ရန်ကုန်မြို့ ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်းခွင့်ပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ထုတ်ပြန်ထာားသည်။အဆိုပါတံတားကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၄၀၅ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ယာဉ်သွားလမ်းအကျယ် ၁၁ ဒသမ ၅ မီတာ၊ လူသွားလမ်းနှစ်ဖက်ရှိပြီး တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ရေလမ်း ကင်းလွတ်တံတားအမြင့် ၁၆ ပေ ၅ လက်မ၊ တံတားခံနိုင်ဝန် ခွင့်ပြုတန် ၇၅ တန်ရှိပြီး အသွား/အပြန် နှစ်လမ်းသွားဖြစ်သည့် အဆိုပါ တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေသည် ကျပ် ၆ဒသမ ၁၅၃ ဘီလျံရှိသည်။
Thursday, 23 July 2015
မြန်မာ့မီးရထား၏ ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေ
မြန်မာ့မီးရထား၏ လက်ရှိအသုံးပြုနေသော ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရထားစက်ခေါင်း ၃၇၇ တွဲရှိပြီး ယင်းမှ သက်တမ်းလွန်များကို ပြည်ပမှ စက်ခေါင်း အသစ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာန အထွေထွေ မန်နေဂျာ ဦးဝင်းဦးက ပြောသည်။သက်တမ်းလွန်နေသည်ဟု ဆိုသော်လည်း သုံးစွဲ၍ အဆင်ပြေစေရန် ပြုပြင်ထားသည်ဟု လည်းဆိုသည်။
လက်ရှိတွင် ရထားစက်ခေါင်း ၃၇၇ တွဲရှိပြီး ယင်းမှ သက်တမ်းလွန်များကို ပြည်ပမှ စက်ခေါင်း အသစ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာန အထွေထွေ မန်နေဂျာ ဦးဝင်းဦးက ပြောသည်။သက်တမ်းလွန်နေသည်ဟု ဆိုသော်လည်း သုံးစွဲ၍ အဆင်ပြေစေရန် ပြုပြင်ထားသည်ဟု လည်းဆိုသည်။
Wednesday, 22 July 2015
ကော့ကရိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုများကြောင့် မြ၀တီ ကော့ကရိတ် လမ်းဟောင်းအနီး ကျေးရွာများမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားနေရဆဲဖြစ်

ကော့ကရိတ်မြို့နယ်တွင် DKBA အဖွဲ့ အချို့နှင့် အစိုးရစစ်တပ်တို့ ဖြစ်ပွားခဲ့သော ထိတွေ့ပစ်ခတ် မှုများကြောင့် မြ၀တီ-ကော့ကရိတ် လမ်းဟောင်းအနီးရှိ ကျေးရွာများမှ ကလေးငယ်များမှာ ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြား နေရဆဲဖြစ်ကြောင်း သိရသည်။
အသက် (၃၀) အရွယ် အမျိုးသမီးများ ဒီလိုအကျင့်လေးတွေ စတင်ပျိုးထောင် သွားရန်လိုအပ်

အမျိုးသမီးတစ်ယောက် အနေနဲ့ကတော့ အသက် (၃၀) ဆိုတာ ငယ်တော့တဲ့ အရွယ် မဟုတ်ပါဘူး။ သင်ဟာ ဘယ်လောက်ပဲနုပျိုနုပျို အသက် (၃၀)အရွယ်ရောက်ချိန်မှာတော့ အရင်က အကျင့်တစ်ချို့ကို ဖျောက်ပြီး ဘယ်လို အကျင့်စရိုက်မျိုးလေးတွေ မဖြစ်မနေ ရှိသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
အီရန်ကဲ့သို့ နျူစွမ်းအင် စွန့်မည်မဟုတ်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားသည် အီရန်ကဲ့သို့ အမေရိကန်နှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ကာ ကိုယ်ပိုင် နျူစွမ်းဆောင်ရည်များကို စွန့်လွှတ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန် ပြောကြားလိုက်သည်။
အမျိုးသမီးများ အဆင်ပြေပြေ အပေါ့သွားနိုင်စေမည့် Pee Buddy

ကျန်းမာရေးနှင့် မညီညွတ် မသန့်ရှင်းသော အများသုံး သန့်စင်ခန်းများတွင် အပေါ့သွားရန် ခက်ခဲသည့် ပြဿနာကို အိန္ဒိယတလွှားမှ အမျိုးသမီးထု ကျော်လွှားနိုင်ရန် ရည်ရွယ်ကာ Pee Buddy ခရီးဆောင် အပေါ့စွန့်အိတ်ကို အိန္ဒိယ စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုက ထုတ်လုပ် လိုက်သည်။
သ၀န်တိုတတ်သူများ အရက်သမား ဖြစ်နိုင်ခြေပိုများဟု လေ့လာမှုတစ်ခု ဖော်ပြ

တစ်စုံတစ်ဦးနှင့် ချစ်ကြိုက်နေစဉ် အတွင်း သ၀န်တိုစိတ်ဝင်ခြင်း နှင့် အရက်သောက်ခြင်း တို့ကြား ဆက်စပ်မှု ရှိနေကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပညာရေးကောလိပ် (DTED) ဝင်ခွင့် စတင်လျှောက်ထားနိုင်

ရန်ကင်းပညာရေးကောလိပ်အား တွေ့ရစဉ် Photo: foursquare page
ယခုနှစ်တက္ကသိုလ် ဝင်တန်းအောင်မြင်သူများ လျှောက် ထားနိုင်သည့် ပညာရေးကောလိပ် (DTED) ဝင်ခွင့်များကိုခေါ်ယူလိုက် ပြီဖြစ်ကြောင်း သိရသည်။
အထီးကျန် ဆန်သူများသည် လူမှုဆက်ဆံရေး ဖိအားကို မခံနိုင်
အထီးကျန် ဆန်သူများသည် အများသူငါကဲ့သို့ လူ့အရိပ်အကဲကို နားလည်သော်လည်း အခြားသူများနှင့် စကားပြောဆိုရခြင်း ဆိုသည့် ဖိအားကို မခံနိုင်ဘဲ ပြိုလဲနေသူများ ဖြစ်ကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ၀ယ်ယူထားသူ ၂၀ ကျော်ရှိ

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ထက်ရှိုင်း)
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို တင်ဒါခေါ်ယူထားရာ တင်ဒါလျှောက်လွှာဝယ်ယူထားသူ ၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှသိရသည်။
ဦးကိုကိုကြီးအပါအဝင် ငါးဦးကို တရားရုံးက ဒဏ်ငွေတစ်သောင်း ချမှတ်”.

တောင်ဥက္ကလာပမြို့နယ်တရားရုံးရှေ့တွင် တွေ့ရသော ဦးကိုကိုကြီး / ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ပုဒ်မ၁၉ဖြင့် အမူဖွင့်အရေးယူခံထားရသော ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး အပါအဝင် ငါးဦး၏အမှုကို တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က ယနေ့နေလည်ပိုင်းတွင် တရားရုံးသို့ လွှဲပို့ပြီးနောက် ချက်ချင်းပင် မြို့နယ် တရားသူကြီးက အမှုအား စစ်ဆေးခြင်းမရှိဘဲ အမိန့်ချမှတ်လိုက်သည်။
ခိုတောင်လူသတ်မှုတွင် ဒီအန်အေအထောက်အထားများအပေါ် အဓိကထားလျက် ယနေ့ ကြားနာမည်

ထိုင်းနိုင်ငံ ခိုတောင် အပန်းဖြေကျွန်းတွင် ဗြိတိန်လူငယ်စုံတွဲအား သတ်မှုဖြင့် စွပ်စွဲထားသောမြန်မာနိုင်ငံ သားရွှေ့ပြောင်း လုပ်သားနှစ်ဦးအမှုနှင့်ပတ်သက်၍ တရားခံရှေ့နေများက အရေးကြီးသည့် ဒီအန်အေအထောက်အထားများကို အဓိကထားလျက် ယနေ့တွင် အမှုဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
စစ်မှုထမ်းတာဝန်များ စတင် ထမ်းဆောင်တော့မယ့် ယန်ဟို

ကေပေါ့ နှစ်ယောက်တွဲ အမျိုးသားအဆိုတော်အဖွဲ့ TVXQ မှ ယန်ဟိုသည် ဇူလိုင် ၂၁ ရက်နေ့လယ်တွင် စစ်မှုထမ်းတာဝန်များ စတင်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက သတင်းထုတ်ပြန်သည်။
တရုတ်အရှေ့ပိုင်းတွင် ပေါက်ကွဲမှုကြောင့် (၃) ဦး သေဆုံး
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်တုန် ပြည်နယ်ထဲရှိ ပန်းခြံတစ်ခုတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ရာ ဖောက်ခွဲသူဟု သံသယရှိရသူ အပြင် အခြားလူနှစ်ဦးပါ သေဆုံးခဲ့ရကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
လိပ်ကျွန်း လူသတ်မှု ဆက်လက်ကြားနာ စစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းလူသတ်မှုကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြားနာမှု ပြန်လည် ဆောင်ရွက်ရာ တရား လိုပြ သက်သေများဘက်က အမှုစစ် ရဲမှူးကြီးကို ယနေ့ နံနက်ပိုင်းက စစ်ဆေးကြားနာခဲ့ကြောင်း၊ ထိုအမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။
IS အကြမ်းဖက်အဖွဲ့ အင်တာနက် ကဖေးဆိုင်များကို ထိန်းချုပ်နိုင်ရေးကြိုးပမ်း

အစ္စလာမ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် ရက်ကာမြို့တွင် ပုဂ္ဂလိက အိမ်များမှ အသုံးပြုနိုင်သည့် ကြိုးမဲ့ကွန်ရက် ချိတ်ဆက်မှုစနစ်ကို ပိတ်ပင်ပြီးနောက် မြို့တွင်းရှိ အင်တာနက် ကဖေးဆိုင်များအား ၀င်ရောက်စီးနင်းမှု များကို ပြုလုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။
ကာဇတ်စတန်တွင် ကမ်းခြေ၌ သေမင်းအသွင် ၀တ်ဆင်ပြီး သတိပေး

ကာဇတ်စတန်နိုင်ငံရှိ ကယ်ဆယ်ရေး သမားများသည် သေမင်းအသွင် ၀တ်ဆင်ပြီး ကမ်းခြေတွင် ရေကစားသူများ ဘေးကင်းလုံခြုံရေးကို လိုက်လံသတိပေးသည့် ပုံစံသစ်တစ်မျိုးကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် သြဂုတ်လမှ စတင်၍ ဆန်ရိက္ခာ လျော့ချမည်

ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-TBC)
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လာမည့် သြဂုတ်လမှစတင်၍ ဆန်ရိက္ခာလျော့ချ၍ ထောက်ပံ့ တော့မည် ဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်း၊ ကရင်ဒုက္ခသည်ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
အဖေ့ခြေရာ၊ အမေ့ခြေရာခံယူပွဲ ကျင်းပမည်
စစ်ကိုင်းမြို့နယ်၊ နန်းတည်နှစ် (၇၀၀) ပြည့် အထိမ်းအမှတ်အဖြစ် အဖေ့ခြေရာ၊ အမေ့ခြေရာ ခံယူပွဲ ကျင်းပမည်ဖြစ်သည်။
အများသုံး သောက်ရေကန်အတွင်း လူတစ်ဦး သေဆုံး
သုံးခွမြို့နယ်၊ တောစွန်းကျေးရွာရှိ အများသုံး သောက်ရေကန်အတွင်း လူတစ်ဦး ရေနစ်သေဆုံးမှုတစ်ခု ဇူလိုင်လ(၂၀)ရက် နေ့၊ ညနေ(၅)နာရီခန့်တွင် ဖြစ်ပွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
Subscribe to:
Posts (Atom)
