍ ဆန္ဒပြ မည်ဖြစ်ကြောင်း ၄င်းပါတီဝင်များက 7Day News သို့ ဆက်သွယ်ပြောကြားသည်။
မြို့နယ်နှင့် ခရိုင်ကော်မရှင်ဖွဲ့စည်းရာတွင် မကျေနပ်မှုများရှိပြီး၊ ဗဟိုကော်မတီ ဆုံးဖြတ်ရာတွင်လည်း ဒီမိုကရေစီနည်းလမ်း မကျ၍ ဆန္ဒပြမည်ဖြစ်ကြောင်း ဦးမြင့်ကျော်ကပြောသည်။
''မြို့နယ်နဲ့ ခရိုင်ကော်မရှင်ဖွဲ့တာမှာ အဖွဲ့ဝင်ဖြစ်သင့်၊ မဖြစ်သင့်၊ ဥက္ကဋ္ဌဖြစ်သင့်၊ မဖြစ်သင့်၊ အဲဒီ့ကိစ္စတွေ အခု ဖွဲ့စည်းထားတွေတာကို မကျေနပ်လို့ပါ"ဟု ၄င်းက ဆက်လက်ပြောသည်။
''မြို့နယ်နဲ့ ခရိုင်ကော်မရှင်ဖွဲ့တာမှာ အဖွဲ့ဝင်ဖြစ်သင့်၊ မဖြစ်သင့်၊ ဥက္ကဋ္ဌဖြစ်သင့်၊ မဖြစ်သင့်၊ အဲဒီ့ကိစ္စတွေ အခု ဖွဲ့စည်းထားတွေတာကို မကျေနပ်လို့ပါ"ဟု ၄င်းက ဆက်လက်ပြောသည်။
ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ထပ်မံဖြစ်ပွါးသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့်အကျိုးစီးပွားများ ထုတ်ဖော်ကြေငြာရန် အဆို ရှုံးနိမ့်
ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရဖြစ်လာစေရေး အတွက် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသူများ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများအား ထုတ်ဖော်ကြေငြာထားရန် အဆိုအား ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားကြောင်း သိရသည်။
ဗြိတိန်မှ car ဆားဗစ် စင်တာကြီး တစ်ခု မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည်
ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
“လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခု လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ
“လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခု လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ
အကောင် အထည်ပေါ်လာနိုင်ပါတယ်”ဟု ဗြိတိန်နိုင်ငံအခြေစိုက် မန်နေဂျင်းဒါရိုက်တာ မစ္စတာ
မိုက်ကယ်ကော့တဲလိုက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။
နိုက်ဂျီးရီးယား ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား
နိုက်ဂျီးရီးယား နိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှုကြောင့် လူ(၁၉)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ နိုင်ငံ အလယ်ပိုင်းရှိ ဘုရားကျောင်း တစ်ခုမှ သမ္မာကျမ်းစာ သင်တန်းတွင် လူ(၃)ဦး ဝင်ရောက်လာပြီးနောက် ဝတ်ပြုမည့်ဟန် ဆောင်ပြီးမှ ရုတ်တရက် ပစ်ခတ်ခဲ့ရာ ယခုလို လူအများအပြား သေဆုံးကုန်ခြင်း ဖြစ်သည်။
တူရကီဝန်ကြီးချုပ်ဇနီးနှင့် သမီး မည်သူတွေကို လှူဒန်းမည်နည်း
ဥပုလ်လမို့  အလှူအတန်းတွေ ကို တူရကီဝန်ကြီးချုပ်၏ဇနီးနှင့် သမီးဖြစ်သူက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဘာသာဝင်လူမျိုးတွေအတွက် လာကြမည်ဟု အကြမ်းဖျင်းသိရသည် ။ သို့ သော် သူတို့ လာသောအခါကား ယင်းသို့ လာခြင်းမဟုတ် ။ သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ မရှိသော လူမျိုးကို အလှူအတန်းပေးရန် လာမည်ဟု -RFA- မှ လွှင့်ထုတ်နေသော သတင်းကို ကြားလိုက်ရသည် ။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့တော့မည်
အစိုးရအဆက်ဆက်ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြ စားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတ ဦးသိန်း စိန်က ဖွဲ့စည်းသွား ရန်ရှိကြောင်း သိရသည်။
အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ပြီး သြဂုတ်လကုန်
တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရအဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု
အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ပြီး သြဂုတ်လကုန်
တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရအဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု
ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက တာဝန်ယူ ဖွဲ့စည်းရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ရခိုင်အရေးနဲ့ ပက်သက်ပြီး မြန်မာအစိုးရ ကိုင်တွယ်ပုံအား ဗန်ကောက်ပို့စ် ဝေဖန်
မြန်မာအစိုးရဟာ ရခိုင်ဒေသ မငြိမ်မသက်မှုနဲ့ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာ အကျပ်အတည်း ဆိုက်အောင် ကိုယ်တိုင် လုပ်ဆောင်နေတယ်၊ ဒီလို လုပ်မိနေမှန်း အစိုးရက သတိထားမိချင်မှ ထားမိလိမ့်မယ် လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။
မိုးသည်းထန်စွာ ဆက်တိုက်စွာသွန်းနေမှုကြောင့် သံတွဲမြို့အချို့မြေနိမ့် ပိုင်းဒေသများတွင် ရေလွှမ်း
မိုးသည်းထန်စွာ ဆက်တိုက်စွာသွန်းနေမှုကြောင့် သံတွဲမြို့အချို့မြေနိမ့် ပိုင်းဒေသများတွင် ယမန်နေ့ည အချိန်မှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ဆက်လက် မိုးသည်း၍ သံတွဲမြို့ အချို့နေရာများ၌ ရေလွှမ်းမိုးမိုးသည်း ထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံတွဲမြို့၏ အချို့မြေနိမ့်ပိုင်းဒေသများတွင် ရေလွှမ်းမှုများဖြစ်ပေါ်နေပြီး ရေကြီးမှုဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
မန္တလေး ၈၈၈၈ အခမ်းအနား နိုင်ငံတော်အခမ်းအနားလို့ ဦးအောင်မင်းပြော
အစိုးရ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ဟာ ဒီကနေ့ ညနေ (၅)နာရီလောက် မှာ (၂၄) နှစ်မြောက် ငွေရတုအကြို ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပမယ့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးအလယ်တိုက်ကို ရောက်ရှိလာပြီး ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ တွနဲ့ တွေ့ဆုံကာ အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်.။
မောင်တောမြို့တွင် ဗုံးကောလာဟလကြောင့် နယ်မြေလုံခြုံရေးများ ယခင်ထက် များစွာချထား
မောင်တောမြို့တွင် ဗုံးကောလာဟလကြောင့် နယ်မြေလုံခြုံရေးများ ယခင်ထက် များစွာချထားပြီး မြို့ပေါ်တွင် အသွားအလာနည်း၍ တိတ်ဆိတ်နေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။
ကောလာဟလထွက်နေသည်မှာ မှန်ကန်ပြီး ယင်းသတင်းကြောင့် လုံခြုံရေး တိုးချထားသည်မှာလည်း မှန်ကန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တယ်လီဖုန်းမှတဆင့် အတည်ပြုပြောကြားသည်။
ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော်ပါဝင်မည့် ညီလာခံကြီး နေပြည်တော်တွင် ကျင်းပမည်
ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော် ပါဝင်တက်ရောက်လာမည့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ညီလာခံကြီး တစ်ရပ်ကို နေပြည်တော်တွင် စက်တင်ဘာလ၌ ကျင်းပသွားရန် ရှိနေကြောင်း သိရပြီး ယင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးညီလာခံများတွင် တက်ရောက်သူအများဆုံး စံချိန်တင်မည့် အခမ်းအနား ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ တွင် လုံခြုံရေး အင်အား တိုးမြှင့်ထား
ယနေ့(၈-၈-၂၀၁၂)နေ့တွင် မောင်တောမြို့အား ဗုံးဖောက်ခွဲမည်ဟု သက်ဆိုင်ရာမှ သတင်းရရှိသောကြောင့် ဈေးအပါအ၀င် ကျန်ဆိုင်များအားလုံးကို ပိတ်ခိုင်းလိုက်ကြောင်းသိရသည်။ မြို့  လူထုများအားလည်း မိမိတို့အိမ်မှလွဲပြီး အပြင်ကို မထွက် ကြရန်သတိပေးထားကြောင်းသိရသည်။
မောင်တောမြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် 'အရင်နေ့တုန်းကဆိုရင် ကုလားတွေ ဈေးကိုလာဖွင့်ကြတယ်. ဒီနေ့ကျတော့ ထူးဆန်းတယ် မနက်ကတည်းက ကုလားတွေဈေးကိုမလာခဲ့ကြဘူး။ နောက်တော့ သက်ဆိုင်ရာက ဒီလိုမျိုးသတင်းရတယ်ဆိုပြီး ဈေးတွေပိတ်ခိုင်းပြီးတော့ လူတွေကို အတွင်းမှာပဲ နေခိုင်းတယ်။ အခုတော့လမ်းတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ထားပါပြီ'' ဟု ပြောကြားခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ သတိထားဖို့လိုမှာဖြစ်ပြီး ရရှိသော သတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမှာ ဖြစ်ပါတယ် ။
ref:FB
တရုတ်နိုင်ငံတွင်း ခိုလုံနေသော စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့ နေရ
တရုတ်နိုင်ငံ နောင်တောင်းခရိုင် (Nongdao district) အတွင်း ခိုလုံနေသော ကချင်စစ်ပြေးဒုက္ခသည်များအား ပြောင်းရွှေ့ပေးရန် တရုတ်အစိုးရမှ ထပ်မံပြောဆိုခဲ့ခြင်းကြောင့်  ဒုက္ခသည်အချို့မှာ မိမိနေရပ်ရင်းနှင့် နီးစပ်ရာ ဒေသများသို့ ပြောင်းရွှေ့နေကြပြီဖြစ်ကြော င်း နောင်တောင်း (Nongdao) ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ ဆရာခွန်ထွန်း ကပြောသည်။
ပြည်နယ်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပြိုင်ပွဲများကို သက်ဆိုင်ရာပြည်နယ်အလိုက် တိုးချဲ့ထည့်သွင်း ယှဉ်ပြိုင်သွားမည်
တပ်မတော်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်ကပင် စတင်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယခုနှစ်မှစ၍ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအဖြစ် ကျင်းပတော့မည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
သီရိလင်္ကာ ရေတပ် ဖမ်းဆီးခဲ့သည့် တရုတ် ငါးဖမ်း သမားများကို အမြန်ဆုံး လွှတ်ပေးရန် တရုတ်သံရုံး တောင်းဆို
သီရိလင်္ကာ ရေတပ်က သြဂုတ် ၅ ရက် ညပိုင်းတွင် ဖမ်းဆီး ခဲ့သည့် တရုတ် ငါးဖမ်းသမား ၃၇ ဦးကို ပြန်လွှတ် ပေးရန် တရုတ်သံရုံးမှ သြဂုတ် ၆ ရက် အစောပိုင်းက တောင်းဆို ခဲ့သည်ဟု သိရသည်။
တရုတ် ငါးဖမ်း သမား များသည် သီရိလင်္ကာ ရေပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက် လာခဲ့ခြင်း ကြောင့် ရေတပ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် အခြား စစ်ဆေးမှု များပြုလုပ်ရန် အတွက် ရဲဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရေတပ် တပ်မှူး ကိုဆာလာ ဝါနာကူ လာဆူရီယာက ဆင်ဟွာ သတင်းဌာနကို ပြောကြားသည်။
Subscribe to:
Posts (Atom)









