
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် နှစ်သစ်ကူးရုံးပိတ်ရက်များမှစ၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ အပါအ၀င် မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိသော်လည်း လာမည့် ဧပြီလကုန်၌ လျှပ်စစ်ဓာတ်အား ပုံမှန် ပြန်ရတော့မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အား ကော်ပိုရေးရှင်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က မဇ္ဈိမကို ပြောသည်။














