မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Friday, 24 April 2015
ဒေသခံကျေးရွာများအနီးတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆက်တိုက်ပြုလုပ်
ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၊ ဒေသခံရွာသား ၂ ဦးသည် တောင်ယာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် သွားရောက်စဉ် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆင်းရဲနွမ်းပါးမှု လျော့ချရန် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကမ္ဘာ့ဘဏ် အတိုးမဲ့ ထုတ်ချေးမည်
ပုဂံညောင်ဦးမြို့ရှိ ထင်းခြောက်ထမ်းရောင်းနေသည့် အမျိုးသားကြီးတစ်ဦး အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း လျော့ချရန် အဓိက ရည်ရွယ်လျက် အခြားသောကဏ္ဍစုံတွင် ကူညီထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀၀ ကို ကမ္ဘာ့ဘဏ်က အတိုးမဲ့ ထုတ်ချေးမည်ဟု ဧပြီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကမ္ဘာ့ဘဏ် က မြန်မာ ကို ဒေါ်လာ သန်း ၁၆၀၀ ချေးငှား ထောက်ပံ့
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရန်ကုန်တိုင်း တွင်းက ဆေးရုံကို လာရောက်လေ့လာခဲ့စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)
ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံကို နှစ်ပေါင်း (၃၀)ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာသန်း (၁၆၀၀) အတိုးမဲ့ ထုတ်ချေးမယ်လို့ ဧပြီလ ၂၃ ရက်နေ့က ကြေညာလိုက်ပါတယ်။ သုံးနှစ်အတွင်း တိုင်းပြည် ရဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ တိုးမြှင့်လာအောင် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။
ဆက်လက်ဖတ်ရှုပါရန် »
ချင်းတက်အကြောင်း သိကောင်းစရာ
ဆယ့်နှစ်ရာသီ အလှည့်အပြောင်းကာလ ဆောင်းရာသီရောက်လျှင် အအေးပတ်၊ နှာစေး၊ ချောင်းဆိုး ရောဂါက နေ့စဉ်အလုပ်လုပ် နေကြသော လူသားတို့ကို ဘေးဒုက္ခ ပေးတတ် သည်။ ရေချိုးမှား ရာမှ အဖျား ရောဂါ ပူးတွဲပါဝင်လာသည်။
ဆက်လက်ဖတ်ရှုပါရန် »
အာဆီယမ်လူထုဖိုရမ် ကျင်းပနေ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံ အဖွဲ့ရဲ့ ထိပ်သီး ညီလာခံ မတိုင်ခင် အာဆီယံ နိုင်ငံတွေက လူမှုအခြေပြု အရပ်ဖက် အဖွဲ့အစည်း တွေဟာ ASEAN People’s Forum လို့ ခေါ်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပနေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လာမည့်နှစ်မှ စ၍ အဋ္ဌမတန်း ကျပါက ပြန်ဖြေသည့်စနစ် မရှိတော့
လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစတင်ကာ အဋ္ဌမတန်းကျောင်းသား ကျောင်းသူများ စာမေးပွဲ ကျရှုံးပါက ကျရှုံးသည့် ဘာသာရပ်ကို ပြန်လည်ဖြေဆို (ကုစား) ပေးသည့်စနစ် မရှိတော့ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူး (ပညာ) မှ ဒေါ်စန်းစန်းရီက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
နေပြည်တော်ရှိ လယ်ယာမြေပြဿနာများ စာရင်းပြုစုပြီးပါက တစ်လ အတွင်း ဖြေရှင်းမည်ဟုဆို
နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ရှိသည့် နေပြည်တော်ကောင်စီ နယ်မြေတွင် ဖြစ်ပွား နေသည့် လယ်ယာမြေပြဿနာများကို စာရင်းကောက်ယူပြီး တစ်လအတွင်း ဖြေရှင်းမည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာလယ်သမားများကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ဖြင့် ကမ္ဘာ့ဘဏ် ချေးမည်
မြန်မာတောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကို အထောက်အကူပြုရန် နှစ်ရှည်ချေးငွေအဖြစ် အမေရိ ကန် ဒေါ်လာ သန်း ၁၀၀ ကို အတိုးမဲ့ချေးငွေအဖြစ် ကမ္ဘာ့ဘဏ်မှ မြန်မာအစိုးရသို့ နှစ်ရှည်ထုတ်ချေး ပေးသွားမည်ဟု ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရခိုင်ပြည်နယ်ကို ကောင်းကျိုးမပြုဘဲ RSO ဘင်္ဂါလီများနှင့် ပူးပေါင်းနေသည့် သောင်းကျန်းသူ(AA)အဖွဲ့ကို လုံးဝ လက်မခံနိုင်ကြောင်း ဒေသခံများ ပြောကြား
တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ပွားပြီးနောက် ထွက်ပြေး ဆုတ်ခွာသွားကြတဲ့ ရခိုင်သောင်းကျန်းသူ ၅ ဦးကို ဧပြီလ ၁၉ ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ညောင်ပင်လှရွာအနီးမှာ လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဆုတ်ခွာသွားတဲ့ ရခိုင်သောင်း ကျန်းသူများနောက်ကို တပ်မတော် စစ်ကြောင်းမှ လိုက်လံရှင်းလင်း စဉ် ဒေသခံရခိုင်ပြည်သူများမှ သောင်းကျန်းသူများ ပုန်းအောင်းနေသည့်
နေရာကို လာရောက်သတင်းပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ အဖွဲ့ ၁၂ ဖွဲ့သာ တက်ရောက် ရန် ဖိတ်ကြား
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ဆုံးဖြတ်မည့် တိုင်းရင်းသားညီလာခံသို့ တက်ရောက်ရန် လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့သာ ဖိတ်ကြားထားကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး အဖွဲ့ NCCT ထံမှ သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
လာမည့်နှစ်မှစ၍ အဋ္ဌမတန်း ကုစားစာမေးပွဲများ စစ်ဆေးပေးမည် မဟုတ်ဟုဆို
ပညာရေးဝန်ကြီးဌာနက တိုင်းစစ်စာမေးပွဲအဖြစ် ကျင်းပသော အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် အဆင့် D ရရှိခဲ့သူများကို လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ကုစားစာမေးပွဲများ ပြန်လည် စစ်ဆေးပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
“ ပြဿနာ အားလုံးရဲ့ ဆုံချက်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ”
စည်သူအောင်မြင့်
အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ လွှတ်တော် နာယကကြီး သူရဦးရွှေမန်း ကတိပြုထားတဲ့ လာမယ့် မေလထဲမှာ ဖွဲ့စည်းပုံ ပြင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မဖြစ်မြောက်နိုင်တော့ဘူးဆိုပြီး ဝေဖန်ကြတဲ့ သတင်း၊ သမ္မတ ဦးသိန်းစိန် မျှော်လင့်ထားတဲ့ ဧပြီလ ထဲမှာ တစ်တိုင်းပြည်လုံး အပစ်ရပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ဧပြီ တင်မက မေလ အတွင်းမှာတောင် ရေးထိုးနိုင်ဖို့ မသေခြာသေးဘူး ဆိုတဲ့ သတင်းတွေဟာ ထင်ရှားပါတယ်။ တဆက်တည်း ဖွဲ့စည်းပုံပြင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မကျင်းပနိုင်ဘူးဆိုရင် တိုင်းပြည်မှာ ဘာ ဆက်ဖြစ်နိုင်မလဲ၊ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်မရေးထိုးနိုင်ဘူး ဆိုရင် ဘာအကျိုးဆက်တွေ ပေါ်ပေါက်လာမလဲ ဆိုတာကလည်း စိတ်ပူစရာပါ။ ဒီ ပြသနာတွေနဲ့ တစ်ကြိမ် ကျင်းပပြီးသွားပြီဖြစ်တဲ့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲ ဘယ်လို ဆက်စပ်နေသလဲ၊ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်ရေးဟာ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးနေပြီလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဆက်လက်ဖတ်ရှုပါရန် »
ရန်ကုန်မြို့အပါအ၀င် နေရာအနှံ့အပြား၌ လေပြင်းများတိုက်ခတ်၍ နေရာအချို့၌ မိုးသည်းထန်စွာ ရွာသွန်း
ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က လေပြင်းများ တိုက်ခတ်သဖြင့် ရန်ကုန်-ပြည်လမ်းတွင် သစ်ပင်များလဲကျနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ အပါအ၀င် နေရာအနှံ့အပြား၌ လေပြင်းများ တိုက်ခတ်ပြီး နေရာအချို့တွင် မိုးသည်းထန် စွာရွာသွန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပြည်ခရိုင်အတွင်း အမြင့်ဆုံးချမှတ်သည့် ပြစ်ဒဏ်အဖြစ် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ကိုရဲကျော်သူအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်
တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုရဲကျော်သူ(ခ) ကိုပဲပဲ အား ပန်းတောင်းမြို့နယ် တရားရုံး ရှေ့တွင် တွေ့ရစဉ်
တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုရဲကျော်သူ (ခ) ကိုပဲပဲအား ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တရားသူကြီး ဦးဌေးအောင်က ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ စီရင်ချက်ချခဲ့ပြီး ပြည်ခရိုင်တွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖုန်ကြားရှင်ပြေးပြီ
မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းလောက်ကိုင်ဒေသတွင်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ကျူးကျော် သောင်းကျန်းသူတပ်များ၏ တိုက်ပွဲများကြာမြင့်လာခဲ့ပြီးနောက် ယခုအခါတွင် မြန်မာ့တပ်မတော် တပ်ရင်းများ က ဖုန်ကြားရှင် ၏တပ်စခန်းများအား ဆက်တိုက်သိမ်းယူ ခဲ့ခြင်းကြောင့် ကိုးကန့်သောင်းကျန်းသူခေါင်းဆောင်ဖုန်ကြားရှင် အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မကြာခင်အချိန်တွင်းမှာပင် ကိုးကန့်တိုက်ပွဲပြီးဆုံးကြောင်းကို တပ်မတော်မှ ကြေငြာတော့မည် ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖမ်းဆီးခံ ရွှေပြည်သာ ဆန္ဒပြအလုပ်သမားများ လွတ်မြောက်ရေး အလုပ်သမားနေ့တွင် ဆန္ဒပြမည်
ရွှေပြည်သာ မြို့နယ်တွင် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြခဲ့သည့် အလုပ်သမား ခေါင်းဆောင်နှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ၅ ဦး လွတ်မြောက်ရေးအတွက် အလုပ်သမားနေ့ (မေ ၁ ရက်) တွင် ရွှေပြည်သာမြို့နယ်၌ အလုပ်သမားများက ဆန္ဒပြတောင်းဆိုမည်ဟု အလုပ်သမား မသန္တာအေးက မဇ္ဈိမကို ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်း
မန္တလေး ကုသိုလ်တော်ဘုရားဝန်းကျင်တွင် အပူရှောင်နေသူများကို ဧပြီ ၂၁ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
စစ်အရှိန်တိုးမြှင့်လာစေရန် KIA မှ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာနှင့် လက်ဝါးကြားတွင် တပ်မတော် စစ်ကြောင်းအား အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဒွန်ဘန်ကျေးရွာနှင့် လက်ဝါးကျေးရွာကြားတွင် ပုံမှန်သွားလာ လျှက်ရှိသော တပ်မတော်ယာဉ်တန်းအား ယနေ့ မနက်(၁၀)နာရီ မိနစ်(၂၀)ကြားတွင် စစ်အရှိန်တိုးမြှင့် လာစေရန် KIA မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
အစိုးရတပ်မတော်ယာဉ်တန်း ကို ကေအိုင်အေ မိုင်းခွဲတိုက်ခိုက်
လုံခြုံရေးကင်းလှည့်နေသော စစ်သားများကို တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအနီးမှာ ဒီနေ့ မနက် ၁၀ နာရီက အစိုးရတပ်မတော် ယာဉ်တန်း ကို ကေအိုင်အေဘက်က မိုင်းခွဲတိုက်ခိုက် တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
KIAအဖွဲ့မှ လက်နက်ဖြင့်ခြိမ်းခြောက်ကာ ဒေသခံရွှေမှော်လုပ်ငန်းရှင်များ ထံမှ ဆက်ကြေးငွေများ ထပ်မံကောက်ခံ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွှေလုပ်ငန်း လုပ်ကိုင်နေကြသော ဒေသခံ လုပ် ငန်းရှင်များအား ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အဖွဲ့မှဆက်ကြေးငွေများ ထပ်မံကောက်ခံနေကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)