ထမင်းဆာနေသည့်အချိန် မှာ ကိုယ်အကြိုက် ဆုံးဟင်းနှင့် စားရတာလောက် ဒီလောကကြီးမှာ ဇိမ်ကျသည့် စည်းစိမ်မရှိဟု ကိုခင်မောင်ညွန့်ကဆိုချင်သည်။ ကိုခင်မောင်ညွန့်က မြစ်ဝကျွန်း ပေါ် ဒေးဒရဲသား။ ထို့ကြောင့် ငါးရံ့အူလိုဟင်းမျိုးကို သိပ်ကြိုက်သည်။ ငါးရံ့အူဟင်းဆိုတာကလည်း ရန်ကုန်မှာ စားချင်တိုင်းစားလို့မရ။ ဈေးထဲမှာဝယ်လို့ရသည်ဆိုလျှင်တောင် မညှီအောင်ချက်တတ်ပြုတ်တတ်ဦးမှ။ သို့ မဟုတ်ပါက စားမကောင်း။
Tuesday, 2 June 2015
ကျပ်ခြောက်ဘီလီယံတန်ဖိုးရှိ စစ်မှုထမ်းဟောင်းအိမ်ရာ စီမံကိန်းများ ဆောက်လုပ်ရန် ပါဝင်လိုသူများ လက်ခံမည်ဟု တပ်ချုပ်ပြောကြား
ယခုနှစ်အတွင်း တည် ဆောက်မည့် စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများဆောက်လုပ် ရန် ပူးပေါင်းဆောင်ရွက်လိုသူ များအား လက်ခံမည်ဟု တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း နိုင်ငံပိုင်သ တင်းဌာနများတွင် ဖော်ပြသည်။
ဗိုလ်ချုပ်မှူးကြီးက ၂၀၁၅ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိ နှိုင်းအစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကားတင်သွင်းမှု ဟန်ဆောင်ဘဏ်စာရင်းဖွင့်ခွင့်ရပ်ဆိုင်းပြီး တရားဝင်ငွေလွှဲခွင့်ပြုသင့်ပြီလား
အပိုင်း(၄)
UMFCCIလေးလွှာအစည်းအဝေးခန်းမတွင် ကားအရောင်းအ၀ယ် ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Motors.com.mm ၀က်ဘ်ဆိုက် မှ ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲ တွင် ဆွေးနွေးဖြစ်ခဲ့သည်များမှ ကားတင်သွင်းမှု ဟန်ဆောင် ဘဏ်စာရင်းဖွင့်ခွင့် ရပ်ဆိုင်းပြီး တရားဝင်ငွေလွှဲခွင့်ပြုသင့်ပြီလားကို စတုတ္ထပိုင်းအဖြစ် ဆက်လက် ဖော်ပြလိုက်ပါတယ်။
ငွေစက္ကူအတုပြဿနာအဖြေရှာတွေ့ပြီလား
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်တစ်သောင်းတန်ငွေစက္ကူအ သစ်ကို လာမည့်ဇူလိုင် ၁ရက်တွင် ထပ်မံထုတ်တော့မည်ဖြစ်သည်။ပြည်တွင်း၌ ငွေအတုများ ပေါ်လာလျှင် လုံခြုံရေးအကြောင်း ပြကာ ငွေစက္ကူပုံစံသစ်ဖြင့်ထုတ် ဝေမှုမှာ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် နှစ်ကြိမ်ခန့်ရှိပြီ ဖြစ်သည်။ ကျပ်ငါးထောင်တန်ငွေ စက္ကူကို အတုပြုလုပ်မှုများလာ၍ ၂၀၁၄ အောက်တိုဘာက လုံခြုံ ရေးတိုးမြှင့်ပြီး ဒီဇိုင်းအနည်းငယ် ပြောင်းကာ အသစ်ထုတ်ဝေခဲ့ သည်။ ယခုတစ်ကြိမ်တွင်လည်း ၂၀၁၂ ဇွန်လက ထုတ်ဝေခဲ့သော ကျပ်တစ်သောင်းတန်ငွေစက္ကူအ တုပြုလုပ်မှု များလာ၍ အသစ် ထပ်မံထုတ်လုပ်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း သင်္ဘောနစ်မြုပ်မှု လူ ၄၀၀ ကျော်ပျောက်ဆုံးနေ
တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း သင်္ဘောတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ လူ ၄၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဟူဘိုင်ဒေသရှိ ယန်ဇီမြစ်အတွင်းတွင် အဆိုပါ သင်္ဘောသည် ပြောင်းပြန် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။ Eastern Star အမည်ရှိ သင်္ဘောသည် မတော်တဆမှု မဖြစ်ပွားမီတွင် အရေးပေါ် အခြေအနေအတွက် အကူအညီ တောင်းခံမှု မရှိခဲ့ဟုလည်း သိရသည်။
ဇွန် ၁ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ခရီးသည် အချို့က ကမ်းခြေထိ ကူးခတ်ပြီး ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ ရုပ်အလောင်း ၅ လောင်းကို ဆယ်ယူထားပြီး သင်္ဘော ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ အပါအဝင် လူ ၁၃ ဦးကို ကယ်တင်ထားကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံးတွင် သက်သေခံကတ်မရှိသူ ၁၁ သန်းကျော်ရှိ
သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင် မည်သည့်သက်သေခံကတ် မှ ကိုင်ဆောင်မထားသူ လူဦးရေ ၁၁ သန်းကျော်ရှိပြီး အစိုးရသစ် လက်ထက်တွင် နိုင်ငံသားစိစစ် ရေးကတ်ပေါင်း ၅၇ သိန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
နိုင်ငံသားစိစစ်ရေးကတ်မရှိ သူများအား အစိုးရသစ်လက် ထက်တွင် မိုးပွင့်စီမံကိန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ လက် ရှိအချိန်ထိ ကတ်ပေါင်း ၅၇ သိန်း ကျော်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောသည်။
‘‘အခု မဲအတွက် ရည်ရွယ် ပြီး (၁၈)နှစ်အထက်တွေ မကျန် အောင်ဆိုပြီးတော့ ကွင်းဆင်းလုပ် ပေးတာ မေလ ၂၈ ရက်အထိ ၁၅ သိန်းကျော်ပြီးသွားပြီ။ ဒီအစိုး ရသစ်လက်ထက်မှာ မိုးပွင့်စီမံ ကိန်းအနေနဲ့ လုပ်ပေးတာက ၄၂ သိန်းပြီးသွားပြီ။ အားလုံးဆိုတော့ ကျွန်တော်တို့ ၅၇ သိန်းထုတ်ပေး ပြီးသွားပြီ’’ဟု ဦးတင်ချယ်က ပြော သည်။

လူကိုပြင်မှာလား မူကိုပြင်မှာလား
ကျွန်တော် ကျန်းမာရေး ဝန်ထမ်းဘဝနဲ့ နှစ်ပေါင်း ၂၀ ကျော် နေခဲ့ဖူးပါတယ်။ ထိတွေ့မှု အများဆုံးကတော့ သူနာပြု၊ ဆရာဝန်တွေနဲ့ပါ။ တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်ကိုင်ပေးခဲ့ကြပေမယ့် မဝရေစာ၊ မလောက်မငလစာလေးတွေကြောင့် ဝါသနာပါရာ အလုပ်ကို ကျောခိုင်းခဲ့ကြရသူတွေအများကြီးပါပဲ။ နိုင်ငံတော်အများကြီးနစ်နာပါတယ်။ နစ်နာရကောင်း မှန်းလည်း မသိဘဲ ငကန်းသေငစွေပေါ်မဟဲ့ဆိုတဲ့ခံယူချက်နဲ့ လည်ပတ်နေပါတဲ့ ကျန်းမာရေး လောကကြီး ဆန့်ငင်ဆန့်ငင်နဲ့ ဆိုတာအခုလက်ရှိ ကျန်းမာရေး ဝန်ထမ်းတွေအသိဆုံးနေမှာပါ။
ပြိုင်ဘက်များနှင့် အဆင့်ကွာဟချက် ကြီးကြီးမားမား ရှိနေဆဲဟု မြန်မာ ယူ-၂၀ နည်းပြချုပ် ဝန်ခံ
ယူကရိန်းကို ဂိုးပြတ် အရေးနိမ့်ခဲ့သည့်နောက် မြန်မာ ယူ-၂၀ အသင်းသည် အခြားပြိုင်ဘက်များနှင့် အဆင့်အတန်းကွာဟမှု ကြီးကြီးမားမား ရှိနေဆဲဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဝန်ခံ ပြောကြားလိုက်သည်။
တောင်အာဖရိကတွင် ခြင်္သေ့အကိုက်ခံရပြီး အမေရိကန် အမျိုးသမီးတစ်ဦး သေဆုံး
တောင်အာဖရိက နိုင်ငံရှိ ဆာဖာရီ ဥယျာဉ်တစ်ခုထဲတွင် အမေရိကန် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦး ခြင်္သေ့ကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးသည် သဘာဝ ဥယျာဉ်အတွင်း မော်တော်ကားဖြင့် လှည့်ပတ်ကြည့်ရှုနေရင်း မှန်ချထားစဉ် ခြင်္သေ့က ခုန်ဝင်လာပြီး ကိုက်ခဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဂျိုဟန်နာ့စ်ဘာ့ဂ်တွင် ဇွန် ၁ ရက်က ဖြစ်ပွားသည့် ဖြစ်ရပ်တွင် အခြားအမျိုးသား တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။
အီဂျစ် သမ္မတဟောင်း မော်စီကို ဖြုတ်ချဖယ်ရှားအပြီးတွင် လူပေါင်း ၂,၆၀၀ အသက်သေဆုံးခဲ့ရဟုဆို
၂၀၁၃ ခုနှစ်က နိုင်ငံ၏ သမ္မတဟောင်း မိုဟာမတ် မော်စီကို ဖြုတ်ချဖယ်ရှားမှုနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများတွင် အနည်းဆုံး လူပေါင်း ၂,၆၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်ဟု အီဂျစ် လူ့အခွင့်အရေး အေဂျင်စီ တစ်ခုက ပြောကြားခဲ့သည်။အီဂျစ် အမျိုးသား လူ့အခွင့်အရေး ကောင်စီ၏ အကြီးအကဲ မိုဟာမတ် ဖာယက်က တနင်္ဂနွေနေ့ တွင် ပြောကြားချက်အရ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်နှင့် ဒီဇင်ဘာ ၃၁ ရက်ကြားကာလတွင် လူပေါင်း ၂,၆၀၀ ခန့် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။
ထိုသေဆုံးသူများအနက် ထက်ဝက်ခန့်မှာ မော်စီကို ထောက်ခံသူများ ဖြစ်သည်ဟု သိရသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက် တစ်ရက်တည်းတွင် မြို့တော်ကိုင်ရိုမှ ထိုင်သပိတ်အတွင်း မော်စီကို ထောက်ခံသူ အနည်းဆုံး ၆၀၀ ခန့် အသတ်ခံခဲ့ရ သည်ဟု ဆိုသည်။

ဗီယက်နမ်နှင့် အမေရိကန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ် ပင်လယ်ကျွန်းများအရေး ဆွေးနွေး
အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာသည် ဇွန် ၁ က ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးနှင့်
ဆွေးနွေးပွဲများအတွင်း တောင်တရုတ်ပင်လယ်တွင် ကျွန်းများ တည်ဆောက်ရေး အဆုံးသတ်ရန် ၎င်း၏တောင်းဆိုမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ ဗီယက်နမ်သည် ၎င်း၏ ကျွန်းများကို ချဲ့ထွင်ခြင်း မရှိကြောင်း ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကာတာနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ကွန်သန်တို့သည် နှစ်နိုင်ငံကြား အနာဂတ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန်မည့် Joint Vision Statement သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယန်ဇီမြစ်အတွင်း သင်္ဘောနစ်မြုပ်ရာ လူပေါင်း ရာနှင့်ချီ ပျောက်ဆုံးနေလျက်ရှိ
တရုတ်နိုင်ငံတောင်ပိုင်း ဟူဘေးပြည်နယ် ယန်ဇီမြစ်အတွင်း လေပြင်းမုန်တိုင်းတိုက်၍ ခရီးသည် ၄၅၀ ကျော် တင်ဆောင်လာသည့် သင်္ဘောနစ်မြုပ်ခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ ပျောက်ဆုံးလျက်ရှိသည်။
သဘောင်္နစ်မြုပ်မှုကို ကယ်ဆယ်ရေးများဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအထိ လူအနည်းဆုံးသေဆုံးပြီဟု သိရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
သင်္ဘောက မနစ်မြုပ်မီ ကယ်ဆယ်ရေးသင်္ကေတ SOS ပေးပို့ခဲ့ခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ပြည်သူ့ဆန္ဒနှင့် ထပ်တူကျမည့် ရွေးကောက်ပွဲဖြစ်မည်ဟု သမ္မတပြော
ယခုနှစ်ကုန်ပိုင်းအတွင်း ကျင်းပရန်လျာထားသည့် အထွေထွေရွေးကောက်ပွဲတွင် အစိုးရအဖွဲ့အနေဖြင့် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းမည်ဖြစ်သလို ရွေးကောက်ပွဲရလာဒ်သည် ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမည်ဟု ယုံကြည်နေကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်သည်။
"ပြည်သူလူထုရဲ့ ဆန္ဒမှန်ကိုထင်ဟပ်မယ့် ကိုယ်စားလှယ်အသီးသီး ပေါ်ထွက်လာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်" ဟု ၂၀၁၅ခုနှစ်၊ ဇွန်လ ၂ရက်က ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က ပြောသည်။
ဖမ်းမိသော ဘင်္ဂါလီ ၇၀၀ ကျော်ကို ဆန္ဒအတိုင်း ပင်လယ်ပြင်သို့ ပြန်ပို့မည်
ဖျာပုံမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်ပိုင်နက် တွင် ဖမ်းမိသော ဘင်္ဂါလီ ၇၂၇ ဦး အား ၎င်းတို့၏ ဆန္ဒအတိုင်း စတင်ထွက်ခွာလာသည့် ပင်လယ်ပြင် ရေပိုင်နက်သို့ တပ်မတော် (ရေ) အစောင့်အရှောက်ဖြင့် ပြန်ပို့ရန် စီစဉ်နေကြောင်း အစိုးရက သ တင်းထုတ်ပြန်သည်။
ဇွန်လ ၁ ရက် ည ၈ နာရီသတင်းအပြီးတွင် မြန်မာအစိုးရက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဘင်္ဂါလီများကို ဖျာပုံမြို့နယ် တင်ပလွဲကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာအရှေ့ဘက် ရေမိုင် ၃၀ အကွာ မြန်မာ့ပင်လယ် ပြင်ပိုင်နက်တွင် မေလ ၂၉ ရက်ကဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်သံရုံးတွင် ပြည်ဝင်ခွင့် လျှောက်လွှာ လက်မခံတော့
ဗြိတိသျှသံရုံး(ရန်ကုန်) တွင် ဗြိတိန်ပြည်ဝင်ခွင့်လျှောက် လွှာများ လက်ခံတော့မည်မဟုတ် ဘဲ လက်ခံမည့် စင်တာအသစ်ကို သီတင်းနှစ်ပတ်အတွင်း ဖွင့်လှစ် သွားမည်ဟု သတင်းရရှိသည်။
ဗြိတိန်ပြည်ဝင်ခွင့်လျှောက် လွှာလက်ခံမည့် စင်တာအသစ် မဖွင့်မီ မြန်မာနိုင်ငံတွင် ဗြိတိန် ပြည်ဝင်ခွင့် လျှောက်ထားနိုင် မည်မဟုတ်ဘဲ အရေးတကြီး လျှောက်ထားလိုသူများ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့သို့ သွား ရောက်လျှောက်ထားရမည်ဖြစ် ကြောင်း ဗြိတိန်သံရုံးက သတင်း ထုတ်ပြန်သည်။
‘‘ထိုင်းနိုင်ငံက UKVI ဆင်းလာပြီးတော့ ပြည်ဝင်ခွင့်နဲ့ပတ်သက်တဲ့ အပြောင်းအလဲတချို့ ရှင်းပြဖို့ သံရုံးကို ဖိတ်ခေါ်ထားတယ်။ ပြည်ဝင်ခွင့်လက်ခံတဲ့ စင်တာအသစ်က ပုဂ္ဂလိကဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေ ပိုမိုရရှိလာမယ်ထင်ပါတယ်’’ ဟု Crown Edu-cation ပညာရေး ဝန်ဆောင်မှုလုပ်ငန်းမှ ဦးအောင်ကျော်ဆန်းက ပြောသည်။

လှေစီးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဒီချုပ်ကြေညာချက် ထုတ်ပြန်
လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေး၊ စားဝတ်နေရေး ပြဿနာများကို ကူညီဆောင်ရွက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက်တစ် စောင်ထုတ်ပြန်သည်။
ဘုန်းတော်ကြီး ဒလိုင်းလား မားက သြစတြေးလျသတင်းစာ တစ်စောင်မှတစ်ဆင့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် လှေစီး ဒုက္ခသည်များအရေးတွင် နှုတ် ဆိတ်မနေသင့်ကြောင်း မေလ ၂၈ ရက်က တိုက်တွန်းခဲ့သည်။ ယင်းသို့ တိုက်တွန်းချက်နှင့် တိုက်ဆိုင်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ ၁ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ဦးကျော်သူ ရွေးကောက်ပွဲ ၀င်မည်
အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားတဦး ဖြစ်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင်နေသူ ဦးကျော်သူက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သို့မဟုတ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့မှ ၀င်ရောက်မည်ဟု သိရသည်။
ဦးကျော်သူက ပါတီတခုခု ကိုယ်စားပြု၍ ယှဉ်ပြိုင်ရန် သို့မဟုတ် တသီးပုဂ္ဂလ အနေဖြင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် မချရသေးသော်လည်း ပါတီတခုခုကို ရွေးချယ်ရမည်ဆိုပါက လူထုနှလုံးသား ပါတီတခုမှ ၀င်ရောက် ရွေးချယ် ခံမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့က ဧရာဝတီသို့ ပြောသည်။
မြေစာတင်ယာဉ်တိုက်၍ သေဆုံးသော လူငယ်အတွက် ကျပ်သိန်း ၁,၃၀၀ လျော်ကြေးပေးရန် သဘောတူ
ဖားကန့်ဒေသရှိ ကတေ မှော်တွင် မြတ်ယမုံကုမ္ပဏီ၏ မြေ စာတင်ယာဉ်တိုက်မိ၍ သေဆုံးသွားသည့် လူငယ်အတွက် ကျပ်သိန်း ၁,၃၀၀ လျော်ကြေးပေးရန် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် ကုမ္ပဏီတို့က ဇွန်လ ၁ ရက်တွင် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့တော့ လျော်ကြေးသ ဘောတူစာချုပ်တော့ ချုပ်ထားပြီ။ ပိုက်ဆံတော့ သန်ဘက်ခါမှ ပေး မယ်တဲ့’’ဟု ကချင်အမျိုးသားလူမှု ဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။
မေလ ၃၀ ရက်က မြတ်ယမုံ ကုမ္ပဏီမှ မြေစာတင်ယာဉ်သည် ဆွတ်အောင်ကျေးရွာ အ၀င်ဝ လမ်းတွင် အသက် (၂၀) ကျော်အ ရွယ် ရေမဆေးကျောက်ရှာဖွေသူ ဂွမ်ရတ်အောင်ဆိုသူ မောင်းနှင် နေသည့် ဆိုင်ကယ်ကို ၀င်တိုက်ခဲ့ ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားနှစ်ဦး ရွှေတုံးအတုများရောင်းချပြီး ဒေါ်လာသုံးသိန်းခန့် လိမ်လည်ထွက်ပြေး
ရွှေတုံးအတုများကို အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ဖြင့် လိမ်လည်ရောင်းချသွားသော တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီး ရမိနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မေလ ၂၅ ရက်က ရန်ကုန် မြို့ ဗိုလ်အောင်ကျော်လမ်းတွင် တရုတ်နိုင်ငံသား နှစ်ဦးသည် ရွှေ တစ်ကျပ်သား အစစ်တစ်တုံးလျှင် ကျပ်သုံးသိန်းခန့်ဖြင့် ဈေးလျှော့ ရောင်းချပြီး အခြား ရွှေတုံးအတု ၁၇၉ တုံးကို မေလ ၂၉ရက်က လိမ်လည် ရောင်းချခဲ့ခြင်းဖြစ် သည်။‘‘နယ်စပ်ဖြတ်ကျော်မှုခင်း ဌာနနဲ့ ရဲချုပ်ဆီ အကြောင်းကြား ပြီးပြီ။ နယ်စပ်ဖြတ်ကျော်မှုခင်းဌာနကနေ အင်တာပိုလ်ကို ချိတ် ဆက်လိုက်မယ်’’ဟု ဗိုလ်တ ထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝေက ပြောသည်။
Subscribe to:
Posts (Atom)