အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်နှင့်
ရွေးကောက်ပွဲ အောင်နိုင်ရေး အထူးတာဝန်ခံ ဦးစိုးညွန့်တို့ လက်ရှိ
ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်ညိုညို သင်းကို စွပ်စွဲရေးသားသည်ဆိုကာ
အမှုဖွင့်ထားသည်ကို ဖြေရှင်းတောင်းပန်မှ အမှုကို ရုတ်သိမ်းပေးနိုင်မည်ဟု
ဒေါ်ညိုညိုသင်းကဆိုသည်။
နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဗဟိန်းမြို့နယ်မှ
တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ညိုညိုသင်းက
ဗဟန်းရဲစခန်းတွင် ဦးစိုးညွန့်နှင့် ဦးထွန်းမြင့်တို့အပေါ် ရွေးကောက်ပွဲ
ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင်
ပြောခြင်းဖြစ်သည်။