Wednesday, 1 August 2012
ရေကြောင်းပညာတက္ကသိုလ် ၀င်ခွင့်ရမှတ်တိုးမြှင့်
မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်ခေါ်ယူမည်ဖြစ်ပြီး ၀င်ခွင့်ကျောင်းသားဦးရေကို လျှော့ချ လိုက်ကြောင်း မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ တရားဝင်ထုတ်ပြန် ချက်အရ သိရသည်။
မီးသတ်ယာဉ်အစီး ၁၀၀ တင်သွင်းမည်
မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ် စခန်းများ၌ လိုအပ်ချက်ရှိနေသော မီးသတ်ယာဉ်အသစ်အစီး ၁၀၀ကို မီးသတ်ဦးစီးဌာနက တင်သွင်းမည် ဖြစ်ရာ ပထမအသုတ်အနေဖြင့် အစီး ၂၀ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ဒါတင်သွင်းရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။
ရွှေသံလွင် ကုမ္ပဏီ ရုပ်သံလိုင်းသစ် ထပ်မံ ထုတ်လွှင့်မည်
ရန်ကုန်၊ သြဂုတ် ၁
အင်္ဂလိပ်ဘာသာ စကားဖြင့် နိုင်ငံတကာသို့ အခမဲ့ ထုတ်လွှင့်ပြသနေသည့် Myanmar International နှင့် Sky Net အခပေး ရုပ်သံလိုင်းများကို ထုတ်လွှင့်နေသည့် ရွှေသံလွင် ကုမ္ပဏီက အခမဲ့ရုပ်သံလိုင်းသစ် တစ်လိုင်း ထုတ်လွှင့်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ့ လက်ရွေးစင် အသင်း နှင့် MNL All-Star အသင်း ရံပုံငွေ ပွဲအဖြစ် ကစားမည်
မြန်မာ့ လက်ရွေးစင် အသင်းနှင့် MNL All-Star အသင်းတို့သည် လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် ညနေပိုင်းတွင် အောင်ဆန်းကွင်း၌ မသန်စွမ်း အားကစား သမားများ အတွက် ရံပုံငွေ ပွဲတစ်ပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်အုပ်စုတစ်ခုဖြစ်သော နိုင်ငံစုံ ရင်းနှီးမြှုပ်နှံအာမခံအဖွဲ့အစည်းသို့ မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ကမ္ဘာ့ဘဏ် အရှေ့အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Pamela Cox နှင့်အဖွဲ့တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက် ခဲ့ကြသည်။
ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅သန်း အကူအညီ နှစ်လအတွင်း စတင်မည်
ရန်ကုန် ၊ သြဂုတ် ၁
မြန်မာနိုင်ငံပေါ် ကူညီပေးမည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅ သန်း စီမံကိန်းကို လာမည့်
မြန်မာနိုင်ငံပေါ် ကူညီပေးမည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅ သန်း စီမံကိန်းကို လာမည့်
အောက်တိုဘာလတွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုဥက္ကဌ ပယ်မလာကော့စ် က သြဂုတ်လ ၊ ၁ ရက်နေ့က Chatrium Hotel တွင်ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံမြို့များ၌ ဖြစ်ပေါ်ခဲ့သော မြစ်ရေကြီးမှု အခြေအနေ
သံလွင်မြစ်ရေမြင့်တက်မှုနှင့် ဘားအံ
ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၉း၃၀ နာရီတိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်၍ ၈၁၀ စင်တီမီတာသို့ ရောက်ရှိနေသည်အတွက် ဘာအံမြို့ပေါ် မြေနိမ့်ရပ်ဝန်း၊ ရပ်ကွက်များတွင် မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ လူနေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

Saola တိုင်ဖွန်း နီးကပ်လာသဖြင့် ထိုင်ဝမ်တွင် သတိပေးချက် ထုတ်ပြန်ထား
ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တွင် ပြင်းထန်သည့် မိုးရွာသွန်းမှုများနှင့် လေကြမ်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကာ ဗုဒ္ဓဟူး နေ့တွင် အရှိန်နှုန်းနှေးနှေးဖြင့် ဖြတ်သန်းနေသည့်
Saola အမည်ရ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် လာနိုင်သဖြင့် စစ်တပ်မှာ မြေပြိုမှုများနှင့် ရေကြီးမှုများကို ကယ်ဆယ်နိုင်ရန် အသင့် အနေအထား ပြင်ထားရကြောင်းလည်း သိရသည်။
Saola အမည်ရ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် လာနိုင်သဖြင့် စစ်တပ်မှာ မြေပြိုမှုများနှင့် ရေကြီးမှုများကို ကယ်ဆယ်နိုင်ရန် အသင့် အနေအထား ပြင်ထားရကြောင်းလည်း သိရသည်။
စာနယ်ဇင်းအချို့ အရေးယူခံနေရခြင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေညာချက်(၄/၂၀၁၂)
၁။ ပြည်တွင်းထုတ် The Voice နှင့် Envoy ဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနက ချမှတ်ထားသည့် စည်းကမ်းအချို့ကို ဖောက်ဖျက်သည်ဆိုကာ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။
၂။ မကြာသေးမီကလည်း ပြည်တွင်းထုတ် လျှပ်တစ်ပြက်ဂျာနယ်အား စည်းကမ်းဖောက်ဖျက်မှုဖြင့်ပင် ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်မှာ ယနေ့တိုင် ထုတ်ဝေခွင့်ပြန်လည်မရရှိသေးဘဲဖြစ်နေပါသည်။
၂။ မကြာသေးမီကလည်း ပြည်တွင်းထုတ် လျှပ်တစ်ပြက်ဂျာနယ်အား စည်းကမ်းဖောက်ဖျက်မှုဖြင့်ပင် ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်မှာ ယနေ့တိုင် ထုတ်ဝေခွင့်ပြန်လည်မရရှိသေးဘဲဖြစ်နေပါသည်။
ဆဲလ်ဖုန်း ရှစ်သန်းမှ သတင်းအချက်အလက်များ ခိုးယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ရဲတပ်ဖွဲ့ဖမ်းဆီး
တောင်ကိုရီးယားနိုင်ငံတွင် ဆဲလ်ဖုန်းကိုင်ဆောင်သူ ရှစ်သန်းခန့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း
အချက်အလက်များကို တရားမဝင်ခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးအား ၎င်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ် အကျိုးတူ ပူးပေါင်းနိုင်ဖွယ် ရှိနေ
အာရှ၏ အအောင်မြင်ဆုံး လိဂ်ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး
ဘောလုံးပြိုင်ပွဲ ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ်တို့ အနေဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ
ပြုလုပ်နိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA) မှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ တာဝန်ရှိ သူများသည် ၎င်းတို့၏ လိဂ်များအား အပြန်အလှန် အကျိုးပြုနိုင်စေရန် အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ အကြမ်းအားဖြင့် သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်။ အသေးစိတ် အချက်အလက် ဆိုင်ရာ ဆွေးနွေးမှုများအား လာမည့် ရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကာ သြဂုတ် လကုန်ပိုင်းတွင် နှစ်ဘက် အဖွဲ့အစည်းမှ တာဝန်ရှိသူများ အနေဖြင့် တရားဝင် စာချုပ်ချုပ်ဆိုပွဲ တစ်ရပ်အား ပြုလုပ်သွားဖွယ် ရှိသည်။ အတည်မပြု နိုင်သေးသည့် သတင်းတစ်ရပ် အဆိုအရ ဂျပန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့လည်း အဆိုပါ စာချုပ်ချုပ်ဆို ပွဲသို့ လာရောက်နိုင်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထား
သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက် ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားကြောင်း
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေး မှူးဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရှိရသည်။
သီလ၀ါအထူးစီးပွားဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာလျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိတော့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်းမြေကွက် ၁၀ ကွက်အနက်မှ ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားခြင်းဖြစ်ပြီး ကျန်မြေကွက်ငါးကွက်ကိုသာလျှင် ဆိပ်ကမ်းတည်ဆောက်မည့် အခြားအဖွဲ့အစည်းများအား လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေး သွားမည်ဖြစ်သည်။

မြန်မာ့ ဆန်အရည်အသွေး ညံ့ဖျင်းမှုကြောင့် တရုတ်နိုင်ငံက တင်ပို့ခွင့် ပိတ်ထားသဖြင့် နယ်စပ်ဂိတ်များ၌ တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ စုပုံနေ
မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်အား အရည်အသွေး ကောင်းမွန်မှု မရှိသည့်အတွက် တရုတ်နိုင်ငံမှ လက်ခံမှု မရှိတော့သဖြင့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာဆန်များ စုပုံနေသဖြင့် မြန်မာ့ဆန် တင်ပို့မှုအား တရုတ်နိုင်ငံမှ ပြန်လည် လက်ခံရေးအတွက် တရုတ်-မြန်မာ နားလည်မှု စာချွန်လွှာရေး
ထိုးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ထိုးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
သီပေါမင်းအရိုးအိုးပြန်လည်သယ်ယူရေး အမျိုးသားလွှတ်တော်တွင်အဆိုတင်သွင်း
မြန်မာဘုရင်နောက်ဆုံးမင်းဆက်ဖြစ်သောသီပေါမင်း၏အရိုးအိုးကိုမြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်
ရေးအဆိုအားသမိုင်းစာရေးဆရာတစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ
ရေးအဆိုအားသမိုင်းစာရေးဆရာတစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ
(ထားဝယ်)က လွှတ်တော်သို့အဆိုတင်သွင်းလိုက်ကြောင်းသတင်းရရှိသည်။တနသာင်္ရီတိုင်းဒေသ
ကြီးမဲဆန္ဒနယ်အမှတ် (၂)မှ ဦးသန်းဆွေက "အိန္ဒိယပြည် ရတနာဂီရိရှိနတ်ရွာစံသီပေါမင်းတရားနှင့် မိဖုရားတို့ရုပ်အလောင်းများမှအရိုးများကိုမြန်မာပြည်သို့ပြန်လည်သယ်ဆောင်ပေးပါရန် ပြည်ထောင်စု
အစိုးရအားတိုက်တွန်းကြောင်းအဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ကထောက်ခံပြီး နောက်လွှတ်တော်အစည်းဝေးတွင်ဆွေးနွေးလိုသူများရှိပါကစာရင်းပေးသွင်းရန်ကြေငြာ
ထားသည်။
မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေ အပေါ် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ဆွေးနွေးမည်
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေ များမှာ အရေးပေါ် အနေအထား ဖြစ်နေပြီး မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သြဂုတ်လ ၄ရက်နေ.တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ စုံစမ်း သိရှိ ရသည်။
နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား ကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။
မွေးဖွားနှုန်းများသော ဘင်္ဂါလီများကို အိမ်ထောင်ပြုခြင်း၊သားသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိ
ရခိုင်ပြည်နယ်ရှိ လူဦးရေမွေးဖွားနှုန်းများသော ဘင်္ဂါလီလူမျိုးများ၏ အိမ်ထောင်ပြုခြင်း၊ သားသမီး
ယူခြင်းများတွင် ဥပဒေဖြင့်ကန့်သတ်ရန်မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ
နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြောကြားရမည် ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။

Subscribe to:
Posts (Atom)

.1.jpg)