Friday, 24 April 2015

Yemen ရေပိုင်နက်ရောက် Iran သင်္ဘော ကန်စောင့်ကြည့်

Yemen ရေပိုင်နက်ရောက် Iran သင်္ဘော 
ယီမင်နိုင်ငံ ရှီယာ ဟူသီသူပုန်တွေအတွက် လက်နက်တွေတင်ဆောင်လာဟန်ရှိတဲ့ အီရန်ကုန်တင်သင်္ဘော တစင်းဟာ ယီမင်နဲ့ ဝေးရာဆီ ခုတ်မောင်းသွားနေတယ်လို့ အမေရိကန် စစ်အရာရှိကြီးတဦးက ပြောကြား လိုက်ပါတယ်။ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက ဒါဟာ ကောင်းတဲ့ အလားအလာ ဖြစ်ပေမဲ့ သူတို့အနေနဲ့ အဲဒီသင်္ဘောကို ဆက်လက် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ကန် အရေးယူပစ်မှတ်က ပယ်ဖျက်

အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ -UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် (ယာ) 
အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဝင်းအောင်ကို အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု စာရင်းကနေ မနေ့က ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေး လိုက် တာဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မှာ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ကျောက်တော်မြို့တွင် လုံခြုံရေးတင်းကျပ်

ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ ၀င်များ ကျောက်တော်မြို့တွင်း ၀င်ရောက်နေသည်ဟူသော သတင်း ကြောင့်မြို့ တွင်းရှိ ဟိုတယ်များအား တပ်မတော်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကာကျောက်တော် ဈေးကိုလည်း သတ်မှတ်ချိန်ထက် စော၍ ပိတ်ရန်ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။

နှစ်လယ်ပိုင်းတွင် ရွှေဈေးနှုန်း ကျပ်ခုနစ်သိန်း မကျော်နိုင်ဟုဆို

ကမ္ဘာ့ရွှေဈေးကွက်အ နေအထားအရ ပြည်တွင်းရွှေဈေး နှုန်းများသည် ယခုနှစ်လယ်ပိုင်းတွင် ကျပ် ခုနစ်သိန်းကျော်နိုင်ခြေ မရှိနိုင်ဟု ခန့်မှန်းထားကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်ကိုင်ဆောင်

လ၀ကအရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံသား စိစစ်ရေးကတ် ပေးအပ်နေစဉ်(ဓာတ်ပုံ - FB.com/myat.ngon)
နှစ်ပေါင်းများစွာ အမျိုးသားမှတ်ပုံတင်သုံးခေါက်ချိုး ကိုင်ဆောင်ခဲ့သူ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား (နိုင်)အသစ်ကို ပြန်လည်လဲလှယ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Thursday, 23 April 2015

ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်နှင့် ငြိစွန်းသည့် ဟိုတယ်ခြောက်လုံးကို အရေးယူရန် ဒုသမ္မတဦးဆောင်သည့်အဖွဲ့ ဆုံးဖြတ်မည်

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေသည့် ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ် ခြောက် လုံးကို ယဉ်ကျေးမှု အမွေအနှစ်အပေါ် အကျိုးသက်ရောက်မှု စံနှုန်းများနှင့် ငြိစွန်းနေသည့်အတွက် အရေး ယူရန် ဒုတိယသမ္မတ ဦးဆောင်သည့် အမျိုးသားခရီးသွားလာရေး ဗဟိုကော်မတီအဖွဲ့က ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုင်းအုန်းကျော် က ပြောကြားသည်။

မွေးကင်းစ ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသား သူတွေလိုပဲ နာကျင်မှုကို ခံစားနိုင်

မွေးကင်းစ ကလေးငယ်တွေဟာ မိဘတွေနဲ့ ဆက်သွယ်တဲ့အခါမှာ အော်ဟစ်ခြင်း နဲ့ ငိုယိုခြင်းကလွဲပြီး တခြား ရွေးချယ်စရာမရှိခဲ့ပါဘူး။

ရခိုင်သောင်းကျန်းသူဟု နိုင်ငံပိုင်သတင်းဌာနများ သုံးနှုန်းမှု ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်

ရခိုင်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်သည့် သတင်းကို နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြရာတွင် ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းလိုက်ခြင်း အပေါ် ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်ဖြစ်သည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင့်ထူးအောင်က မဇ္ဈိမကို ပြောသည်။

ကန့်ဘလူတွင် စတုဒိသာပွဲမှ ချက်ကျွေးသော ထမင်းနှင့် ဟင်းအား စားသုံးအပြီး လူ ၁၀၀ ကျော် ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသ ကြီး ကန့်ဘလူမြို့ရှိ ရွှေတောင်ဦး သီလရှင်တိုက်တွင် ဧပြီ ၂၂ရက် နံနက်ပိုင်းက ပြုလုပ်သော ပဋ္ဌာန်း သိမ်းအောင်ပွဲ၌ စတုဒိသာအဖြစ် ကျွေးမွေးသော ထမင်းနှင့် ဟင်းများ အား စားသုံးပြီးနောက် လူ ၁၀ဝကျော် ခန့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း များ ဖြစ်သဖြင့် ကန့်ဘလူဆေးရုံကြီးသို့ တက်ရောက်ကုသခံနေရကြောင်း သိရသည်။

အာရှ-အာဖရိကနိုင်ငံများအကြား ပိုမိုတည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုကို ရှေးရှုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြင့်စေရန်နှင့် အဓွန့်ရှည်တည်တံ့စေရန် ကတိပြု

အာရှ-အာဖရိက နိုင်ငံများအကြား ပိုမိုတည်ငြိမ်အေးချမ်းမှုနှင့် သာယာ ဝပြောမှုကိုရှေးရှုပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြင့်စေရန်နှင့် အဓွန့်ရှည်တည်တံ့စေရန် မိမိတို့ထပ်မံ ကတိပြု ပါကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် က ပြောကြားလိုက်သည်။

KNLA တပ်ကြပ်ကြီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွား

ပဲခူးတိုင်းဒေသကြီးရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ ရွှေကျင် မြို့နယ်တွင် ဧပြီလ ၁၇ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၇)မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စတွင် နိုင်ငံရေးအရ ဖြေရှင်းမှုကို ထောက်ခံမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင် ပြောကြား

မြန်မာနိုင်ငံမြောက်ပိုင်း အရေး ကိစ္စကို အေးချမ်းစွာညှိနှိုင်းသော နည်းလမ်းဖြင့် နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခြင်းကို တရုတ်က ပံ့ပိုး ကူညီပေး သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၂၂ ရက်၌ ပြော ကြားကြောင်း ဆင်ဟွာသတင်းဌာ နက ဖော်ပြသည်။

တပ်မတော် ဗိုလ်ကြီးအဆင့်ရှိယူနီဖောင်းအားဝတ်ဆင်၍ ကားအရောင်း စင်တာ များ မှယာဉ်များ ယူဆောင်သွားသူကို ဖမ်းဆီးရမိ

၁၈.၄.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ မင်းခန့် ကားအရောင်းစင်တာသို့ တပ်မတော်ဗိုလ်ကြီးအဆင့်ရှိ ယူနီဖောင်းအား ၀တ်ဆင်ထားသူအမျိုးသား တစ်ဦး မှ 4J ---- နံပါတ်တပ်ဆင် ထားသည့် SUZUKI SWIFT ယာဉ်ဖြင့် ရောက်ရှိလာပြီး ကားတစ်စီး လဲစီး သွားမည် ဟု ၀န်ထမ်းများအားပြောဆိုကာ သေနတ်ဟုထင်ရသောအရာအား ထုတ်ပြပြီး အရောင်းစင်တာရှိ TOYOTA COROLLA AXIO ယာဉ်၏သော့ ကိုတောင်းယူကာ ၎င်းစီးနင်းလာသော SUZUKI SWIFT ယာဉ်မှ နံပါတ်ပြား ဖြင့် ပြောင်းလဲတပ်ဆင်၍ မောင်းနှင်ယူဆောင်သွားသဖြင့် ဘုရင့်နောင် နယ်မြေရဲစခန်း (ပ)၁၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်ခဲ့ပါသည်။

ကျန်းမာရေး ဝန်ကြီးဌာန ဖွဲ့စည်းပုံသစ်ကြောင့် ဝန်ထမ်း တစ်သောင်းခွဲ ဝန်းကျင် ခေါ်ယူရန် စီစဉ်

အစိုးရသစ်လက်ထက် ကျန်းမာရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံစနစ်ကို ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အကြီး စား ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းကြောင့် ဝန်ထမ်းလိုအပ်ချက် တစ်သောင်းခွဲဝန်းကျင်ရှိပြီး ယခု ဘဏ္ဍာနှစ် အတွင်း ခန့်ထားရန် စီစဉ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

မူးယစ်ဆေးဝါး၊ လက်နက်နှင့် ကျောက်စိမ်းအရိုင်းတုံးများ တာချီလိတ်တွင် ဖမ်းမိ

မူးယစ်ဆေးဝါး၊ လက်နက်များနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၂ ရက်၊ နံနက် ၇ နာရီခွဲခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ် တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ယူကရိန်း အပစ်ရပ်ရေးတွင် ရုရှက စည်းကမ်းချိုးဖောက်နေဟု အမေရိကန် စွပ်စွဲ

ယူကရိန်းအရှေ့ပိုင်းတွင် ရုရှနိုင်ငံက လေကြောင်း ကာကွယ်ရေးစနစ်များ ပိုမိုတိုးချဲ့ဖြန့်ကြက်လျက် ရှိခြင်း ဖြင့် အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုလိုက်သည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ် ဒေါက်တာ အေးမောင် ရှင်းပြခြင်း မရှိဟု SNLD ကြေညာချက်ထုတ်

ဧပြီ  ၁၀ ရက်က သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲသို့ တိုင်းရင်းသား ကိုယ် စားပြု တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသား အမတ်ဖြစ်သူ ဒေါက်တာ အေးမောင်က ဆွေးနွေးပွဲ ရလဒ် ကို တစ်စုံတစ်ရာ ရှင်းပြခဲ့ခြင်း အလျဉ်းမရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ဧပြီ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်စစ်ဘေး ဒုက္ခသည်များထံ သွားရောက် ကူညီနိုင်ရေး နယ်/လုံ ဝန်ကြီးနဲ့ တွေ့ဆုံရန် ကြိုးပမ်းမှု အဆင်မပြေသေး ဟုဆို

အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့် ရခိုင်တိုင်းရင်းသား ဒေသခံများထံ သွားရောက် ကူညီခွင့်ရရေးအတွက် ရခိုင်ပြည်နယ်  နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှု အဆင်မပြေသေးဟု တွေ့ဆုံခွင့်ရရေး ကြိုး ပမ်းနေသူ စစ်ဘေးဒဏ်သင့်ပြည်သူများထောက်ပံရေးကော်မတီအဖွဲ့ဝင် ကိုဇော်ဝင်းကမဇ္ဈိမကိုပြောသည်။

မင်းအုပ်စိုးအမှု လိုပြသက်သေအဖြစ် သရပါမဂ္ဂဇင်းတိုက် ဝန်ထမ်းတစ်ဦးကို စစ်ဆေး ရဲစခန်းတွင် ထွက်ဆိုချက်များနှင့် အနည်းငယ် ကွဲလွဲနေ

သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် သေဆုံးမှုအတွက် သရုပ်ဆောင် မင်းအုပ်စိုးကို ဗဟန်းမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၈ရက် နံနက်က တတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) 
လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် သရပါမဂ္ဂဇင်းတိုက်မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃) က စစ်ဆေးခဲ့သည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် အစိုးရတပ်မတော်ယာဉ် မတော်တဆဖြစ်၊ ၁၈ ဦးသေဆုံး

အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military)
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ်ထဲမှာ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက တပ်မတော် ယာဉ်တန်းက ကားတစ်စီး မတော်တဆထိခိုက်မှုဖြစ်ပွားပြီး ၁၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။