Monday, 29 June 2015

ကျူးကျော်အိမ် တစ်လုံးကို လုံခြုံရေးစရိတ် ကျပ်သုံးသောင်း ကောက်ခံသည်မှာ မဟုတ်မှန်ဟုဆို

လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ဘေးရှိ မြေနုကျွန်းပေါ်မှ ကျူးကျော်နေသူများ၏ လုံခြုံရေးကို ဆောင်ရွက် ပေးသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (PVA) က ကျူးကျော်နေအိမ်များကို လုံခြုံရေးစရိတ် တစ်အိမ်လျှင် ကျပ်သုံးသောင်း ကောက်ခံနေသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးသိမ်းဆန်းက The Voice သို့ ပြောကြားသည်။

သံတွဲနှင့်တောင်ကုတ်တွင် ရေကြီးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များ မစတင်နိုင်သေး

ရခိုင်ပြည်နယ် သံတွဲမြို့ တွင် သံတွဲချောင်းရေကြီးမှုမှာ ဇွန် ၂၆ ရက် ည ၁၂ နာရီတွင် ရေပြန်ကျသွား သော်လည်း ၂၇ ရက် နံနက် ၁ဝ နာရီတွင် ရေ ပြန်လည် မြင့်တက်လာကြောင်း သံတွဲဒေသခံများထံ မှ သိရသည်။

အလိုရမ္မက်ကြီးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ

လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရမလို ဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်သေးဘဲ တစ်ခုပြီးတစ်ခု တိုးတိုး တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန် ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာမှန်သမျှ အကုန် တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကို ထောက်ထားငဲ့ညှာပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင် တောင် တချို့တစ်ဝက်တော့ လိုက်လျောမှုတွေ ပြန်ပေးနေတာ တွေ့ရပါတယ်။

ပြည်မြို့၌ အုပ်စုဖွဲရိုက်နှက်ခံရသည့် ၁၇ နှစ် အရွယ်အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရ

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဇွန်လ(၂၇)ရက်န့ ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် အုပ်စု လိုက် ရိုက်နှက်မှုကြောင့် (၁၇)နှစ် အရွယ်မိန်းကလေးတစ်ဦးအား မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ဆေးရုံတင်ထားရကြောင်း သိရှိရသည်။

စင်ကာပူသို့ သူနာပြုလုပ်သားတရားဝင် ပြန်လည်စေလွှတ်နိုင်ရေး အေဂျင်စီအဖွဲ့ချုပ်စီစဉ်နေဟုဆို

စင်ကာပူတွင် သူနာပြုလုပ်ကိုင်နေသူအချို့ကို လုပ်ငန်းခွင်၌ တွေ့ရစဉ်(ဓာတ်ပုံ - todayonline.com) 
စင်ကာပူနိုင်ငံသို့ သူနာ ပြုလုပ်သား တရားဝင်ပြန်လည် စေလွှတ်ခွင့်ရရှိရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ် အကိုင်ရှာဖွေရေး  ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သ တင်းရရှိသည်။

မူးယစ်ဆေးဝါးမျိုးစုံပြည့်နှက်နေတဲ့ “ ၀ ” ဒေသနှင့် ကိုယ်ကျိုးရှာ မူးယစ်ရာဇာများ

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအများဆုံးထွက်ရှိနေတဲ့ ဒေသကိုပြပါဆိုရင် ရှမ်းပြည်နယ်အရှေ့မြောက် မှာရှိတဲ့ ၀ ဒေသကို လက်ညှိုးထိုးပြရမှာပါ။ ဒါပေမယ့် ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှု အပါအ၀င် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်လာတာ ၁၀ နှစ်ပြည့်လာပြီဖြစ်တဲ့အတွက် ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု မရှိတော့ဘူးဆိုပြီး ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၀ ဒေသမှာ တကယ်ပဲ ဘိန်းစိုက်ပျိုးမှုတွေမရှိတော့ဘူးလားဆိုတာ မသေချာပေမယ့်လို့ ယနေ့အချိန်အထိ ၀ ဒေသကနေ မူးယစ် ဆေးဝါးမျိုးစုံထွက်ရှိနေတုန်းပါပဲ။ ဒါကို ဖမ်းဆီးရမိတဲ့ ၀ ဒေသထွက် မူးယစ်ဆေးဝါးများက သက်သေခံနေ ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှု မရခဲ့သော်လည်း ပြင်ဆင် ရန်ကြိုးပမ်းမှု မှတ်တမ်း တင် ကျန်ရှိနေ မည် ဟု သူရဦးရွှေမန်းဆို

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုအောင်မြင်မှုမရခဲ့သော်လည်း ပြင်ဆင်ရန်ကြိုးပမ်းမှုမှာ မှတ် တမ်းတင် ကျန် ရှိနေ မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရ ဦးရွှေမန်း က ပြည်သူ များထံ ပြန်ကြားလိုက်သည်။

သမ္မတဓာတ်ပုံ သန့်စင်ခန်းအတွင်း ချိတ်ဆွဲသည့် ကျောင်းအုပ်ကြီးကို ခုံရုံးဖွဲ့စစ်ဆေး

ယင်းမာပင်ခရိုင်၊ ညောင် ပင်သာကျေးရွာ အခြေခံပညာမူ လတန်းကျောင်းတွင် ကျောင်းရုံး ခန်းအတွင်းရှိ နိုင်ငံတော်သမ္မတ ဓာတ်ပုံကို သန့်စင်ခန်းအတွင်း ချိတ်ဆွဲခဲ့သည့် ကျောင်းအုပ်ကြီး  ကို သက်ဆိုင်ရာ ပညာရေးဌာနက ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သ တင်းရရှိသည်။

ထိုင်ဝမ် ရေလွှာအပန်းဖြေဥယျာဉ် ပါတီပွဲတွင် မီးလောင်၊ လူ ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ်နိုင်ငံတွင် တနင်္ဂနွေနေ့က ဖော်မိုဆာ အပန်းဖြေဥယျာဉ်အတွင်း ပြုလုပ်သည့် ပါတီပွဲအတွင်း မီးလောင်မတော်တဆမှု ဖြစ်ခဲ့ရာတွင် မီးများမှာ ကပွဲလာ ပရိသတ်များအပေါ်သို့ ကျခဲ့သဖြင့် ဒဏ်ရာရသူ ၅၀၉ ဦးအထိ ရှိခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခုဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် တောင်ပိုင်းတွင် အငှားအိမ်ရာ ရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ အငှားအိမ်ရာရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ် နေ ကြောင်း သိရသည်။

မဲစာရင်း မမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့် ပြဿနာများဖြစ်နိုင်၍ ပါတီအားလုံးအနေဖြင့် မဲစာရင်း စိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်ဟုဆို

မဲစာရင်းမမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့်ပြဿနာများ ဖြစ်နိုင်၍ နိုင်ငံရေးပါတီအားလုံး အနေဖြင့် မဲစာရင်းစိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Myanmar Network Organization for Free and Fair Elections (MYN-FREL) မှ ဒေါ်ဇင်မာဦးက ပြောကြားသည်။

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ သုံးမည်ဟုဆို

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကိုအသုံးပြု၍ လျှပ်စစ်မီး မရရှိသေးသည့် ကျေးလက် ဒေသ များတွင် မဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ်ဓာတ်အားပေးရေးစနစ် (Off- Grid) စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ စတင်မည်ဖြစ်ကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ သိရသည်။

သမ္မတဦးသိန်းစိန် မွန်ဂိုလီးယားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်လုပ်ကိုင်လာသော မွန်ဂိုလီးယား သမ္မတ နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သုံးရက်ကြာ သွားရောက်လျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ပါတီတွင်း စည်းလုံးရေး ထိခိုက်နိုင်သောကြောင့် သမ္မတလောင်း ရွေးချယ်ထားမှုကို မထုတ်ပြန်သေးဟု ကြံ့ခိုင်ရေးပါတီဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သောကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်မည့် သမ္မတလောင်း မထုတ်ပြန်နိုင်သေးခြင်း ဖြစ် ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က The Voice သို့ ပြောကြားသည်။

Indiana မှာ ဆွေးနွေးကြတဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေး

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ အတွက် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတဲ့အချိန် နိုင်ငံရေး၊ စီးပွားရေး၊ တတ်သိပညာရှင်စတဲ့ ကဏ္ဍစုံကသူတွေ တွေ့ဆုံပြီး နှစ်နိုင်ငံစလုံးအတွက် အကောက်ပြုစေမယ့် ပေါ်လစီတွေ ချမှတ်နိုင်အောင် အမေရိကန် - မြန်မာဆက်ဆံရေး ညီလာခံကျင်းပတာဟာ ထိရောက်ကောင်းမွန်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်က ပြောပါတယ်။ အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်မြို့တော်၊ Indianapolis မြို့မှာ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး ညီလာခံအတွင်း သံအမတ်ကြီး ဦးကျော်တင်က အဲဒီပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လှေစီးပြေးဒုက္ခသည်တွေအရေးတွေကိုပါ အကျယ်တ၀င့် ဆွေးနွေးထား တာတွေကို ဒီသီတင်းပတ်ရဲ့ မြန်မာ့အရေးဆွေးနွေးခန်း အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထား ပါတယ်။

၁၀၅မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှု KIA လက်ချက်ဟု စစ်တပ်ပြော

တရုတ်- မြန်မာ နယ်စပ်ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် စနေ နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်ချက်ဟု စစ်တပ်ပိုင် မြ၀တီ သတင်းတွင် ဖော်ပြထားသည်။

Sunday, 28 June 2015

မရဲတရဲ ဈေးစနည်းနာနေသည့် ကျောက်ကုန်သည်များ

တန်ဖိုးအမြင့်ဆုံး  ယူရို ၁၂သန်းအထိ တန်ဖိုးရှိသောကျောက်စိမ်း တုံးကြီးတွေကြားမှာ   လက်နှိပ် ဓာတ်မီးများ၊ တိပ်များနှင့် ရေ ခွက်များကို ကိုင်ဆောင်ထားသည့် ကျောက်ကုန်သည်များက သူတို့၏ကံကြမ္မာကို ရှာဖွေ ကံစမ်းနေ ကြပါသည်။ သည်ကျောက်မျက် ရတနာပြပွဲသည် မြန်မာနိုင်ငံတွင် နှစ်စဉ်ဝင်ငွေအများဆုံးရသည့် ကျောက်မျက်ရောင်းချပွဲလည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသော နေပြည်တော် သည် ယခုလို ကျောက်မျက်ပြပွဲ များရှိလျှင် လူစည်မြဲဖြစ်ပါသည်။ သည်နှစ်ကတော့ ခါတိုင်းလို စည် ကားမနေပါ။ အကျင့်ပျက်ခြစားမှု များနှင့် အကျိုးအမြတ်ရနေသည် ဟု နာမည်ကြီးနေသော ကျောက် လောက ဈေးကွက်အတွင်း အ မြတ်ကြီးစားမှုတွေကို   တရုတ်အစိုးရက  ပြင်းပြင်းထန်ထန် ရှင်းလင်းရေးလုပ်ပြီးသည့်နောက်ပိုင်းမို့ ဖြစ်ပါသည်။

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်

လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။
ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။

ကိုဘာနီမြို့ကို အိုင်အက်စ်အပြင်းအထန် ထိုးစစ်ဆင်၊ ကာ့ဒ်တပ်ဖွဲများ ပြန်လည်တိုက်ထုတ်

တူရကီနယ်စပ်က မဟာဗျူဟာကျတဲ့ ကိုဘာနီမြို့ကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေက ဒုတိယအကြိမ် အပြင်းအထန်ထိုးစစ် ဆင်ခဲ့ပေမယ့် ဆီးရီးယားကာဒ့်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၇ ရက်နေ့ ပြောပါတယ်။ဒါပေမယ့် အိုင်အက်တို့ရဲ့ ထိုးစစ်အတွင်း အပြစ်မဲ့အရပ် သား ၂၀၀ ကျော် သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။