Thursday, 25 June 2015

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၀ ခန့်ရှိလာ

ဓာတ်ပုံ − ရိုက်တာ 
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိအချိန်ထိ ဖြစ်ပွားသူ ကိုးထောင် ကျော် နှင့် သေဆုံး သူ လေးဆယ်ဦးခန့် ရှိလာ ကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်နိုင်လျှင် ငြိမ်းချမ်းရေးရရန် ခက်ခဲမည်ဟု သူရဦးအောင်ကိုပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်ဆင်နိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲ များရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် သူရဦးအောင်ကိုက ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။

လူရိုင်းများ နေထိုင်တဲ့ကျွန်း

Indigenous လူမျိုးများဟာ ကမ္ဘာအနှံ့မှာ ရှိပြီး နေထိုင်အသက်ရှင်မှု ကွဲပြားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် အရီဇိုးနား ပြည်နယ်မှာ နေထိုင်မှုများပြီး အင်ဒီယန်း လူမျိုးလို့လည်း သိထားပါ တယ်။ သူတို့ရဲ့ ရုပ်ရည်ဟာ အနောက်တိုင်းနဲ့ မတူပဲ အာရှနဲ့ ပိုလို့ နီးစပ်ပါတယ်။ 

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင်ခမ်းနဲ့ အတွင်းရေးမှူး တို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။

ရှင်ဂျန်းမှာ ရဲဂိတ်ကို တိုက်ခိုက်မှု ၁၈ ဦး သေဆုံး

တရုတ် နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်က ရဲတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာ တစ်ခုက ဆိုပါတယ်။

ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီအလိုက် ယနေ့ မဲခွဲဆုံးဖြတ် အတည်ပြုမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) ပါ ပြင်ဆင်ချက်များပါရှိသည့် ဥပဒေမူကြမ်းကို ယနေ့ (ဇွန် ၂၅ ရက်) တွင် ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ် အတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် အခြေခံဥပဒေ ဘယ်နှစ်ရာခိုင်နှုန်းနဲ့ ပြင်ဆင်နိုင်သလဲ (အခြေခံဥပဒေ ပြင်ဆင်ရေး “ကကြီး” “ခခွေး”)

●ပြင်ဆင်ရေး ဒီဘိတ်●
လက်ရှိကာလမှာ ပြည်တွင်းက နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ နိုင်ငံတကာက လေ့လာသူတွေ အထူး အာရုံစိုက် စိတ်ဝင်စားနေတာကတော့ လွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်ပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အသီးသီးရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကလည်း စိတ်ဝင် တစား စောင့်ကြည့်ရတဲ့အနေအထား ဆိုရင်လည်း မမှားပါဘူး။ ကိုယ်စားလှယ်အချို့ရဲ့ ဆွေးနွေးချက် တွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ရည်ညွှန်း ဆွေးနွေးသွားကြတာတွေလည်း တွေ့ရှိ ရပါတယ်။ ပြောရရင် သမ္မတအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ်၊ အာဏာသုံးရပ် အညီအမျှ (အညီအမျှ) ခွဲခြားပြီး အပြန်အလှန်ထိန်းကျောင်းရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ် အမေရိကန် အခြေခံဥပဒေကို အတော်များများက ကိုးကားကြတာလည်း တွေ့ရှိရပါတယ်။

ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲသူအပေါ် သေဒဏ်စီရင်

ဘော်စတွန်မာရသွန်အပြေးပြိုင်ပွဲ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သူ Dzhokhar Tsarnaev ကို ၂၀၁၃ ခုနှစ်က လူ ၃ ဦးသေဆုံးပြီး၊ ၂၆၄ ဦး ဒဏ်ရာရခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုအတွက် တရားဝင် သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။

ဓားစာခံတွေ ပြန်ရွေးနိုင်ခွင့် အမေရိကန်ပေါ်လစီ အိုဘားမားပြောင်းလဲ

အမေရိကန်ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေနဲ့ စေ့စပ်ဖို့ ဒါမှမဟုတ် ပြန်ပေးငွေ ပေးပြီး ဓားစာခံတွေကို ပြန်ရွေးယူဖို့ ကြိုးစားတဲ့ မိသားစုတွေကို ရာဇ၀တ်မှုနဲ့ စွဲဆိုဖို့ ခြိမ်းခြောက်တော့မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။

နယ်ခြားစောင့်တပ်သား လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ မကြာမီ ဆွေးနွေးမည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI) 
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်လည်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် (BGB) အကြီးအကဲက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Wednesday, 24 June 2015

ကယားပြည်နယ်တွင်းရှိ သောက်သုံးရေ လုံလောက်မှုမရှိသည့် ကျေးရွာပေါင်း ၅ဝ ကျော်ကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

ကယားပြည်နယ် တွင်းရှိ သောက်သုံးရေလုံလောက် မှုမရှိသည့်ကျေးရွာပေါင်း ၅ဝ ကျော် ကို သောက်သုံး ရေ ရရှိရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကယားပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အမေရိကန် စစ်ပွဲသုံးလက်စွဲစာအုပ်က ဂျာနယ်လစ်များကိုလည်း တိုက်ခိုက်နိုင်ဟု လမ်းညွှန်ထား

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ပွဲစည်းမျဉ်းများနှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ်တစ် အုပ်ကို ထုတ်ပြန်ခဲ့ရာမှာ ရန်သူကို သတ်ဖြတ်သည့် လက်ခံနိုင်ဖွယ် နည်းလမ်းအသေးစိတ်ကို ဖော်ပြ ထားသည့်အပြင် ထိုစာအုပ် ထဲတွင် ဂျာနယ်လစ်များသည်လည်း အကြမ်းဖက်သမားများဖြစ်နိုင်ကြောင်း ပြောကြားထားသည်ဟု ဆိုသည်။

RCSS/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ ရွာသားများတိမ်းရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စု၊ ပန်ပိန်းကျေးရွာမှ ဒေသခံရွာသားများအား မေလ ၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် စုဆောင်းနေကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
အဆိုပါ ကျေးရွာအတွင်း နေထိုင်သော အသက် ၁၆ နှစ်အထက် အမျိုးသားများအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းခိုင်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ သူတို့အဖွဲ့က အယောက် ၂၀ လောက်ရှိတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူသစ်စုခိုင်းထားတယ်၊ အားလုံး ပေါင်းအယောက် ၅၀ စုခိုင်းထားတာ၊ ကျွန်တော်တို့ ဆက်ကြေးဆိုလည်း ပေးရတယ်၊ ကျွဲနွားတွေဆိုလည်း ဖမ်းသွား တယ်၊ ရွာပြင်မှာတွေ့တဲ့သူဆိုရင်လည်း အတင်းဖမ်းခေါ်သွားတာ၊ ခုလည်း လူသစ်စုခိုင်းပြန်ပြီ၊ ကျွန်တော်တို့ကို အမျိုးမျိုးနှိပ်စက်နေတယ်၊ သည်းမခံနိုင်တော့ဘူး၊ မိသားစုကိုခေါ်ပြီး တောင်ကြီးက အမျိုးတွေဆီသွားနေတော့မယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

မြန်မာ အမျိုးသမီး U -14 ကမ္ဘောဒီးယားကို ဂိုးပြတ် အနိုင်ယူ

ယနေ့ ဗီယက်နမ်နိုငငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် AFC U-14 အမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲ တွင် မြန်မာ အမျိုးသမီး U - 14က ကမ္ဘောဒီးယား အမျိုးသမီး U 14 အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ အမျိုးသမီး U -14 အသင်းသည် မနက်ဖြန် ဇွန်လ (၂၄) ရက်နေ့တွင် လာအို အမျိုးသမီး U -14 အသင်းနှင့် အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မားစ်ရောဂါကာကွယ်ရေး အာဆီယံနိုင်ငံများနှင့် ထိုင်း ပူးပေါင်းလုပ်ဆောင်မည်

အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ကာကွယ်တာ ဆီးရေးနှင့် ပတ်သက်ပြီး အရှေ့တောင် အာရှ နိုင်ငံများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက မနေ့က နေပြည်တော်တွင် ကျင်းပသည့် ၆ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ (အက်စ်မက်) ထိပ်သီးအစည်းအဝေးတွင်

ဘန်ကောက်ရဲအဖွဲ့အကြီးအကဲဟောင်း ဂျပန်လေဆိပ်တွင် ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း ဒုဗိုလ်ချုပ်ကြီး Kamronwit အား ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာ နိုင်ငံတကာလေဆိပ်တွင် လက်နက်တွေ့ရှိသည့် အတွက် ဂျပန်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဘန်ကောက်

သတ္တုတူးမှုရပ်ဆိုင်းရေး ကျောက်ကြီး မှာ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ

သတ္တုတူးမှုရပ်ဆိုင်းရေး ကျောက်ကြီး မှာ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ
2015-06-23 အီးမေးလ် မှတ်ချက်ပေးပါ ရှယ်ပါ ပုံနှိပ်ပါ
ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် kyaukgyi-mining-620.jpg
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေစဉ်
Photo: ဒေသခံတစ်ဦး
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးက မြေဧက ၇သောင်းနီးပါးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၄၀၀၀ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီကို သတ္တုတူးဖော်ခွင့် ပေးလိုက်တဲ့မြေနေရာတွေမှာ တောင်တွေပါဝင်ပြီး ဒေသခံတွေဟာ အဲဒီတောင်တွေကို မှီခိုနေကြတဲ့လူတွေဖြစ်တဲ့အတွက် ကန့်ကွက်တာလို့ ဒေသခံတစ်ဦးဖြစ်သူ မခင်စန်းဝေက ပြောပါတယ်။

မန္တလေးရတနာပုံတက္ကသိုလ်တွင် စာစဉ်အဖြေလွှာစာအုပ်များ ပြတ်လပ်

မန္တလေးရတနာပုံ တက္ကသိုလ် အဝေးသင်ဌာနတွင် စာစဉ်အဖြေလွှာ (Assignment)စာအုပ်များ အဖြေလွှာ တင်သွင်းရက် နောက်ဆုံးနေ့ မတိုင်မီအထိ အချိန်မီထုတ်ယူ၍ မရသဖြင့် အဝေးသင် ကျောင်း သား၊ ကျောင်းသူများ စာစဉ်ဖြေဆိုရာ၌ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီသော ရော်ဘာစိုက်ပျိုးနည်းစနစ်များ ရေးဆွဲ

ရော်ဘာစေး ထုတ်ယူနေသော လုပ်သားတစ်ဦး (ဓာတ်ပုံ − အောင်သစ်လွင်) 
ရော်ဘာစိုက်ပျိုးမှုအများ ဆုံး မွန်ပြည်နယ် မြို့နယ်လေးခုရှိ ရော်ဘာခြံငယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုများမှ ကောက်ယူထားသည့် အချက်အလက်များကို အခြေခံကာ မြန်မာ့ဈေးကွက်နှင့်ကိုက်ညီမည့် ထုတ်လုပ် စိုက်ပျိုးရေး နည်းစနစ်များကို ဇွန်လအတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေ့ခင်းကြောင်တောင် ဓားထိုးမှု ဒလမြို့တွင်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ် ကွက်၊ ဌေးအောင်ဖုန်းအရောင်း ဆိုင်ရှေ့တွင် ဇွန်လ ၂၂ ရက်  နေ့လယ်က လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။