Thursday, 31 December 2015

နော်ဝေဟာ ကမ္ဘာပေါ်မှာ နိုင်ငံ အကောင်းဆုံး

နော်ဝေဟာ ကမ္ဘာပေါ်မှာ နေလို့ အကောင်းဆုံးနိုင်ငံဟု ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းက ဖော်ပြလိုက်သည်။ သြစတြေးလျနှင့် ဆွစ်ဇာလန်တို့က အစဉ်လိုက် ရပ်တည်သည်။

မြန်မာ-ထိုင်း အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်တွင် သေဒဏ်ကျခံရသော မူးယစ်ဆေးဝါးတရားခံများသာပါဝင်

မြန်မာ-ထိုင်း နှစ်နိုင်ငံအကျဉ်း သားလဲလှယ်ရေး သဘောတူညီချက် တွင် သေဒဏ်ကျခံရသော မူးယစ် ဆေးဝါးတရားခံများသာ ပါဝင်ပြီးမှု ခင်းဆိုင်ရာတရားခံ အကျဉ်းသားလဲ လှယ်ရေး သဘောတူညီချက်မရှိသေး သောကြောင့် လိပ်ကျွန်းအမှုအတွက်နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ညှိနှိုင်း ဖို့လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။
''ထိုင်းနဲ့မြန်မာ အကျဉ်းသားလဲ လှယ်ရေးမှာ မူးယစ်ဆေးဝါးနဲ့ပတ် သက်တဲ့ တရားခံတွေလဲလှယ်ခေါ်ယူဖို့ သဘောတူထားတာရှိတယ်။ မှုခင်းပြစ်မှုတရားခံအတွက် သဘောတူထားတာတော့မရှိသေးဘူး။ မူးယစ်ဆေးဝါးအမှုတွေက သေဒဏ်တွေချည်းပဲ။ တစ်ကျွန်းတို့ ၁ဝနှစ်တို့လဲရှိတယ်။ မူး ယစ်ဆေးဝါးအမှုဆိုရင် ကိုယ့်နိုင်ငံက အကျဉ်းသားကို ပြန်ခေါ်ခွင့်ရှိတယ်။ အခုလိပ်ကျွန်းအမှုက လူသတ်မှုဆို တော့ ခက်ခဲနေတယ်။

Star Wars ကို နှစ်သက်သူများ ကိုယ့် ကိုယ်ကိုယ် အချစ်ပိုသူများဖြစ်

Star Wars ရုပ်ရှင်ကားများကို နှစ်သက်သူများသည် ကိုယ့် ကိုယ်ကိုယ် ချစ်လွန်းသူများ ဖြစ်ကြကြောင်း လေ့လာမှု တစ်ခုက ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။

တောင်ကိုရီးယား ဗေဒင်ဆရာများ နှစ်သစ်ကူးနေ့နှင့် ပတ်သက်ပြီး ငြင်းခုံ

တောင်ကိုရီးယား နိုင်ငံတစ်ဝန်း ရှိ ဗေဒင်ဆရာများသည် နှစ်သစ်ကူးနေ့ မည်သည့်နေ့ ဖြစ်သည်နှင့် ပတ်သက်ပြီး ငြင်းခုံမှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်းခရီးသွားများလာရောက်မှု ၆၀ရာခိုင်နှုန်းခန့်လျော့ကျ

မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သည့် ထိုင်း နိုင်ငံသားများကို သတိဖြင့်သွား လာကြရန် ထိုင်းသံရုံးက သတိပေး ချက်ထုတ်ပြန်ထားသည့်အတွက် ပြည်တွင်းသို့လာရောက်လည် ပတ်မှုနှုန်း ပုံမှန်ထက် ၆၀ ရာခိုင် နှုန်းခန့် လျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
‘‘ထိုင်းနိုင်ငံသားတွေ ပြည် တွင်းကို လာပြီးလည်ပတ်မှုက ၆၀ ရာခိုင်နှုန်းလောက်ကျသွား တယ်။ ထိုင်းသံရုံးကလည်း မြန်မာနိုင်ငံကိုသွားလည်တဲ့အခါ သတိထားပြီးတော့ သွားကြဖို့ ထုတ်ပြန်ထားတဲ့အတွက် စိုးရိမ်မှု လွန်ကဲတာကြောင့် တချို့ဆို လာလည်ဖို့ ကြိုတင်စာရင်းပေးပြီးတာကိုတောင် ပြန်ဖျက်သွားကြ တာတွေ ရှိတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင် က ပြောသည်။

ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀ ကျော်တွင် သုံးကောင်ကို ထိုင်း၌ပြန်လည်တွေ့ရှိ

ပြီးခဲ့သည့် သုံးလကျော် က မြန်မာနိုင်ငံ မင်းစုံတောင်တွင် ပျောက်ဆုံးသွားသည့် မြန်မာ ကြယ်လိပ်အကောင်ရေ ၁၀၀ ကျော်အနက် သုံးကောင်ကို ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာအတွင်းက မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရေဒီယိုအာရုံခံ တပ်ဆင်၍ သဘာဝအတိုင်း လွှတ်ထားသည့် ကြယ်လိပ်အကောင် ရေ ၃၀၀ အနက် အကောင်ရေ ၁၈၀ ခန့်ပျောက်ဆုံးခဲ့သည်။
ထိုသို့ နှစ်လအတွင်း အကောင် ရေများစွာ ပျောက်ဆုံးခဲ့သည့်အ တွက် သစ်တောအုပ်ချုပ်ရေးမှူး များနှင့် နယ်မြေခံရဲတို့ ပူးပေါင်း စစ်ဆေးခဲ့ရာ ကြယ်လိပ်များ ခိုးယူခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ သော်လည်း ကြယ်လိပ်များ ပြန်လည်မတွေ့ရှိခဲ့ပေ။

မီးပွိုင့်များနီးကပ်စွာတပ်ဆင်ခြင်းကြောင့် မန္တလေးမြို့လမ်းပိတ်ဆို့မှုပိုဖြစ်ဟု ဒုတိယယာဉ်ထိန်းရဲမှူးကြီးဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တွင်း၌မီးပွိုင့်များတိုးချဲ့တပ်ဆင်လျက်ရှိရာ မီးပွိုင့်များတစ်ခုနှင့်တစ်ခုနီးကပ်စွာတပ်ဆင်ပါက ယာဉ်ကြောပိတ်ဆို့မှုများ ယခုထက်ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒုတိယရဲမှူးကြီးကံသိန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“တချို့နေရာတွေမှာ တကယ်လုပ်သင့်တဲ့နေရာတွေရှိသလို တချို့နေရာတွေကမလိုအပ်ဘဲတပ်လိုက်မယ်ဆိုရင် ပိုမိုရှုပ်ထွေးသွားနိုင်တယ်။ မီးပွိုင့်ဆိုတာ အလှဆင်တာမဟုတ်ဘူး။ မီးပွိုင့်စနစ်အတိုင်းသွားမယ်ဆိုရင်တော့ ပိတ်မှာမဟုတ်ဘူး။ ဒီမီးပွိုင့်ကတစ်မျိုး ဟိုမီးပွိုင့်ကတစ်မျိုးဆိုရင်တော့ ပိတ်သွားမယ့်အနေအထားရှိတယ်”ဟု ၎င်းကထပ်မံဆိုသည်။

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်ရေးကြိုးပမ်း

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်လာနေချိန်မှာ အခြေအနေကို အေးအေးဆေးဆေး ထိန်းသိမ်းကြဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ဒီအမှုကို အခြေခံပြီး အရှိန်မြင့်လာတဲ့ ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးလို့လည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ခြိမ်းခြောက်ငွေ တောင်းယူသွားသော စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည်

ခြိမ်းခြောက် တောင်းယူသွားသော ငွေသိန်းငါးဆယ်အား လူမှုရေး အရ ပြန်လည် ပေးအပ်မှုများ ရှိနေသော်လည်း လက်ခံမည် မဟုတ်ဘဲ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည် ဖြစ်ကြောင်း အဓမ္မ ငွေတောင်းယူခြင်း ခံခဲ့ရသော မိသားစုထံမှ သိရသည်။

မြန်မာလုပ်သားနှစ်ဦးအတွက် မန္တလေးတောင်သူလယ်သမားအရေး ဆောင်ရွက်သူများ ဦးဆောင်ဆန္ဒထုတ်ဖော်

မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ညီညီဇော်)
လိပ်ကျွန်းလူသတ်မှု တွင် သေဒဏ်ချမှတ်ခံရသည့် မြန်မာလုပ်သားနှစ်ဦးလွတ်မြောက် ရေးအတွက် မန္တလေးမြို့ရှိ တောင်သူလယ်သမားအရေးဆောင်ရွက် နေသူများ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်ပစိတ်ဝင်စားမှုများကြောင့် လာမည့်နှစ် ကော်ဖီဈေးကောင်းနိုင်ကြောင်း လုပ်ငန်းရှင်များခန့်မှန်း

ပြည်တွင်းဝယ်လိုအား မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ ဈေးကွက်က ကော်ဖီဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်း ကြောင့်ယခင်နှစ်မှစ၍ကော်ဖီဈေး စတင်မြင့်တက်လာပြီး၂၀၁၆တွင် ဈေးပိုမိုကောင်းနိုင်ကြောင်းကော်ဖီစိုက်ပျိုးရောင်းချသူများက ခန့် မှန်းနေကြသည်။

လယ်တောသူအလှမယ်ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်းငါးဆယ်ချီးမြှင့်မည်

မြန်မာ့လယ်ယာထွက် ကုန်တန်ဖိုးမြင့် စက်ကိရိယာပြပွဲ (၂၀၁၆)တွင် စတုတ္ထအကြိမ်မြောက် လယ်တောသူအလှမယ် ပြိုင်ပွဲထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပထမဆုကျပ်သိန်းငါးဆယ်နှင့် ပြည်ပလေ့လာရေးခရီးစဉ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

အလုပ်သမားငှားခမြင့်တက်လာ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကြက်သွန်ဖြူစိုက်တောင်သူများ အခက်တွေ့

ရှမ်းပြည်နယ်တွင် ကြက်သွန်ဖြူစိုက်တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ကြက်သွန်ဖြူစိုက်တောင် သူများသည် အလုပ်သမားငှားရမ်းခဈေးမြင့်လာ၍ စိုက်ပျိုးမှုခက်ခဲနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

လူငယ်များအတွက် အချိန်ပိုင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေ

ပြည်ပနိုင်ငံများနည်းတူ အချိန်ပိုင်းအလုပ်အကိုင်အတွက် တောင်းဆိုမှုများ ပြည်တွင်း၌ များပြားနေသော်လည်း ခေါ်ယူမှုပိုင်း နည်းပါးနေကြောင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work.com.mm က သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀ ကျော်တွင် သုံးကောင်ကို ထိုင်း၌ပြန်လည်တွေ့ရှိ

ပြန်လည်တွေ့ရှိခဲ့သော ကြယ်လိပ်များ (ဓာတ်ပုံ - Newsweek)
ပြီးခဲ့သည့် သုံးလကျော် က မြန်မာနိုင်ငံ မင်းစုံတောင်တွင် ပျောက်ဆုံးသွားသည့် မြန်မာ ကြယ်လိပ်အကောင်ရေ ၁၀၀ ကျော်အနက် သုံးကောင်ကို ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက်မြန်မာလုပ်သားများအရေး ညှိနှိုင်းအစည်းအဝေး ဇန်နဝါရီဒုတိယပတ်တွင် ပြုလုပ်မည်

ထိုင်းသင်္ဘောကျင်းတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသော မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ - အီးပီအေ)
ထိုင်းနိုင်ငံရောက်မြန်မာ လုပ်သားများနှင့်ပတ်သက်၍ စ် နိုင်ငံညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် လျာထားကြောင်း သတင်းရရှိသည်။

ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်စီးခ ပိုတောင်းမှုကြောင့် အများဆုံး တိုင်ကြားခံရ

၂၀၁၅ အတွင်း ခရီး သည်တင်ယာဉ်လိုင်းများနှင့်ပတ် သက်၍ မထသ (ဗဟို)သို့ တိုင် ကြားမှုများတွင် ယာဉ်စီးခပိုမို တောင်းခြင်းကြောင့် တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း သတင်း ရရှိသည်။

ဝန်ကြီးဌာနများ၏အချက်အလက်များ အစိုးရထံ ဒီချုပ်တောင်းခံထား

အစိုးရသစ်လက် ထက်တွင် ဝန်ကြီးဌာနများကို ကိုင်တွယ်ရာ၌ အဆင်ပြေစေရန် ဝန်ကြီးဌာနများ၏ အချက်အလက် များကို အစိုးရအဖွဲ့ထံမှ တောင်း ခံထားကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှု ဆောင် ဦးဝင်းထိန်က ပြောသည်။

ထိုင်းခရီးသွားများလာရောက်မှု ၆၀ရာခိုင်နှုန်းခန့်လျော့ကျ


ထိုင်းလူမျိုးအများစုပါဝင်သော ခရီးသွားများ ရွှေတိဂုံစေတီသို့လာရောကဖူးမြော်စဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သည့် ထိုင်း နိုင်ငံသားများကို သတိဖြင့်သွား လာကြရန် ထိုင်းသံရုံးက သတိပေး ချက်ထုတ်ပြန်ထားသည့်အတွက် ပြည်တွင်းသို့လာရောက်လည် ပတ်မှုနှုန်း ပုံမှန်ထက် ၆၀ ရာခိုင် နှုန်းခန့် လျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

အိန္ဒိယအကူအညီဖြင့် မြန်မာနိုင်ငံတွင် တံတား ၆၉ စင်း တည်ဆောက်မည်

ထိုင်း-မြန်မာ-အိန္ဒိယ သုံး နိုင်ငံ ဆက်သွယ်သည့် အာဆီယံ အဝေးပြေးလမ်းတွင် မြန်မာနိုင်ငံ အတွင်း လမ်းပိုင်း၌ တံတား ၆၉ စင်း ကူညီတည်ဆောက်သွားရန် စီမံကိန်းကို အိန္ဒိယအစိုးရက အ တည်ပြုချက်ပေးခဲ့ကြောင်း သ တင်းရရှိသည်။