Sunday, 15 November 2015

အဖွဲ့သုံးဖွဲ့ခွဲကာ ပါရီကို တိုက်ခိုက်ခြင်းဖြစ်၊ သေဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိ

ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီတွင် တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူပေါင်းမှာ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၃၅၀ ကျော်ရှိကြောင်း ပြင်သစ်ရှေ့နေချုပ်ကပြောသည်။

"ဒီတိုက်ခိုက်ရေးသမားတွေရဲ့ အရင်းအမြစ်ကို ကျွန်တော်တို့ သိထားပါပြီ။ သူတို့ရဲ့ ဘဏ္ဍာငွေအထောက်အပံ့ရပ်တည်မှုကိုလည်း သိထားတယ်။"ဟု ဖရန့်စွာမိုလင်းက သတင်းထောက်များကိုပြောသည်။

တိုက်ခိုက်သူအစွန်းရောက် ခုနစ်ဦးအား သုတ်သင်နိုင်ခဲ့ရာ ၎င်းတို့သည် လက်နက်ကြီးများ ရှိထားသလို ဗုံးခါးပတ်များလည်း ပတ်ထားကြောင်း ၎င်းက ပြောသည်။

အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာထားသည့် နိုဝင်ဘာ ၁၃ ရက်က တိုက်ခိုက်မှုများမှာ ဂီတဖျော်ဖြေပွဲ၊ အားကစားရုံ၊ စားသောက်ဆိုင်များနှင့် အရက်ဘားများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုများနှင့် ချိတ်ဆက်ပတ်သက်သူ သုံးဦးကို ဘယ်လ်ဂျီယမ်တွင် နိုဝင်ဘာ ၁၄ ရက်က ဖမ်းမိထားကြောင်းလည်း မိုလင်းက ပြောသည်။

ပါရီတိုက်ခိုက်မှုနှင့် ဆက်စပ်သူများ ဘယ်လ်ဂျီယမ်တွင် ဖမ်းမိ

ပြင်သစ်နိုင်ငံ ပါရီမြို့တိုက်ခိုက်မှုများနှင့် ချိတ်ဆက်ပတ်သက်သူတစ်ချို့ကို နိုဝင်ဘာ ၁၄ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဖမ်းမိသည်။ ဖမ်းမိသူများတွင် တစ်ဦးမှာ ပါရီတိုက်ခိုက်မှုတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ် ချားလ်မိုက်ကယ်က ပြောသည်။

လူ ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုများကို ပြင်သစ်ရဲများ ထောက်လှမ်းစုံစမ်းရေးအရ သံသယရှိသည့် ကားများကို ဘယ်လ်ဂျီယမ်တွင် တွေ့ရှိရာမှ ယခုကဲ့သို့ ဖမ်းဆီးမိကြောင်း မိုကယ်က ပြောသည်။

ပါရီတိုက်ခိုက်မှုများနှင့် ကွင်းဆက်များသည့် ဘယ်လ်ဂျီယမ်တွင် ရှိနေနိုင်၍ ဘယ်လ်ဂျီယမ်အနေဖြင့်လည်း စစ်သွေးကြွတိုက်ခိုက်မှုများ၏ နယ်မြေဖြစ်လာလျက်ရှိနေသည်။

တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရေးဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့

ပြီးခဲ့သည့်နှစ်များအတွင်း အကြီးဆုံးလမ်းပေါ်ထွက် စုရုံးဆန္ဒပြမှု တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် နိုဝင်ဘာ ၁၄ ရက်က ဖြစ်ပွားရာ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ခဲ့ကြသည်။

ကွန်ဆာဗေးတစ်သမ္မတ ပတ်ဂွန်ဟေး ရာထူးမှဆင်းပေးရေး တောင်းဆိုဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များနှင့် ရေအမြောက်များဖြင့် ရဲက ဖြိုခွင်းသည်။

ဆန္ဒပြလူအုပ်မှာ ထောင်ပေါင်းများစွာ စုရုံးကြခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

သမ္မတ၏ စီးပွားရေးမူဝါဒကို ကန့်ကွက်သည့် ကုန်သည်အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းမျိုးစုံတို့ စုဝေးမိကာ ယခုကဲ့သို့ များပြားစွာစုဝေးဆန္ဒပြကြခြင်းဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက်တွင် တွေ့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့က နိုဝင်ဘာ ၁၉ရက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံဆွေးနွေးရန်တွေ့ဆုံမည်ဟု ပြည်သူ့လွှတ်တော်ရုံး အမည်မဖော်လိုသည့် တာဝန်ရှိသူမှသိရသည်။

"သမ္မတနဲ့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့တွေ့မှာက သူတို့အစီအစဉ်နဲ့ သူတို့တွေ့မှာ၊ ၁၉ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ရုံး မှာနာယကကြီးနဲ့ တွေ့မှာပါ" ဟု ၎င်းကအတည်ပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ နိုဝင်ဘာ ၁၅ရက်က နံနက် ၁၀နာရီက သွားရောက်တွေ့ဆုံခဲ့သည်ဟု သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

The Rock Show မန္တလေးမြို့တွင် ကျင်းပမည်

၁၃၀ ပြည့်နှစ် ပါတော်မူနေ့ အထိမ်းအမှတ်အဖြစ် S.I.R The Rock Show ကို နိုဝင်ဘာ ၂၈ရက်တွင် မန္တလေးမြို့ရှိ swan hotel ၌ ကျင်းပသွားမည် ဖြစ်သည်။

The Rock Show ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၃ရက်တွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပခဲ့သည်။

ထိုဖျော်ဖြေပွဲကို ၁၃၀ ပြည့်နှစ် ပါတော်မူနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ပြီး Nine Planets Entertainment မှ စီစဉ်ကာ Blue Mountain အချိုရည် မှ ပါဝင် ပံ့ပိုးကူညီပေးထားသည်။

အဆိုတော် ရေမွန် မှ “S.I.R ထုံးစံ အတိုင်း band တစ်ခုစီကို ၁၁ပုဒ်စီတော့ ဖျော်ဖြေဖြစ်ပါတယ်။ ပြီးတော့ အတွဲ ဖျော်ဖြေတာတွေ S.I.R vocalist တွေ အချင်းချင်း တွဲပြီးဆိုတဲ့ ဟာလေးတွေပါမယ်” ဟု ပြောသည်။

Friday, 13 November 2015

မမောမပန်း ကြိုးပမ်းခဲ့မှုနှင့် နှစ်ပေါင်းများစွာ အနစ်နာခံမှုတို့အတွက် သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်သို့ ရွေးကောက်ပွဲအောင်မြင်မှု

မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီ အောင်နိုင်မှုအတွက် ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဂုဏ်ပြုစကားပြောကြား ခဲ့သည်။နိုဝင်ဘာ ၈ ရွေးကောက်ပွဲ ရလဒ်ကြေညာဆဲတွင် နိုဝင်ဘာ ၁၂ ရက်အထိ ရလဒ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိထားသည်။နိုဝင်ဘာ ၈ ရက် ညပိုင်းက သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်သို့ ဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြားရာတွင် မြန်မာဒီမိုကရေးစီ အရေးတွင် "မလျှော့သောဇွဲဖြင့် မမောမပန်းနိုင် ကြိုးစားအား ထုတ်မှုများနှင့် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့မှုများအတွက်" ချီးကျုးစကား ဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် သည်။ သမ္မတအိုဘားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲရလဒ်အပေါ်အဖွဲ့အစည်းအားလုံးက အလေးထားရေး အရေးကြီးကြောင်းကိုလည်း ပြောဆိုဆွေးနွေးခဲ့သည်။ သမ္မတ အိုဘားမားက သမ္မတကြီးဦးသိန်းစိန်ထံသို့လည်း ရွေးကောက်ပွဲ အောင်နိုင်မှုနှင့် ရလဒ်အပေါ် အလေးထားဖို့ အရေးကြီးကြောင်း ဖုန်းခေါ်ဆို ဂုဏ်ပြုစကား ပြောဆိုခဲ့သည်။
mizzima

“နှလုံးကြီး ၀မ်းကြီးသူတို့၏ဆိုစကား”

၂၀၁၅ ခုနှစ် ၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တည်ငြိမ်အေးချမ်းစွာဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ မဲရုံပေါင်းလေးသောင်းကျော်တွင် ထူးခြားဖြစ်စဉ် ၄၈ ခုသာ ဖြစ်ပွားခဲ့သဖြင့် အနည်းအကျင်း အဖုအထစ် ရှိသည်ကလွဲ၍ စဉ်းလုံး ချောခဲ့ပြီဟု ဆိုရမည်။ ရွေးကောက်ပွဲမှ ရလဒ်များကိုရွေးကောက်ပွဲကော် မရှင်ရုံး၌ နိုဝင်ဘာလ ၉ ရက်၊ မွန်းလွဲ ၃ နာရီက ကျင်းပသည့် မီဒီယာစင်တာ ဖွင့်ပွဲအပြီးတွင် စတင်ကြေညာ၍ ညနေ ၆ နာရီ ည ၉ နာရီ၊ ည ၁၁ နာရီများတွင် ဆက်လက် ထုတ်ပြန် ကြေညာခဲ့သည်။

NLDအစိုးရဖွဲ့ဖို့ အမတ် ၂ဦးသာ အနိုင်ရဖို့ လိုအပ်တော့

 အနိုင်ရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းလွှတ်တော်အသီးသီးတို့တွင် အနိုင်ရအမတ်လောင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ရာမှ နိုဝင်ဘာ ၁၂ရက်၊ ည ၉နာရီအချိန်ထိ ထုတ်ပြန်ကြေငြာချက်များအရ အပြတ်အသတ်အနိုင်ရရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် အမတ်လောင်း ၂ဦး အနိုင်ရရှိရန်သာ လိုအပ်တော့သည်။
အစိုးရတစ်ရပ်ဖွဲ့နိုင်ရန်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်နေရာတွင် အမတ် ၆၅၇ဦး၏ ထက်ဝက်ကျော်ဖြစ်သော ၃၂၉ဦး လိုအပ်မည်ဖြစ်ပြီး လက်ရှိထုတ်ပြန်ပြီးသည့် အချိန်တွင် NLDပါတီက ၃၂၇ဦး အနိုင်ရရှိထားခြင်း ဖြစ်သည်။

Thursday, 12 November 2015

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာ နေလို့ ရနိုင်မလား”

အခုရက်ပိုင်းအတွင်း နိုင်ငံခြားသတင်းဌာနတွေ စိတ်အဝင်စားဆုံး ပြဿနာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နောက်တက်မယ့် သမ္မတနဲ့ သူ့ရဲ့ နေရာယူမှု အပိုင်းပါ။ နိုင်ငံခြား သတင်းဌာနတွေကို တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့်မရပေ မယ့် အစိုးရအဖွဲ့သစ်ကို သူပဲ ဦးဆောင်မယ်၊ သမ္မတရဲ့ အထက်မှာနေမယ်၊ သမ္မတဆိုတာဟာ ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားရမှာဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ရမှာ ဖြစ်တယ်။ စသဖြင့် ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

သမိုင်းကိုကြိုရေးခြင်း

နိုင်ငံတော်သမ္မတဦးသိန်း စိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ရဲ့လက်ထဲမှာ စာအုပ်တစ် အုပ်ရှိနေပါတယ်။ စာအုပ်ရဲ့ အမည်ကတော့ ‘၂၁ ရာစုမြန်မာ့ သမိုင်း’ပဲဖြစ်ပါတယ်။ စာအုပ်ထဲ မှာတော့ ဗလာစာမျက်နှာများသာ ပါဝင်ပါတယ်။ စာလုံးတွေကို တော့ နိုင်ငံတော်သမ္မတနဲ့ ကာ ကွယ်ရေးဦးစီးချုပ်တို့ကရေးထည့် ကြရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်သမိုင်းကိုပုံဖော်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။

ရန်အောင်မင်္ဂလာကင်းဘုရားကြီး ရင်ပြင်တော်တွင် ကားများ ညအိပ်ညနေ ထားခွင့်ပြု၍ ဒေသခံများ ဝေဖန်

 ပြည်မြို့ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မင်္ဂလာကင်းဘုရား စေတီတော်မြတ်ကြီး ရင်ပြင်တော် တွင် ကားများ ညအိပ်ညနေ ထား ခွင့်ပြုထားခြင်းကို မသင့်လျော် ကြောင်း ဒေသခံများက ဝေဖန်ပြောကြားသည်။စေတီတော် ရင်ပြင်တွင် ကားများ ညအိပ်ညနေ အချိန် ကြာမြင့်စွာ အခကြေးငွေယူပြီး ထားရှိခွင့်  ပြုထားခြင်းကြောင့် ဘုရားဖူး ပြည်သူများ အမြင်၌် မသင့်လျော်ကြောင်း၊ ဘာသာ ရေးပွဲတော်ရက်များတွင် ရင်ပြင် တော်ပေါ်၌ ဆီမီးပူဇော်ရန်ပင် ကားများစွာရှိနေ၍ အခက်အခဲ များရှိနေကြောင်း ဒေသခံအချို့ က ပြောသည်။
‘‘ရင်ပြင်တော်ပေါ်ကို ကား မောင်းတက်တယ်။ ကားမောင်း တက်တဲ့ မုခ်ဦးဝအောက်ခြေဆို အနည်းငယ်တောင်အက်ကြောင်း  လိုက်နေတယ်။ ရှေးဟောင်းဘု ရားကြီးလည်းဖြစ်၊ ရင်ပြင်တော် ပေါ်မှာ ကားတွေအပြည့် ထား ခွင့်ပြုတာက မသင့်လျော်ဘူးလို့ ထင်တယ်’’ဟု ပြည်မြို့လမ်းရှည် လမ်းနေ ဒေသခံတစ်ဦးက ပြော သည်။

ဟုမ္မလင်းတွင် လွှတ်ကျောင်းထားသော နွားကို သတ်ဖြတ် ရောင်းချခဲ့သူ ငါးဦးအား အရေးယူပေးရန် တိုင်ကြား

ဟုမ္မလင်းမြို့နယ် ဇီးပင် သာကျေးရွာတွင် လွန်ခဲ့သည့် နှစ် ပတ်ကျော်က ပျောက်ဆုံးခဲ့သော နွားကို သတ်ဖြတ် ရောင်းချသူ ငါးဦးအား ပိုင်ရှင်က နိုဝင်ဘာ ၁၀ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ဟုမ္မလင်းမြို့နယ် ဇီး ပင်သာကျေးရွာနေ အသက် (၅၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သော အသက်လေးမိုး (၄ နှစ်)ခန့်ရှိသည့် နီညိုရောင် နွားမတစ်ကောင်ကို ဇီးပင်သာ ကျေးရွာ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယာတောအတွင်း လွှတ်ကြောင်းထားခဲ့ရာ ယင်းနေ့ညနေတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခြင်း တရုတ်၊ အမေရိကန် အပါအ၀င် နိုင်ငံတကာကြိုဆို

 မြန်မာ့ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ခြင်းကို အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကြိုဆိုချီးကျူးခဲ့ကြပြီး ရွေးကောက်ပွဲ လွန်ကာလ အကူအညီများပေး ရန် ကြေညာခဲ့ကြသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှုကို ကြိုဆိုပြီး ရွေး ကောက်ပွဲလွန်ကာလတွင် အကူအညီပေးမည်ဖြစ်ကြောင်း ကတိပြုသည်။ ‘‘မြန်မာအထွေထွေရွေး ကောက်ပွဲဟာ မျှော်လင့်ထားတဲ့ အတိုင်း ပြီးဆုံးခဲ့ပါတယ်။ တရုတ် က အဲဒါကို ကြိုဆိုပါတယ်။ မြန် မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းဖို့ အတွက် ဥပဒေနဲ့အညီ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးအစီအစဉ်ကို ဆက်ဖော်ဆောင် သွားပါစေလို့ မြန်မာရဲ့ ရင်းနှီးချစ် ကြည်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်က ဆန္ဒပြုပါတယ်။ မြန်မာရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်ရဲ့ အာရှ ရေးရာသံတမန် Sun Guo Qiang ဟာ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်မှုမှာ ပါဝင်ခဲ့ပါတယ်။ မြန် မာရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ သက်ဆိုင်တဲ့ အကူအညီနဲ့ အ ထောက်အပံ့တွေ ဆက်ပေးသွား ဖို့ တရုတ်က အဆင်သင့်ပါ’’ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟုန် လီက ပြောကြားကြောင်း CCTVသတင်းဌာနက ဖော်ပြသည်။

စီး/ကူးဒုဝန်ကြီး ဒေါက်တာပွင့်ဆန်း မရမ်းကုန်းတွင် ဒီချုပ်အမတ် ဒေါက်တာမေ၀င်းမြင့်ကို ရှုံးနိမ့်

 လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကို ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်းမြင့်က မဲအပြတ်အသတ်ဖြင့်အနိုင်ရကြောင်း မရမ်းကုန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ပြော သည်။
 ဒေါက်တာပွင့်ဆန်းသည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု၍  ပြည်သူ့လွှတ် တော်အတွက် မရမ်းကုန်းမြို့နယ် မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ ခဲ့ပြီးနောက် စီးပွား/ကူးသန်း ဒုတိ ယ၀န်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်း မြင့်က ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကိုအနိုင်ရခဲ့သည်။ ယခုနိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးမှ ဒေါက်တာပွင့်ဆန်းကို ဒီချုပ်မှ ဒေါက်တာမေ၀င်းမြင့်က မဲအ ပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဝိုင်အရက်ကိစ္စကြောင့် ပြင်သစ်-အီရန် နိုင်ငံတော် ညစာစားပွဲ အစီအစဉ် ဖျက်သိမ်း

ဝိုင်အရက် ထည့်သွင်းမတည်ခင်းရန် တောင်းဆိုမှုကြောင့် အီရန်သမ္မတ ဟာဆန်ရူဟာနီကို ကြိုဆိုဧည့်ခံမည့် နိုင်ငံတော် ညစာစားပွဲအစီအစဉ်ကို ပြင်သစ်အစိုးရက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ယခုသီတင်းပတ်ကုန်တွင် ရူဟာနီသည် ဥရောပသို့ လည်ပတ်မှုခရီးစဉ် စတင်မည်ဖြစ်ရာ ၎င်းကိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက စီစဉ်ထားသည်။ မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သော အီရန်အနေဖြင့် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်လိုသဖြင့် အဆိုပါညစာစားပွဲတွင် ဝိုင်အရက် ထည့်သွင်းတည်ခင်းမှုမပြုရန် တောင်းဆိုရာ ပြင်သစ်က ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဝိုင်အရက်သည်ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ထုတ်ကုန်တစ်ခုလည်း ဖြစ်သည်။

Wednesday, 11 November 2015

နေ့သစ်များဆီ ဦးတည်လာသည့် တရုတ်-တိုင်ပေ ဆက်ဆံရေး

နှစ်နိုင်ငံ သမ္မတတို့ လက်ဆွဲ နှုတ်ဆက် လိုက်သည့် အချိန် ပိုင်းသည် သမိုင်းဝင်အခိုက်အတန့် ဖြစ်ခဲ့သည်။ ယင်းသည် ၁၉၄၉ နောက်ပိုင်း တရုတ်သမ္မတ တစ် ဦးနှင့် တိုင်ပေသမ္မတ တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်း ဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာသည်။နိုဝင်ဘာ ၇ ရက်က တရုတ် သမ္မတ စီကျင်းပင်နှင့် တိုင်ပေ သမ္မတ မာယင်ကျောင်းတို့သည် ကြားနိုင်ငံ တစ်ခုဖြစ်သည့် စင်ကာပူတွင် တွေ့ဆုံခဲ့ကြသည်။ ခေါင်းဆောင် နှစ်ဦးစလုံးက အဆို ပါ တွေ့ဆုံမှုကို အလွန်အမင်း အ ရေးမပါလေဟန် သတိကြီးစွာ စီ စဉ်ခဲ့သည့်တိုင် ခါးသီးလှသည့် အတိတ်သမိုင်း ရှိခဲ့သည့် နိုင်ငံများ ကြား ဆက်ဆံရေးသည် နေ့သစ် များဆီ အစပြု ဦးတည်လာပြီဟု နိုင်ငံတကာက မှတ်ယူခဲ့ကြသည်။

ကမ္ဘောဇအက်ဖ်စီအသင်းကို ရှမ်းယူနိုက်တက်အမည် ပြောင်းလဲယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ် ကမ္ဘောဇအက်ဖ်စီအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် ရှမ်းယူနိုက်တက်အသင်းဟု အမည်ပြောင်းလဲ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
သတင်း ရရှိသည်။‘‘လက်ရှိအသင်းအမည်က ကုမ္ပဏီကို ကိုယ်စားပြုထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့အ သင်းက ရှမ်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့အသင်းပါ။ ဒါ ကြောင့် အသင်းအမည်ကို ပြောင်း လဲလိုက်တာပါ’’ဟု အသင်းအမှု ဆောင် အရာရှိချုပ် ဦးဝင်းမြင့်ဦး ကပြောသည်။
ထို့အပြင် ကမ္ဘောဇအသင်း သည် လာမည့်နှစ်တွင် မြန်မာ့ထိပ် တန်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းတစ်ဦးတည်း ပိုင် ဆိုင်သည့် အသင်းအဖြစ်မှ ရှမ်း ပြည်နယ်မှ အခြားစီးပွားရေးလုပ် ငန်းရှင်သုံးဦးနှင့် ပူးတွဲပိုင်ဆိုင် သည့် အသင်းအဖြစ်သို့ ပြောင်းလဲ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်ဦးက ဆိုသည်။

ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ဟု ဆိုကြသူအများစုမှာ အမှန်တကယ် ဓာတ်မတည့်ခြင်းမဟုတ်

ပင်နီဆီလင်ဆေးနှင့်ပတ်သက်၍ ဆိုးကျိုးတုံ့ပြန်မှုတစ်ခုဖြစ်ပြီး နောက် ဆရာဝန်တစ်ဦး၏ ထင်မြင်ယူဆချက်အပေါ် အခြေခံ၍ ယင်းဆေးနှင့်ဓာတ်မတည့်ဟု ယူဆသူ အများစုသည် အမှန်တကယ်ဓာတ်မတည့်ခြင်းမဟုတ်ဟုသုတေသနအသစ်တစ်ရပ်က ဆိုထားသည်။ လူအများစုသည် ပင်နီဆီလင်ဆေးနှင့်မတည့်ပါက ထပ်မသုံးတော့ဘဲ အန္တရာယ်ပိုများသော ပိုးသတ်ဆေးများနှင့် ကုသမှုခံယူပြီး မလိုအပ်သောအန္တရာယ်နှင့် ကြုံတွေ့စေသည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောသည်။အမေရိကန် ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြားသည် ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ကြောင်း၊ သို့ရာတွင် ပင်နီဆီလင်ဆေးကြောင့် ပြင်းထန်သောတုံ့ပြန်မှု ရှိသည်ဟုဆိုသော လူ ၉၀ ရာခိုင်နှုန်းခန့်မှာ ၎င်းတို့ဘဝတစ်လျှောက်လုံး ဓာတ်မတည့်ခြင်းမဟုတ်ကြောင်း အမေရိကန်ရောဂါထိန်း ချုပ်တားဆီးရေးဌာန(CDC)က ပြောသည်။ သုတေသနပညာရှင်များသည် ပင်နီဆီလင်ဆေးနှင့် ဓာတ်မတည့်ဟုဆိုသော လူနာ
၁၅ ဦး ဆေးမှတ်တမ်းများကို လေ့လာခဲ့ကြသည်။ လူနာအားလုံးမှာ ဆေးဓာတ်မတည့်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပင်နီဆီလင်အကြောဆေးကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်ဟု သုတေသနပညာရှင်များက လေ့လာတွေ့ရှိသည်။

Monday, 9 November 2015

ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းတွင် နော်ဝေဦးဆောင်၊ အာရှတွင် စင်ကာပူက ထိပ်တန်းဖြစ်

 ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းအတွက် နိုင်ငံ၁၄၂ခုအား စစ်တမ်းကောက်ယူမှုတစ်ခုတွင် စင်ကာပူက အာရှတွင် နောက်တစ်ကြိမ် ထိပ်တန်းစာရင်း ၀င်လာပြန်သည်။

ကမ္ဘာ့အဆင့်တွင် စင်ကာပူက အဆင့် ၁၇ ရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ခုတက်လာသည်။ ကမ္ဘာလုံးဆိုင်ရာချမ်းသာကြွယ်ဝမှု အညွှန်းကိန်း 2015 Prosperity Index ကို လန်ဒန်အခြေစိုက် ပညာရှင်အကြံပေးအဖွဲ့ Legatum Institute က နိုဝင်ဘာ ၂တွင် ထုတ်ပြန်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင်မူ စင်ကာပူက အဆင့်-၃ နေရာတွင် ရှိနေခဲ့ပြီး နယူးဇီလန်က အဆင့်-၄နှင့် သြစတြေးလျက အဆင့်-၁၂ အသီးသီးရရှိထားသည်။

ကြိမ်၊ ဝါး ပစ္စည်းတွေကို ပြည်ပတင်ပို့ပြီး Made in Myanmar ဆိုတာကို သိစေမယ်လို့ ကြိမ်၊ ဝါး အသင်းပြော

ပြည်တွင်းထုတ် ကြိမ်၊၀ါးနဲ့ သစ်တောထွက် ပစ္စည်းတွေကို နိုင်ငံခြားဈေးကွက် အသစ်တွေမှာ တင်ပို့ရောင်းချနိုင်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကြိမ်၊၀ါးပစ္စည်း ထုတ်လုပ်ရောင်းချသူများ အသင်းက ပြောဆိုထားပါတယ်၊ လက်ရှိတင်ပို့နေတဲ့ ဈေးကွက်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကိုပဲ တင်ပို့နိုင်တာဖြစ်ပါတယ်။ အခုတိုးချဲ့သွားမယ့် ဈေးကွက်တွေထဲမှာ ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်က နိုင်ငံတစ်ချို့ပါဝင်လာပါတယ်။မြန်မာနိုင်ငံရဲ့ ကြိမ်၊ဝါး ထုတ်ကုန်ပစ္စည်းတွေကို စိတ်ဝင်စားလာတဲ့ နိုင်ငံတွေ ရှိလာတာကြောင့်ရယ် နောက်ပြီး ဒီပစ္စည်းတွေကြောင့်  Made in Myanmar ဆိုတာကို သိလာပြီး နိုင်ငံရဲ့ ခရီးသွား လုပ်ငန်းတွေမှာလည်း ပိုပြီးအကျိုးရှိ လာနိုင်တဲ့အတွက် ဈေးကွက်အသစ်၊ ဖောက်သည် အသစ် ရှာဖွေ ချဲ့ထွင် ကြိုးစားရတာလို့ ဆိုပါတယ်။